Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Thursday, October 29, 2009

The Way To Success


You must take the first step to win any race.
The first step will take some effort and maybe some pain.
But after that, everything you have to do is real - life movement.
Once you're moving you must keep moving.

Create a definite plan for carrying out your desires
and begin at once, whether you're ready or not,
to put your plan into action.

If you can get up the courage to begin,
you have the courage to succeed.
You can only fail if you fail to start.

Winning starts with beginning.



အပြည့်အစုံ (Read More)...

Wednesday, October 28, 2009

Thanks Giving Day of Department of Plant Resources, Kongju National University, Yesan Campus


ပြောပြချင်တာတွေ ရှိနေပေမဲ့ လုပ်စရာ အကြွေးတွေများနေလို့ ဓါတ်ခွဲခန်းက အကြွေးတွေအရင်ဆပ်နေရတယ်။ ဒီနေ့ အတွေ့အကြုံလေးရေးချင်တာမို့ နေ့စွဲလေးအရင် လူရေလည်လုပ်ယူထားလိုက်တာ။ လာမည် ကြာမည် မျှော်----။ ဟီး---ဟီး----။
လာပါပြီ။
တစ်ခြားမဟုတ်ပါဘူး။ ကျွန်တော်တို့ စိုက်ပျိုးရေးဌာနကပြုလုပ်တဲ့ Thanks Giving Day တဲ့။ မြန်မာလို ရှင်းရှင်းပြောရလျှင်တော့ စိုက်ခင်းစောင့်နတ်တင်တာပါပဲ။ အဲဒီပွဲလေးအကြောင်း ပြောပြမယ်လို့ပါ။ အချိန်မရသေးတာနဲ့ အကြွေးမှတ်ထားခဲ့တာ။ အခုလည်း အချိန်ရလို့တော့မဟုတ်ဘူး။ များများမရေးအားတာအတူတူ တစ်ကြောင်းနှစ်ကြောင်းလောက်တော့ ရေးလိုက်အုန်းမယ်ဆိုပြီး ၀င်ထိုင်လိုက်တာ။ ကျွန်တော်တို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က လယ်ယာသီးနှံ၊ ဥယျာဉ်ခြံ သီးနှံပညာ ဌာနတွေက လုပ်သလိုပါပဲ။ တစ်ခြားဌာနတွေနဲ့တော့မတူးဘူး ဘယ်တူမလဲ အခြားဌာနတွေက စိုက်ခင်းမှမရှိတာ။ ဟဲ--ဟဲ--။
ဖြစ်ပုံက အဲဒီနေ့က လက်ချာအတူတက်နေတဲ့ ကကြီးကျောင်းသားတစ်ယောက်က စိုက်ခင်းသွားမယ်ဆိုပြီးလာခေါ်တယ်။ ကျွန်တော်တို့အဖွဲ့က လေးယောက်ရှိတာကိုး တရုတ်သုံးယောက်နဲ့ ကျွန်တော်။ စစချင်းဘာလုပ်မယ်မသိဘူး၊ အခင်းမှာ တစ်ခုခု စိုက်မယ်ထင်နေတာ။ သူ့ကားလေးနဲ့ ငါးယောက်သမားထွက်လာလိုက်တာ အခင်းရောက်တော့မှ ကျောင်းသားတွေအများကြီးနဲ့ ပါမောက္ခကကြိုရောက်နေတယ်။ ဆရာက အဝေးကနေ လက်ရပ်ခေါ်နေတယ် သူ့တပည့်တွေ မလာရဲမှာစိုးလို့ထင်ပါတယ်။ နိုင်ငံခြားသားကျောင်းသားဆိုလို့ ပြေးကြည့်မှ နော်နော်တို့လေးယောက်ပဲ ပါတာဆိုတော့ (ဒီဌာနမှာပြောပါတယ်၊ တခြားဌာနတွေမှာတော့ အများသား၊ (ဒီကင်းပါစ်မှာ)) ကကြီးကျောင်းသားထုနဲ့ယှဉ်တော့ အင်အားက တော်တော်ကွာနေတာလေ။ သူတို့ကျင်းပရာ ကွင်းထဲဝင်လာလိုက်တော့ အားရှာပါး စားသောက်ဖွယ်ရာတွေနည်းတာမဟုတ်ဘူး ပြင်ဆင်ထားလိုက်တာ။ အမှတ်တမဲ့နဲ့ရောက်လာရတာဆိုတော့ လေးယောက်သမား ကင်မရာတစ်လုံးမှပါမလာလို့ ဘာပုံမှ မှတ်တမ်းမတင်လိုက်ရဘူး။ ဒီဌာမှာက ပါမောက္ခ ငါးယောက်ရှိတာ၊ နော်နော်တို့ပါမောက္ခက ခေါင်းမော့ပြီးကြွားရှာတယ်။ ဖေါရိန်နာတွေဆိုပြီး ကျန်ပါမောက္ခတွေနဲ့မိတ်ဆက်ပေးတယ်။ တစ်ခြားပါမောက္ခတွေက အီး(English) လို မမွှတ်တော့ ပြည်ပကျောင်းသားလက်ခံသင်ပေးနိုင်ခြင်းမရှိဘူးလေ။ နော်နော်တိုဆရာက အသက်ကလည်းအငယ်ဆုံး။ လုပ်သက်ကလည်း အငယ်ဆုံး၊ ငယ်ဆို နော်နော်တိုနဲ့ရှေ့ဆင့်နောက်ဆင့်လေးပဲလေ။ သူလည်း ဒီကျောင်းကို ဒီနှစ်မှပြောင်းရွေ့လာတာတဲ့။ အက်တစ် (Active) လဲအဖြစ်ဆုံးလို့ထင်ရတယ်။
နတ်တင်တဲ့ပွဲလေးက တစ်နာရီလောက်ပဲကြာပါတယ်။ ကျောင်းသူတစ်ယောက်က အစီစဉ်မှူးလုပ်၊ ကျောင်းသားတစ်ယောက်က နတ်ပင့်တိုင်တယ်။ ပါမောက္ခငါးယောက်က အလှည့်ကျ ၀င်ကန်တော့ ပြီးတာနဲ့ ရုံးဝန်ထမ်း စားရေး တွေကန်တော့ နောက်ကျောင်းသားတွေ နှစ်အလိုက် ၀င်ထိုင်ကန်တော့ ကြတာပါပဲ။ အဲလို ပူဇော်ပွဲလေးလုပ်ပြီးတာနဲ့ စောစောက ကြိုတင်ပြင်ဆင်ထားတဲ့ စားပွဲခုံတွေမှာဝိုင်းပြီး စားကြ သောက်ကြတာပါ။ ဒီပွဲမှာ မြန်မာနဲ့မတူတာလေးက- မြန်မာပြည်မှာ တောစောင့်နတ်တောင်စောင့်နတ်တင်လျှင် ကြက်ကောင်လုံး၊ (သို့) အဖိုအမတစ်စုံတင်တာကို မြင်တွေ့ကြားသိခဲ့ဖူးတာပါ။ ဒီမှာတော့ ၀က်ကို ခေါင်းတစ်ဝက်ကဖြတ်ထားတဲ့ နှုတ်သီးပိုင်းကို ပြုတ်ပြီး ထိပ်အလည်တဲ့တဲ့မှာ ထောင်ထားတာများ မြင်ရတာနဲ့ ကြောက်စရာကြီးဗျာ။ သူတို့နတ်က ထူးဆန်းတာကိုး။ အဲဒါကို အဲလိုလုပ်ပေးမှ သဘောကျတယ်ထင်ပါရဲ့။ ဟီး--ဟီး။
ဆယ်နာရီလောက်ကစလိုက်တာ ဆယ့်တစ်ကျော်ကျော်၊ ဆယ့်တစ်နာရီခွဲလောက်မှာ နတ်ပူဇော်ပွဲလေးပြီးသွားတယ်။ ပြီးသွားတာနဲက ပါမောက္ခတွေက သူတို့ကားကိုယ်စီနဲ့ အပြင်ထွက်နေ့လည်စာစားကြမယ်တဲ့ အဲဒါအတူလိုက်စားဖို့ သူတို့အခေါ် ၀ဲဂုဂင်( Foreigner)တွေအပါခေါ်ခဲ့ပါလို့ ရုံးကူတစ်ယောကိုပြောနေတာသိလိုက်ရတယ်။ ဒါနဲ့ ရုံးအကူကို မလိုက်လို့မရဘူးလားကွာ ငါတို့ဗိုက်တွေလည်း တင်းနေပြီ ထပ်မစားနိုင်တော့ဘူးဆိုတော့ သူလည်း မလိုက်ချင်မစားချင်တော့ဘူးတဲ့၊ ဒါပေမဲ့ ဆရာတွေကခေါ်တော့မလိုက်လျှင်မကောင်းဘူးဆိုပြီး ကားပေါ်တက်ထွက်လာခဲ့လိုက်ရတာပါပဲ။ ကားပေါ်မှာ ဘာစားမလဲညှိကြတော့ ကကြီးကျောင်းသားတွေက ခွေးသားစားမယ်တဲ့။ နော်နော့်မေးတော့ မစားဘူးဘူးလို့ ၊ စမ်းကြည့်မယ်ကွာလို့ ကတိပေးလိုက်တယ်။ တရုတ်တွေကတော့ ပြောတယ်၊ စားဖူးတယ်တဲ့ သူတို့နိုင်ငံမှာ လူအများစုက အဲဒါကိုပိုကြိုက်ကြတယ်တဲ့။ ဒီကိုရီးယားမှာလည်း ခွေးသားက ဈေးအမြင့်ဆုံးဖြစ်သလို အမျိုးသားတွေအကြိုက်ဆုံး အသားပါတဲ့ဗျာ။ နော်နော်လည်း ဘယ်အရှုံးခံလို့ဖြစ်မလဲ တစ်ဖတ်ကောက်တုတ်လိုက်တယ်။ ပြန်မထွက်ဖို့ မနဲသတိထားဝါးမြိုချလိုက်ရတယ်။ အသားက တယ်နုတာပဲ။ ကျိချွဲချွဲနဲ့။ နောက်တစ်ဖတ်--နောက်တစ်ဖတ်--။ ဟဲ--ဟဲ--ကိုရီးယားတွေအသားစားတာမြင်ဘူးတယ်မဟုတ်လား။ ရက်စက်တယ်ဗျာ သူတို့တော့ အမှီမလိုက်နိုင်ပါဘူး။ အသားတွေ တော်တော်စားပြီးလောက်တော့ နောက်ထပ် မြေအိုး လုံးတွေ တစ်လုံးစီရောက်လာပြန်တယ် ခွေးသားဆွပ်ပြုတ်တဲ့ သူတို့တစ်တွေကတော့ အားရပါးရလွေးကြတယ်ဗျာ အပြောင်ပဲ။ နော်နော်ကတော့ တ၀က်ကျိုးအောင် မနည်းကြိုးစား မြိုလိုက်ရတယ်။ အပြင်သွားစားတယ်ဆိုလျှင် ဆိုဂျူ (Alcohol) လေးကလည်း မပါမဖြစ်ဆိုလေတော့ ရစ်သီရစ်သီပေါ့ဗျာ။ အော်တစ်ခါမှ စားဖို့ မစဉ်းစားခဲ့ဘူးတဲ့ ခွေးသားတွေကို အားပါးတရစားနေကြတာတွေ့တော့ ဟိုးအရင် ၂၀၀၀ ခုနှစ် တုန်းက အစ္စရေးနိုင်ငံ ၊ အရာဘာဒေသက၊ အင်ရာဟပ် ဆိုတဲ့ ရွာလေးမှာ နေခဲ့စဉ်က ထိုင်းတွေ အမဲသားအစိမ်းသုတ်စားတာ အတင်းခေါ်ကြွေးလို့ တစ်ဇွန်းကောက်ဝါးပြီး ပြန်အန်ထုတ်ပစ်ခဲ့တာကို သတိရမိတယ်။ အဲဒီတုန်းကတော့ ဘယ်လိုမှ ၀မ်းထဲရောက်အောင် ပို့မရခဲ့ဘူး။ အခုအခါမှာတော့ သူတို့တောင် စားသေးတာပဲဆိုပြီး တစ်ဝက်လောက်ထိတော့ မျက်စေ့မှိတ်တုတ်ပစ်လိုက်တယ်။ အော် --- တောစောင့်နတ်ပူဇော်ပွဲနဲ့ တစ်ဆက်ထည်းရခဲ့တဲ့ အတွေ့အကြုံလေးပါပဲလေ။ ဆရာတွေမကြာမကြာ အပြင်ထွက်ထမင်းလိုက်လိုက်ကျွေးလို့အားတော့နာမိပါရဲ့။





အပြည့်အစုံ (Read More)...

Monday, October 26, 2009

Pondering to the Past. (အတိတ်ဘ၀သတိယစွာဖြင့်)


"အပြောင်းအလဲ"
နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်.
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်.
ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်.
ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်.
ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ
ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…
မောင်စိန်ဝင်း (ပုတီးကုန်း)

(ကိုရန်အောင်ဘလော့မှ ကူးယူဖေါ်ပြပါသည်)




အပြည့်အစုံ (Read More)...

Sunday, October 25, 2009

Autumn Feeling






အော်ပတ်ဝန်းကျင်တစ်ခုလုံးလည်း အချိန်အခါ၊ ရာသီစက်ကွင်းအလိုက် အရောင်တွေပြောင်းလဲကုန်ပါရောလား။ ရောက်စက မြင်တွေ့ခဲ့ရတဲ့ စိမ်းစိုလမ်းဆန်း၊ အသီးတွေ ဝေဆာနေတဲ့ ဒီဝန်းကျင်က အပင်လေးတွေ၊ အပင်ကြီးတွေ အခုတော့ အ၀ါရောင်မက၊ အနီ၊ အမဲ ပြောင်းလဲ နေကြပါရောလား။ စာရေးဆရာ၊ ကဗျာဆရာတွေစာသီတဲ့ ယော်ရွက်ဝါကြွေကြလို့ မြေခ တဲ့အချိန်တဲ့။ ဒီရာသီရဲမြင်ကွင်းက စိတ်ခံစားချက်တွေထွေပြားစေပါလား။ တနှစ်တာလုံး အစာချက်ပြီး တပင်လုံးကို ထောက်ပန့်ပေးခဲ့တဲ့ တစ်ချိန်က စိမ်းစိုဝေဆာနေတဲ့ အရွက်တွေ ဒီချိန်မှာစိမ်းရာက၀ါ၊ ၀ါရာက နီ၊ နီရာက မဲ၊ မဲရာမှ ကြွေ၊ ကြွေရာက ခြောက်၊ လွင့်ပျောက်ကြရတာ့မှာပါလား။ မိခင်အပင်ကြီးကို စွန်ခွာရက်လေတယ်လို့ အရွက်ကလေး ကြေကွဲဝမ်းနည်းနေမလား။ အမှန်တော့ သံသရာဆိုတဲ့ မမြဲသောတရားက သက်သေပြနေတာရယ်ပါ။ တစ်ချိန်မှာ တို့ဘ၀တွေလည်း ကြွေကျလို့ မြေခရအုံးမှာပါလားရယ်လို့ ၀မ်းနည်းနေလို့ကော ထူးလားမှာတဲ့လား။
အွန်စောကတော့ ဒီလိုပဲမြင်လိုက်တယ်။ အော် မိခင်အပင်ကြီးက ပြင်းထန်လှတဲ့ အအေးဒဏ်ကို ကြံကြံခံကျော်ဖြတ်နိုင်ဘို့သူ့ရဲ့ ရင်နစ်သည်းချာ သား၊သမီးရတနာလို့ ခေါ်ဆိုနိုင်တဲ့ သစ်ရွက်လေးတွေကို မလွှဲမရှောင်သာ စွန့်ခွာနေပါလား၊ လုပ်သင့်လုပ်ထိုက်တာကို စွန့်စွန်စားစား ရက်ရက်စက်စက် ဆုံးဖြတ်ချက်ချကာ ရဲရဲကြီး ဆောင်ရွက်နေပါလား၊ ဒီလိုမှ မစွန်စား မရက်စက်ပဲ သံရောစဉ်ဝင်ခင်တွယ်နေလျှင် ကျရောက်လာမဲ့ ဆောင်းနှင်းဒဏ်ကြောင့် ခံစားရမဲ့ အရွက်များစွာရဲ့ဝေဒနာကို မခံစားနိုင်ပဲ တစ်ပင်လုံးပျိုလဲရမှာကို ကြိုတင်တွေးခေါ်၊ အမျှော်အမြင်ကြီးလှချေလား ရယ်လို့ ဒီပတ်ဝန်းကျင်ကအပင်တွေကို ကြည့်ပြီး အံသြနေမိတယ်လေ။ အမှန်တော့ မကြာခင်ရောက်လာတော့မဲ့ ပြင်းထန်တဲ့ဥတုရာသီရဲ့ ရိုက်ချက်ကို ရင်ကော့ခံနိုင်ဘို့ အားအင်စုစည်းပြီး အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေတာရယ်ပါ။ အွန်စောတို့ကို သင်ခန်းစာပေးနေသလိုပါပဲ။ တကယ်တော့ သူလည်း ခွဲခွာချင်မယ်မထင်ပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ကြွေလွင်ခံရတဲ့ အရွက်လေးတွေအနေနဲ့လည်း နောင်တစ်ချိန်မှာ ရွက်သစ်တွေဝေ၊ အသီးတွေ အစီအရီနဲ့ ဒီဝန်းကျင်ကို အလှဆင်ကြအုံးမည့် အနာဂါတ်ကိုမျှော်တွေးပြီး၊ ကြည်ကြည်နူးနူးနဲ့ လေဟုန်စီးပြီး ဟိုးအဝေးကို ရှောင်ပေးသင့်တယ် မဟုတ်ပါ လား--- ။ --- (မနေရလို့--ကြွေပေးရလျှင်တောင်၊(နီးခွင့်မရလို့ မလွဲမရှောင်သာ ဝေးနေကြရလျှင်တောင်) အပြုံးမပျက်ပဲ၊ ကြည်နူးဝမ်းသာနိုင်ပါစေ----)။

ရှေ့သို့
ယောက်ကျားပီပီ၊ အာဇာနည်စိတ်
လန့်ထိတ်မရှိ၊ နောက်မတွန့်ပဲ
စွန့်စွန့်စားစား၊ ငါလျှင်သွားမည်
ကျားကို ခလုတ်၊ ဆူးကိုမွေ့ရာ
ကဲ့ပမာထား၊ ဘာဆိုဘာမှ
လုံးဝမမှု၊ ဂရုမစိုက်
ငါသွားခိုက်ဝယ်၊ ကြုံကြိုက်ဘေးရန်
ငါတွန်းလှန်၍၊ အမြဲပန်းတိုင်ရောက်စေမည်။

(ဤကဗျာကို ဘလော့တစ်ခုမှ ကူးယူဖေါ်ပြပါသည်။ ကူးယူထားတာ ကြာနေသည့်အတွက် လိပ်စာမမှတ်မိတော့တာခွင့်လွှတ်ပါ)




အပြည့်အစုံ (Read More)...

Sunday, October 18, 2009

Construction of Asia's Tallest Building Starts


The construction of the world's second tallest building starts in Seoul on Friday. The ground-breaking ceremony for the 133-story skyscraper tentatively called the DMC Landmark Tower will be held at Digital Media City in Sangam-dong, northwestern Seoul. Construction is to be completed in 2015.

Built on a 37,280 sq.m plot, the ultra high-riser will stand 640 m tall, the world's second tallest after the 160-story, 818m Burj Dubai being built by Korean developer Samsung C&T in the United Arab Emirates.

The DMC Landmark Tower will be 8 m taller than China's Shanghai Dragon, to be completed in 2014, becoming Asia's tallest building.

The 133rd floor of the DMC Landmark Tower will house an observatory 540 m off the ground, 66 m higher than the observatory of the Shanghai World Financial Center. The skyscraper will house a hotel, broadcasting facility, apartments, offices, a department store and a shopping mall.
The Chosun Ilbo မှ ကူးယူဖေါ်ပြပါသည်။


အပြည့်အစုံ (Read More)...

Monday, October 12, 2009

HTMLသင်ခန်းစာ။ Link ပေးတာပါ၊ အောက်ကပုံလေးကို နှိပ်လိုက်ပါ။





အပြည့်အစုံ (Read More)...

Without You

I gave you life,
but cannot live it for you.
I can give you directions,
but I cannot be there to lead you.
I can take you to church,
but I cannot make you believe.
I can teach you right from wrong,
but I cannot always decide for you.
I can buy you beautiful clothes,
but I cannot make you beautiful inside.
I can offer you advice,
but I cannot accept it for you.
I can give you love,
but I cannot force it upon you.
I can teach you to share,
but I cannot make you unselfish.
I can teach you respect,
but I cannot force you to show honor.
I can advise you about friends,
but cannot choose them for you.
I can tell you about alcohol & drugs,
but I can't say "No" for you.
I can tell you about lofty goals,
but I can't achieve them for you.
I can teach you about kindness,
but I can't force you to be gracious
I can pray for you,
but I cannot make you walk with God.
I can tell you how to live,
but I cannot give you eternal life.
I can love you with unconditional love all of
my life... and I will.

MangloreFriends group mail မှ ကူးယူဖေါ်ပြပါသသည်။



အပြည့်အစုံ (Read More)...

Sunday, October 11, 2009

Lee Young Eun, a Korean Actress will go to Myanmar and meet Myanmar fan

ရန်ကုန်မြို့တော် သမ္မတရုပ်ရှင်ရုံတွင် အောက်တိုဘာလ (၁၆) ရက်နေ့မှ(၁၉) ရက်နေ့များတွင်ကျင်းပြမည့် (၅)ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပြပွဲတော်သို့ တက်ရောက်ရန်လာရောက်စဉ် မြန်မာပရိသတ်များနှင့်တွေ့ဆုံနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ထိုသတင်းထုတ်ပြန်ချက်အရသိရှိရသည်။
ကိုရီးယားမင်းသမီး (Lee Young Eun) သည် အောက်တိုဘာလ ၁၇ ရက် နှင့် ၁၈ ရက်နေ့တွင် မြန်မာပရိသတ်များနှင့်တွေ့ဆုံမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ရန်ကုန်အခြေစိုက် ကိုရီးယားသံရုံး ဖုန်း -၀၁-၅၁၅၁၉၀ သို့ ဆက်သွယ်မေးမြန်းနိုင်သည်ဟု ထုတ်ပြန်ချက် ကဆိုသည်။ ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ကျင်းပမည့် ငါးကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်တွင် ကိုရီးယား မင်းသမီးLee Young Eun သရုပ်ဆောင်ထားသည့် Summer Whispers (Romance)၊ Mon's Way (Drama)၊ Marathon (Drama)၊ Oseam (Animation)တို့ပြသမည်ဖြစ်ပြီး ရုပ်ရှင်ပွဲတော်ဖွင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးအပါအ၀င် မြန်မာအစိုးရ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် သရုပ်ဆောင်များအားလုံး စုံစုံညီညီ တက်ရောက်ကြမည်ဟု သတင်းထုတ်ပြန်ချက်များက ဆိုသည်။
"တီဗီထဲမှာပဲ တွေ့နေရတဲ့ကိုရီးယားမင်းသမီးချောကို အပြင်မှာတကယ်တွေ့ရမယ်ဆိုတော့ ရင်တော့အခုန်သားဗျ" ဟုမြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီရုပ်မြင်သံကြားတို့မှ ပြသသည့် ကိုရီးယားဇာတ်လမ်းတွဲများကို နှစ်ခြိုက်စွာ ကြည့်ရှုအားပေးနေသည့် အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးကပြောကြားသည်။ ကိုရီးယားအမျိုးသမီး သရုပ်ဆောင် Lee Yooung Eun သည် မြန်မာပရိသတ်အကြိုက် Rain ပါဝင်သရုပ်ဆောင်ထားသော Full House (ချစ်စံအိမ်) ဇာတ်လမ်းတွဲတွင် အွန်စော၏ သူငယ်ချင်း ဂျီဂျီအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ သူမသည် တီဗီဇာတ်လမ်းတွဲ ၁၀ တွဲကျော်၊ ရုပ်ရှင်ဇာတ်ကားကြီး ၅ ကားရိုက်ကူးထားပြီး ၂၀၀၇ ခုနှစ်တွင် SBS မှ New Star Award ကို ရရှိခဲ့ကာ Dongduk Women's College မှ ဘွဲ့ရှိခဲ့သူဖြစ်သည်။ (The voice မှ ကူးယူဖေါ်ပြပါသည်)
Lee Young Eun ၏ အလှဓါတ်ပုံအချို့ကို ကူးယူဖေါ်ပြပေးပါသည်။






အပြည့်အစုံ (Read More)...

Saturday, October 10, 2009

Silla University Vs Kongju National University (Scenery)

မနှစ်က တစ်နှစ်လုံး ကျောင်းတက်ခဲ့ရတဲ့ ဘူဆန်မြို့ (Busan) ရှင်းလာ (Silla University)နှင့် အခု ၃ နှစ်ဆက်တိုက်တက်ရမယ့် ရယ်ဆန်မြို့က (Yesan)ဂုန်းဂျူး (Kongju National University) တို့ရဲ့ မြင်ကွင်းလေးတွေကို ယှဉ်ကြည့်ချင်လို့ပါ။ အချိန်ပိုင်းလေးတော့နည်းနည်းကွာနေတာပေါ့လေ။ ဒါပေမဲ့ အဲဒီအချိန် (တူညီတဲ့ ရာသီမှာ) ကြည့်လည်း မတူတာလေးတွေ ရှိနေပါတယ်။ အားလုံးမှာ တူတာတစ်ခုတော့ရှိတယ်။ နှစ်ကျောင်းစလုံးက တောင်စောင်းတွေမှာပဲ တည်ရှိနေတာလေ။ ဒါလဲ အဆန်းတော့မဟုတ်ပါဘူး။ ဒီကိုရီးယားမှာရှိတဲ့ ကျောင်းတွေရဲ့ ၉၀ ရာနှုန်းက တောင်ပေါ်ကျောင်းတွေချည်းဖြစ်နေတာကိုး။ မြေပြန့်မှာ ရှိတဲ့ကျောင်းက တော်တော်ရှားပါတယ်။ ထားပါတော့။ ကဲ ရှုခင်းလေးတွေယှဉ်ကြည့်ရအောင်။
ဒါကပြီးခဲ့တဲ့နှစ်က ဧပြီ၊ မေ မှာရိုက်ခဲ့တဲ့ ရှင်းလာ ရဲ့ မြင်ကွင်းလေးတွေပါ။ ဆောင်းအလွန် နွေဦးကာလလေးမှာ ဘူဆန်တစ်မြို့လုံး ချယ်ရီဖုံးတဲ့အချိန်ပေါ့။ ဘူဆန်ရဲ့ ဘေ့ကရောင်း (Baekyang Mountain) တောင်မှာပေါက်တဲ့အပင်တွေက ထင်းရူးပင်တွေဖြစ်နေပေမဲ့ ဂုန်းဂျူးကျောင်းဝန်းကျင်မှာတော့ အပင်မျိုးစုံပေါက်နေတာကို တွေ့ရတယ်ဗျ။ မြန်မာပြည်ကမြင်ကွင်းလေးနဲ့ နည်းနည်းတူနေသလိုပဲ။ ရှင်းလာမှာက စိုက်ပျိုးရေး၊ မွှေးမြူရေးဌာနတွေ မတွေ့ခဲ့ရဘူးဗျ။ ဒီမှာတော့ အစုံပဲ။ ကဲ ရှင်းလာ (Silla) ရှုခင်းလေး အရင်ကြည့်လိုက်ကြရအောင်လား။


ဒါကတော့ တောင်စောင်းလမ်းလေးနဲ့ ထင်းရူးသစ်တောလေ။


ကဲ ဂုန်းဂျူး(Kongju) မြင်ကွင်းလေးတွေဆက်ကြည်ကြရအောင်းလား။ ဒါက နော်နော်နေတဲ့ အဆောင်လေး။ သုံးပိုင်းရှိတာ။ တစ်ပိုင်းက ကျောင်းသူ။ တစ်ပိုင်းက ကျေင်းသား။ နည်းနည်း ကွဲနေတဲ့အဆောင်က ဆရာအဆောင်။ ဆရာအဆောင်မှာက မိသားစုနေလို့ရတယ်။ အခန်းတွေက အကျယ်ကြီးတွေ။ ကျောင်းသားတွေအဆောင်မှာက တအားကျဉ်းတာပါလား။ တစ်ခန်းမှာ ၂ ယောက် (သို့) ၄ ယောက်နေရတာကိုး။ အွန်စောကတော့ ဆရာအဆောင်မှာပဲနေတယ်။ ဟဲ---ဟဲ---။

ဆောင်းဦးပေါက်လို့ ရော်ရွက်တွေကျွေချိန်ကြပြီလေ။ မြန်မာပြည်ဆိုလျှင်တော့ နွေဦးပေါက်မှ ရော်ရွက်တွေကြွေကြတာပါလား။ ဒီမှာတော့ ပြင်းထန်လှတဲ့အအေးဒဏ်ကို ကြံ့ကြံ့ခံကျော်ဖြတ်ဖို့ ရွက်ဝါတွေချွေချနေစပြုနေပြီလေ။ ဒါလေးကတော့ သူများနဲ့မတူ တမူ လှနေတဲ့ရွက်လှပင်လေးပါ။


ဒါကတော့ ရှင်းလာနဲ့မတူ တမူထူးခြားနေတဲ့ အပင်စုံ တောအုပ်စုလေး နှင့် ကျောင်းသား ကားထားရာ ကားပတ်ကင် က ရွက်လှပင်လေး။

ဒါက ထူးခြားလို့ရိုက်လာခဲ့တာ။ အစတော့ ပန်းပင်ထင်နေတာ နောက်တော့ဘယ်ဟုတ်မလဲ အသီးတွေဝေဆာနေတာပါလား။

ဒါလေးကတော့ လမ်းဘေးဘယ်၊ညာ တစ်လျှောက်စိုက်ထားတဲ့ ဂျူဂျူဘီပေါ့ ကကြီးလိုတော့ ဒယ်ချူး (대출) တဲ့။အသီးကတအားသီးတာပါလား။ စားကောင်းတယ်ပြောပေမဲ့ အသီးတွေကတော့ ကောက်မဲ့သူမရှိဘူး။ လမ်းဘေးမှာ ကျန်းနေတာပဲ။

ဒါကစိုက်ပျိုးရေးဌာက စိုက်ခင်းလေးတွေပါ။


ဒါကတော့ မွေးမြူရေးဌာနက ကွင်း။ မြင်းခြံ၊ နွားခြံ၊ ဆိတ်ခြံ နှင့်ဝက်ခြံ။ နောက်စိုက်ခင်းနေရာက မြေကွက်လတ်နေရာလေး။ ဒါတွေအားလုံး အွန်စောအဆောင် အနီးတစ်ဝိုက်မှာပဲ ရှိတာ။




အပြည့်အစုံ (Read More)...