Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Thursday, August 12, 2010

Agriculture in Korea

"ကိုရီးယားစိုက်ပျိုးရေး"

အွန်စောတို့ကျောင်းနံဘေးက စိုက်ခင်းလေးတွေ သဘောကျလို့တင်ထားလိုက်အုံးမယ်နော်။ အစ်မရွှေမာပြောလို့ ဒီကိုရီးယားမှာ စိုက်ခင်း အကျယ်ကြီးတွေမမြင်ဘူးဘူးတဲ့။ ရှိပါတယ်အစ်မရေ။ တစ်ကွင်းတစ်စပ်ထည်း စိုက်ကွင်းကြီးတွေမှ မထင်မှတ်လောက်အောင်ပါပဲ။ အွန်စောတို့ကျောင်းနားမှာတော့ အစ်မပြောသလိုပါပဲ တစ်ပိုင်တစ်နိုင် စိုက်ကွင်းလေးတွေပါပဲ။ ကွင်းလေးကိုကြည့်လိုက်လျှင် တစ်ဧက တောင်ပြည့်မယ်မထင်ဘူး။ စိုက်ထားတဲ့သီးနှံတွေက ဒီရယ်ဆန်မြို့လေးလောက်တော့ ၀အောင်ကျွေးနိုင်လောက်တယ်။ ဒီပုံကိုသာကြည့်ပါတော့ ပဲသီးတောင့်ရှည်တွေကလည်း လက်တစ်ပြန်လောက်ရှိတယ်။ မျိုးပဲခင်းမို့ အသီးတွေကတော့ ခြောက်လုနေပြီ။ နောက်တစ်ပုံက နှမ်းခင်းတဲ့ လူတစ်ရပ်ကျော်နေပြီ အသီးတွေကလည်း ရစ်လို့ပဲ ကင်မရာသေးနေလို့မမြင်ရဘူးဖြစ်နေတာ။ ဟိုဘက်က ငရုပ်ခင်းနှင့် မြေပဲခင်းလေ။ ကပ်လျှက်က ကန်ဇွန်းခင်းနှင့် သူတို့ ကိုရီးယားမှာ အသားကိုထုပ်ထုပ်စားနေတဲ့ အရွက်ခင်း (နာမည်မသိဘူး)။ ဒီကြားထဲမှာ တည်ပင်တန်းနဲ့ စပျစ်တန်းက စိုက်ထားသေးတယ်။ ဒီလမ်းဘေးဝဲယာမှာတော့ ပြောင်းဖူးပင်တန်းနဲ့ နှံစားပြောင်းတွေ။ ဒီဖရုံပင်ကတော့ တက်တောင်နင်းမိတော့မယ်။ ဟိုမှာမြင်နေရတာက ကြက်သွန်မိတ်ခင်းနှင့် သစ်သီးခြံ စုံနေတာပဲ။ အင်း မြန်မာပြည်က ဧက ၂၀ စာလောက် ထွက်အောင်စိုက်နေတာထင်ပါရဲ့။ အင်းဖြစ်ထွန်းဆို စက်ကရိယာတွေနဲ့ စနစ်တစ်ကျ လက်ဝါးနဲ့ အုပ်ပြီး စိုက်ထားတာကို။ ဟိုမှာ အာကျူးမား က သူ့ကန်ဇွန်းပင်တွေ ဘောင်မကူးအောင် ခွဲပေးနေလေရဲ့။ ဒီလိုစိုက်ပျိုးထားတဲ့အပင် တွေ သန်မာထွားကြိုင်းဖြစ်ထွန်းတော့လည်း လုပ်ရကိုင်ရတာ ပင်ပန်းမယ်မထင်ဘူးဗျနော့။














အပြည့်အစုံ (Read More)...

Monday, August 9, 2010

Korean Palace and Kimchi Museum

"ကိုရီးယားနန်တော်နှင့် ကင်ချိပြတိုက်သို့အလည်တစ်ခေါက်"

မနေ့က ဂျပန် တိုကျိုစိုက်ပျိုးရေးနှင့်နည်းပညာတက္ကသိုလ် (Tokyo University of Agri.& Tech) က နေ ကိုရီယားနိုင်ငံ KyungHee National University Global Campus သို့လာရောက် စာတမ်းဖတ်မဲ့ သူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရင်း ရောက်တုန်းရောက်ခိုက် ကိုရီးယား နန်းတော် နှင့် ကင်ချိ ယဉ်ကျေးမှုပြန်တိုက်ကို သွားလည်ဖြစ်ခဲ့တာလေး ဓါတ်ပုံမှတ်တမ်းလေးတွေတင်ထားချင်လို့ပါ။ မိတ်ဆွေနှင့်အတူပါလာတဲ့ ဂျပန်မလေးတွေ (နာမည်တွေတော့မှတ်မိဘူးဗျ)နှင့် ဖိလစ်ပိုင်မလေးတွေကတော့ တယ်ချောပဲဗျ။ အဲဒီကြားထဲမှာကိုယ်တို့သူငယ်ချင်းတစ်ယောက်ကလည်း တကယ်ကိုထင်ထင်ပေါ်ပေါ်ပဲ။ မထင်ပေါ်ပဲနေရရိုးလား ပွင့်လိုကိုယ်လုံးနဲ့လေ။ ဟား----ဟား-----ဟား----။ မဆွေရေ ဆော်ရီးနော်။ အမှန်အတိုင်းပြောမိသွားတာ။ တကယ်တော့လည်း ၀ မှလှ တယ်ဆိုတာရှိသားပဲနော့။
ဒါက နန်းတော်အ၀င်ဝလေ။ ဒါကတော့ အတွင်းထဲတစ်နေရာမှာပေါ့။

ဒါလေးကလည်း အတွင်းစောင်းတန်းလေ။

ဒါကတော့ ကင်ချိပြခန်းက ပြကွက်တစ်ချို့လေ။ သူတို့ ငရုပ်သီးလေးရဲနေအောင်နယ်ပြီး အချဉ်နှပ်လိုက်တာအကုန်လုံးကို ကင်ချိခေါ်တာဆိုတော့ ကင်ချိ အမျိုးပေါင်း ၃၀၀ ကျော်တယ်ဆိုပဲ။


ဒါကကင်ချိသိပ်တဲ့အိုးတွေတဲ့လေ။

ဒါက သူငယ်ချင်းရဲ့သူငယ်ချင်းချောချောလေးတွေလေ။


ဓါတ်ပုံကမကောင်းဘူးဖြစ်နေတယ်။ သူများကင်မရာနဲ့ရိုက်ပေးတာမှစုံမယ်။ သူတို့ဆီကရမှ ထပ်တင်ထားမယ်နော်။ အားလုံးကျန်းမာပျော်ရွှင်ပါစေ။ ။

အပြည့်အစုံ (Read More)...

Sunday, August 1, 2010

Weeding our field ( Just Before and After)

"သစ်ခွခြံလေးပေါင်းရှင်းပေးမယ်"



စိုက်ခင်းလေးကို မရောက်တာကြာပြီမို့ ဒီတစ်ခေါက်လာအကြည့်မှာ တောထနေပါရောလား။ ဒါကြောင့် ပရော်ဖက်ဆာကလည်းပြောတာကိုး မင်းတို့အပင်တွေ ပေါင်းနှုတ်ဖို့လိုနေပြီနော်တဲ့။ အွန်စောတင် မဟုတ်ပါဘူး။ ကိုရီးယားကျောင်းသားတွေကလည်းတော်တော် တောထွက်ပျင်းကြတာပဲ။ ဆရာ မ,ပြောလျှင် သွားကိုမကြည့်ကြတာ။ တော်တော်နေနိုင်တဲ့ကျောင်းသားတွေ။ ဟဲ---ဟဲ---။ အဲလိုပြောတော့ အွန်စော ကိုယ့်ပေါင်ကိုလှန်ထောင်းသလိုဖြစ်အုံးမယ်။ အွန်စောက အနီးဆုံးလေ။ အွန်စောတောင်မရောက်မှတော့ ကျန်တဲ့သူတွေက ဘယ်ပြောကောင်းမလဲ။ အော်အခင်းလေးပစ်ထားဆို အွန်စောတို့ဌာနက Agronomy တို့ Horticulture တို့လို ဌာနမှမဟုတ်ပဲလေ။ Plant Biotechnology ဆိုတော့ အခင်းကို အာရုံမထားတာလည်းအပြစ်မဆိုသာဘူးလေ။ အပင်က အွန်စောတို့ဓါတ်ခွဲခန်းအတွက် အရွက် ဒါမှမဟုတ် အမြစ် စသည် DNA ထုတ်ဖို့ Sample ယူလို့ရလျှင် လုံလောက်နေတာလေ။ အနားက တစ်ခြားဌာနကစိုက်ခင်းတွေကတော့ ဘာကောင်းသလဲမမေးနဲ့ ငေးကြည့်လောက်တယ်။ ပြောလို့ပြောတာမဟုတ်ဘူး။ စတော်ဘယ်ရီတွေ၊ သစ်ခွပင်တွေ။ ပဲတောင်ရှည်တွေဆိုလည်း အွန်စောတစ်ရပ်တောင်ရှိ မှတ်တယ်။ နောက်ရက်တွေမှ ဓါတ်ပုံရိုက်ပေးမယ်နော်။ အခုကင်မရာမပါလို့ မျက်စေ့နဲ့မြင်ခဲ့တာပဲပြောပြတာ။ ပြောင်းဖူးခင်းနဲ့ ကန်ဇွန်းခင်းဆိုလည်း ၀င်းပါးစရာ။ အွန်စော ပေါင်းရှင်းရင်း ဆိုးလ်နေရှင်နယ်တက္ကသိုလ်က သူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ ချဉ်ပေါင်နှင့် ဘိလပ် မျိုးတွေစိုက်နေတုန်း ပါမောက္ခတစ်ယောက်သူ့ကားလေးနဲ့ရောက်လာပြီး အားပေးသွာတယ်။ မင်းစိုက်ထားတာအခြေအနေကောင်းပဲတဲ့။ မင်းမောနေရော့ပေါ့ ငါပြောင်းဖူး အခင်းကချိုးပေးမယ် နေအုန်းတဲ့။ အွန်စောလည်း နေပါစေ အခုပဲပြန်တော့မှာ အလုပ်ကပြီးနေပြီ ဆိုပြီး အားနာနာနဲ့ ဟန်ဆောင်ညင်းလိုက်ရတယ်။ ဒါတောင်သူ့ကားပေါ်ကအသင့်ပါလာတဲ့ ဝေဖာနှင် အခြား မုန့်တွေ ငါးထုပ်လောက် ပွေ့လာပေးသွားတယ်။ အားနာလိုက်တာ။
ကြားထဲက အွန်စော သစ်ခွခြံလေးကတော့ မျက်နှာငယ်ရှာတယ်။ ပေါင်းမရှင်းခင်ကဆိုမြင်ကိုမကောင်းဘူး။ ရှင်းပြိးတော့လည်း အဝေးကြည့်တော့ကောင်းသွားတယ်။ အနီးတော့လာမကြည့်နဲ့နော်။ အရင်ဆောင်းရာသီတုန်းက နေရာမရွှေ့လိုက်ရလို သေလုမျောပါးတွေကို အတင်းပြန်ကယ်ထားရတာ။ အရွက်စိမ်းလေးထွက်လာပေးတာကိုပဲ အွန်စောအတွက် ဘုရား "မ" တာလို့အောင်းမေ့ရမယ်။ အပေါ်ကပုံလေးကိုကြည့်လိုက်ကြပါအုံး။ ပေါင်းမရှင်းခင်နဲ့ ပေါင်းရှင်းပြီးအခြေအနေလေး ယှဉ်ပြချင်လို့ပါ။ အလည်လာတဲ့ မိတ်ဆွေ သူငယ်ချင်းတွေလည်း အွန်စောစိုက်ထားတဲ့ ဖရုံပင်က အသီးသီးလျှင် ဖရုံသီး စည်းစည်းပိုင်းပိုင်းလေးချက်ကြွေးမယ်နော်။




အပြည့်အစုံ (Read More)...