Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။
Showing posts with label Video. Show all posts
Showing posts with label Video. Show all posts

Monday, January 23, 2012

"Take me Home"

မြန်မာနိုင်ငံမှ ပညာတော်သင် ပါရဂူကျောင်းသူ မအေးအေးသွယ် (အေးအေးတယ်ရှီ) မှ ကိုရီးယားဟင်း (မီနာရီ ဒွင်ဂျမ်းကြိကယ် ဟင်း) ချက်ပြုတ်ပြီး သူငယ်ချင်းများကို ဖိတ်ခေါ်ကြွေးမွေးသလို မြန်မာဟင်းတစ်မျိုးဖြစ်တဲ့ ကြာဇံဟင်းခါးလေး အရသာလည်း မြည်းစားကြည့်စေခဲ့ပါတယ်။ အိမ်ရှင် မိတ်ဆွေ လည်းဟုတ် ဆရာလည်းဟုတ်၊ စီနီယာ ဘီအေဂျီတစ်ယောက်အိမ်မှာ စိတ်တိုင်းကျ စီမံချက်ပြုတ်ခွင့်ရတဲ့ အခွင့်အရေးဟာလည်း လူတိုင်းမရနိုင်တဲ့၊ မလွယ်ကူတဲ့ အခွင့်အရေးလေးပါပဲ။ နောက်ဆုံး ပိတ် သီချင်းလေးကလည်း မိမိမွေးရပ်မြေ၊ မိသားစု နဲ့ဝေးကွာနေကြရသူများအတွက် တမင်ရွေးခြယ် ထားလေသလား။ "Take me Home" အိမ်ပြန်ချင်တယ် တဲ့။ သူငယ်ချင်းတို့လည်း အိမ်မပြန်ချင်သူရှိမယ်မထင်ပါဘူး။ အခုလို ပြည်ပမှာ အခြေအနေအရပ်ရပ်ကြောင့် စွန်စား နေကြရသော အွန်စောတို့ တစ်တွေ အတွက် အိမ်လွမ်းစရာလေးတွေဖြစ်သလို၊ စွန်စားရကျိုးနပ်အောင် မြန်မာဆိုတာလေး တစ်ခုခု လုပ်ပြနိုင်ခြင်းအတွက် သူငယ်ချင်း အေးအေးတယ်ရှီ (မအေးအေးသွယ်) ကို အွန်စောတို့ မြန်မာ တစ်ဖွဲ့လုံးကိုယ်စား ဂုဏ်ယူလျှက်ပါလို့ ပြောကြားရင်း ဒီမှာလာပြီး အမှတ်တရလေး သိမ်းထားလိုက်ပါရစေနော်။ ဝေဖန်ရေးသမားလုပ်ရမယ်ဆိုလျှင် မအေးအေးတယ် သူငယ်ချင်း ဗီယက်နမ် ကောင်လေးနဲ့၊ တရုတ်မလေးက ပြောသွားတဲ့ မြန်မာဝတ်စုံလေးနဲ့ အေးအေးတယ်က အမျိုးသားတစ်ယောက်လို ခန့်ချောကြီးပါတဲ့။ ဟဲ---ဟဲ---။ ဒဲဂျွန်းမြို့ ချွန်းနန် တက္ကသိုလ်က မြန်မာမလေးကတော့ နာမည်အသစ်ရလိုက်ပါပြီ။ ခန့်ချောကြီးနဲ့ အေးအေးတယ်ရှီ တဲ့။ ခင်မင်စွာသော မိတ်ဆွေများလည်း အားပေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ဗွီဒီယိုဖိုင်ကိုတော့ ဒီမှာပဲ သွားကြည့်လိုက်တော့နော်။ ဘလော့မှာတင်တာမရဘူးဖြစ်နေလို့။

အပြည့်အစုံ (Read More)...

Thursday, September 22, 2011

Happy Birthday to you my friend AAT3

အပြည့်အစုံ (Read More)...

Happy Birthday to you my friend AAT2

အပြည့်အစုံ (Read More)...

Happy Birthday to you my friend AAT

အပြည့်အစုံ (Read More)...

Saturday, October 3, 2009

သီတင်းကျွတ်အမှတ်တရ။

ဖိုးဟန် မီးပန်းပြပွဲ။





အပြည့်အစုံ (Read More)...

Sunday, September 20, 2009

Korean Traditional Concert held in September at Deoksugung

စက်တင်ဘာလ ၅ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ကျင်းပခဲ့တယ်ဆိုတဲ့ ကိုရီးယား ယဉ်ကျေးမှုကပြဖျော်ဖြေပွဲ (Korean Tranditional Concert)မှတ်တမ်းလေးတွေပါ။ ကိုယ်တိုင်တက်ရောက်နိုင်ခဲ့တာတော့မဟုတ်ပါဘူး။ ဒီကနေတဆင့် ကူးယူတင်ပြပေးလိုက်တာပါ။ တနှစ်ကို အနည်းဆုံး တစ်ခေါက် (သို့) နှစ်ခေါက်ရောက်အောင်သွားသင့်တဲ့နေရာလေးပါတဲ့။ ဒါလေးကတော့ နှဲ (Flute) မှုတ်စွမ်းရည်ပြနေတာဖြစ်ပါတယ်။




အပြည့်အစုံ (Read More)...

Saturday, September 5, 2009

ကြော်ငြာလေးပါပဲ။ သဘောကျလို့တင်ထားတ။ ရှုစားသွားပါအုံး။




အပြည့်အစုံ (Read More)...

အသားအရေ စိုပြည်ဖို့ သောက်သုံးကြပါစို့တဲ့။ ကြော်ငြာလေးပါ။





အပြည့်အစုံ (Read More)...

Saturday, August 22, 2009

UPLB မှသူငယ်ချင်းများ။

ဒေါ်ရီရီစိုးပို့ပေးလိုက်လို့ ဖိလစ်ပိုင်ရောက်မြန်မာကျောင်းသား၊ ကျောင်းသူများရဲ့လှုပ်ရှားမှု့လေး အမှတ်တရ တင်ပေးထားပါတယ်။ အားလုံးဟာ သူငယ်ချင်းတွေပါပဲ။ မြန်မာတိုင်းရင်းသားတွေရဲ့သရုပ်ဖေါ်ထားတာလေး အလွန်မှ ကြည်နူးဖို့ကောင်းပါတယ်။ တကယ်သွေးရင်းညီကိုတွေပါပဲ။ အားကျဂုဏ်ယူရင်း အားပေး လိုက်ကြပါအုံး။ ကိုဖက်တီးတစ်ယောက် ကတော့ လူကောင်းကြီးသလောက် ပျောက်နေတယ် ထင်တာပဲ။ ကိုမြတ်သူကတော့ အရပ်နဲ့ကို ထင်ပေါ်နေတယ်။ မရီစိုးနဲ့ ခင်ညွန့်ရီလည်း ပျောက်နေသလိုပဲ။ သန္တာတစ်ယောက်ပဲ ထောင်ထောင်မောင်းမောင်းနဲ့ မြင်တွေ့နေရတယ်။ ဟဲ--ဟဲ-- သူတို့မတွေ့ဘူးပြောလို့ စိတ်ဆိုးမလားလို့ရန်စကြည့်တာ။ UPLB မှသူငယ်ချင်းများလို့ပဲ ခေါင်းစဉ်ပေးလိုက်ပါတယ်။ ကော်ပီယူတာ တရားမစွဲဘူးမဟုတ်လား။ ဒေါ်ရီရီစိုး ခွင့်ပြုချက်နဲ့လို့ ပြောရမှာပဲ။ သူပို့ပေးလို့၊ သူ့ကျေးဇူးကြောင်း ဒီလင့်လေးရတာလေ။ ကဲလေမရှည်တော့ပါဘူး။ ရှုစားလိုက်ကြပါအုံး။

ဒါလေးကလည်း မြန်မာတိုင်းရင်းသားများရဲ့ ၀တ်စားဆင်ယင်ပုံလေးတင်ဆက်ထားတာလေးပါ။



အပြည့်အစုံ (Read More)...

Wednesday, August 19, 2009

KIA MOTORS ကြော်ငြာလေးပါ။




အပြည့်အစုံ (Read More)...

Saturday, August 8, 2009

Year End Party Held by NIIED at Kyung-hee University, Seoul

နောက်မနက်စောစောမှာ (၁၉.၁၂.၂၀၀၈) ဆိုးလ်မြို့တော်ကို ချီတက်ခဲ့ပါတယ်။ နေ့လည်လောက်မှာ ဆိုးလ်မြို့တော်ကို ရောက်ရှိပါတယ်။ ဆိုးလ်မြို့ Noblesse Hotel မှာ ပစ္စည်းတွေထား၊ ခေတ္တစတည်းပြီး Shopping ထွက်ခဲ့ပါတယ်။ ညပိုင်းမှာ NIIED ကကြီးမှူးကျင်းပပေးတဲ့ Year End Party ကို တက်ရောက်ခဲ့ပါတယ်။ ပါတီမှာ NIIED Schloarship ကျောင်းသားပေါင်း ၇၀၀ ကျော်ပါတယ်။ တက္ကသိုလ် ပေါင်း ၄၀ နီးပါးက ကျောင်းသားတွေ တက်ရောက်ကြပါတယ်။ တက္ကသိုလ်တစ်ခုစီက အစီစဉ်တစ်ခုကျ တင်ဆက်ဖျော်ဖြေရပါတယ်။ ကျွန်တော်တို့ ရှင်းလာတက္ကသိုလ်က We are the World ခေါင်းစဉ်နဲ့သီချင်းဝင်ရောက်ဖျော်ဖြေခဲ့ရာ ပထမဆု ဆွပ်ခူးနိုင်ခဲ့ပါတယ်။ ကြွားရတာ အားမရှိဘူးဗျာ။ သီချင်းဆိုတဲ့အထဲ့မှာ ကျွန်တော်မပါဘူးလေ။ အင်ဒိုမလေးတစ်ယောက်နဲ့ ကျွန်တော်နဲ့ က ဘေးထိုင်၊ လက်ခုပ်တီးအားပေး လုပ်နေခဲ့တာလေ။ ပထမဆုက နည်းတော့မနည်းဘူးဗျ။ ကျောင်းသား ၃၀ ကျော် တက်ဆိုတာ(ရှင်းလာအဖွဲ့) ဆုကျေး ငါသိန်းမှတ်တယ် ရတာ။ ဝေလေလေ မလုပ်လိုက်ရတာ နောင်တရ ရမလိုပဲ။ ဘာပဲဖြစ်ဖြစ်ကိုယ့်ကျောင်းက ပထမ ဆုရတယ်ဆိုတော့ မှတ်တမ်းဗွီဒီယိုလေး တင်ပေးလိုက်ပါတယ်။ ဒီသီချင်းလေး ဒီအတိုင်းဆိုကြတာ့ပေါ့။

နောက်နေ့မနက်မှာတော့ Everland Amusement Park ကို ခရီးဆက်ခဲ့ကြတယ်လေ။ အဲဗားလင်းရီဆော့ ကိုတော့ အရင်ပို့စ်မှာရေးပြီးသွားပြီ။ ဖတ်ရတာလည်း ပျင်းနေလောက်ပြီ။ နားလိုက်အုံးမည်။



အပြည့်အစုံ (Read More)...

How to Make Korean Foods, Korean Cuisine, Kimchi, one of the Most Famous Korean Foods.

ဒါကတော့ နာမည်ကြီး ကိုရီးယား အစားအစာ(Korean Traditional Nutrition) လုပ်နည်းနဲ့ ကြော်ငြာလေးပါ။ အားပေးလိုက်ပါအုံး။ (Source,KSCPP)



အပြည့်အစုံ (Read More)...

How to Make Korean Foods, Korean Cuisine and Those Foods now Spread almost all Around the World.

ကိုရီးယားအစားအစာလုပ်နည်းနှင့် အဓိပ္ပါယ် ကို ရှင်းထားတာလေးပါ။ နာမည်ကြီးတဲ့ ကင်ချီ (김칙)၊ ဘီဘီးဘာ (빔빔밥)၊ ပါပီကျူး၊ လုပ်နည်းတွေကို အသေးစိတ် ရှင်းထားသလို ကမ္ဘာမှာဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန်လုပ်နေတယ် ဆိုတာကို ခပ်ကြွားကြွားလေး တင်ဆက်ထားတာလေး အားပေးကြည့်ပါအုံး။ ကိုယ်တိုင်လုပ်စားချင်လျှင်လည်း ဒါလေးကြည့်ပြီး လုပ်ကြည့်ပေါ့။ အဆင်ပြေမှာပါ။ ကျွန်တော်တော့ အနေကြာလာလို့လားမပြောတတ်ဘူး ကိုရီးယား အစားအစာ (한국음식)ကို ကြိုက်နေပြီ။ အစားအစာကို အရောင်အသွေးစုံအောင်လုပ်စားတာဟာ ကျန်းမာရေးကောင်းမွန်စေတယ်လို့ ယူဆပါတယ်တဲ့။ ကင်ချိကို ရာသီအလိုက် အရသာမတူအောင်လုပ်စားကြပါတယ်တဲ့။ အရသာငါးမျိုးဟာလည်း တစ်မျိုးစိက ခန္ဒာကိုယ် အစိတ်အပိုင်းတစ်မျိုးစီအတွက် အထူးကောင်းမွန်စေပါတယ်တဲ့။ အသားအနေနဲ့ကတော့ ဘူးဂိုဂီ (불고기) ၀က်သားကတော့ နာမည်ကြီးပါပဲ။ အသားတော့ အလွန်စားတဲ့နိုင်ငံပဲလို့ သုံးသပ်ရမယ်။ ရှုစားလိုက်ပါအုံး။ (Source, KSCPP, Korean Spirit and Culture Promotion Project)




အပြည့်အစုံ (Read More)...

Friday, July 17, 2009

ရှင်းလာ (Silla University) အကြောင်း တစ်စေ့တစ်စောင်း။

ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဒီ ရှင်းလာ တက္ကသိုလ်မှာ ပညာလာ ဆည်းပူးနေရတာ ပျော်ပါတယ်။ ဆရာ၊ဆရာမတွေရဲ့ သင်ကြားပေမှု ဟာ အလွန်မှ နွေးထွေးပါတယ်။ ကျွန်တော်ဒီကျောင်းမှာ တက်နေရတာ ကံကောင်းတယ်လို့ ပြောလို့ရသလို ကံဆိုးတယ်လို့လည်း ပြောစရာတွေရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ ဒီကျောင်းက နိုင်ငံခြားသား ကျောင်းသား ဆိုလျှင် တရုတ် လို့ပဲ သူတို့က နားလည်ထားတယ်ထင်ပါရဲ့။ သင်ရိုးညွှန်းတန်း စာအုပ်တွေကို တရုတ်လိုရှင်လင်းချက်ပဲ ပါတာ။ တခြားနိုင်ငံခြားသားတွေအတွက် တော်တော်လေး အခက်အခဲဖြစ်စေပါတယ်။ နိုင်ငံခြားသားကျောင်းသား လက်ခံတာ (တရုတ်ကလွဲလို့ပေါ့လေ) ဒီနှစ်မှစတာဖြစ်လို့ပါတဲ့။ နောက်နှစ်တွေများမှာတော့ ဘာသာအမျိုးမျိုးနဲ့

သင်ရိုးထုတ်ပေးဖို အားထုတ်နေပါတယ်လို့တော့ ကြားသိရတာပဲ။ ဒီမှာက ကကြီးကျောင်းသားက လွဲလျှင် တရုတ်ကျောင်းသားအများဆုံးပဲ။ ဘယ်နှစ်က စပြီး တရုတ်ကျောင်းသားတွေကို လက်ခံသင်ကြားပေးနေတယ်ဆိုတာတော့ အတိအကျမသိရဘူး။ ဆရာ၊ ဆရာမတိုင်း လိုလိုကလည်း တရုတ်လို မွှတ်ကြတယ်။ အင်္ဂလိပ်လို၊ ပြင်သစ်လို၊ ဂျပန်လို ရတဲ့ဆရာ၊ဆရာမက နည်းနေတယ်လို့ သိရတယ်။ ဒီမှာ တက်တဲ့ ကျောင်းသားထဲမှာ ကျွန်တော်ပဲ ဒုက္ခရောက်တာမဟုတ်ပါဘူး။ တရုတ်ကလွဲလို့ အားလုံး ခံစားကြရတာပါပဲ။ ဘာလို့လည်းဆိုတော့ အခန်းအနားပဲရှိရှိ၊ အစည်းဝေးပဲလုပ်လုပ်၊ လေ့လာရေးခရီးပဲထွက်ထွက်၊ ကိုရီးယား လိုရှင်းပြပြီးလျှင် တရုတ်လို ရှင်းပြတယ်။ ဒါပဲ။ အင်္ဂလိပ်လိုများ ရှင်းမလားလို့ မျှော်ရတာ မျှော်သူသာ မောသွားမယ်။ ဆရာဆရာမတွေထဲက အီးလိုဘာသာပြန်ပေးမဲ့ သူမပါဘူး။ သတိယမိသေးတယ် လေ့လာရေးခရီးတစ်ခုမှာ ကျွန်တော်ရယ်၊ မွန်ဂို နိုင်ငံက ဘီလီရယ်၊ ဂျပန်က ရှီတိုကီရယ် သုံးယောက်သမား မေးနေကြတာလေ။ အခုရှင်သွားတာ နားလည်လား မင်းသိလား ဘာတဲ့လဲ ဆိုတော့ အားလုံးရဲ့ အဖြေက တစ်ခုတည်းရယ် (ငါလည်းမသိဘူး)တဲ့။ လေ့လာရေးခရီး လိုက်သာလာရတာ ရှင်ပြတာတွေ ဘာမှ မသိရဘူးလေ။ ကြည့်တယ် မြင်တယ် လိုချင်တာ ဓါတ်ပုံရိုက်ယူခဲ့တယ်။ ဒါပဲ။

ကျွန်တော်တို့အတန်းမှာက ဆရာတစ်ယောက် 김찬구၊ ဆရာမနှစ်ယောက် 구다혜 와 긴관미သင်ကြားပေးပါတယ်။ 구다혜 ကအတန်းပိုင်ဆရာမပါ။ အခုတင်ထားတဲ့ ဗွီဒီယိုလေးက သူဖန်တီးပြီး ပို့ပေးထားတာပါ။ ကျောင်းသားက အားလုံး ၁၈ ယောက်ပါ။ တရုတ်က ၁၃ ယောက်ပါတယ်။ ကျန်တဲ့ငါးယောက်က- မြန်မာ ကျွန်တော်၊ ဂိနီနိုင်ငံက ဆူမာ၊ အယ်လ်ဂျီးရီးယာက အိုမာ၊ နိုက်ဂျီးရီးယားက ဒါဗီး ရယ်၊ အယ်လ်ဆာဗာဒို က အီဗွန် (အမျိုးသမီး) ရယ်ပါ။ ကျွန်တော်တို့အခက်အခဲကို ဆရာ၊ဆရာမတွေ သိပါတယ်။ အခွင်ရတိုင်းလည်း ကျွန်တော်ကတော့ အမြဲ ဝေဖန်ချက်တွေပေးတယ်။ နိုင်ငံခြားသားကျောင်းသားတွေလက်ခံပြီး ဘာဖြစ်လို့ အင်္ဂလိပ်လို တွင်တွင်ကြယ်ကြယ် မသုံးတာလဲလို့လေ။ တစ်တန်းတစ်ခါ ကျောင်းသားတွေရဲ့ ဆရာ၊ဆရာမတွေအပေါ်အမြင်၊ ကျောင်း၊သင်တန်းအပေါ်အမြင်၊ အကြံပြုချက်တွေ တောင်းတယ်။ တောင်းတိုင်းလည်း ကျွန်တော်ထည့်ရေးတယ်။ နောက်နှစ်များမှာတော့ အားလုံးအတွက် ဒီကျောင်းက အဆင်သင့်ဖြစ်နေလောက်ပါပြီ။ ဒီကျောင်းလေးက အစက ကျောင်းသေးသေးလေးပဲ အခုမှ တဟုန်တိုး တိုးတက်လာတာပါတဲ။ ဒါက အနီး နားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း မှာ ဒကာကြီးတစ်ယောက်က ကောက်ချက်ချ ဝေဖန်တဲ့စကားလေးပါ။

အင်း ကျွန်တော်ပြောသွားတဲ့အထဲမှာ ခြွင်းချက်တော့ ပါတာ့ပေါ့ဗျာ ဘာလဲဆိုတော့ ကကြီးလို တတ်နေတဲ့ နိုင်ငံခြားသားတွေက တော့ အခက်အခဲ မရှိလှပါဘူး။ ကကြီးမေဂျာသမားတွေအတွက် က အိုကေပါတယ်။ ဒီရောက်မှ ကကြီး စကားစသင်ရတဲ့ ကျွန်တော်တို့အဖွဲ့ ပဲ ပယ်ပယ်နယ်နယ် ခံနေရတာပါ။ language major မဟုတ်ပဲ subject (science) မေဂျာသမားတွေလေ။

အင်း မိတ်ဆွေများကို ကြိုပြောထားရအုံးမယ်။ ကျွန်တော်က နည်းနည်းလေရှည်တတ်တယ်။ ရေးထားတာဖတ်ပြီး တော်တော်လေရှည်တဲ့ကောင်ပဲလို့ ဝေဖန်မှာစိုးလို့ ကြိုပြောလိုက်တာ။ စာမေးပွဲတစ်ခုက ပြီးသွားပြီဆိုတော့ လေရှည်ဘို့ အချိန်နည်းနည်းရပြီလေ။ မနေ့ကပဲ ရေးဖြေ ပြီးတယ်။ ဒီနေ့ စကားပြော ဖြေပြီးတာ။ ဒီလကုန်လည်း စာမေးပွဲတစ်ခုတော့ ထပ်ဖြေရဖို့ရှိသေးတယ်။ ကျောင်းသားနဲ့ စာမေးပွဲဆိုတာတော့ ခွဲခြားလို့မှ မရတာ ကြာတော့လည်း ရိုးနေပါပြီ နော့ဗျာ။

အပြည့်အစုံ (Read More)...

Thursday, July 16, 2009

ကိုရီးယား နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ၀တ်စုံ၊ ၀တ်နည်း သင်ခန်းစာလေး အမှတ်တရ။


(22.4.2009) နေ့က ကိုရီးယား ရိုးရာ ယဉ်ကျေးမှုဝတ်စုံ ၀တ်နည်း သင်ကြားပေးစဉ်က အမှတ်တရ ရိုက်ခဲ့တဲ့ မှတ်တမ်း လေးတင်ပေးထားပါတယ်။ မလှပေမဲ့လည်း အမှတ်တရပေါ့ဗျာ။


အပြည့်အစုံ (Read More)...

Sunday, July 5, 2009

National Institute for International Education (NIIED)

ပညာသင်ဆုပေးနေတဲ့ အစီအစဉ်တစ်ခုပါ။ (NIIED)
နောက်တက် ကျောင်းသား လူငယ်လေးများ စိတ်ဝင်စားမယ်ထင်လို့ သတင်းလေး အတိုချုပ် တင်လိုက်ပါတယ်။
National institute for International Education (NIIED) ကို Ministry of Education, Science and Technology ရဲ့အောက်မှာ ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။ ၁၉၆၂ မှာ an Education Center for Oversea Korean ဆိုပြီး စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ မှာ မှ NIIED လို့ ပြောင်းလည်း ဖွဲ့စည်းခဲ့ခြင်းပါတဲ့။ ရည်ရွယ်ချက်ကတော့ Globalization အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ပါတဲ့။ အဓိကတော့ ပညာရေးကို ဦးစားပေး ပြီး ဆောင်ရွက်မယ်ပေါ့။ ကိုရိးယား နိုင်ငံသား ၇ သန်းကျော်လောက် က ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ပညာသင်ယူရင်း သူတို့နေထိုင်ကျက်စားရာ နိုင်ငံ အသီးသီးရဲ့ လူမှု ပတ်ဝန်းကျင်မှာ အပြည်ပြည်ဆိုင်ရာ လူမှုဆက်ဆံ နေထိုင်ရေး တိုးတက်ဖွံ့ ဖြိုးဖို့ ကြိုးစား နေကြပါတယ်တဲ့။ အဲဒီအပေါ်မှာလည်း ဒီအဖွဲ့အစည်းက အာရုံစိုက်ထောက်ပံ့တယ်ပေါ့။ နောက် ပညာသင်ဆုတွေပေးပြီး နိုင်ငံတကာက ကျောင်းသားတွေနဲ့ ကျောင်းသားလဲလှယ်ရေး (student exchange) တွေ လုပ်တယ်။ နောက် ကိုရီးယား လူငယ်တွေ အင်္ဂလိပ်စာတိုးတက်ပြီး ကမ္ဘာနဲ့ ဆက်သွယ်ပြောဆိုနိုင်ဘို့ EPIK လို့ခေါ်တဲ့ (English Program in Korea) တို့ နောက် Native English speaker တွေကို ဖိတ်ပြီး သင်ကြား စေတဲ့ Talk လို့ခေါ်တဲ့ (Teach and Learn in Korea) ဆိုတဲ့ အစီအစဉ်တွေလည်း လုပ်ပေးနေပါတယ်။ ပြည်ပကျောင်းသားတွေ ကို ပညာသင်ဆုပေးထားတာ ၀၁.၁၂. ၂၀၀၈ စာရင်းအရ ဘွဲ့ကြို ကျောင်းသား ၄၈ နိုင်ငံမှ ၂၆၀ ယောက်၊ ဘွဲလွန်ကျောင်းသား ၈၇ နိုင်ငံမှ ၇၅၇ ယောက် ခေါ်ယူ သင်ကြား စေလျှက်ရှိပါပြီ်တဲ့။ ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်မှ ကျောင်းသားပေါင်း ၂၉ ယောက် ပါဝင်ပါတယ်။ ဒီနှစ် ၂၀၀၉ မှာလည်း နိုင်ငံပေါင်း ၁၀၇ နိုင်ငံ မှ ကျောင်းသား ပေါင်း ၃၅၀ ကို ဖိတ်ခေါ်ထားပါတယ်တဲ့။ ဒီ NIIED ကပေးတဲ့ KGSP (Korean Government Scholarship Program) ကို စိတ်ဝင်စားကြလို့ လျှောက်လွှာ download လုပ်သူပေါင်း ဒီနှစ် ၃၂၄၂ ယောက် တောင်ရှိပါတယ်တဲ့ဗျာ။ ခေါ်တဲ့အထဲမှာ မြန်မာကျောင်းသားတွေလည်း ခေါ်ထားတော့ မြန်မာကျောင်းသားတွေ များများ ရစေချင်ပါတယ်။ မြန်မာပြည်လည်း တိုးတက်သင့်တယ်မဟုတ်လားဗျာ။

ဘာပဲပြောပြော စာရိတ်ပေး သင်ပေးလို့ကတော့ တစ်ကမ္ဘာလုံးက ကျောင်းသား တော်တော်များများကတော့ လာချင်ကြမယ်ထင်ပါတယ်။ အောက်က ဗွီဒီယိုမှာ ပြောထားသလိုပေါ့ သူတို့က ကမ္ဘာ့ အသိုင်းအ၀ိုင်း တိုးချဲ့ ချင်တာဆိုတော့ ပညာရှာသူတွေအတွက် တော့ ဒီ Program လေးက စိတ်ဝင်စားစရာပါ။ တစ်ချို့တော့ ရှိနိုင်တာပေါ့လေ ဒီမှာ ကျွန်တော်တို့နဲ့ အတူတက်နေတဲ့ ကမ္ဘောဒီးယား သူငယ်ချင်းတစ်ယောက်လို၊ သူကတော့ ပထမနှစ်ဝက်ပဲတက်ပြီး ပြန်သွားတာ မိသားစုနဲ့ ခွဲရတာ မတန်ဘူးဆိုပြီး ပြန်မလာတော့ဘူးဗျာ။ ငွေပေးပြီးသင်ပေးလဲ မလိုချင်ဘူးကွာ ဆိုတဲ့သူလည်း အနည်းအပါးတော့ ရှိချင်လည်း ရှိမှာပေါ့။ သတင်းလေးမျှဝေတာပါ။ အသေးစိတ်သိလိုလျှင်တော့ ဒီနေရာလေး ကို ဆက်ဖတ်လိုက်ပါဗျာ။ အဲဒီမှာပဲ ပညာသင်ဆု လျှောက်လွှာလည်း ရနိုင်ပါတယ်။

အပြည့်အစုံ (Read More)...

Tuesday, June 30, 2009

World Students in Korea



၂၆.၆.၂၀၀၉ ရက်နေ့က ကျင်းပခဲ့တဲ့ ကိုရီးယား နိုင်ငံရောက် ကမ္ဘာ့ကျောင်းသားများ (PCNB) အစည်းအဝေး မှတ်တမ်းလေးပါ။
ကျွန်တော် စာတွေ အများကြီးရေးချင်ပေမဲ့ အချိန် မရသေးတာတစ်ကြောင်း ဘာတွေရေးရမယ်၊ ရေးသင့်တယ်၊ ဘယ်လို အချက်အလက်တွေကတော့ အများအတွက် အသုံးတည့်မယ် ဆိုတာတွေ စဉ်းစားနေဆဲမို့ ပါ။ တစ်နည်းပြောရလျှင် သူများကို သတင်းပေး လမ်းညွှန်နိုင်ဘို့ မိမိကိုယ်တိုင် သိဖို့၊ ပေးစရာရှိဖို့ ကြိုးစားနေဆဲဖြစ်လို့ပါလို့ အရိုးသားဆုံးဝန်ခံထားပါရစေ။

အပြည့်အစုံ (Read More)...