Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Saturday, May 12, 2012

Xchange viewer and Foxit Reader for PDF files


"Word file မှ pdf file, pdf file မှ jpg ဓါတ်ပုံ အပြန်အလှန်လိုသလိုသုံးနိုင်တဲ့ ပေါ့ပါးသွက်လက်တဲ့ program လေးမို့"

ဘွဲ့လွန်သင်တန်းတက်ရောက်နေကြတဲ့ မိတ်ဆွေတွေ မကြာခဏ မေးလာ လို့ အကူညီပေးရင်း ငါးကိုပေးမဲ့အစား ငါးမျှားနည်းလေး ပေးချင်ပေမဲ့ အချိန်ကိုငဲ့ကွက်ပြီး ငါးပဲ တစ်ခါချက်စီခွဲဝေပေးခဲ့ရတာ မနည်းတော့ပါဘူး။ ဒီတစ်ခါတော့ မမေးခင်ကထည်းက ငါးမျှားနည်းလေး ပေးချင်နေလို့။ ကိုယ်ချင်းစာမိလို့ပါ။ မိုက်ခရိုဆော့အော့ဖ်စ် ၀ါ့ဒ်ဖိုင်မှ ပီဒီအက်ဖ် ဖိုင်၊ ပီဒီအက်ဖ်မိုင်မှ ဓါတ်ပုံဖိုင်၊ ဓါတ်ပုံမှ ပီဒီအက်ဖ်၊ ပီဒီအက်ဖ် ဖိုင်တွေ ပေါင်းတာ ခွဲခြမ်းစိတ်ဖြာတာ အမျိုးမျိုး (ပီဒီအက်ဖ်ကို ၀ါ့ဒ်ဖိုင်တော့ အွန်စောလည်း လုပ်ကြည့်ဖြစ်သေးဘူး)လိုသလို ဖန်တီးနိုင်တဲ့ အလွန်မှ ပေါ့ပါးသွက်လက် လျှင်မြန်တဲ့ လက်နက်လေးမို့ မိတ်ဆွေတွေကို မျှဝေချင်နေတာပါ။ အင်္ဂလိပ်စာကျွမ်းကျင်တဲ့ အွန်စောမိတ်ဆွေတွေကို မိချောင်းမင်း ရေခင်းပြသလိုဖြစ်မှာစိုးလို့ ဘယ်လိုသုံးရတယ် ဆိုတာကိုတော့ လေမရှည်တော့ဘူးနော်။ လိုချင်သလိုလုပ်လို့ရတယ်ဆိုတာသိထားလျှင်ပဲ Xchange viewer ပရိုဂရမ်လေးအင်စတောလ်လုပ်ပြီး လိုက်ရှာလိုက်လျှင် အားလုံး သုံးတတ်သွားမှာပါ။ အွန်စောတော့ မိတ်ဆွေစီနီယာတစ်ယောက်အကူအညီနဲ့ adobe proextended 9 ကို ခိုးသုံးနေရာကနေ သူခိုးလူမိသွား ကထည်းက foxit reader ကိုသုံးဖြစ်လိုက်သေးတယ်။ သူက လည်း ဖရီးဒေါင်းလုပ်ပေးတယ်လေ။ ဒါပေမဲ့ Xchange viewer လောက်တော့ အသုံးမတည့်ဘူး။ foxit reader က pdf ကို ဖတ်ရုံ အက်ဒစ်လုပ်ရုံလောက်ပဲရတာလေ။ အဒိုဘီကို ၀ယ်မသုံးနိုင်သူတွေအတွက်တော့ အဒိုဘီကို စိန်ခေါ်နိုင်တဲ့ တကယ့်ကို သုံးစွဲသူတွေ စိတ်တိုင်းကျစေတဲ့ (အွန်စောအကြိုက်တွေ့နေတဲ့) ပရိုဂရမ်လေးပါ။ ကဲ ကြော်ညာတွေများနေပြီ။ သိချင် သုံးကြည့်။ လိုချင်ယူသွား လို့ပဲ -----------။ လိုရာခရီး အမြန်အရောက် တက်လှမ်းနိုင်ကြပါစေ----ချင်------။

Type rest of the post here

အပြည့်အစုံ (Read More)...

Wednesday, September 15, 2010

If You Want to Attend at Korean University?

"ကိုရီးယား မှာကျောင်းတက်မယ်ဆိုရင်။"


မေး ၁။ မည်သည့် စာရွက်စာတမ်းများတင်ပြရပါမည်လဲ။
ဖြေ ၁။ တက္ကသိုလ်အလိုက် သတ်မှတ်ထားသောလျှောက်လွှာပုံစံများအပြည့်အစုံဖြည့်စွက်ပြီး တောင်းခံထားသော
အမှတ်စာရင်းများကို နိုတြီပြုလုပ်တင်ပြရပါမည်။ အင်္ဂလိပ်စာအရည်အချင်း အမှတ်စာရင်းတောင်းခံပါက
မူရင်းဖြင့်ပေးပို့လျှောက်ထားရပါမည်။ (လျှောက်ထားမည့်ကျောင်းအလိုက် မှုလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္တသိုလ် အစရှိသော
အမှတ်စာရင်းအား နိုတြီပြုလုပ်ပြီး တင်ပေးရပါမည်။)

မေး ၂။ Korea မှာရှိတဲ့ကျောင်းတွေမှာပြည်ပကျောင်းသားတွေကိုလက်ခံပါသလား။ဘယ်မေဂျာတွေကို
လျှောက်ထားနိုင်ပါသလဲ။ အနုပညာကျောင်းကကောပြည်ပ
ကျောင်းသား တွေကို လက်ခံပါသလား။
ဖြေ ၂။ ကိုရီးယားမှာရှိသောကျောင်းများမှာ နိုင်ငံတကာကျောင်းသား ကျောင်းသူ မည်သူမဆို
(အရည်ချင်းပြည့်မှီပါက) လက်ခံပြီး၊ ဘာသာရပ်မျိုးစုံ အားလျှောက်ထားနိုင်ပါသည်။ လက်ရှိ
ကိုရီးယားအနုပညာ ကျောင်းတွင် တက်ရောက်နေသော မြန်မာ ကျောင်းသားကျောင်းသူများရှိပါသည်။

မေး ၃။ Korea မှာကျောင်းတက်ဖို့ ချိတ်ပေးတဲ့အေဂျင့်တွေမြန်မာနိုင်ငံမှာရှိပါသလား။
ဖြေ ၃။ အေဂျင့်များရှိပါသည် သိုသော် ယခုအခါ ကိုရီးယားအစိုးရကိုယ်တိုင် ပညာသင်ဆုပေးသော
အစီစဉ်များစွာရှိပါသည်။ Bachelor ဘွဲ့အတွက် Korean Language သင်ယူခွင့်တစ်နှစ်အပါအ၀င်
ပညာသင်ဆုကာလ ၅နှစ်၊ Master ဘွဲ့အတွက် စုစုပေါင်း ၃နှစ် နှင့် ပါရဂူဘွဲအတွက် ပညာသင်ဆုကာလ
၎နှစ် စသည်ဖြင့် နှစ်စဉ်ခေါ်ယူနေပါသဖြင့် ရန်ကုန်ရှိ ကိုရီးယားသံရုံသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မေး ၄။ သူတို့နိုင်ငံကတက္ကသိုလ်တွေကဘယ်နှစ်နစ်တက်ရပါသလဲ။
ဖြေ ၄။ တက္တသိုလ် ၄နှစ်၊ မဟာသိပ္ပံ/မဟာဝိဇ္ဇာတန်း ၂နှစ်၊ ပါရဂူဘွဲ့ ၃ နှစ်မှ ၅နှစ်ဖြစ်ပါသည်။

မေး ၅။ ၀င်ခွင့်ဖြေရပါသလား၊ ဘာမေဂျာတွေလျှောက်လို့ရပါသလဲ။ အခြားဘာတွေလို အပ်ပါသေးသလဲ။
ဖြေ ၅။ မေဂျာ ပေါင်းစုံ မိမိစိတ်ဝင်စားရာ ရွေးချယ်လျှောက်ထားနိုင်ပါသည်။ ကိုရီးယားအစိုးရပညာ
သင်ဆု လျှောက်ထားသူများမှာ ပညာသင်ဆုအတွက် ရန်ကုန်မြို့ရှိ ကိုရီးယားသံရုံးမှ ပဏာမရွေးချယ်
ခံရပါက သံရုံးတွင် လူတွေ့ Personal Interview ဖြေရပါသည်။ ကိုရီးယား ဘာသာစကား တတ်ကျွမ်း
သူများ နှင့် အင်္ဂလိပ်စာ ကျွမ်းကျင်သူများ အခွင့်သာပါသည်။ ကိုရီးယားရှိ မိမိတက်ရောက်လိုသော
တက္ကသိုလ်မှ ပါမောက္ခနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ပညာသင်ဆု လျှောက်ထားသူများ၊ မည်သူ့ထံမှ
ပညာသင်ဆုမတောင်းခံပဲ မိမိအစီစဉ်ဖြင့် တက်ရောက်လိုသူများ ဝင်ခွင့်မလိုအပ်ပါ၊ အသေစိတ်အား
ရန်ကုန်ကိုရီးယားသံရုံသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိင်ပါသည်။ ပညာသင်ဆုကို ဂျာနယ်များမှတစ်ဆင့်
လည်းကြော်ငြာလေ့ရှိလို့ ဂျာနယ်တွေမှာလည်း သတိထားရှာကြည့်နိုင်ပါတယ်။ အင်တာနက် အသုံးပြု
နိုင်ပါက http://www.niied.go.kr/ တွင်လည်း
မကြာမကြာသွားရောက်ဖတ်ရှုနိုင်ပါသည်။
(ရန်ကုန်မြို့ရှိ ကိုရီးယားသံရုံးသို့ ဖုန်း
01-527142~4 , Fax- 01-513286 ဖြင့်ဆက်သွယ်မေးမြန်း နိုင်ပါသည်။)

မေး ၆။ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကိုရီးယားဘာသာစကားဖြင့်ဘွဲ့မရခဲ့ပဲ အခြားဘွဲ့ရများကိုရော
လက်ခံပါသလား။

ဖြေ ၆။ မည်သည့်ဘွဲ့မဆို သတ်မှတ်ထားသောအရည်အချင်းများပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။

မေး ၇။ အနုပညာတက္ကသိုလ်နှင့်တစ်ခြားတက္ကသိုလ်တွေကလက်ခံပါသလား၊ ဘာတွေလိုအပ်ပါသလဲ။ အနုပညာသင်တန်းကျောင်းကကောပညာသင်ဆုပေးပါသလား။

ဖြေ ၇။ အနုပညာဖြင့် ဘွဲ့ရရှိမထားပါက မဟာဝိဇ္ဇာ ဆက်တက်ရန်ခက်ပါသည်။ နံမည်ကြီးကျောင်း အများ စုက အနုပညာဖြင့်
ပထမဘွဲ့ (Bachelor) ဘွဲ့ရမထား လျှင်လက်မခံပါ။ နယ်ကျောင်းအချို့ တွင်လက်ခံသည်ကိုတော့
ကြားဘူးပါသည်။ သို့သော် အခွင့်အရေးအလွန်နဲပါသည်။ အနုပညာကျောင်း များလည်း ထူးချွန်ပါက
ပညာသင်ဆုပေးပါသည်။

မေး ၈။ ပညာသင်ဆုမရသောကျောင်းသားတွေကောတက္ကသိုလ်ကျောင်းအားလုံးကို လျှောက်လို့ရပါ သလား။ အနုပညာကျောင်းတွေ ကောကျောင်းလျှောက်လို့ရပါသလားခင်ဗျာ။ ကျောင်းစရိတ်တွေလည်း
ပြောပြပေးပါခင်ဗျာ။အနုပညာကျောင်းရဲ့ကျောင်းစရိတ်ကောပြောပြပေးပါအုံးအစ်ကို။
ဖြေ ၈။ ပညာသင်ဆုမရရှိဘဲ မိမိစရိတ် ဖြင့်တက်မည်ဆိုပါက မည်သူမဆို မည်သည့်ကျောင်းမဆို
လျှောက်ထား နိုင်သော်လည်း ထိပ်တန်းတက္ကသိုလ်များ ၀င်ခွင့်ရရှိရန်မှာမူ ယှဉ်ပြိုင်မှုအလွန်များပါသဖြင့်
မိမိဘက်မှ အဘက်ဘက် ယှဉ်ပြိုင်နိုင်စွမ်းရှိရပါမည်။ မိမိစရိတ်ဖြင့် တက်ရောက်မည်ဆိုပါက
ကျောင်းစရိတ် နေစရိတ် အစစဈေးကြီးပါသည်။
တက္တသိုလ်- ၁နှစ် ကျောင်းစရိတ်
BA - ၃၆သိန်း(၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
BE - ၅၂သိန်း (၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
MA- ၅၂ သိန်း (၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
ME- ၇၀ သိန်း (၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
PhD- MA/ME ကျောင်းလခ အတူတူဖြစ်ပြီး ၃နှစ်နောက်ပိုင် ၅၀% ထပ်မံဈေးလျှော့ပေးပါသည်။

(ကိုရီးယားရောက် နှစ်ကြီးကျောင်းသား ကိုရဲမင်းဟိန်းမှ စေတနာထား၍ဖြေကြားပေးထားတာဖြစ်ပါတယ်။ဤအဖြေများသည်
ယေဘုယျအဖြေများဖြစ်ပါသည်။အကောင်းဆုံးအကြံပေးလိုသည်မှာ
မိမိတက်ရောက်လိုသောကျောင်း websiteသို့ သွားကြည့်ပါက သိလိုသမျှသတင်းအချက်အလက်များအားလုံးရယူနိုင်ပါသဖြင့်
အင်တာနက်အား အကျိုးရှိစွာ အသုံးချ စေလိုပါသည်။)(ကိုရီးယားရောက်မြန်မာကျောင်းသားများအသင်း မှ ကူယူဖေါ်ပြပါသည်)

Type rest of the post here

အပြည့်အစုံ (Read More)...

Sunday, October 18, 2009

Construction of Asia's Tallest Building Starts


The construction of the world's second tallest building starts in Seoul on Friday. The ground-breaking ceremony for the 133-story skyscraper tentatively called the DMC Landmark Tower will be held at Digital Media City in Sangam-dong, northwestern Seoul. Construction is to be completed in 2015.

Built on a 37,280 sq.m plot, the ultra high-riser will stand 640 m tall, the world's second tallest after the 160-story, 818m Burj Dubai being built by Korean developer Samsung C&T in the United Arab Emirates.

The DMC Landmark Tower will be 8 m taller than China's Shanghai Dragon, to be completed in 2014, becoming Asia's tallest building.

The 133rd floor of the DMC Landmark Tower will house an observatory 540 m off the ground, 66 m higher than the observatory of the Shanghai World Financial Center. The skyscraper will house a hotel, broadcasting facility, apartments, offices, a department store and a shopping mall.
The Chosun Ilbo မှ ကူးယူဖေါ်ပြပါသည်။


အပြည့်အစုံ (Read More)...