အော်ပတ်ဝန်းကျင်တစ်ခုလုံးလည်း အချိန်အခါ၊ ရာသီစက်ကွင်းအလိုက် အရောင်တွေပြောင်းလဲကုန်ပါရောလား။ ရောက်စက မြင်တွေ့ခဲ့ရတဲ့ စိမ်းစိုလမ်းဆန်း၊ အသီးတွေ ဝေဆာနေတဲ့ ဒီဝန်းကျင်က အပင်လေးတွေ၊ အပင်ကြီးတွေ အခုတော့ အ၀ါရောင်မက၊ အနီ၊ အမဲ ပြောင်းလဲ နေကြပါရောလား။ စာရေးဆရာ၊ ကဗျာဆရာတွေစာသီတဲ့ ယော်ရွက်ဝါကြွေကြလို့ မြေခ တဲ့အချိန်တဲ့။ ဒီရာသီရဲမြင်ကွင်းက စိတ်ခံစားချက်တွေထွေပြားစေပါလား။ တနှစ်တာလုံး အစာချက်ပြီး တပင်လုံးကို ထောက်ပန့်ပေးခဲ့တဲ့ တစ်ချိန်က စိမ်းစိုဝေဆာနေတဲ့ အရွက်တွေ ဒီချိန်မှာစိမ်းရာက၀ါ၊ ၀ါရာက နီ၊ နီရာက မဲ၊ မဲရာမှ ကြွေ၊ ကြွေရာက ခြောက်၊ လွင့်ပျောက်ကြရတာ့မှာပါလား။ မိခင်အပင်ကြီးကို စွန်ခွာရက်လေတယ်လို့ အရွက်ကလေး ကြေကွဲဝမ်းနည်းနေမလား။ အမှန်တော့ သံသရာဆိုတဲ့ မမြဲသောတရားက သက်သေပြနေတာရယ်ပါ။ တစ်ချိန်မှာ တို့ဘ၀တွေလည်း ကြွေကျလို့ မြေခရအုံးမှာပါလားရယ်လို့ ၀မ်းနည်းနေလို့ကော ထူးလားမှာတဲ့လား။
အွန်စောကတော့ ဒီလိုပဲမြင်လိုက်တယ်။ အော် မိခင်အပင်ကြီးက ပြင်းထန်လှတဲ့ အအေးဒဏ်ကို ကြံကြံခံကျော်ဖြတ်နိုင်ဘို့သူ့ရဲ့ ရင်နစ်သည်းချာ သား၊သမီးရတနာလို့ ခေါ်ဆိုနိုင်တဲ့ သစ်ရွက်လေးတွေကို မလွှဲမရှောင်သာ စွန့်ခွာနေပါလား၊ လုပ်သင့်လုပ်ထိုက်တာကို စွန့်စွန်စားစား ရက်ရက်စက်စက် ဆုံးဖြတ်ချက်ချကာ ရဲရဲကြီး ဆောင်ရွက်နေပါလား၊ ဒီလိုမှ မစွန်စား မရက်စက်ပဲ သံရောစဉ်ဝင်ခင်တွယ်နေလျှင် ကျရောက်လာမဲ့ ဆောင်းနှင်းဒဏ်ကြောင့် ခံစားရမဲ့ အရွက်များစွာရဲ့ဝေဒနာကို မခံစားနိုင်ပဲ တစ်ပင်လုံးပျိုလဲရမှာကို ကြိုတင်တွေးခေါ်၊ အမျှော်အမြင်ကြီးလှချေလား ရယ်လို့ ဒီပတ်ဝန်းကျင်ကအပင်တွေကို ကြည့်ပြီး အံသြနေမိတယ်လေ။ အမှန်တော့ မကြာခင်ရောက်လာတော့မဲ့ ပြင်းထန်တဲ့ဥတုရာသီရဲ့ ရိုက်ချက်ကို ရင်ကော့ခံနိုင်ဘို့ အားအင်စုစည်းပြီး အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေတာရယ်ပါ။ အွန်စောတို့ကို သင်ခန်းစာပေးနေသလိုပါပဲ။ တကယ်တော့ သူလည်း ခွဲခွာချင်မယ်မထင်ပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ကြွေလွင်ခံရတဲ့ အရွက်လေးတွေအနေနဲ့လည်း နောင်တစ်ချိန်မှာ ရွက်သစ်တွေဝေ၊ အသီးတွေ အစီအရီနဲ့ ဒီဝန်းကျင်ကို အလှဆင်ကြအုံးမည့် အနာဂါတ်ကိုမျှော်တွေးပြီး၊ ကြည်ကြည်နူးနူးနဲ့ လေဟုန်စီးပြီး ဟိုးအဝေးကို ရှောင်ပေးသင့်တယ် မဟုတ်ပါ လား--- ။ --- (မနေရလို့--ကြွေပေးရလျှင်တောင်၊(နီးခွင့်မရလို့ မလွဲမရှောင်သာ ဝေးနေကြရလျှင်တောင်) အပြုံးမပျက်ပဲ၊ ကြည်နူးဝမ်းသာနိုင်ပါစေ----)။
ယောက်ကျားပီပီ၊ အာဇာနည်စိတ်
လန့်ထိတ်မရှိ၊ နောက်မတွန့်ပဲ
စွန့်စွန့်စားစား၊ ငါလျှင်သွားမည်
ကျားကို ခလုတ်၊ ဆူးကိုမွေ့ရာ
ကဲ့ပမာထား၊ ဘာဆိုဘာမှ
လုံးဝမမှု၊ ဂရုမစိုက်
ငါသွားခိုက်ဝယ်၊ ကြုံကြိုက်ဘေးရန်
ငါတွန်းလှန်၍၊ အမြဲပန်းတိုင်ရောက်စေမည်။
(ဤကဗျာကို ဘလော့တစ်ခုမှ ကူးယူဖေါ်ပြပါသည်။ ကူးယူထားတာ ကြာနေသည့်အတွက် လိပ်စာမမှတ်မိတော့တာခွင့်လွှတ်ပါ)
0 comments:
Post a Comment