Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Saturday, August 29, 2009

Boguk, Suwon City (Farewell Dinner for Dr. Zhao (China))

မနေ့က ပရော်ဖက်ဆာက ဓါတ်ခွဲခန်းရှိ ကျောင်းသားအားလုံးဖိတ်ခေါ်ပြီး Suwan, Boguk မှာ ရှိတဲ့ သူ့အိမ်မှာ တရုတ် ဒေါက်တာဘွဲ့လွန် တစ်ယောက်ကို နှုတ်ဆက်ညစာစားပွဲလေး လုပ်ပေးပြီး ဧည့်ခံပါတယ်။ ကျောင်းသားသစ်ဖြစ်တဲ့ မြန်မာ ကျွန်တော့်ကိုလည်း ကြိုဆို ကြောင်းထဲ့ပြောပါတယ်။ သူဆရာ့လုပ်သက်မှာ အခုလို ကျောင်းသားအားလုံးဖိတ်ဖေါ် (သူ့အိမ်ထိ) ဧည့်ခံတာ ဒါပထမဦးဆုံးပါပဲတဲ့။ အိမ်ကကျောင်းနဲ့တော်တော် ဝေးပါတယ်။ ညနေ ၃ နာရီ ၂၀ က ထွက်လာခဲလိုက်တာ ၅ နာရီထိုးမှ ဆရာ့အိမ်ရှိရာ ဘိုဂု, ဆူဝမ် မြိုကိုရောက်တယ်။ ဧည့်ခံကြွေးမွေးတာတော့ အစုံပါပဲ။ ကျွန်တော်ကတော့ လောလောဆယ် အသားနဲ့မတည့်လို့ အသီးအရွက်ပဲ အားပေးခဲ့ရတယ်။ ဘို့ဆူငါ (복숭아) လို့သူတို့ခေါ်တဲ့ (Peach) သီး တော်တော်စားကောင်းတယ်ဗျာ။
ဒါလေးတွေက အသွားခရီးမှာ ရိုက်ထားတာနဲ့ ဆရာ့အိမ်မှာ အမှတ်တရလေးတွေပါ။

အဖွဲ့က အားလုံး ၁၃ ယောက်ရှိတယ်။ ဆရာ့ သမီးတစ်ယောက်နဲ့ ဇနီးအပါအ၀င်ပေါ့။ ဆရှာ့ဇနီးက ဆရာ့ထက်တော်တော်ငယ်မယ်ထင်ရတယ်။ အသက်တော့ သေချာမေးမကြည့်ခဲ့ရဘူး။ တော်တော်ဖေါ်ရွေပါတယ်။ အားလုံးကို တစ်ယောက်မကျန် မိတ်ဆက်စကားပြောတယ်။ သူက မလေးရှားမှာ မြန်မာ ဆရာမတစ်ယောက်နဲ့ အတူနေခဲ့ဘူးတယ်တဲ့။ ဂျပန်ပြန် တစ်ယောက်လည်း အဲဒီမှာ တွေ့ခဲ့ရတယ်။ သူက မြန်မာမနှစ်ယောက်နာမည်ပြောပြီးသိလားတဲ့။ ပပအောင် နဲ့ ဥမ္မာ တဲ့။ သူက ကျူရှူးမှာ ကျောင်းတက်ခဲ့တာတဲ့လေ။ သိတာပေါ့လို့ အဲဒါ ကျွန်တော်တို့ စိုက်ပျိုးရေး တက္ကသိုလ် ကျောင်းဆင်းတွေပါပဲလို့ ပြန်ပြောခဲ့လိုက်တယ်။


Type rest of the post here

အပြည့်အစုံ (Read More)...

Sunday, August 23, 2009

Making Korean Kimbab ကိုရီယားရေညှိထမင်းလိပ်ပြုလုပ်နည်း

ကျွန်တော်သိပ်ကြိုက်တဲ့ ကိုရီယားကင်ဘာဘ်ပြုလုပ်နည်းလေး (Making Korean Kimbab) ဆရာမ ဒေါက်တာတင်တင်အေးဘလော့မှ ကူယူဖေါ်ပြပါသည်။
လိုအပ်သော ပစ္စည်းများ
၁၊ ထမင်း (ဆန် ၂ ခွက်)
၂၊ ရေညှိရွက် (ကင်မ်)
၃၊ ထောပတ်သီး (သခွါးသီး (သို့) မုန်လာဥနီ ထည့်လျှင်လည်း အဆင်ပြေပါသည် )
၎၊ မုံလာဥချဉ်ပတ် ( မြန်မာပြည်မှ ချဉ်ပါတ်နှင့် မတူပါ )
၅၊ ဂဏန်းအသားတု၊ ငါးသေတ္တာ၊ ဝက်သားပြား၊ ဝက်အူချောင်း စသည်တို့ကို သုံးနိုင်ပါသည်။
၆၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ နှမ်းဆီ ၊ နှမ်း ၊ ကြက်သွန်မိတ်
၇၊ ထမင်းလိပ်လိပ်ရန်အတွက် ဝါးဖြာ ( ဝါးယင်းလိပ်အသေး )

ပြုလုပ်ပုံ

၁။ထမင်း နှင့် နယ်မည့်ဆော့စ် ကို အရင်ပြင်ပါ။ ဆော့စ်ကို သကြား တဇွန်း ၊ ရှာလကာရည် ၂ ဇွန်း ၊ ဆားလဘက်ရည်ဇွန်း၂ ဇွန်း တို့ ဖြင့် ပြုလုပ်ပါသည်။

၂။ပြီးလျင် ဆော့စ်ကို ချက်ထားသောထမင်း နှင့် ရောနယ်ပါ။

၃။ငါးသေတ္တာတွင် ပါသောအရည်များကို ကုန်စင်သည်အထိ သွန်ပစ်ပြီး အရည်များခန်းခြောက်သွားသည်အထိ ၂ မိနစ်ခန့် အပူပေးပါ။ ပြီးလျင် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတဥနှင့် ရောမွှေပေးပါ။ ထို့နောက် ပဲငံပြာရည် ၂ဇွန်း ၊သကြား ၁ ဇွန်း ၊ နှမ်းဆီ ၁ ဇွန်းခန့်၊ ငရုပ်ကောင်းမှုံ့ အနည်းငယ် ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် လှီးထားပြီးသား ကြက်သွန်မိတ်ထည့်ပြီး နှုံ့အောင်မွှေပေးပါ။ ထို့နောက် နှမ်း ၁ ဇွန်းခန့်ထည့်မွှေပြီး ပုဂံထဲတွင်ခဏထည့်ထားပါ။

၎။ဝါးဖြာပေါ်မှာရေညှိဖတ်ကိုတင်ပါ။နောက်ဆော့စ်နှင့်နယ်ထားသောထမင်းကိုပုံတွင်
ပြထားသည့်အတိုင်း အနားများချန်ပြီးဖြန့်တင်လိုက်ပါ။


၅။ ပုံတွင်ပြထားသလို စောစောကချက်ထားသောငါးသေတ္တာကိုထမင်းပေါ်တွင် ထပ်မံဖြန့်လိုက်ပါ။ ထမင်းနှင့်အပြည့်တင်စရာမလိုပါ။ ပုံတွင်ပြထားသလောက်သာ ဖြစ်ပါသည်။

၆။ ထမင်းလိပ်တွင်ထည့်မည့် အစာများကို ထည့်သည်။ (ပုံတွင် မုံလာဥ ၊ ဂဏန်းသားအတု၊ ထောပါတ်သီးတို့ကိုထည့်သည်) သခွါးသီး၊ မုံလာဥနီ ၊ ကြက်ဥကြော်၊ဝက်အူချောင်း စသည်ဖြင့် မိမိတို့ နှစ်သက်ရာ အသီးအနှံ အသားတို့ကိုလည်း အချောင်းကလေးများလှီး၍ ထည့်နိုင်ပါသည်။


၇။ ပုံတွင် မြင်ရသည့်အတိုင်း ထမင်းလိပ်ကို ပြုလုပ်ပါ။


၈။ ပုံတွင်ပြထားသလို ဓါးနှင့်လှီးပြီးရင်တော့ အရသာရှိသော ရေညှိထမင်းလိပ် ကို အသင့်စားသုံးနိုင်ပါပြီ။




အပြည့်အစုံ (Read More)...

Saturday, August 22, 2009

UPLB မှသူငယ်ချင်းများ။

ဒေါ်ရီရီစိုးပို့ပေးလိုက်လို့ ဖိလစ်ပိုင်ရောက်မြန်မာကျောင်းသား၊ ကျောင်းသူများရဲ့လှုပ်ရှားမှု့လေး အမှတ်တရ တင်ပေးထားပါတယ်။ အားလုံးဟာ သူငယ်ချင်းတွေပါပဲ။ မြန်မာတိုင်းရင်းသားတွေရဲ့သရုပ်ဖေါ်ထားတာလေး အလွန်မှ ကြည်နူးဖို့ကောင်းပါတယ်။ တကယ်သွေးရင်းညီကိုတွေပါပဲ။ အားကျဂုဏ်ယူရင်း အားပေး လိုက်ကြပါအုံး။ ကိုဖက်တီးတစ်ယောက် ကတော့ လူကောင်းကြီးသလောက် ပျောက်နေတယ် ထင်တာပဲ။ ကိုမြတ်သူကတော့ အရပ်နဲ့ကို ထင်ပေါ်နေတယ်။ မရီစိုးနဲ့ ခင်ညွန့်ရီလည်း ပျောက်နေသလိုပဲ။ သန္တာတစ်ယောက်ပဲ ထောင်ထောင်မောင်းမောင်းနဲ့ မြင်တွေ့နေရတယ်။ ဟဲ--ဟဲ-- သူတို့မတွေ့ဘူးပြောလို့ စိတ်ဆိုးမလားလို့ရန်စကြည့်တာ။ UPLB မှသူငယ်ချင်းများလို့ပဲ ခေါင်းစဉ်ပေးလိုက်ပါတယ်။ ကော်ပီယူတာ တရားမစွဲဘူးမဟုတ်လား။ ဒေါ်ရီရီစိုး ခွင့်ပြုချက်နဲ့လို့ ပြောရမှာပဲ။ သူပို့ပေးလို့၊ သူ့ကျေးဇူးကြောင်း ဒီလင့်လေးရတာလေ။ ကဲလေမရှည်တော့ပါဘူး။ ရှုစားလိုက်ကြပါအုံး။

ဒါလေးကလည်း မြန်မာတိုင်းရင်းသားများရဲ့ ၀တ်စားဆင်ယင်ပုံလေးတင်ဆက်ထားတာလေးပါ။



အပြည့်အစုံ (Read More)...

Wednesday, August 19, 2009

KIA MOTORS ကြော်ငြာလေးပါ။




အပြည့်အစုံ (Read More)...

Korea's (POSCO and HYUNDAI) Tour

၇ လ ပိုင်းက လေ့လာရေးသွားခဲ့တဲ့ ခရီးစဉ်လေးပါ။ အခုမှ အတူသွားလေ့လာခဲ့တဲ့အဖွဲ့အစည်းက ဗွီဒီယိုလေး edit လုပ်ပြီးပို့ပေးလို့ ကောက်တင်လိုက်တာ။ အရင်ဒီခေါင်းစဉ်နဲ့ လေ့လာရေးမှတ်တမ်းလေး ရှည်ရှည်ဝေးဝေးရေးပြီးသားဆိုတော့ အားလုံး ဖတ်ပြီး သိပြီးဖြစ်နေလောက်ပါပြီ။ ဒီဗွီဒီယို ကိုတော့ ကျွန်တော်ကိုယ်တိုင် သိပ်တော့ သဘောမကျချင်ဘူး။ ဘာမှ ထွေထွေထူးထူးမပါလို့လေ။ ဘာပဲဖြစ်ဖြစ် အားပေးလိုက်ပါအုံး။




အပြည့်အစုံ (Read More)...

Monday, August 10, 2009

Changing My University from Silla Uni. to Kongju National University.

အကြောင်းထူးတော့မဟုတ်ပါဘူး။ ကျွန်တော်လိပ်စာပြောင်းတာလေး သတင်းပေးတာပါ။ ၂၆.၁၁.၂၀၀၈ ရက်နေ့ကစတင်တက်ခဲ့တဲ ရှင်းလာတက္ကသိုလ်ကနေ့ ဒီနေ့ပဲ ၁၀.၈.၂၀၀၉ ထွက်ခွာခဲ့ပါတယ်။ နံနက် ၁၁ ရီကစတင်ထွက်ခွာခဲ့တာပါ။ ရထားလက်မှတ်က နေ့လည် ၁ နာရီမှရလို့ ဘူဆန်ကနေတော့ နေ့လည်တစ်နာရီမှထွက်ခွာခွဲ့တာပါ။ ၃ နာရီခွဲမှာ ချိုနန်အာဆန် (Cheonan-Asan Station) ဘူတာကိုရောက်ပါတယ်။ ပါမောက္ခရဲ့ ကျောင်းသားနှစ်ယောက် ကားလေးနဲ့လာကြိုပါတယ်။ ၄ နာရီ၂၀ မှာ ရီဆန် (Yesan Campus) ကိုရောက်ပါတယ်။ ကိုယ်နေရမဲ့အခန်းကိုတော့ ၄ ခွဲမှရောက်တယ်။ နေရာချထား ခေတ္တနားပြီး အခန်းထဲကနေ ဘေးဘီကြည့်ပြီး ဒီပုံလေးတွေရိုက်လိုက်တယ်။

ဒါကတော့ ကိုယ့်အခန်းပါ။ တော်တော်ကျယ်တယ်ဗျ။ မိသားစုအခန်းငှါးလိုက်တာကိုး။

ရေခဲသေတ္တာရော၊ မီးဖိုရော၊ ကုဌင်က နှစ်ယောက်အိပ် နှစ်လုံး စာကြည့်စားပွဲက နှစ်စုံ၊ အပူ၊ အအေးပေးစက်က ဗဟို ထိမ်းချုပ်မှုစနစ်၊ အင်တာနက်က အဆင်သင့် ဒီလူတော့ ဟန်ကျလိုက်လေခြင်း။ သူများမနာလိုစရာတော့ ဖြစ်တော့မှာပဲ-- ဟဲ--ဟဲ--။ အိုခွက်ပုဂံတော့မရှိဘူး။ မနက်ဖြန်ထွက်ဝယ်ရအုံးမယ်။ ရှိသမျှ ငွေတော့ ကုန်အုန်းမယ်။ ပါမောက္ခက ဒီနေ့ ချိန်းထားတာနှစ်ခုရှိလို့တဲ့ မနက်ဖြန်မှ ကျွန်တော့ကို ကြိုဆိုမိတ်ဆက်ပွဲလုပ်ပေးမယ်တဲ့။


Type rest of the post here

အပြည့်အစုံ (Read More)...

Saturday, August 8, 2009

Year End Party Held by NIIED at Kyung-hee University, Seoul

နောက်မနက်စောစောမှာ (၁၉.၁၂.၂၀၀၈) ဆိုးလ်မြို့တော်ကို ချီတက်ခဲ့ပါတယ်။ နေ့လည်လောက်မှာ ဆိုးလ်မြို့တော်ကို ရောက်ရှိပါတယ်။ ဆိုးလ်မြို့ Noblesse Hotel မှာ ပစ္စည်းတွေထား၊ ခေတ္တစတည်းပြီး Shopping ထွက်ခဲ့ပါတယ်။ ညပိုင်းမှာ NIIED ကကြီးမှူးကျင်းပပေးတဲ့ Year End Party ကို တက်ရောက်ခဲ့ပါတယ်။ ပါတီမှာ NIIED Schloarship ကျောင်းသားပေါင်း ၇၀၀ ကျော်ပါတယ်။ တက္ကသိုလ် ပေါင်း ၄၀ နီးပါးက ကျောင်းသားတွေ တက်ရောက်ကြပါတယ်။ တက္ကသိုလ်တစ်ခုစီက အစီစဉ်တစ်ခုကျ တင်ဆက်ဖျော်ဖြေရပါတယ်။ ကျွန်တော်တို့ ရှင်းလာတက္ကသိုလ်က We are the World ခေါင်းစဉ်နဲ့သီချင်းဝင်ရောက်ဖျော်ဖြေခဲ့ရာ ပထမဆု ဆွပ်ခူးနိုင်ခဲ့ပါတယ်။ ကြွားရတာ အားမရှိဘူးဗျာ။ သီချင်းဆိုတဲ့အထဲ့မှာ ကျွန်တော်မပါဘူးလေ။ အင်ဒိုမလေးတစ်ယောက်နဲ့ ကျွန်တော်နဲ့ က ဘေးထိုင်၊ လက်ခုပ်တီးအားပေး လုပ်နေခဲ့တာလေ။ ပထမဆုက နည်းတော့မနည်းဘူးဗျ။ ကျောင်းသား ၃၀ ကျော် တက်ဆိုတာ(ရှင်းလာအဖွဲ့) ဆုကျေး ငါသိန်းမှတ်တယ် ရတာ။ ဝေလေလေ မလုပ်လိုက်ရတာ နောင်တရ ရမလိုပဲ။ ဘာပဲဖြစ်ဖြစ်ကိုယ့်ကျောင်းက ပထမ ဆုရတယ်ဆိုတော့ မှတ်တမ်းဗွီဒီယိုလေး တင်ပေးလိုက်ပါတယ်။ ဒီသီချင်းလေး ဒီအတိုင်းဆိုကြတာ့ပေါ့။

နောက်နေ့မနက်မှာတော့ Everland Amusement Park ကို ခရီးဆက်ခဲ့ကြတယ်လေ။ အဲဗားလင်းရီဆော့ ကိုတော့ အရင်ပို့စ်မှာရေးပြီးသွားပြီ။ ဖတ်ရတာလည်း ပျင်းနေလောက်ပြီ။ နားလိုက်အုံးမည်။



အပြည့်အစုံ (Read More)...

One of the Most Tourist Attraction Places in Korea, Ceramics Making Site and Hahoe Village,

NIIED ကကျင်းပပေးတဲ့ Year End Party သွားရင်း နှစ်ညအိပ်သုံးရက် လေ့လာရေးခရီးစဉ်လေး ဆက်ရေးမယ်လို့ပါ။ ၁၈.၁၂.၂၀၀၈ ရက်နေ့နံက် ၈း၃၀ မှာ ဘူဆန်မြို့၊ ရှင်းလာတက္ကသိုလ်ကနေ စတင်ထွက်ခွာခဲ့ပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာ မြေဖြင့်လူ့အသုံးအဆောင်များထုတ်လုပ်တဲ့နေရာ (Ceramics Making Site) (Enamel Ware House) လို့လည်း ခေါ်နိုင်မယ်ထင်ပါတယ်။ မြေစေးကို စက်နဲ့ကြိတ်နယ်ပြီး ပဲပုဒ်မှုန့်နဲ့ အချိုးစားအမျိုးမျိုးရောစပ်တယ်ပြောတာပဲ။ တည်နေရာကတော့ တောထဲမှာပဲ၊ မြို့နှင့် တော်တော်လေးအလှမ်းဝေးတဲ့နေရာမှာ တည်ဆောက်ထားတာပါ။ ကုန်ကြမ်းဖြစ်တဲ့ မြေစေး ရနိုင်တဲ့နေရာမှာ တည်ထားတာပါတဲ့။ ဒီကလုပ်တဲ့ Earthenware တွေက တော်တော်လေးကို ဆွဲဆောင်မှုရှိပါတယ်။ အရောင်အသွေးစုံ၊ ဒီဇိုင်းစုံ ပါပဲ။ ကျွန်တော်တို့ ကျောင်းသားတွေကို ရှင်းပြရင်း လက်တွေ့လုပ်ခွင့်ပေးပါတယ်။ အစကတော့ လုပ်ကြည့်ရုံသက်သက်ပဲထင်နေတာ။ နောက်တစ်လလောက်နေမှ ကိုယ်လက်ရာဟာ ကိုယ့်အတွက် သူတို့ပေးတဲ့လက်ဆောင်ဆိုတာကိုသိ လိုက်ရတယ်။ Processing လုပ်ပြီး ကျောင်းထိပို့ပေးလို့လေ။ မလှပေမဲ့ ကိုယ့်လက်ရာဆိုတော့ အမှတ်တရသိမ်းထားရတာပေါ့လေ။
ဒါကျွန်တော့်လက်ရာလေးပဲ။ အခုက အစိမ်းလေ။ နောက်မီးဖုတ်လိုက်မှ အရောင်ကလက်လာတာ။ ကျွန်တော်က ခဲတံ၊ ဘောပင်ထဲ့သုံးနိုင်တဲ့ စားပွဲတင် အသဲပုံ ခွက်ကလေးပုံဖေါ်နိုင်ခဲ့တယ်။

ဒါကသူငယ်ချင်းတွေ ကြိုးစားပန်းစား ပုံဖေါ်နေကြတာလေ။ စိတ်ကူးအမျိုးမျိုးနဲ့ပေါ့။

ဒီမတ်တပ်ရပ်ကိုင်နေတဲ့သူက ကျွန်တော်တို့အဖွဲ့ထဲက မွန်ဂိုကျောင်းသားတစ်ယောက်ပါ။ သူကိုယ်တိုင် ပုံဖေါ်ထားတာလေး ကိုကိုင်ပြထားတာ။

ဒါကတော့ သူတို့ပုံဖေါ်ထားတာလေးတွေပါ။

ညနေပိုင်းမှာ ဟာဟိုယ် (Hahoe Village) ကိုရောက်ပါတယ်။ ဒီနှစ်နေရာလုံးက အင်ဒုံးမြို့နယ် (Andong-Si) ထဲမှာပဲရှိတာပါ။ North Gyeongsang (Kyongsang) Province ပေါ့။ အင်ဒုံးကတော့ ဆိုးနဲ့လည်း မနီးဘူး၊ ဘူဆန်နဲ့လည်းမနီးဘူး။ ကြားထဲလောက်မှာရှိတယ်။ ကြားထဲဆိုလို့ တစ်လမ်းချောထဲမထင်နဲ့ အရှေ့ဘက်ခတ်ရွန်းရွန်းမှာရှိတာ။ ကျွန်တော်တို့ မန္တလေးမှာ ရှိတဲ့ နန်းတော် လိုပါပဲ။ သူတို့ရဲ့ရှေးယခင်အိမ်ပုံစံတွေကို ရှေးမူမပျက်ထိမ်းသိမ်းထားတဲ့ ရွာလေးပါ။ ဂိုက်တစ်ယောက်က လိုက်လည်ရှင်းပြပေးပါတယ်။ ထူးခြားတာကတော့ သက်တန်း ၆၀၀ ကျော်ပြီဖြစ်တဲ့ အပင်ကြီးတစ်ပင် တွေ့ခဲ့ရပါတယ်။ အပင်အမည်တော့မေ့နေပြီဗျာ။ အဲဒီအပင်မှာ နတ်ကွန်းရှိတယ်။ သားလိုချင်လား၊ သမီးလိုချင်လား၊ ဘယ်နှစ်ယောက်စီ ရချင်လည်း စာရွက်မှာချရေး ပြီး ပူဇော်လျှင် ဆုတောင်းပြည့်တယ်လို့ ပြောပါတယ်။ မဟုတ်သော်ရှိ၊ ဟုတ်သော်ရှိ ရေးပြီး ပူဇော်ခဲ့လိုက်တယ်။ ဘာတွေရေးတယ်ဆိုတာတော့ မပြောပြတော့ဘူးနော်။ ဒါကတော့စီးကရက် (Top secret)။
ဒါက Hahoe Village ကို အပေါ်စီးကမြင်ကြည့်ထားတာလေးပါ။

ဒါက ဟာဟိုယ် (Hahoe Village) အမှတ်တရလေးတွေပါ။


ပြီးတာနဲ့ Gallary Hotel, Andong-Si မှာ တစ်ညအိပ်ခဲ့ပါတယ်။



အပြည့်အစုံ (Read More)...

How to Make Korean Foods, Korean Cuisine, Kimchi, one of the Most Famous Korean Foods.

ဒါကတော့ နာမည်ကြီး ကိုရီးယား အစားအစာ(Korean Traditional Nutrition) လုပ်နည်းနဲ့ ကြော်ငြာလေးပါ။ အားပေးလိုက်ပါအုံး။ (Source,KSCPP)



အပြည့်အစုံ (Read More)...

How to Make Korean Foods, Korean Cuisine and Those Foods now Spread almost all Around the World.

ကိုရီးယားအစားအစာလုပ်နည်းနှင့် အဓိပ္ပါယ် ကို ရှင်းထားတာလေးပါ။ နာမည်ကြီးတဲ့ ကင်ချီ (김칙)၊ ဘီဘီးဘာ (빔빔밥)၊ ပါပီကျူး၊ လုပ်နည်းတွေကို အသေးစိတ် ရှင်းထားသလို ကမ္ဘာမှာဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန်လုပ်နေတယ် ဆိုတာကို ခပ်ကြွားကြွားလေး တင်ဆက်ထားတာလေး အားပေးကြည့်ပါအုံး။ ကိုယ်တိုင်လုပ်စားချင်လျှင်လည်း ဒါလေးကြည့်ပြီး လုပ်ကြည့်ပေါ့။ အဆင်ပြေမှာပါ။ ကျွန်တော်တော့ အနေကြာလာလို့လားမပြောတတ်ဘူး ကိုရီးယား အစားအစာ (한국음식)ကို ကြိုက်နေပြီ။ အစားအစာကို အရောင်အသွေးစုံအောင်လုပ်စားတာဟာ ကျန်းမာရေးကောင်းမွန်စေတယ်လို့ ယူဆပါတယ်တဲ့။ ကင်ချိကို ရာသီအလိုက် အရသာမတူအောင်လုပ်စားကြပါတယ်တဲ့။ အရသာငါးမျိုးဟာလည်း တစ်မျိုးစိက ခန္ဒာကိုယ် အစိတ်အပိုင်းတစ်မျိုးစီအတွက် အထူးကောင်းမွန်စေပါတယ်တဲ့။ အသားအနေနဲ့ကတော့ ဘူးဂိုဂီ (불고기) ၀က်သားကတော့ နာမည်ကြီးပါပဲ။ အသားတော့ အလွန်စားတဲ့နိုင်ငံပဲလို့ သုံးသပ်ရမယ်။ ရှုစားလိုက်ပါအုံး။ (Source, KSCPP, Korean Spirit and Culture Promotion Project)




အပြည့်အစုံ (Read More)...

Friday, August 7, 2009

One of the Most Tourist Attraction Places in Korea, Everland Amusement Park,

လွန်ခဲ့တဲ့ (၁၈.၁၂. ၂၀၀၈ မှ ၂၀.၁၂.၂၀၀၈ ထိ) နှစ်ညအိပ်သုံးရက် လေ့လာရေးနှင့် NIIED ကကျင်းပပေးတဲ့ နှစ်ကုန်နှုတ်ဆက်ပွဲ (Year End Party) ခရီးစဉ်လေး ပြန်လည် အမှတ်ဖေါ်ပြီး မှတ်တမ်းတင်လိုက်ပါတယ်။ အလွန်ပဲပျော်စရာကောင်းခဲ့သလို နိုင်ငံခြားသားများ အထူးစိတ်ဝင်စားကြတဲ့ ကိုရီးယားနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လားတွေကို ထိန်းသိမ်းထားတဲ့ အထင်ကရ နေရာတွေကို ရောက်ခဲ့ရလို့ မမေ့နိုင်စရာလည်းဖြစ်ခဲ့ရပါတယ်။ ခရီးစဉ်က ရှည်ပါတယ်။ နောက်ဆုံး သွားရောက်လေ့လာခဲ့တဲ့ Everland ကနေစတင်ရေးချင်ပါတယ်။ Everland က ဆိုလ်းမြို့တော်နဲ့ သိပ်မဝေးပါဘူး ဘာစ့်ကားစီးလျှင် မိနစ်လေးဆယ်ပဲ စီးရပါတယ်တဲ့။ ရုံဂျင်းမြို့ (Yongin-si) မှာရှိတာပါ။ Everland ကို ၁၉၇၆ ခုနှစ်က စတင်ဖွင့်လစ်ခဲ့တာဖြစ်ပြီး ၁၂၀၀၀၀၀ စတုရန်းကိုက် ကြယ်ဝန်းပါတယ်တဲ့။ သူ့ရဲဆောင်ပုဒ်က (Every day is a holiday at Everland Resort) တဲ့။ ဒါက ဧည့်သည်တွေအတွက်ရည်ရွယ်ပြီး ယူထားတာဖြစ်မှာပါ။ ၃၆၅ ရက်လုံး (Year Round Festival) ပျော်ပွဲလုပ်ပေးထားတာပါ။ ဘယ်နားမှာပဲ ကြည့်ကြည့် သီချင်းဆို နေသူ၊ က နေသူ၊ ပျော်နေကြသူတွေချည်းတွေ့ရပါတယ်။ ကလေးတွေတင်မကပါဘူး။ လူကြီးတွေအတွက်ပါ ပျော်စရာကောင်းအောင်ဖန်တီးပေးထားတာပါ။ ဒါကြောင့်လည်း နိုင်ငံခြားသားတွေ လာခြင်ကြတာပေါ့။ ပျော်စရာတွေကတော့ အများကြီးပါပဲ ကစားနည်းအမျိုးသုံးဆယ်ကျော်ပါတယ်တဲ့။ Highspeed truning car ကို အရင်ဆုံးဝင်စီးလိုက်တာ အသဲရား၊ အူရားပဲ။ မူးမှာကြောက်လို့ မျက်စေ့ပိတ်ထားလိုက်ရတယ်။ နောက်တစ်နေရာကတော့ ကရ၀ိတ်ငှက်ရုပ်ပေါ်မှာ လူတွေတင်ပြီး အမြင့်ကနေစက်နဲ့လွှဲပေးတာပါ။ အဲဒါကိုတော့ ပျင်းတယ်ဆိုပြီးမစီးခဲ့ဘူး။ ၀င်ကမ္ဘာလမ်းထဲတော့ တက်ပြီး လမ်းလျှောက်လိုက်တယ်။ ပုံစံအမျိုးမျိုးနဲ့ လမ်းလျှောက်ရအောင်လုပ်ထားတာပါ။ ပျော်စရာကောင်းပါတယ်။ တတိယရောက်သွားတဲ့နေရာကတော့ ကမ္ဘာမှာ အမတ်စောက်ဆုံးဖြစ်တဲ့ သစ်သားနဲ့တည်ဆောက်ထားတဲ့ မျိုးပျံရတား (Roller Coaster)ပါ။ အဝေးကကြည့်ပြီး ကြောက်တာနဲ့မစီးဘူးလုပ်နေတာ အနားက မိန်းကလေးတွေကတောင် စီးကြမယ်ဆိုတော့ အညံ့မခံချင်တာနဲ့ စီးဖို့ဆုံးဖြတ်လိုက်တယ်။ အမလေး အသက်ဘယ်ကထွက်မလဲ အောင်းမေ့ရတယ်။ ခေါင်းကို မမော့ရဲဘူး။ စဉ်းစားကြည့်လေ slope inclination က ၇၇ ဒီကရီ ရှိပြီ ၁၆၄၁ မီတာအရှည်ကို ၃ မိနစ်အတွင်း တစ်နာရီကို ၁၀၄ ကီလိုမိတာ အမြန်နှုန်းနဲ့ ပစ်လွှစ်တာ မပျော်ပဲ မကြောက်ပဲဘယ်သူနေနိုင်မလဲ။ ကြောက်လည်းကြောက်တယ်။ ပျော်လည်းပျော်တယ်ဖြစ်သွားမယ်။ အထွက်မှာ ဓါတ်ပုံရိုက်ထားတာကို ရချင်လျှင် ပရင့်ထုတ်ပေးတယ်။ ကိုယ့်ပုံက မပေါ်တာနဲ့ မယူခဲ့ဘူးလေ။ နောက်တစ်နေရာကကြိုးရထား။ နောက် နှင်းလျှောစီးတယ်။ ကွင်းပတ်ရထားလည်း တစ်ချိုကျောင်းသားတွေတော့ လူအုပ်စုခွဲပြီးသွားစီးကြတယ်။ ကျွန်တော်တို့အဖွဲ့က နှင်းတောင်ပေါ်တက်ပြီး နှင်းလျှောပဲစိးခဲရတယ်။ ရေခဲပြင်စကိတ်ကိုတော့ အချိန်မရတာနဲ့ ၀င်မစီးခဲ့ဘူး။ ဘူဆန်မှာတုန်းကတော့ နှစ်ခါလောက်စီးဘူးတယ်။
ဒါက Everland မှာရှိတဲ့ ပျော်စရာတစ်ခုပါ။ youtube မှတွေ့လို့ တဆက်ထည်းတင်လိုက်တာ။

ဒါက ကိုရီးယားမှာ အကြီးကြယ်ဆုံး သစ်သားနဲဆောက်တဲ့ Roller Coaster ပါ။

ဒါက နှင်းလျှောစီးနေတာလေ။ ကျွန်တော့်အခန်းဖေါ်ပါ။ နောက်တစ်ယောက်က မွန်ဂိုမလေးပါ။

သွားတဲ့အချိန်က ဒီဇင်ဘာဆိုတော့ အရမ်းအေးတယ်လေ။ ဒီပုံသာကြည့်တော့။
ဒါက အဖွဲ့လိုက်အမှတ်တရပေါ့ဗျာ။

ဒါကတော့ မြန်မာနှစ်ယောက်ပေါ့။ အတူတက်နေတဲ့ကျောင်းမှာက မြန်မာဆိုလို့ ဒါလေးပဲရှိတာကိုး။

ရေခဲပြင်စကိတ်စီးတာက လွဲလျှင် အကုန်ဖရီးစီးလို့ရတယ်။ ကြိုက်တဲ့နေရာသွား ကြိုက်တာစီး အကုန်ဝင်ကြေးမှာပါပြီသားပဲ။ ၀င်ကြေးကတော့နည်းနည်းများသလားလို့ လူကြီး ၃၅၀၀၀၊ ကလေး ၂၆၀၀၀ ၀မ်။ ဒါက တစ်နေကုန်စာလေ။ ညပါဆက်ပျော်ချင်လျှင်တော့ ညကြေးက လူကြီး ၃၀၀၀၀၊ ကလေး ၂၂၀၀၀ ပါတဲ့။ ဖွင့်တာက နံက် ၉- ၉း၃၀ နာရီကနေ ည ၁၀-၁၁ နာရီထိပဲ။ ညနေ ၅ နာရီကျော်လျှင် ညပိုင်းလို့သတ်မှတ်တယ်။
ဒါကတော့ တစ်ကိုယ်တော်အမှတ်တရပေါ့။ ဟဲ--ဟဲ--။

စားသောက်စရာဆိုင်တွေကတော့ အထဲမှာလဲရှိတယ်။ အပြင်မှာလဲရှိတယ်။ မိသားစုနဲ့ ဒါမှမဟုတ်အစုအဖွဲလိုက်ဆိုလျှင် ၀င်ကျေးက တစ်မျိုးပါ။ သက်သာပါတယ်။ သွားလာရေးလမ်းညွှန်ကတော့ဒီမှာဆက်ကြည့်လိုက်ပေါ့ဗျာ။ အင်မတန်မှ လွယ်ကူအဆင်ပြေပါတယ်။ City Tour နဲ့ပဲသွားမလား၊ Public Bus နဲ့ပဲသွားမလား အားလုးံ အဆင်သင့်ပဲ။ ကျွန်တော်တို့ ဘူဆန်ကနေဆိုလျှင်တော့ နည်းနည်းဝေးတယ်။
ရာသီအလိုက်ပွဲတွေကတော့ January, February မှာ Snow festival, March မှာ Prespring Festival, April, May မှာ Flower Carnival, June, July, August မှာ Summer Splash, Sep, Oct မှာ Happy Halloween, Nov, Dec မှာ Christmas Fantasy ဆိုပြီး ရှိပါတယ်။ စိတ်မပူပါနဲ့ ကြိုက်တဲ့အချိန်သွား ပျော်သွားစေရမယ်။ ဒါဟာ အဲဗားလင်း ပဲလေ။ This is Everland. အချိန်ရမယ်ဆိုလျှင် Caribbean Bay တို့ Home Bridge တို့ ခရီးဆက်လို့ရပါသေးတယ်။ နော်နော်တို့ကတော့ ဘူဆန်အရောက်ပြန်ရမှာမို့ ကက်သုတ်ရိုက်ခဲ့ရတယ်။ ဒါတောင် ည ၁၀ နာရီလောက်မှ ရှင်လာတက္ကသိုလ်ပြန်ရောက်တယ်။ (ကျေးဇူးတင်ပါတယ်။)



အပြည့်အစုံ (Read More)...

Thursday, August 6, 2009

Korea's Extraordinary Person


1. Kim Ung-Yong: Attended University at age 4, Ph.D at age 15; world's highest IQ

This Korean super-genius was born in 1962 and might just be the smartest guy alive today (he's recognized by the Guinness Book of World R ecords as having the highest IQ of anyone on the planet).. By the age of four he was already able to read in Japanese, Korean, German, and English. At his fifth birthday, he solved complicated differential and integral calculus problems. Later, on Japanese television, he demonstrated his proficiency in Chinese, Spanish, Vietnamese, Tagalog, German, English, Japanese, and Korean. Kim was listed in the Guinness Book of World R ecords under "Highest IQ"; the book estimated the boy's score at over 210.
Kim was a guest student of physics at Hanyang University from the age of 3 until he was 6. At the age of 7 he was invited to America by NASA. He finished his university studies, eventually getting a Ph.D. in physics at Colorado State University before he was 15. In 1974, during his university studies, he began his research work at NASA and continued this work until his return to Korea in 1978 where he decided to switch from physics to civil engineering and eventually received a doctorate in that field. Kim was offered the chance to study at the most prestigious universities in Korea , but instead chose to attend a provincial university. As of 2007 he also serves as adjunct faculty at Chungbuk National University . source-



အပြည့်အစုံ (Read More)...

Sunday, August 2, 2009

Korean Universities

ပညာရှာလိုသူ လူငယ်မောင်မယ်များအတွက် ပညာသင်ဆု ရှာဖွေလျှောက်ထားနိုင်ဘို့ ရည်ရွယ်ပြီး ဒါလေးရေးလိုက်တာပါ။ ဒါက ကိုရီးယားနိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်၊ စာသင်ကျောင်းစာရင်း ပါ။ ဒီမှာ ရှိတဲ့ကျောင်းတော်တော်များများက ထူးချွန်သူတွေကို စကောလားပေးတဲ့ အစီအစဉ်တွေ ရှိပါတယ်။ ဘွဲ့ကြိုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘွဲ့ကြိုကိုတော့ အစိုးရအဖွဲ့အစည်းအစီအစဉ်နဲ့ ရွေးခြယ်တာဆိုတော့ ကျောင်းသားတစ်ဦးချင်း (Personal) လျှောက်လိုရတာ မတွေ့မိသေးဘူး။ ဘွဲ့လွန်ကိုတော့ တက္ကသိုလ်ကျောင်းတိုင်း (all National Universities and Private Universities) စကောလားပေးပါတယ်။ စကောလားပေးတဲ့ အစီအစဉ် သုံးမျိုရှိတယ်လို့ သိရပါတယ်။
(၁)။ ကိုရီးယားနိုင်ငံတော်က ကမ္ဘာ့ကျောင်းသားများကို ပေးတဲ့စကောလား။ (NIIED (KGSP), KOICA)
(၂)။ ကုမ္ပဏီ အဖွဲ့အစည်းတွေကနေ ထူးချွန်တဲ့ကျောင်းသားကို တိုက်ရိုက် ရွေးခြယ်ထောက်ပံ့ပေးတဲ့စကောလား။ အခုနောက်ပိုင်း တိုက်ရိုက်ပေးတာနည်းပြီး ပရော်ဖက်ဆာ (Professor) နဲ့ ဆက်သွယ်ပြီးပေးတာများပါတယ်။
(၃)။ တက္ကသိုလ်ကျောင်းတွေက ပေးတဲ့စကောလား။ ဒီအစီအစဉ်က အများဆုံးဖြစ်မယ်ထင်ပါတယ်။ ဒီမှာရှိတဲ့တက္ကသိုလ်တွေက ကျွန်တော်သိရသလောက်တော့ သုတေသနအများစု ပရော့ဂျက် (Project) ရှိပါတယ်။ Governmental Project တွေရှိသလို Private Project တွေလည်းများပါတယ်။ သုတေသန Project အတွက် ဒေါ်လာဘယ်လောက်ဆိုပြီး တစ်ခါထည်း သတ်မှတ်ပေးထားတာပါ။ အဲလို Project များများရထားတဲ့ Professor တွေက ကျောင်းသားများများလိုပါတယ်။ အဲဒါတွေကို Run နိုင်ဖို့ ထူးချွန်တဲ့ကျောင်းသားတွေကို စကောလားပေးတာပါ။ Professor တွေကလည်း Project များများရဘို့ Foreign Students များများ ရဘို့ ကြိုးစားကြပါတယ်။ ဒါဟာလည်း သူတို့နာမည်ရဘို့ တက်လမ်းပဲလေ။ ဒီတော့ ကျွန်တော်တို့ဘက်က လည်း ဘယ်တက္ကသိုလ်တွေမှာ ဘယ်ဘာသာရပ်တွေအတွက် စကောလားလျှောက်လို့ရတယ်ဆိုတာရှာပြီး ကိုယ်နဲ့ သင့်တော်တာလေးတွေနဲ့ ချိပ်ဆက်ပြီး လက်တွဲဆောင်ရွက်မယ်ဆိုလျှင် နှစ်ဦးနှစ်ဘက် အကျိုးရှိစေတာပေါ့ဗျာ။ နာမည်ကြီး တက္ကသိုလ်အများစုက ကိုယ်ပိုင် Webpage တွေရှိကြတော့ ရှာရတာလည်း လွယ်ပါတယ်။ သက်ဆိုင်ရာတက္ကသိုလ်ရဲ့ Professor ဒါမှမဟုတ် International Office ကို ဆက်သွယ်ပြီး စုံစမ်းပေတော့။ ဒီတက္ကသိုလ်စာရင်းထဲမှာ အများကြီးရှာလို့ရတယ်။ တစ်ချို့ကျောင်းတွေက Up to date Scholarship Application Form တွေလည်း တစ်ခါထည်း Download ပေးထားတယ်။ ကဲ အားလုံး သင့်တော်ရာ လမ်းကြောင်း လေးဖွင့် ပြီး ဆက်လက် လျှောက်လှမ်းနိုင်ပါစေဗျာ။ ကျွန်တော့်ယခုလိပ်စာက ဒါပါ။ နောက် ၁၀ ရက်နေလျှင် တော့ ဒီကို ပြောင်းပြီး သုံးနှစ်တာ PhD အတွက်ဆက်လုပ်မယ်။



အပြည့်အစုံ (Read More)...