Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Saturday, August 29, 2009

Boguk, Suwon City (Farewell Dinner for Dr. Zhao (China))

မနေ့က ပရော်ဖက်ဆာက ဓါတ်ခွဲခန်းရှိ ကျောင်းသားအားလုံးဖိတ်ခေါ်ပြီး Suwan, Boguk မှာ ရှိတဲ့ သူ့အိမ်မှာ တရုတ် ဒေါက်တာဘွဲ့လွန် တစ်ယောက်ကို နှုတ်ဆက်ညစာစားပွဲလေး လုပ်ပေးပြီး ဧည့်ခံပါတယ်။ ကျောင်းသားသစ်ဖြစ်တဲ့ မြန်မာ ကျွန်တော့်ကိုလည်း ကြိုဆို ကြောင်းထဲ့ပြောပါတယ်။ သူဆရာ့လုပ်သက်မှာ အခုလို ကျောင်းသားအားလုံးဖိတ်ဖေါ် (သူ့အိမ်ထိ) ဧည့်ခံတာ ဒါပထမဦးဆုံးပါပဲတဲ့။ အိမ်ကကျောင်းနဲ့တော်တော် ဝေးပါတယ်။ ညနေ ၃ နာရီ ၂၀ က ထွက်လာခဲလိုက်တာ ၅ နာရီထိုးမှ ဆရာ့အိမ်ရှိရာ ဘိုဂု, ဆူဝမ် မြိုကိုရောက်တယ်။ ဧည့်ခံကြွေးမွေးတာတော့ အစုံပါပဲ။ ကျွန်တော်ကတော့ လောလောဆယ် အသားနဲ့မတည့်လို့ အသီးအရွက်ပဲ အားပေးခဲ့ရတယ်။ ဘို့ဆူငါ (복숭아) လို့သူတို့ခေါ်တဲ့ (Peach) သီး တော်တော်စားကောင်းတယ်ဗျာ။
ဒါလေးတွေက အသွားခရီးမှာ ရိုက်ထားတာနဲ့ ဆရာ့အိမ်မှာ အမှတ်တရလေးတွေပါ။

အဖွဲ့က အားလုံး ၁၃ ယောက်ရှိတယ်။ ဆရာ့ သမီးတစ်ယောက်နဲ့ ဇနီးအပါအ၀င်ပေါ့။ ဆရှာ့ဇနီးက ဆရာ့ထက်တော်တော်ငယ်မယ်ထင်ရတယ်။ အသက်တော့ သေချာမေးမကြည့်ခဲ့ရဘူး။ တော်တော်ဖေါ်ရွေပါတယ်။ အားလုံးကို တစ်ယောက်မကျန် မိတ်ဆက်စကားပြောတယ်။ သူက မလေးရှားမှာ မြန်မာ ဆရာမတစ်ယောက်နဲ့ အတူနေခဲ့ဘူးတယ်တဲ့။ ဂျပန်ပြန် တစ်ယောက်လည်း အဲဒီမှာ တွေ့ခဲ့ရတယ်။ သူက မြန်မာမနှစ်ယောက်နာမည်ပြောပြီးသိလားတဲ့။ ပပအောင် နဲ့ ဥမ္မာ တဲ့။ သူက ကျူရှူးမှာ ကျောင်းတက်ခဲ့တာတဲ့လေ။ သိတာပေါ့လို့ အဲဒါ ကျွန်တော်တို့ စိုက်ပျိုးရေး တက္ကသိုလ် ကျောင်းဆင်းတွေပါပဲလို့ ပြန်ပြောခဲ့လိုက်တယ်။


Type rest of the post here

0 comments:

Post a Comment