Monday, January 10, 2011
Monday, December 20, 2010
MSAK Anniversary
"မြန်မာကျောင်းသားများကိုရီးယား နှစ်ပတ်လည်"
အားလုံးပျော်ရွှင်ကြပါစေချင်။---။
ဒါက မြန်မာကျောင်းသား၊ မြန်မာယဉ်ကျေးမှု့တွေကို စိတ်ဝင်တစား လူအင်အားငွေအင်အားနဲ့အမြဲ စိုက်ထုတ် အားပေးနေတဲ့ ကိုရီယား ပရော်ဖက်ဆာ ဆရာမ ပါ။
Saturday, December 5, 2009
World Students in Korea (WSK) Awarding Ceremony and Orientation (2)
နိုဝင်ဘာလ (၂၃) ရက်နေ့က ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်မှာ Presidential Council on Nation Branding (PCNB) ကကြီးမှူးကျင်းပတဲ့ World Students in Korea (WSK) ရဲ့ ပထမသုတ် သင်တန်းဆင်းပွဲဆုပေးပွဲနှင့် ဒုတိယသုတ် အတွက်တွေ့ဆုံမိတ်ဆက်ပွဲလေး ကို သွားရောက် တက်ရောက်ခဲ့ပါတယ်။ ဟိုအရင်စက ဒီဘလော့လေး ဖြစ်လာရခြင်းအကြာင်းလေးကို ရှင်ပြဘူးပါတယ်။ ၂၆.၆.၂၀၀၉ ရက်နေ့က စတင် ဖွင့်လစ်ဖွဲ့စည်းခဲ့တဲ့ ပထမအသုတ် သင်တန်းကို လိုက်စပ်စုလိုက်တာ အခု ၂၃.၁၁.၂၀၀၉ နေ့မှာ သင်တန်းဆင်းပွဲ တက်ရောက်သည်ထိပါပဲ။ အင်အားကတော့ တဖြည်းဖြည်းတိုးမလာတဲ့အပြင် လျှော့လျှော့သွားပါတယ်။ ကိုရီးယားရောက် နိုင်ငံခြားသားကျောင်းသားတွေအတွက် တမင်သက်သက် လုပ်ပေးတဲ့ လှုတ်ရှားမှုလေးပါ။ ၂၆.၆.၂၀၀၉ အစည်းဝေးတက်စဉ်က ကျောင်းသား အင်းအားစုစုပေါင်း (၈၁) ဦးတက်ရောက်တယ်လို့သိရပါတယ်။ မှတ်တမ်းတွေ ဒီဘလော့လေးထဲမှာ အစုံအလင်ရှိပါတယ်။ အဲဒီအထဲက လူ (၆၀) ကို ရွေးခြယ် ပြီး တစ်ညအိပ် နှစ်ရက်ခရီး၊ ဆိုးမြို့ ယဉ်ကျေးမှုလေ့လာရေးတွေ လိုက်လည်ပို့ဆောင်ပေးခဲ့လို့ ဒီကိုရီးယားနိုင်ငံရဲ့ သတင်းတစ်ချို့ မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်တွေရရှိခဲ့ပါတယ်။ ရွေးခြယ်ကထည်းက ဘလော့ ရှိသူတွေကိုပဲရွေးခြယ်တာပါ။ သူ့ရည်ရွယ်ချက်ကိုက ကိုရီးယားနိုင်ငံအကြောင်းကမ္ဘာကိုပြချင်တာဆိုတော့ သူ့နိုင်ငံအကြောင်းရေးလျှင်ပြီးတာပဲ ဘယ်ဘာသာနဲ့ရေးရေးလက်ခံပါတယ်။ တစ်ပတ်ကို အနည်းဆုံး ပို့ တစ်ခု တင်စေခြင်တယ်၊ နှစ်ခုတင်စေခြင်တယ်နဲ့ပြောတော့ပြောပါတယ်။ ဒါပေမဲ့ ကျောင်းသာျးေတွက စိတ်ထဲတော့ ထားဟန်မတူပါဘူး။ သတိရတဲ့အခါ မိမိ သွားလာတဲ့ ထူးခြားတာလေးတွေ ရတဲ့အခါလောက်ပဲ ရေးကြတယ်ထင်ပါတယ်။ အွန်စောအပါအ၀င်ပေါ့။ အွန်စောလည်း သူတို့ပြောတဲ့ ဘလောပြိုင်ပွဲဆိုတာကို သိပ်တော့အာယုံထဲမှာထဲ့မထားပါဘူး။ ဒီလိုနဲ့ လိုက်စပ်စုရင်း သတိရလျှင် ပို့စ်လေးတင်လိုက်နဲ့ သင်တန်းလေး တက်လာလိုက်တာ အခု သင်တန်းဆင်းပွဲမှာ အွန်စောကို တတိယဆုတဲ့ ဆုချလိုက်တယ်။ အွန်စောတော်လို့မဟုတ်ပါဘူး။ ပေးလို့ရတာပါ။ တကယ်တော့အွန်စော ဘာမှ မယ်မယ်ရရမတတ်သေးပါဘူး။ ကျောင်းသား (၆၀) ထဲက ဆယ်ယောက်ကို ရွေးခြယ်ပြီးဆုပေးတာပါ။ ဖိလစ်ပိုင်မလေး ကော်ရီနာဘီရန်ကာ (Corinna Bianca)က ပထမဆု (ထူးချွန်ဆု) ရသွားပါတယ်။ ဒုတိယဆု ကိုတော့ သုံးယောက် ရွေးခြယ်ပါတယ်။ တတိယဆု သတ်မှတ်တဲ့ ခြောက်ရောက်ထဲမှာ အွန်စောပါသွားတာပါ။ သိပ်တော့ ကြွားရတာအားမရှိလှဘူး။ ဟဲ---ဟဲ--ပထမဆုမှမဟုတ်ပဲနော့။ ဆိုးလ်မြို့တော်ကို တစ်ယောက်ထည်း ခရီးထွက်တဲ့ ဒုတိယခရီးစဉ်ပါ။ ဆုသွားယူတယ်လို့ ကြွားရမလား သင်တန်းဆင်းပွဲသွားတယ်လို့ ပဲပြောရမလား။ နှစ်ခုလုံးမမှားပါဘူးနော့။ အဲဒီကိုသွားရင်းနဲ့ သူငယ်ချင်းတွေရှိတဲ့ အီဝါ အမျိုးသမီးများတက္ကသိုလ် (Ewha Women University) နှင့် ကိုရီးယားနိုင်ငံရဲ့ ဘာသာစကား(Language) စာပေမှာ နာမည်ကြီးတဲ့ ယွန်းဆယ် (Yongsae University) တွေကို သွားရောက် လည်ပတ်ခွင့်ရခဲ့ပါတယ်။ အမှတ်တရ ဓါတ်ပုံလေးတွေလည်း ရိုက်ခဲ့ပါတယ်။ အောက်မှာ အမှတ်တမ်းပုံအချို့တင်ပေးလိုက်ပါတယ်။ အားပေးသွားပါအုံးနော်။ အားလုံးပျော်ရွှင် အောင်မြင်ကြပါစေ--။---။---။

Tuesday, December 1, 2009
World Students in Korea (WSK) Awarding Ceremony and Orientation
Tuesday, November 17, 2009
Kongju Meeting and Korean Daily Life
ဒီကနေ့ Main Campus က အစည်းဝေးခေါ်လို့သွားတက်ရင်း မြင်တွေ့ခဲ့ရတာလေးတွေ ပြောပြခြင်လို့ပါ။ NIIED က ကိုယ်စာလယ်ဆရာမတစ်ယောက် လာပြီး လမ်းညွှန်ဆွေးနွေးပေးသွားတာပါ။ ကိုရီးယားနိုင်ငံတော်က ပညာသင်ဆုပေးထားတဲ့ကျောင်းသားတွေကို မျက်ခြေမပြတ်ဖို့ လာရောက်တွေ့ဆုံ မေးမြန်း လမ်းညွှန်သွားတာပါ။ ဆွေးနွေးပေးသွားတာတွေကတော့အများကြီးပါ။ အဓိကကျတာလေး အတိုချုပ်ပြောရလျှင် အခက် (၄) ချက်ကို ဦးတည်ပြောသွားတာပါ။
(၁) ရာသီဥတု အပြောင်းအလဲမှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့။ မိသားစုနဲ့ခွဲခွာနေကြရလို့ စိတ်ဖိစီးမှုတွေမဖြစ်ဖို့ နိုင်ငံခြားသားတွေ ရင်းရင်းနှီးနှီး နေကြဖို့၊ မစ်စတာ ကင်အင်ရှိ (international office) ကလွဲပြီးသိတဲ့သူမရှိဘူးဆိုပြီး အားငယ်မနေကြဖို့၊ လိုအပ်တာရှိလျှင် အချိန်မရွေး မိမိတက်ရောက်သင်ယူနေတဲ့ ဌာနက ဆရာ၊ ဆရာမသို့မဟုတ် ရုံးဝန်ထမ်းကို သတင်းပို့ ဆက်သွယ်ဖို့၊ ကျန်းမာရေးအာမခံ ကုမ္ပဏီကလည်း အာမခံမပေးတဲ့ ရောဂါ တွေများနေလို့ (မတော်တဆထိခိုက်မှုလောက်ပဲ ကာဘာဖြစ်တဲ့အတွက်) မလုပ်ပေးထားကြောင်း)။
(၂) စာကျိုးစားကြဘို့၊ ပညာသင်ဆုရကျောင်းသားများ (Schloarship Students) များဖြစ်သည့်အတွက် စာမေးပွဲရမှတ် အနည်းဆုံး (၈၀%) နှင့်အထက် အမြဲ ရရှိရမှာဖြစ်ကြောင်း၊ မတော်တစ်ဆ ချွတ်ချော်လျှင် တစ်ဘာသာတစ်လေ လက်ခံကြောင်း။ သုံးဘာသာဆက်တက် အမှတ်နည်းမယ်။ ကျောင်းစည်းကမ်းကိုလည်း မလိုက်နာဘူးဆိုလျှင် မိမိတိုင်းပြည်ပြန်ပို့ မှာဖြစ်ကြောင်း (ယခင်ကစိတ်မကောင်းစွာ ပြန်ပို့ခဲ့ရဘူးတာရှိကြောင်း)။
(၃) မဟာသိပ္ပံကျောင်းသား၊သူများက စာတမ်းတစ်စောင်၊ ဒေါက်တာ ဘွဲ့ သမားများက စာတမ်းနှစ်စောင်ပြုစုရမှာဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် ကိုရီးယားဘာသာနဲ့ ရေးစေလိုကြောင်း၊ အနည်းဆုံး summary (abstract) လောက်တော့ ကိုရီးယားလို ရေးနိုင်ရမှာဖြစ်ကြောင်း။
(၄) ကျောင်းပိတ်ရက် မိမိ ဆွေမျိုးများထံပြန်လျှင် (၃၀) ရက်ထက်မကျော်သင့်ကြောင်း၊ အကြောင်းမထူးလျှင် မပြန်လျှင် သင့်တော်ကြောင်း၊ ရက် (၃၀) ထက်ကျော်လွန်ပါက လစာဖြတ်မှာဖြစ်ကြောင်း၊ မိသားစုကျန်းမာရေးနဲ့ပတ်သက်လျှင်တော့ စာသင်ချိန်အတွင်ပင်ဖြစ်စေ ပြည်ပြန်ခွင့်လျှောက်ထားနိုင်ကြောင်း စသည် ဖြင့် ဆွေးနွေးသွားပါတယ်။
ကျောင်းသားတွေရဲ့ ခံစားချက် စီစစ်တဲ့ (ကျောင်းဆောင်၊ ရုံး၊ စာသင်ကြားမှု၊ အစားအစာ အစရှိသည် ကြိုက် မကြိုက်၊ မကြိုက်လျှင် ဘာ့ကြောင့် စသည်ဖြင့်) စစ်တန်းကောက်ယူသွားပါတယ်။
ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း မှ (၁၀) ယောက် (ဘွဲ့လွန် ၆ ယောက်၊ ဘွဲ့ကြို ၄ ယောက်) ပဲရှိတာမို့ ခေတ်ခြောက်ခြောက်ပေမဲ့ ဆွေးနွေးသွားတာလေးတွေကတော့ တော်တော်ကို ကောင်းပါတယ်။ ဒါလေးတွေက အခန်းထဲမှာ အားတက်သရော ဆွေးနွေးပေးနေတဲ့ဆရာမနဲ့အတူပါ။
(၁၀) နာရီခွဲကစခဲ့တဲ့ ဆွေးနွေးပွဲလေး (၁၂) နာရီမထိုးခင်မှာ ပြီးဆုံးခဲပါတယ်။ ပြီးတာနဲ့ နေ့လည်စာလိုက်ကျွေးပါတယ်။ (၁၈) ထပ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ လိုက်ကျွေးတာမို့ အပေါ်စီးကမြင်ခဲ့ရတဲ့မြင်ကွင်းလေး ရိုက်ဖြစ်လိုက်သေးတယ်။
ဒါကတော့ ကျောင်းသား (၁၀) ယောက် ဆရာ၊ ဆရာမ ၀န်ထမ်း ၄ ယောက်နဲ့အတူစားသောက်နေကြတာပါ။
စားသောက်အပြီး ၁း၄၅ လောက်မှာ လမ်းခွဲခဲ့ကြပါတယ်။ အသွားတုန်းက ကျောင်းကား (School bus) နဲ့ နာရီဝက်ပဲ စီးရတဲ ခရီးကို အပြန်မှာ အများပြည်သူသုံး ဘာစ်ကား (Bus) နဲ့ ပြန်လာခဲ့တာ တစ်နာရီကျော်ကျော်စီးလိုက်ရတယ်။ ဒါက လမ်းဘေးဝဲလ်၊ ရာမြင်ကွင်းလေးတွေပါ။
ဒီမြင်ကွင်းလေးတွေနဲ့အတူ အတွေးတစ်ခုဝင်လာတာက ၇၀% တောင်ကုန်းတွေနဲ့ပြည့်နက်နေတဲ့ ဒီတိုင်းပြည်မှာ ရှိတဲ့ တောရွာဇနပုတ် ဆိုတာဘယ်လိုများ ပါလိမ့်လဲလို့ သိခြင်နေတာ နည်းနည်းတော့ ရိပ်စားမိသလိုဖြစ်ခဲ့ရတယ်။ စိုက်ခင်းတွေနှင့်တွဲလျှက် မွေးမြူရေးခြံတွေ။ လူနေအိမ်ယာတွေ၊ ဂူသင်္ချိုင်းတွေ အစုံမြင်တွေ့ခဲရတယ်လေ။ ဒါက စိုက်ခင်းတွေလေ။
နည်းနည်းမြေပြန့်တဲ့နေရာလေးတွေကို စိုက်ခင်းလုပ်၊ တောင်ကမူခြေမှာ အိမ်စုတွေဆောက်၊ တောင်ခါးပန်းမှာတော့ သင်္ချီုင်းတွေဆောက်ထားကြတယ်။ ရွာကြီးရယ်လို တစ်စုတစ်ဝေးထဲ မနေကြပဲ စိုက်ခင်း(farm) အနီးဝန်းကျင်မှာပဲ အစုလိုက်အစုလိုက် နေရာအနှံ့ အဆောက်အဦးတွေဆောက်နေထိုင်ကြတာပဲ။ ဒါကအိမ်စုနဲ့ အပေါ်မှာမြင်နေရတာက သင်္ချိုင်းပါ။ သင်္ချိုင်းကို ဒီလိုလေးတွေ တစ်ယုတစ်ယ သာယာအောင် ဖန်တီးထားကြတယ်လေ။
ဒါကတော့ စိုက်ခင်းတွေပါ။ အထဲမှာ မြင်နေရတဲ့ အလိပ်ကြီးတွေက ပလပ်စတစ်လိပ်ကြီးတွေပါ။ စပါးသိမ်းအပြီး ဆောင်းရာသီမှာ အသီးအနှီစိုက်ပျိုးတဲ့အခါ ရာသီဥတုကာကွယ်ဖို့ ပလပ်စတစ်မိုးပြီး စိုက်ကြတာပါ။
ဒါကတော့ လမ်းပန်းဆက်သွယ်မှုဘယ်လောက် အဆင်ပြေအောင်လုပ်ထားလဲဆိုတာပြခြင်တာပါ။ တောထဲ တောင်ထဲမှာကိုပဲ လမ်းကို သုံးထပ်လုပ်ထားတာ။ အခုကျွန်တော်တို့မောင်းနေတာ အလယ်အထပ်လမ်းလေ။ အပေါ်မှာ တစ်ထပ် ၊ အောက်မှာ တစ်ထပ်။ အားလုံးက ထိန်းချုပ်မှုအောင်မှာ (under controlled condition) ရောက်နေပြီလေ။
ကဲဒီတစ်ခေါက်တော့ ဒီလောက်နဲ့ ရပ်နားပါရစေ။---။
Sunday, September 13, 2009
Kongju National University at Kongju City, A City of Korea,
၉.၉.၂၀၀၉ ရက်နေ့က မှတ်မှတ်ရရ ဂုန်းဂှူး တက္ကသိုလ် (KNU) က foreigners တွေအတွက် Orientation လေးလုပ်ပေးပါတယ်။ ကျွန်တော့်အတွေ့အကြုံခဲ့ရတာတွေမှာတော့ အညံ့ဆုံး အစီအစဉ်လို့သုံးသပ်ရမယ်ထင်တယ်။ ကိုယ့်ကျောင်းမို့ကြွားပြောတာမဟုတ်ဘူး။ ဟဲ--ဟဲ--။ ကျောင်းသားအားလည်း အနည်းဆုံးပါပဲ။ အတွေ့အကြုံ နည်းသေးတာလည်း ပါမယ်ထင်တယ်။ ကျွန်တော့်အတွေ့အကြုံပြောတာပါ။ အရင်နေခဲ့ဘူးတဲ့ ရှင်းလာ (Silla) တက္ကသိုလ်မှာတုန်းက အစည်းဝေးတွေမှာ ကိုရီးယားလိုပြောပြီးလျှင် တရုတ်လို ဘာသာပြန်တယ်။ ပွတ်ကရောင်း မှာ ကြုံလို့ အစည်းဝေးတစ်ခု လိုက်တက်ဖြစ်တာ။ ၄ ဘာသာသုံးတယ်။ ကိုရီးယား၊ တရုတ်၊ အင်္ဂလိပ်၊ နောက်ဆုံးပြင်သစ်လို ဘာသာပြန်ပေးတယ်။ နိုင်ငံခြားသားကျောင်းသားတွေအလည်း အများသားကို။ ဒီမှာက ပြေးကြည့်မှ ၃၀ တောင်မပြည့်ဘူး။ ဒီအထဲ NIIED scholar student က ကျွန်တော်အပါအ၀င်မှ ၆ ရောက်ပဲရှိတာ။ ကံဆိုးစွာ လို့ပဲပြောရမလား ကျွန်တော်တစ်ယောက်ပဲ ရယ်ဆန် (Yesan campus) ကျောင်းခွဲမှာ ရောက်နေတာ။ ကျွန်၅ ယောက်က main campus မှာ။ သူတို့တစ်တွေကတော့ Orientation ပြီးတာနဲ့ ရုံးက ၀န်ထမ်းနျစ်ယောက်က သူတို့ကားလေးတွေနဲ့ တင်ခေါ်ပြီး Kongju City Tour သွားကြတယ်လေ။ ပြတိုက်တွေလျှောက်လည်ကြမယ်တဲ့။ ပြီးတာနဲ့ အတူ Dinner စားကြမယ်တဲ့လေ။ နော်နော် တစ်ယောက်ကတော့ အဝေးတစ်နေရာကို ပြန်ရမှာမို့ သူတို့အားလုံးကို စောစီးစွာတ တာ ပြခဲ့ရတယ်။ နာရီပိုင်းလေးတင်တွေ့ခဲ့ဆုံခဲရပေမဲ့ အတွေ့အကြုံလေးတွေတော့ ဖလှယ်ဖြစ်ခဲ့ပါတယ်။ တစ်ယောက်က မွန်ဂိုကျောင်းသား။ နောက်နျစ်ယောက်က မြောက်အမေရိက ကနေဒါနိုင်ငံနားက နိုင်ငံတစ်ခုက တဲ့ အမည်တော့မေ့နေပြီဗျာ။ နောက်ကျောင်းသူနျစ်ယောက်ကတော့ အယ်ဆာဗာဒို ကတဲ့။ အင်း နိုင်ငံအသီးသီးကပါပဲ။
Kongju ဆိုတာက Daejon ကနေ သွားမယ်ဆိုလျှင် အနောက်တောင်ဘက် ယွန်းယွန်း ၄၅ မိနစ် ကားခရီးမှာရှိပါတယ်။ ဒီတက္ကသိုလ်မှာက Campus 4 ခုရှိပါတယ်။
၁။ Kongju Singwan Campus (Main Campus) မှာတော့ အများကြီးပေါ့။ ကျယ်လည်းကျယ်ဝန်းတယ်။
၂။ Yesan Campus မှာတော့ College of Industrial Sciences တစ်ခုပဲရှိတယ်။
၃။ Kongju Okryong Campus မှာလည်း College of Visual Image & Health တစ်ခုပဲရှိတယ်။
၎။ Cheonan Campus မှာလည်း College of Engineering တစ်ခုပဲရှိတာ။
ကျွန်တော် Yesan Campus ကနေ Main Campus ရော့က်ဖို့ ၄၅ မိနစ်လောက် ကားစီးရတယ်။ ကျန်တဲ့ campus တွေတော့ မရောက်ဘူးသေးဘူး။ သိပ်တော့မနီးဘူး။ Map မှာကြည့်ရတာလေ။ ကျွန်တော်နေတဲ့ ရယ်ဆန်မြို့လေးက ဒဲဂျွန်း (Daejon)ကနေ တစ်နာရီခွဲခရီး အနောက်တောင် ယွန်းယွန်းမှာရှိပါတယ်။ ဒဲဂျွန်းကနေလာမယ်ဆိုလျှင် ဂုန်းဂျူး (Kongju) နဲ့ လားရာတစ်ခုထည်းပါပဲ။ ဆိုးလ် မြို့ကိုသွားမယ်ဆိုလျှင်လည်း တစ်နာရီ လောက်ပဲ စီးရတယ်လို့ပြောပါတယ်။ Campus တွေ အများကြီးရှိတဲ့ကျောင်းရဲ့ အားနည်းချက်လို့ပြောရမလားပဲ။ Main Campus မှာ facilities တွေပြည့်စုံပေမဲ့ ကျန်ကျောင်းခွဲတွေမှာတော့ ကျောင်းသားတွေအတွက် facilities က အားနည်တယ်။ ဘူဆန်မှာနေရတာနဲ့ကတော့ တစ်မျိုးစီပါပဲ။ လူရှုတ်တာမကြိုက်တဲ့ အေးအေးဆေးဆေးနေချင်တဲ့ ကျွန်တော့်အတွက်ကတော့ အတော်ပါပဲ။ အိမ်ခန်းကျယ်ကျယှ်ုငှားထားတော့ ဧည့်သည်လာလျှင် အားမနာရတာပေါ့ဗျာ။ ကြိုဆိုလျှက်ပါနော်။ တစ်ခေါက်တစ်ခါ အရောက်လာခဲ့စေချင်ပါတယ်။ ဟဲ--ဟဲ--။ ဒီတစ်ခေါက် ဓါတ်ပုံတော့ သိပ်မရိုက်ဖြစ်ခဲ့ဘူးဗျ။
ဒါလေးက Main Campus ပါ။ ဒါလေးကတော့ Yesan Campus ပေါ့ဗျာ။ အဆောက်အဦးက ဒီသုံးခုပဲရှိတာ ဒီကျောင်းမှာ။
ဒါလေးကတော့ KNU ရဲ့ Short note ကလေးပါ။
The College of Education has inherited 50 years of long tradition from the Kongju National Teachers' College established in 1948, has 18,000 graduates and has gained a nationwide reputation for quality teachers in secondary education.
It offers its courses in two divisions (nine majors) and 15 departments, the biggest among national colleges of education. 
Saturday, August 8, 2009
Year End Party Held by NIIED at Kyung-hee University, Seoul
နောက်မနက်စောစောမှာ (၁၉.၁၂.၂၀၀၈) ဆိုးလ်မြို့တော်ကို ချီတက်ခဲ့ပါတယ်။ နေ့လည်လောက်မှာ ဆိုးလ်မြို့တော်ကို ရောက်ရှိပါတယ်။ ဆိုးလ်မြို့ Noblesse Hotel မှာ ပစ္စည်းတွေထား၊ ခေတ္တစတည်းပြီး Shopping ထွက်ခဲ့ပါတယ်။ ညပိုင်းမှာ NIIED ကကြီးမှူးကျင်းပပေးတဲ့ Year End Party ကို တက်ရောက်ခဲ့ပါတယ်။ ပါတီမှာ NIIED Schloarship ကျောင်းသားပေါင်း ၇၀၀ ကျော်ပါတယ်။ တက္ကသိုလ် ပေါင်း ၄၀ နီးပါးက ကျောင်းသားတွေ တက်ရောက်ကြပါတယ်။ တက္ကသိုလ်တစ်ခုစီက အစီစဉ်တစ်ခုကျ တင်ဆက်ဖျော်ဖြေရပါတယ်။ ကျွန်တော်တို့ ရှင်းလာတက္ကသိုလ်က We are the World ခေါင်းစဉ်နဲ့သီချင်းဝင်ရောက်ဖျော်ဖြေခဲ့ရာ ပထမဆု ဆွပ်ခူးနိုင်ခဲ့ပါတယ်။ ကြွားရတာ အားမရှိဘူးဗျာ။ သီချင်းဆိုတဲ့အထဲ့မှာ ကျွန်တော်မပါဘူးလေ။ အင်ဒိုမလေးတစ်ယောက်နဲ့ ကျွန်တော်နဲ့ က ဘေးထိုင်၊ လက်ခုပ်တီးအားပေး လုပ်နေခဲ့တာလေ။ ပထမဆုက နည်းတော့မနည်းဘူးဗျ။ ကျောင်းသား ၃၀ ကျော် တက်ဆိုတာ(ရှင်းလာအဖွဲ့) ဆုကျေး ငါသိန်းမှတ်တယ် ရတာ။ ဝေလေလေ မလုပ်လိုက်ရတာ နောင်တရ ရမလိုပဲ။ ဘာပဲဖြစ်ဖြစ်ကိုယ့်ကျောင်းက ပထမ ဆုရတယ်ဆိုတော့ မှတ်တမ်းဗွီဒီယိုလေး တင်ပေးလိုက်ပါတယ်။ ဒီသီချင်းလေး ဒီအတိုင်းဆိုကြတာ့ပေါ့။
နောက်နေ့မနက်မှာတော့ Everland Amusement Park ကို ခရီးဆက်ခဲ့ကြတယ်လေ။ အဲဗားလင်းရီဆော့ ကိုတော့ အရင်ပို့စ်မှာရေးပြီးသွားပြီ။ ဖတ်ရတာလည်း ပျင်းနေလောက်ပြီ။ နားလိုက်အုံးမည်။
Tuesday, June 30, 2009
ဆိုးလ်မြို့ ကိုရီးယား နေရှင်နယ် တက္ကသိုလ်မှာ ရိုက်ထားတာလေးပါ။
World Students in Korea
၂၆.၆.၂၀၀၉ ရက်နေ့က ကျင်းပခဲ့တဲ့ ကိုရီးယား နိုင်ငံရောက် ကမ္ဘာ့ကျောင်းသားများ (PCNB) အစည်းအဝေး မှတ်တမ်းလေးပါ။
ကျွန်တော် စာတွေ အများကြီးရေးချင်ပေမဲ့ အချိန် မရသေးတာတစ်ကြောင်း ဘာတွေရေးရမယ်၊ ရေးသင့်တယ်၊ ဘယ်လို အချက်အလက်တွေကတော့ အများအတွက် အသုံးတည့်မယ် ဆိုတာတွေ စဉ်းစားနေဆဲမို့ ပါ။ တစ်နည်းပြောရလျှင် သူများကို သတင်းပေး လမ်းညွှန်နိုင်ဘို့ မိမိကိုယ်တိုင် သိဖို့၊ ပေးစရာရှိဖို့ ကြိုးစားနေဆဲဖြစ်လို့ပါလို့ အရိုးသားဆုံးဝန်ခံထားပါရစေ။
ကိုရီးယားရောက် မြန်မာ ဘလောဂါများ
CNN International News
မြန်မာပြည်ကိုလွမ်းတယ်။
တစ်ချိန်တုန်းကခေတ်မီမြန်မာတက္ကသိုလ် (ရန်ကုန်) ၊ ၁၉၅၇။
ဆက်သွယ်ရန်လိပ်စာ
ရှူးတိုးတိုး
No Promise
ရက်ရက်ရောရောပေးနေတယ်။ ယူပါတော့တဲ့။
ကိုရီးယားရောက်မြန်မာကျောင်းသားများ။
Plasma Slideshow
တောင်ပံပါလျှင် မင်းဆီကို---။
ရေဆင်းသို့---။
လမ်းမခွဲကြေး။
(이승철 - 사랑 참 어렵다 / Lee Seung Chul - Love is so difficult)
နားထောင်----မလား။ ကြည့်မလား----။
Some Useful Links.
@ Zawgyi Font Download။
@ Myanmar E-books။
@ English-Myanmar Dictionary။
@ Studying Abroad from Myanmar Training (စင်္ကာပူ၊ သြစတြေသျှ၊ မလေးရှား၊ အင်္ဂလန်၊ ထိုင်းနိုင်ငံ)။
@ မြန်မာစကော်လား။
@ ဘဘော့စတင်လုပ်လိုသူများအတွက် (၁)။
@ ဘလော့စတင်လုပ်လိုသူများအတွက် (၂)။
@ Study Abroad Information for Myanmar Students
ဆက်လက်ခရီးဆက်နိုင်ဘို့။
- ဆော့ဝဲလ်များရယူရန်။
- မြန်မာစာရိုက်နည်းနှင့် စာလုံးပေါင်းသတ်ပုံကျမ်း။
- Money Exchange Rate
- ကိုဖိုးဝ
- နည်းပညာတို့ရဲ့ဆုံမှတ်များ
- စေတနာအလင်း
- "ပြည်တော်ဦး" ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်
- Free domain (co.nr)
- The Blogger Guide.
- ကျွန်တော့်မှတ်စုစာအုပ်။ (ကွန်ပျူတာနည်းပညာဆိုင်ရာ)
- မြန်မာစာ မြန်မာစကား (စကားပုံနှင့် စာလုံ့းပေါင်းသတ်ပုံ)
- LiveDhamma (အချိန်နဲ့တစ်ပြေးညီတရားနာရန်)
- အဖြူရောင်နတ်သမီး (ယုဇနသီချင်း နားဆင်လိုလျှင်)
- Myanmarjukebox (သီချင်းနားဆင်ဘို့)
- IT Reshare Site ( နည်းပညာဖြန့်ဝေတဲ့နေရာလေးတစ်ခု)
- KP3 မိသားစု (ဘလော့နည်းပညာ စုံလင်စွာ)
- အိုင်တီခရီးသည် (ဘလော့နည်းပညာ)
- ဒီဇင်ဘာနှင်း (ကာပြားမလေးရဲ့ ခံစားချက်များ)
- စိမ်းပြာမြေ (သုတစုံ၊ ရဿစုံ)
- မောင်ကျော်စွာငြိမ်း (blog technology)
- ခရောင်းလမ်း
- ယူအေအီး၊ ဒူဘိုင်း မှ ဓမ္မရေဒီယို
- ညီနေမင်း (လိုတရ ဘလော့ကြီးဗျို့)
- ဓမ္မဒူတဇေတ၀န်တောရ (တရားတော်များ)
- Live တရားတော်များ
- ၀ိမုတ္တိရသ တရားတော်များ
- သစ္စာအလင်း
- Myanmar e lottery (ထီပေါက်စဉ်)
- မဆုမွန် (အမျိုးကိုချစ်တတ်တဲ့မျိုးချစ်စိတ်ရှိသူလေး)
- စန္ဒာသူရိယ (ဘာသာရေးစာပေ)
- ယုယ နွေးထွေး ( မြန်မာ ဘလော့ စုစည်းရာ)
- ထူးဆန်းတာလေးတွေ (Believe or not)
- ခေတ်လူငယ်။ (သတင်းစုံ၊ ကဏ္ဍစုံ၊ မြန်မာငွေဈေး)
- ဦးဝိစိတ္တသာရာဘိဝံသ (၁၁)သုတ်၊ ပဌာန်း၊မေတ္တာပို့
- နိုင်းနိုင်းစနေ (ဖတ်စရာများစွာ)
- အလင်းစေတမန်မှ ၀က်ဆိုက်များ။ (လိုရာ အကုန်နီးပါးဖတ်နိုင်၊ ကြည့်နိုင်ပါသည်)
- မြန်မာ့အလင်း
- သလ္လာဝတီ (ကဗျာကောင်းကောင်း၊ စာအုပ်စုံဖတ်လိုလျှင်)
- အလင်းတန်းဂျာနယ်
- ရွှေအမြုတေ
- မိုးမိုးစတား (အစားအစာ)
- သုံးရာသီဘ၀ခရီး (ဖတ်စရာ)
- မိုးအိမ့်ဖြူ (ဖတ်စရာနှင့် ဘလော့နည်းပညာ)
- ဖြူစင်ကြယ် (ဖတ်စရာ)။
- ပန်းစကား။ မြန်မာ ခေတ်ဟောင်း၊ ခေတ်ပေါ်သီချင်းများ
- Music Video, Myanmar Karaoke
- ကဗျာဥယျာဉ်။
- ဂျေဂျူဝိုင် (ဘာသာရေး၊ ကဗျာ)။
- အိပ်မက်လှိုင်း စာအုပ်စင်။
- အိပ်မက်လှိုင်း (သီချင်းနားဆင်ဘို့)။
- အိမ့်ချမ်းမြေ့ရဲ့ သံစဉ်မဲ့အလင်္ကာ။
- စာချစ်သူ။(အိမ်ပြောင်းတာ ပြောမသွားဘူး)
- ဂျာမုန်းဒန် (ကချင်ဘာသာနှင့် အစားအစာ)။
- မေတ္တာရပ်ဝန်းမီးဖိုဆောင် (အစားအသောက်ဖန်တီးလိုလျှင်)။
စိတ်ကူးရသလို စကားလေးတွေ ထားခဲ့နိုင်ပါတယ်။ (left your comments)
개인 정보 (Personal Information)
- Korea-Myanmar Mutual Benefit
- Busan, Busan, South Korea
- Me, I am Myanmar, I created it with the intention of the benefits of both nations. I would express Korea's excellence as much as I reach!
관심있는 사용자 (Interested users)
ဒေါက်တာညီကို အားနာလို့ အနားပေးလိုက်ပါပြီ။

Sign by Danasoft - For Backgrounds and Layouts






















