ပါမောက္ခကျေးဇူးနဲ့ မတ် လ ၂၀ ရက် နေ့ကနေစပြီး ဂုန်ဆန်မြို့ ဒယ်ယာ မှာရှိတဲ့ သစ်ခွ သုတေသနနှင့် ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ (새만금생명공학센타) မှာ သွားရောက် လေ့လာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဆရာက လေးလတာ လေ့လာသင်ယူဖို့ အကြံပြုပေမဲ့ နှစ်လအတွင် အစုံအလင် လုပ်တတ်ကိုင်တတ်အောင်လေ့လာသင်ယူခဲ့ပါတယ်။ နှစ်လတာသင်ယူစဉ် မယုယုထွန်းတို့ နေတဲ့ ဂွမ်းဂျူးမြို့လေး ရဲ့ ဘာ့မူးဂွမ် (Traditional, Culture Show Room) မှာ ပြုလုပ်တဲ့ သစ်ခွမျိုးနွယ်ဝင်ဖြစ်တဲ့ Calenthe flower exhibition ကို သွားရောက်လေ့လာရင်း ပန်းတွေကို Evaluate လုပ်ဖို့ အဖွဲ့ဝင်များ တောင်းဆိုမှုနဲ့ ဒိုင်လူကြီးခြောက်ဦး အနက် တစ်ဦးအဖြစ် ပါဝင်လုပ်ဆောင်ပေးဖြစ် ခဲ့ပါသေးတယ်။ ဒါလေးကတော့ ကုမ္ပဏီကိုယ်တိုင်ပန်းရောင်းတဲ့ ၀က်ဆိုက်လေးပါ။ တစ်ခြား ပန်းဈေးကွက်မှာလည်း ကော်မရှင်နဲ့ တင်ရောင်းတယ်လို့ပြောပါတယ်။
ပန်းတွေကို Evaluate လုပ်နေကြတာပါ။
Type rest of the post here
Showing posts with label Korean Culture. Show all posts
Showing posts with label Korean Culture. Show all posts
Friday, May 4, 2012
Flower Exhibition (Calenthe) In Gwangju, Korea
Labels:
Korea's Scenery,
Korean Culture
Tuesday, April 12, 2011
Pilgrimage
"ကျွန်တော်တစ်ညအိပ်နှစ်ရက် ခရီးသွားနေလို့ပါ။"
ကျွန်တော် စနေမနက် ၉ နာရီလောက်ကခရီးစထွက်တယ်။ စတော်ဘယ်ရီပွဲ (Strawberry festival ) သွားလည်တယ်။ အချိန်နည်းနေလို့ စိုက်ခင်းတွေဆီထိသွားချင်တာတော့ မရောက်ခဲ့ပါဘူး။ မြို့ပေါ်မှာလုပ်တဲ့ ဈေးရောင်းပွဲနဲ့ စတော်ဘယ်ရီ အခြေခံစားစရာလုပ်နည်း ပြပွဲလေးပဲကြည့်ပြန်လာခဲ့ရတယ်။ ၄ ရက်ကျင်းပတာဆိုတော့ ကျွန်တော်တို့သွားတဲ့နေ့က မြန်မာပြည်တောဘုရားပွဲ တစ်ခုစာလောက်တော့ လူစီကားတယ်။ ကွင်းကျယ်ကြီးထဲမှာ လူချင်း မတိုက်အောင်မနည်းတိုးသွားရတယ်။ လူသိန်းချီလာတယ်ဆိုတာ ဟုတ်မှာပေါ့။ အဲဒီကိုမနက်ပိုင်းလည်ပြီးတော့ ညနေ ၂ နာရီလောက် ဖားအောက်တောရဆရာတော်ကြီးရောက်နေတဲ့ မာဂုဆာ ဆိုတဲ့ ဗုဒ္ဓဘာသာ (ကိုရီးယားကျောင်းပါ) ကျောင်းကို ခရီးဆက်ကြတယ်။ အဲဒီမှာ ဆရာတော်ကြီးအားချေဆုပ်လက်နယ်ပြုစုခွင့်ရပါတယ်။ သူငယ်ချင်း ၇ ယောက်စုသွားဖြစ်တာပါ။ ဟိုမှာ က အခြားအဖွဲ့တစ်ဖွဲ ၃ ယောက်ကအရင်နေ့ကရောက်နှင့်ပါတယ်။ နောက် စင်္ကာပိုရီယန်း ကပ်ပီယတစ်ယောက်လည်း ပါပါတယ်။ ဆရာတော်ကြီး ဆရားချီးမြှောက်ဖို့တောင်းလျှောက်တော့ အာယုံရပြီးဟောပေးပါတယ်။ နောက်ရက် ငါးနာရီခွဲမှာ အာယုံဆွမ်းကပ်ပါတယ်။ ၇ နာ၇ီမှာ ကိုရီးယား မဟာရာန ဗုဒ္ဓ ဘာသာဘုန်းတော်ကြိးတွေမေးတဲ့ မေးခွန်းသုံးခုကို ဆရာတော်ကြီး ကအင်္ဂလိပ်လို ဖြေကြားပါတယ်။ ကိုရီးယားမ တစ်ယောက်က ကိုရီးယားလိုဘာသာပြန်ပေးပါတယ်။ အဲဒီမေးဖြေပွဲကို တော့ အဲဒီတရားစခန်းမှာ တရားအားထုတ်နေကြတဲ့ ကိုရီးယားဘုန်းတော်ကြီး အပါး ၅၀ လောက်နဲ့ ယောဂီ စုစုပေါင်း အပါး ၁၅၀ ခန့်နဲ့ ကျွန်တော်တို့ ၁၁ ယောက် တက်ရောက်နာယူခဲ့ကြပါတယ်။ ဆရာတော်ကြီးဖြေကြားပြီးတဲ့နောက် ကိုရီးယားဘုန်းတော်ကြီးကလည်း အဲဒီမေးခွန်းသုံးခုကိုပဲ သူတို့အမြင်နဲ့ ဆရာတော်ကြီးဖြေကြားတာကို ကိုရီးယားပရိတ်သတ်အား ဝေဖန်သုံးသပ်ဟောကြားပေးပါတယ်။ နောက် ၁၅ မိနစ်နားတဲ့အချိန်မှာ တရားနာပရိတ်သတ်ထဲမှ မေးခွန်းများကောက်ခံပါတယ်။ မေးခွန်းတွေအများကြီးရတယ်လို့ပြောပါတယ်။ မေးခွန်းထုတ်သူယောဂီများက ဘယ်ဆရာတော်ကဖြေကြားရန်လို့ ဦးတည်လျှောက်ထားကြတဲ့အတွက် မေးခွန်းတစ်ပုတ်စီအလှည့်ကျ မေးဖြေလုပ်ပါတယ်။ ၁၁ နာရီမထိုးခင်မှာ တရားပွဲသိမ်းရမှာဖြစ်လို့ ဖားအောက်ဆရာတော်ကြီး မေးခွန်း ၄ ခုပဲဖြေပေးချိန်ရပါတယ်။ ဆရာတော်ကြီးက အကျင်းမျှ ဖြေကြားပေးတာပါလို့ ဆိုတာကို ကိုရီးယားလိုဘာသာပြန်အပြီးမှာတော့ ယောဂီပရိတ်သတ် သဘောတွေ့ပြီး ဝေါ ခနဲ့ရယ်သံတွေထွက်လာပါတယ်။ ဘာလို့လည်းဆိုတော့ ဆရာတော်ကြီးကအတိုချုပ်ဖြေပေးတာကိုပဲ မေးခွန်းတစ်ခုကို မိနစ်နှစ်ဆယ်လောက်ကြာအောင်ဖြေပေးရပါတယ်။ သူတို့အနေနဲ့ အတော့်ကိုရှည်နေပြီလို့ ထင်ထားပုံရပါတယ်။ မေးခွန်းတွေဟာလည်း တကယ့် အနှစ်တွေကြီးပါပဲ။ ကျွန်တော်မှတ်မိသလောက်ပြန်ပြောပြပါ့မယ်။ အဖြေကိုမပြောတော့ပါဘူး ဆရာတောကြိးဖြေလိုက်တဲ့မေးခွန်းလေးခုကတော့
(၁) တရားရှုမှတ်တဲ့အခါမှာ နာသီးဖျား (နှာခေါင်းထပ်) ကိုရှုရမှာလား အထက်နှုတ်ခမ်းကို ရှုရမှာလား။ ဘယ်ဟာမှန်ပါသလဲ။
(၂) အဲလိုရှုတဲ့အခါမှာ နှာခေါင်းတစ်ဘက်ပဲ အာယုံကရောက်နေပါတယ်။ ဝေဖန်ပေးပါ။ (အဖြေကတော့ ဒါယောဂီတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ဟာပါတဲ့။ ဒါကိုတော့ ဆယ်မိနစ်လောက်နဲ့ပြီးတယ်)
(၃) မေတ္တာ ဆိုတာ ဘယ်လိုဟာကိုခေါ်တာပါလဲ။ မေတ္တာ ကမ္မဌာန်းကို ဘယ်လို ပွားများရပါသလဲ။ (ဒါကိုတော့ မိနစ် ၃၀ လောက်ကြာသွားမှတ်တယ်။ ဒီမေးခွန်းဖြေအပြီးမှာ ဆရာတော်က ဒါအကျဉ်းမျှဖြေကြားပေးချင်းဖြစ်ပါတယ်လို့ပြောတဲ့အချိန်မှာ ပရိတ်သတ်ပွဲကျသွားတာပါ။ (ဝေါခနဲရယ်သံတွက်လာတာပါ)။
(၄) နောက်ဆုံးဖြေတဲ့မေးခွန်းကတော့၊ ဈာန်အဘိဉာဉ် အကြောင်းပါ။ ဒီမေးခွန်းအတွက်လည်း ဖြေတာမိနစ်နှစ်ဆယ်ကျော်ပါတယ်။
ကျွန်တော် နားလည်သလောက်ရေးပြတာပါ။ အင်္ဂလိပ်လို မေး၊ ဖြေတာကို ကိုရိးယားလိုဘာသာပြန်ထာဖြစ်တဲ့အတွက်။ ပါဠိသံ၊ မြန်မာသံ တစ်လုံးမှကြားခွင့်မရလို့ ကျွန်တော်နားလည်လွဲချော်တာတွေလည်း ပါနိုင်ပါတယ်။ နောက်ဆုံးမေးခွန်းမှာ ဈာန် အဘိဉာဉ် နှင့် ဘာနဲ့လဲမသိဘူး ခွဲခြား ဟောပြတာပါ။ အဲဒါကို အခုပြန်စဉ်းစားမရသေးလို့ နောက်ပေါ်မှထပ်ရေးပေးမယ်။ ဓါတ်ပုံတွေလည်းအများကြီးရိုက်ခဲ့တယ်။။ ဗွီဒီယိုတွေလည်းရိုက်ခဲ့တယ်။ ကင်မရာထဲကမထုတ်ရသေးလို့နောက်မှပေးမယ်နော်။
ခင်မင်စွာဖြင့်။

Type rest of the post here
Labels:
Korea's Scenery,
Korean Culture
Wednesday, March 30, 2011
First Year Student's Dancing Contest
"အကပြိုင်ပွဲ"
ဒီကနေ့ ဂုန်းဂျူးတက္ကသိုလ်၊ ရယ်ဆန်ကင်းပတ်မှာ ပြုလုပ်တဲ့ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ အကပြိုင်ပွဲလေးသွားအားပေးရင်း အမှတ်တရလေးတွေရိုက်လာခဲ့တာလေး အပျင်းပြေကြည့်ဖို့တင်ပေးမလို့ပါ။ ဒီကင်းပတ်မှာ ကျောင်းတက်နေတာ နှစ်နှစ်ပြည့်တော့မယ်။ ဒီ အားကစား ခန်းမကို အခုမှပဲရောက်ဖူးတော့တယ်။ အားကစားကွင်း ရဲ့ထိပ်တည့်တည့်မှာ ကန့်လန် ထားဆောက်ထားတာ တော်တော်ကျယ်ဝန်းတာပဲ။ အော် တို့တက္ကသိုလ်ကျောင်းသားဘ၀က ရေဆင်းက စိုက်တက္ကသိုလ်က အားကစားကွင်းကို ကြီးလှကျယ်လှပြီထင်မှတ်နေတာ။ အခု ကလေးတွေ အကပြိုင်တဲ့ ကွင်းနဲ့စာတော့ သေးနေပါလား။ သူတို့များကျတော့လည်း ပြည့်စုံလိုက်ကြတာ။ အားကစားရုံထဲမှာတင် ပွဲကြည့်စင် တွေဘာတွေနဲ့။ အားပေးတဲ့သူတွေလည်း ဇိမ်ကျကျအားပေးလို့ရတယ်။
ကဲပြောနေကြာတယ်။ မပြောလျှင်မကြာဘူး။ အားပေးလိုက်ကြပါအုံး။ ဌာနခွဲ ကိုးခုက အသင်း ကိုးသင်းပြိုင်တာတဲ့။ အွန်စောတို့သွားတာနောက်ကျသွားလို့ နှစ်ဖွဲ့ ကပြီးမှရောက်သွားတယ်။ အွန်စောတို့ဌာနက အဖွဲ့ ပါပြိုင်ပြီးသွားပြီဆိုလို့ ကိုယ့်အဖွဲ့ကို ကိုယ်ကောင်းကောင်းအားမပေးလိုက်ရပါဘူး။ ကဲဘယ်အဖွဲ့ကိုဆုပေးမလဲ။ အကဲဖြတ်ကြပါအုံး။ ဟဟဟဟဟဟဟ။

Thursday, November 4, 2010
100Th Anniversary and Flower Exhibition at KNU, Yesan Campus (2)
Wednesday, November 3, 2010
100Th Anniversary and Flower Exhibition at KNU, Yesan Campus
"ရယ်ဆန်ကင်းပတ် ပတ္တမြားရတုကပွဲနှင့် ပန်းမာရ်ပြပွဲ"
ရယ်ဆန်ကျောင်းခွဲ၊ ဂုန်းဂျူးတက္ကသိုလ်ရဲ့ နှစ်၁၀၀ပြည့် အထိမ်းအမှတ်ပွဲလေးပါ။ အွန်စောတို့ သွားတာ နောက်ကျနေလို့ နာမည်ကြီး အဆိုတော်တွေ ဆိုက သွားတာတော့မမီလိုက်တော့ဘူး။ ပြောသံပဲကြားလိုက်ရတယ်။ ညဆိုတော့ ရိုက်ရတာလည်းသိပ်တော့အဆင်မပြေပါဘူး။ ကင်မရာ အသေးဖြစ်နေတာတော့ မပြောတော့ဘူး။ ရသလောက်ကလေး စုပေါင်းမျှဝေထားတာပါ။ ပန်းပြပွဲကိုလည်း နေ့သွားမကြည့်ဖြစ်တာနဲ့ ည မှတစ်ခါတည်း ပွဲခင်းသွားရင်းရိုက်လာလိုက်တာ။ ပုံတွေကသိပ်မကောင်းဘူး။ အပျင်းပြေ အမှတ်တရပေါ့နော့။ အားပေးသွားအုံးနော်။

Thursday, October 21, 2010
KNU Experience as a Post Graduate Student
"ဘွဲ့လွန်ကျောင်းသားတစ်ယောက်၏ ကိုရီးယာအတွေ့အကြုံ"
ဒီကနေ့ ကလေးတွေစာမေးပွဲ မှာ စာမေးပွဲခန်းစောင့်ကျပါတယ်။ ကိုယ်သင်ထားတဲ့ဘာသာဆိုတော့(အမှန်တော့ မြန်မာပြည်မှာဆိုလျှင် ဘာသာရပ်ပိုင်ရှင်က မစောင့်ရပါဘူးနော့ကွယ်) မေးခွန်းက ကိုယ်ထုတ်တာမှမဟုတ်ပဲ အဲဒါကြောင့်အစောင့်ခိုင်းတာ လည်းဖြစ်မှာပါ။ စောစောက တာဝန်ပေးတာလဲမဟုတ်ဘူး။ နာရီပိုင်းအလိုမှအသိပေးတာ။ ကျောင်းသားက ၂၁ ယောက်ထည်းရယ်ပါ။ မေးခွန်းလေးတွေကောက်ကြည့်တော့ တော်တော်လွယ်တာပဲ။ ကျောင်းသားတွေအတွက်လည်း တော်တော်လေး ပေါ့မယ်ထင်ပါတယ်။ စာလေးကြောင်းခန့် အဓိပ္ပါယ်ဖွင့်ဆိုဖို့က အပုဒ် ၂၀။ စာကြောင်း ၂၀ ခန့် စာစီကုံးဖို့က ၂ ပုဒ်။ ဖြေဆိုချိန်က တစ်နာရီ။ တို့များဖြေသလိုပါပဲ အချိန်ပြည့်မထိုင်ကြပါဘူး။ နာရီဝက်ရှိတာနဲ့ ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူလေးယောက် အဖြေလွှာလာအပ်ပါတယ်။ ၄၈ မိနစ်မှာကျောင်းသားအကုန်ထွက်သွားလို့ စာမေးပွဲခန်းပိတ်ထားခဲ့နိုင်တယ်။ ကျောင်းသူ၊ ကျောင်းသား အချိုးအစားက တော်တော်ကွာခြားနေတယ်။ စုစုပေါင်း ၂၁ ယောက်မှာ ကျောင်းသား ၆ ယောက်ပဲပါတယ်။ ကျန်တဲ့ဘာသာရပ်တွေတော့မသိဘူး။ ကျနော်သင်နေရတဲ့ Molecular Biology မှာတော့ဒီအတိုင်းပဲ။
ကျနော်တို့ ဒီကိုရီးယားမှာစာမေးပွဲဖြေတာလေး ဗဟုသုတပြောပြပါမယ်။ အပေါ်ကဟာက ဘွဲ့ကြိုကျောင်းသားများစာမေးပွဲပေါ့နော့။ အခုပြောမှာက ဘွဲလွန်ကျောင်းသားစာမေးပွဲ။ ဘွဲ့လွန်ကျောင်းသားတွေကို စာမေးပွဲရယ်လို့ တော်တော်လေးစစ်ခဲပါတယ်။ စစ်ခဲ့လျှင်လည်း အိုးပင်းဘွတ် (open book) ပါ။ အခုတော့အိုးပင်းဘွတ်ထက်အဆင့်မြင့်နေပါပြီ။ အိုးပင် ပီစီ (Personal Computer) ပါ။ ဘယ်လောက်လွယ်သလဲမမေးနဲ့ ကိုယ့်သင်တဲ့ သင်ရိုးစာအုပ် (text book pdf file) ကိုဖွင့် Search box မှာ မေးခွန်းထဲက ကီးဝပ် ကလေးရိုက်ထဲ့လိုက် တန်းပေါ်လာတာပါပဲ။ ကိုလိုချင်တဲ့အဖြေမဟုတ်သေးလျှင် next ပေါ့။ အဲလိုစာမေးပွဲကတော့ လာခဲ့ပေါ့။ မေးတာကလည်း ကလေးမေးခွန်း ကွက်လပ်ဖြည့်။ ပျင်းဖို့ကောင်းတယ်။
အဲ ပြီးခဲ့တဲ့အပတ်ထဲကတော့ Comprehensive Exam တဲ့ လေးဘာသာ ဖြေရတယ်။ အရင်နှစ်တန်း တက်ပြီးပြီဆိုတော့ ၆ ဘာသာပြီးပြီပေါ့။ အခုအတန်းမှာက ၄ ဘာသာယူထားတာ။ အခုဖြေရတာက အရင်အတန်းကဘာသာရပ်တွေ။ အီးလိုမေးခွန်းထုတ်တဲ့ နှစ်ဘာသာတော့ တစ်ပုဒ်မကျန် ချရေးလိုက်တယ်။ သိတယ်မဟုတ်လား။ အီးလိုဆိုလာခဲ့ ရေးချင်တာချရေးလိုက်တာပဲ။ အရွှီကောင်းတယ်ပြောရမလား။ အကြောင်းအရာသိလို့ကတော့ ရှိတဲ့ အင်္ဂလိပ်စာနဲ့ ချရေးတာပဲ။ ကျန်တဲ့ ကိုရီးယားလိုမေးခွန်းထုတ်တဲ့ နှစ်ဘာသာတော့ ဖြေကိုမဖြေခဲတော့တာ။ ကြောက်တတ်တဲ့သူဆိုလျှင်တော့ အိပ်ပျော်မှာမဟုတ်ဘူး။ အွန်စောပဲ ဘယ်ကြောက်မလဲ ဘာမေးလို့ဘာဖြေရမှန်းမသိလို့ မဖြေတာလို့ မကျေနပ်လျှင် အဲဒီမေးခွန်းကို အီးလိုရေးပြီး မေး ပြန်ဖြေမယ်လို့ ပြောမယ်ကြံထားတာ။ သူများအတင်းပြောတာမဟုတ်ဘူး တရုတ်ကျောင်းသားတွေကတော့ ကွန်ပျူတာပြန်သယ်ပြီး စာမေးပွဲခန်းတွင်းမှာ အင်တာနက်ချိပ်ပြီး ဘာသာပြန် စာရှာပြီး ကူးချနေကြလေရဲ့။ အွန်စောကတော့ စောထွက်လာခဲ့လိုက်တယ်။ ကွန်ပျူတာပြန်သယ်ပြီး အင်တာနက်မှာအဖြေရှာကူးချတာလည်း အဓိပ္ပါယ်ရှိတယ်မထင်လို့ပေါ့။ ဒါနဲ့နောက်တစ်ပတ် (အခုအပတ်မှာ) ရုံးကဖုန်းဆက်လာပါလေရော။ မင်းရေးခဲ့သမျှ ဂျာနယ်ပို့ပြီး (ထုတ်ဝေပြီး၊ စောင့်နေဆဲ) ပေပါတွေ ပေးပါတဲ့။ နောက်ပြီး မင်းလုပ်ခဲ့သမျှ ပိုစတာတွေ အချက်အလက်တွေပေးပါတဲ့ ဖုန်းဆက်ပြီးတောင်းလာတယ်။ ထင်လိုက်တယ်။ အင်း -- ငါ့တော့ စာမေးပွဲကောင်းကောင်းမဖြေလိုက်လို့ ငါလုပ်ထားတာဘာရှိလဲ စစ်ဆေးပြီထင်တယ်လို့။ နောက်တော့ဘယ်ဟုတ်လို့လဲ။ ပရော်ဖက်ဆာ ဖုန်းဆက်လာမှပဲရှင်းသွားတော့တယ်။ မင်းကို ဆုပေးဖို့ထင်တယ်တဲ့။ ဒီတက္ကသိုလ် မှာရှိတဲ့ ပြည်ပကျောင်းသားများရဲ့စံပြဆု ရည်ရွယ်ထားလို့ တောင်းတာပါတဲ့။ အော်--------ဖြစ်မှဖြစ်ရလေ။ စိုးရိမ်နေဆဲ--၀မ်းသာစရာသတင်း ကြားလိုက်ရတယ်။ အခုက ရွေးခြယ်တင်ထားဆဲပါတဲ့ တကယ်ရမရတော့စောင့်ကြည့်ရတော့မှာပေါ့လေ။ တစ်နှစ်ခွဲအတွင်းမှာ ပေပါသုံးဆောင် တင်ထားတာကိုတော့ သူတို့က စံပြလို့ ထုတ်ပြထားတယ်။ နောက်ပြိး ကိုရီယား ဘွဲ့ကြိုကျောင်းသားတွေကို စာသင်ပြပေးနေတာလည်း ဘာအခက်အခဲမှ မရှိ အဆင်ပြေပြေ သင်ပေးနိုင်ပါတယ်ဆိုပြီ ထောက်ခံထားတာတွေ့တယ်။ ကျန်တာတွေတော့အိုကေပါတယ်။ ဒါပေမဲ့ သူတို့ထောက်ခံပေးထားတာထဲက ကိုရီးယားလိုလည်း Fluent ဖြစ်ပါတယ် ဆိုတာကိုတော့ နည်းနည်းကိုယ့်ကိုကိုယ် မလုံချင်ဘူး။ ဒီကဖြင့် ပြောတတ်ဆိုတတ်ရုံလောက်ရတာကို။ ဆုပေးလျှင်တော့ တကယ် တက်ယူအုံးမှာ--ဟီး---ဟီး။
ကဲ ကိုရီးယားစာသင်ယူနေကြတဲ့ ဖရက်ရှာများ ဘာကိုစိုးရိမ်နေကြအုံးမှာလဲ။ သင်တို့လောက်မတော်တဲ့ အွန်စောတောင် စံပြဆုကိုဆွတ်ခူးဖို့ကြံရွယ်နေတာ။ ဘာကိုဘာအတွက်စိုးရိမ်စရာလိုလဲ။ အချိန်တန်တော့ ပြီးမြောက်သွားမှာပဲ။ ကိုယ်လုပ်သင့်တာကို လိုက်လုပ်လိုက်ရုံပါပဲ။ မြန်မာကျောင်းသားတစ်ယောက်အနေနဲ့ဒီကပညာရေးကို စိုးကြောက်စရာ အကြောင်းကိုမရှိပါဘူး။ အဲ---စာမှန်မှန်လေးဖတ်ဖို့တော့လိုမှာပေါ့။ --------။ မေတ္တာ စေတနာဖြင့်။ အွန်စော။

Friday, October 8, 2010
Thursday, September 16, 2010
Baekje Cultural Festival
"ကိုရီးယား ယဉ်ကျေးမှု့ပွဲတော်။"
2010 Great Baekje World Festival ကို စက်တင်ဘာ ၁၈ မှ အောက်တိုပါ ၁၇ ထိ ရက် ၃၀ တိတိ ကျင်းပပြုလုပ်သွားမှာပါတဲ့။ တစ်ရက်ချင်းအလိုက် ပွဲအစီအစဉ်တွေကို အသေးစိတ်သိလိုလျှင် ဒီနေရာလေး ကိုသွားရောက်ဖတ်လိုက်ပါနော်။ အချိန်ကိုငဲ့ပြီး သတင်းမျှပဲပေးလိုက်ပါရစေ။ အသေးစိတ် ဘာသာပြန်မပေးတော့ဘူးနော်။ အောက်မှာ လမ်းညွှန်လေးပါပေးထားပါတယ်နော်။ 


Type rest of the post here
Monday, August 9, 2010
Korean Palace and Kimchi Museum
"ကိုရီးယားနန်တော်နှင့် ကင်ချိပြတိုက်သို့အလည်တစ်ခေါက်"
မနေ့က ဂျပန် တိုကျိုစိုက်ပျိုးရေးနှင့်နည်းပညာတက္ကသိုလ် (Tokyo University of Agri.& Tech) က နေ ကိုရီယားနိုင်ငံ KyungHee National University Global Campus သို့လာရောက် စာတမ်းဖတ်မဲ့ သူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရင်း ရောက်တုန်းရောက်ခိုက် ကိုရီးယား နန်းတော် နှင့် ကင်ချိ ယဉ်ကျေးမှုပြန်တိုက်ကို သွားလည်ဖြစ်ခဲ့တာလေး ဓါတ်ပုံမှတ်တမ်းလေးတွေတင်ထားချင်လို့ပါ။ မိတ်ဆွေနှင့်အတူပါလာတဲ့ ဂျပန်မလေးတွေ (နာမည်တွေတော့မှတ်မိဘူးဗျ)နှင့် ဖိလစ်ပိုင်မလေးတွေကတော့ တယ်ချောပဲဗျ။ အဲဒီကြားထဲမှာကိုယ်တို့သူငယ်ချင်းတစ်ယောက်ကလည်း တကယ်ကိုထင်ထင်ပေါ်ပေါ်ပဲ။ မထင်ပေါ်ပဲနေရရိုးလား ပွင့်လိုကိုယ်လုံးနဲ့လေ။ ဟား----ဟား-----ဟား----။ မဆွေရေ ဆော်ရီးနော်။ အမှန်အတိုင်းပြောမိသွားတာ။ တကယ်တော့လည်း ၀ မှလှ တယ်ဆိုတာရှိသားပဲနော့။
ဒါက နန်းတော်အ၀င်ဝလေ။ ဒါကတော့ အတွင်းထဲတစ်နေရာမှာပေါ့။
ဒါလေးကလည်း အတွင်းစောင်းတန်းလေ။
ဒါကတော့ ကင်ချိပြခန်းက ပြကွက်တစ်ချို့လေ။ သူတို့ ငရုပ်သီးလေးရဲနေအောင်နယ်ပြီး အချဉ်နှပ်လိုက်တာအကုန်လုံးကို ကင်ချိခေါ်တာဆိုတော့ ကင်ချိ အမျိုးပေါင်း ၃၀၀ ကျော်တယ်ဆိုပဲ။
ဒါကကင်ချိသိပ်တဲ့အိုးတွေတဲ့လေ။
ဒါက သူငယ်ချင်းရဲ့သူငယ်ချင်းချောချောလေးတွေလေ။

ဓါတ်ပုံကမကောင်းဘူးဖြစ်နေတယ်။ သူများကင်မရာနဲ့ရိုက်ပေးတာမှစုံမယ်။ သူတို့ဆီကရမှ ထပ်တင်ထားမယ်နော်။ အားလုံးကျန်းမာပျော်ရွှင်ပါစေ။ ။

Labels:
Korea's Scenery,
Korean Art,
Korean Culture,
Korean Food
Subscribe to:
Posts (Atom)
























