Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Friday, August 7, 2009

One of the Most Tourist Attraction Places in Korea, Everland Amusement Park,

လွန်ခဲ့တဲ့ (၁၈.၁၂. ၂၀၀၈ မှ ၂၀.၁၂.၂၀၀၈ ထိ) နှစ်ညအိပ်သုံးရက် လေ့လာရေးနှင့် NIIED ကကျင်းပပေးတဲ့ နှစ်ကုန်နှုတ်ဆက်ပွဲ (Year End Party) ခရီးစဉ်လေး ပြန်လည် အမှတ်ဖေါ်ပြီး မှတ်တမ်းတင်လိုက်ပါတယ်။ အလွန်ပဲပျော်စရာကောင်းခဲ့သလို နိုင်ငံခြားသားများ အထူးစိတ်ဝင်စားကြတဲ့ ကိုရီးယားနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လားတွေကို ထိန်းသိမ်းထားတဲ့ အထင်ကရ နေရာတွေကို ရောက်ခဲ့ရလို့ မမေ့နိုင်စရာလည်းဖြစ်ခဲ့ရပါတယ်။ ခရီးစဉ်က ရှည်ပါတယ်။ နောက်ဆုံး သွားရောက်လေ့လာခဲ့တဲ့ Everland ကနေစတင်ရေးချင်ပါတယ်။ Everland က ဆိုလ်းမြို့တော်နဲ့ သိပ်မဝေးပါဘူး ဘာစ့်ကားစီးလျှင် မိနစ်လေးဆယ်ပဲ စီးရပါတယ်တဲ့။ ရုံဂျင်းမြို့ (Yongin-si) မှာရှိတာပါ။ Everland ကို ၁၉၇၆ ခုနှစ်က စတင်ဖွင့်လစ်ခဲ့တာဖြစ်ပြီး ၁၂၀၀၀၀၀ စတုရန်းကိုက် ကြယ်ဝန်းပါတယ်တဲ့။ သူ့ရဲဆောင်ပုဒ်က (Every day is a holiday at Everland Resort) တဲ့။ ဒါက ဧည့်သည်တွေအတွက်ရည်ရွယ်ပြီး ယူထားတာဖြစ်မှာပါ။ ၃၆၅ ရက်လုံး (Year Round Festival) ပျော်ပွဲလုပ်ပေးထားတာပါ။ ဘယ်နားမှာပဲ ကြည့်ကြည့် သီချင်းဆို နေသူ၊ က နေသူ၊ ပျော်နေကြသူတွေချည်းတွေ့ရပါတယ်။ ကလေးတွေတင်မကပါဘူး။ လူကြီးတွေအတွက်ပါ ပျော်စရာကောင်းအောင်ဖန်တီးပေးထားတာပါ။ ဒါကြောင့်လည်း နိုင်ငံခြားသားတွေ လာခြင်ကြတာပေါ့။ ပျော်စရာတွေကတော့ အများကြီးပါပဲ ကစားနည်းအမျိုးသုံးဆယ်ကျော်ပါတယ်တဲ့။ Highspeed truning car ကို အရင်ဆုံးဝင်စီးလိုက်တာ အသဲရား၊ အူရားပဲ။ မူးမှာကြောက်လို့ မျက်စေ့ပိတ်ထားလိုက်ရတယ်။ နောက်တစ်နေရာကတော့ ကရ၀ိတ်ငှက်ရုပ်ပေါ်မှာ လူတွေတင်ပြီး အမြင့်ကနေစက်နဲ့လွှဲပေးတာပါ။ အဲဒါကိုတော့ ပျင်းတယ်ဆိုပြီးမစီးခဲ့ဘူး။ ၀င်ကမ္ဘာလမ်းထဲတော့ တက်ပြီး လမ်းလျှောက်လိုက်တယ်။ ပုံစံအမျိုးမျိုးနဲ့ လမ်းလျှောက်ရအောင်လုပ်ထားတာပါ။ ပျော်စရာကောင်းပါတယ်။ တတိယရောက်သွားတဲ့နေရာကတော့ ကမ္ဘာမှာ အမတ်စောက်ဆုံးဖြစ်တဲ့ သစ်သားနဲ့တည်ဆောက်ထားတဲ့ မျိုးပျံရတား (Roller Coaster)ပါ။ အဝေးကကြည့်ပြီး ကြောက်တာနဲ့မစီးဘူးလုပ်နေတာ အနားက မိန်းကလေးတွေကတောင် စီးကြမယ်ဆိုတော့ အညံ့မခံချင်တာနဲ့ စီးဖို့ဆုံးဖြတ်လိုက်တယ်။ အမလေး အသက်ဘယ်ကထွက်မလဲ အောင်းမေ့ရတယ်။ ခေါင်းကို မမော့ရဲဘူး။ စဉ်းစားကြည့်လေ slope inclination က ၇၇ ဒီကရီ ရှိပြီ ၁၆၄၁ မီတာအရှည်ကို ၃ မိနစ်အတွင်း တစ်နာရီကို ၁၀၄ ကီလိုမိတာ အမြန်နှုန်းနဲ့ ပစ်လွှစ်တာ မပျော်ပဲ မကြောက်ပဲဘယ်သူနေနိုင်မလဲ။ ကြောက်လည်းကြောက်တယ်။ ပျော်လည်းပျော်တယ်ဖြစ်သွားမယ်။ အထွက်မှာ ဓါတ်ပုံရိုက်ထားတာကို ရချင်လျှင် ပရင့်ထုတ်ပေးတယ်။ ကိုယ့်ပုံက မပေါ်တာနဲ့ မယူခဲ့ဘူးလေ။ နောက်တစ်နေရာကကြိုးရထား။ နောက် နှင်းလျှောစီးတယ်။ ကွင်းပတ်ရထားလည်း တစ်ချိုကျောင်းသားတွေတော့ လူအုပ်စုခွဲပြီးသွားစီးကြတယ်။ ကျွန်တော်တို့အဖွဲ့က နှင်းတောင်ပေါ်တက်ပြီး နှင်းလျှောပဲစိးခဲရတယ်။ ရေခဲပြင်စကိတ်ကိုတော့ အချိန်မရတာနဲ့ ၀င်မစီးခဲ့ဘူး။ ဘူဆန်မှာတုန်းကတော့ နှစ်ခါလောက်စီးဘူးတယ်။
ဒါက Everland မှာရှိတဲ့ ပျော်စရာတစ်ခုပါ။ youtube မှတွေ့လို့ တဆက်ထည်းတင်လိုက်တာ။

ဒါက ကိုရီးယားမှာ အကြီးကြယ်ဆုံး သစ်သားနဲဆောက်တဲ့ Roller Coaster ပါ။

ဒါက နှင်းလျှောစီးနေတာလေ။ ကျွန်တော့်အခန်းဖေါ်ပါ။ နောက်တစ်ယောက်က မွန်ဂိုမလေးပါ။

သွားတဲ့အချိန်က ဒီဇင်ဘာဆိုတော့ အရမ်းအေးတယ်လေ။ ဒီပုံသာကြည့်တော့။
ဒါက အဖွဲ့လိုက်အမှတ်တရပေါ့ဗျာ။

ဒါကတော့ မြန်မာနှစ်ယောက်ပေါ့။ အတူတက်နေတဲ့ကျောင်းမှာက မြန်မာဆိုလို့ ဒါလေးပဲရှိတာကိုး။

ရေခဲပြင်စကိတ်စီးတာက လွဲလျှင် အကုန်ဖရီးစီးလို့ရတယ်။ ကြိုက်တဲ့နေရာသွား ကြိုက်တာစီး အကုန်ဝင်ကြေးမှာပါပြီသားပဲ။ ၀င်ကြေးကတော့နည်းနည်းများသလားလို့ လူကြီး ၃၅၀၀၀၊ ကလေး ၂၆၀၀၀ ၀မ်။ ဒါက တစ်နေကုန်စာလေ။ ညပါဆက်ပျော်ချင်လျှင်တော့ ညကြေးက လူကြီး ၃၀၀၀၀၊ ကလေး ၂၂၀၀၀ ပါတဲ့။ ဖွင့်တာက နံက် ၉- ၉း၃၀ နာရီကနေ ည ၁၀-၁၁ နာရီထိပဲ။ ညနေ ၅ နာရီကျော်လျှင် ညပိုင်းလို့သတ်မှတ်တယ်။
ဒါကတော့ တစ်ကိုယ်တော်အမှတ်တရပေါ့။ ဟဲ--ဟဲ--။

စားသောက်စရာဆိုင်တွေကတော့ အထဲမှာလဲရှိတယ်။ အပြင်မှာလဲရှိတယ်။ မိသားစုနဲ့ ဒါမှမဟုတ်အစုအဖွဲလိုက်ဆိုလျှင် ၀င်ကျေးက တစ်မျိုးပါ။ သက်သာပါတယ်။ သွားလာရေးလမ်းညွှန်ကတော့ဒီမှာဆက်ကြည့်လိုက်ပေါ့ဗျာ။ အင်မတန်မှ လွယ်ကူအဆင်ပြေပါတယ်။ City Tour နဲ့ပဲသွားမလား၊ Public Bus နဲ့ပဲသွားမလား အားလုးံ အဆင်သင့်ပဲ။ ကျွန်တော်တို့ ဘူဆန်ကနေဆိုလျှင်တော့ နည်းနည်းဝေးတယ်။
ရာသီအလိုက်ပွဲတွေကတော့ January, February မှာ Snow festival, March မှာ Prespring Festival, April, May မှာ Flower Carnival, June, July, August မှာ Summer Splash, Sep, Oct မှာ Happy Halloween, Nov, Dec မှာ Christmas Fantasy ဆိုပြီး ရှိပါတယ်။ စိတ်မပူပါနဲ့ ကြိုက်တဲ့အချိန်သွား ပျော်သွားစေရမယ်။ ဒါဟာ အဲဗားလင်း ပဲလေ။ This is Everland. အချိန်ရမယ်ဆိုလျှင် Caribbean Bay တို့ Home Bridge တို့ ခရီးဆက်လို့ရပါသေးတယ်။ နော်နော်တို့ကတော့ ဘူဆန်အရောက်ပြန်ရမှာမို့ ကက်သုတ်ရိုက်ခဲ့ရတယ်။ ဒါတောင် ည ၁၀ နာရီလောက်မှ ရှင်လာတက္ကသိုလ်ပြန်ရောက်တယ်။ (ကျေးဇူးတင်ပါတယ်။)



0 comments:

Post a Comment