Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။
Showing posts with label Korean Art. Show all posts
Showing posts with label Korean Art. Show all posts

Monday, August 9, 2010

Korean Palace and Kimchi Museum

"ကိုရီးယားနန်တော်နှင့် ကင်ချိပြတိုက်သို့အလည်တစ်ခေါက်"

မနေ့က ဂျပန် တိုကျိုစိုက်ပျိုးရေးနှင့်နည်းပညာတက္ကသိုလ် (Tokyo University of Agri.& Tech) က နေ ကိုရီယားနိုင်ငံ KyungHee National University Global Campus သို့လာရောက် စာတမ်းဖတ်မဲ့ သူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရင်း ရောက်တုန်းရောက်ခိုက် ကိုရီးယား နန်းတော် နှင့် ကင်ချိ ယဉ်ကျေးမှုပြန်တိုက်ကို သွားလည်ဖြစ်ခဲ့တာလေး ဓါတ်ပုံမှတ်တမ်းလေးတွေတင်ထားချင်လို့ပါ။ မိတ်ဆွေနှင့်အတူပါလာတဲ့ ဂျပန်မလေးတွေ (နာမည်တွေတော့မှတ်မိဘူးဗျ)နှင့် ဖိလစ်ပိုင်မလေးတွေကတော့ တယ်ချောပဲဗျ။ အဲဒီကြားထဲမှာကိုယ်တို့သူငယ်ချင်းတစ်ယောက်ကလည်း တကယ်ကိုထင်ထင်ပေါ်ပေါ်ပဲ။ မထင်ပေါ်ပဲနေရရိုးလား ပွင့်လိုကိုယ်လုံးနဲ့လေ။ ဟား----ဟား-----ဟား----။ မဆွေရေ ဆော်ရီးနော်။ အမှန်အတိုင်းပြောမိသွားတာ။ တကယ်တော့လည်း ၀ မှလှ တယ်ဆိုတာရှိသားပဲနော့။
ဒါက နန်းတော်အ၀င်ဝလေ။ ဒါကတော့ အတွင်းထဲတစ်နေရာမှာပေါ့။

ဒါလေးကလည်း အတွင်းစောင်းတန်းလေ။

ဒါကတော့ ကင်ချိပြခန်းက ပြကွက်တစ်ချို့လေ။ သူတို့ ငရုပ်သီးလေးရဲနေအောင်နယ်ပြီး အချဉ်နှပ်လိုက်တာအကုန်လုံးကို ကင်ချိခေါ်တာဆိုတော့ ကင်ချိ အမျိုးပေါင်း ၃၀၀ ကျော်တယ်ဆိုပဲ။


ဒါကကင်ချိသိပ်တဲ့အိုးတွေတဲ့လေ။

ဒါက သူငယ်ချင်းရဲ့သူငယ်ချင်းချောချောလေးတွေလေ။


ဓါတ်ပုံကမကောင်းဘူးဖြစ်နေတယ်။ သူများကင်မရာနဲ့ရိုက်ပေးတာမှစုံမယ်။ သူတို့ဆီကရမှ ထပ်တင်ထားမယ်နော်။ အားလုံးကျန်းမာပျော်ရွှင်ပါစေ။ ။

အပြည့်အစုံ (Read More)...

Sunday, October 11, 2009

Lee Young Eun, a Korean Actress will go to Myanmar and meet Myanmar fan

ရန်ကုန်မြို့တော် သမ္မတရုပ်ရှင်ရုံတွင် အောက်တိုဘာလ (၁၆) ရက်နေ့မှ(၁၉) ရက်နေ့များတွင်ကျင်းပြမည့် (၅)ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပြပွဲတော်သို့ တက်ရောက်ရန်လာရောက်စဉ် မြန်မာပရိသတ်များနှင့်တွေ့ဆုံနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ထိုသတင်းထုတ်ပြန်ချက်အရသိရှိရသည်။
ကိုရီးယားမင်းသမီး (Lee Young Eun) သည် အောက်တိုဘာလ ၁၇ ရက် နှင့် ၁၈ ရက်နေ့တွင် မြန်မာပရိသတ်များနှင့်တွေ့ဆုံမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ရန်ကုန်အခြေစိုက် ကိုရီးယားသံရုံး ဖုန်း -၀၁-၅၁၅၁၉၀ သို့ ဆက်သွယ်မေးမြန်းနိုင်သည်ဟု ထုတ်ပြန်ချက် ကဆိုသည်။ ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ကျင်းပမည့် ငါးကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်တွင် ကိုရီးယား မင်းသမီးLee Young Eun သရုပ်ဆောင်ထားသည့် Summer Whispers (Romance)၊ Mon's Way (Drama)၊ Marathon (Drama)၊ Oseam (Animation)တို့ပြသမည်ဖြစ်ပြီး ရုပ်ရှင်ပွဲတော်ဖွင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးအပါအ၀င် မြန်မာအစိုးရ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် သရုပ်ဆောင်များအားလုံး စုံစုံညီညီ တက်ရောက်ကြမည်ဟု သတင်းထုတ်ပြန်ချက်များက ဆိုသည်။
"တီဗီထဲမှာပဲ တွေ့နေရတဲ့ကိုရီးယားမင်းသမီးချောကို အပြင်မှာတကယ်တွေ့ရမယ်ဆိုတော့ ရင်တော့အခုန်သားဗျ" ဟုမြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီရုပ်မြင်သံကြားတို့မှ ပြသသည့် ကိုရီးယားဇာတ်လမ်းတွဲများကို နှစ်ခြိုက်စွာ ကြည့်ရှုအားပေးနေသည့် အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးကပြောကြားသည်။ ကိုရီးယားအမျိုးသမီး သရုပ်ဆောင် Lee Yooung Eun သည် မြန်မာပရိသတ်အကြိုက် Rain ပါဝင်သရုပ်ဆောင်ထားသော Full House (ချစ်စံအိမ်) ဇာတ်လမ်းတွဲတွင် အွန်စော၏ သူငယ်ချင်း ဂျီဂျီအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ သူမသည် တီဗီဇာတ်လမ်းတွဲ ၁၀ တွဲကျော်၊ ရုပ်ရှင်ဇာတ်ကားကြီး ၅ ကားရိုက်ကူးထားပြီး ၂၀၀၇ ခုနှစ်တွင် SBS မှ New Star Award ကို ရရှိခဲ့ကာ Dongduk Women's College မှ ဘွဲ့ရှိခဲ့သူဖြစ်သည်။ (The voice မှ ကူးယူဖေါ်ပြပါသည်)
Lee Young Eun ၏ အလှဓါတ်ပုံအချို့ကို ကူးယူဖေါ်ပြပေးပါသည်။






အပြည့်အစုံ (Read More)...