Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။
Showing posts with label General. Show all posts
Showing posts with label General. Show all posts

Saturday, May 12, 2012

Xchange viewer and Foxit Reader for PDF files


"Word file မှ pdf file, pdf file မှ jpg ဓါတ်ပုံ အပြန်အလှန်လိုသလိုသုံးနိုင်တဲ့ ပေါ့ပါးသွက်လက်တဲ့ program လေးမို့"

ဘွဲ့လွန်သင်တန်းတက်ရောက်နေကြတဲ့ မိတ်ဆွေတွေ မကြာခဏ မေးလာ လို့ အကူညီပေးရင်း ငါးကိုပေးမဲ့အစား ငါးမျှားနည်းလေး ပေးချင်ပေမဲ့ အချိန်ကိုငဲ့ကွက်ပြီး ငါးပဲ တစ်ခါချက်စီခွဲဝေပေးခဲ့ရတာ မနည်းတော့ပါဘူး။ ဒီတစ်ခါတော့ မမေးခင်ကထည်းက ငါးမျှားနည်းလေး ပေးချင်နေလို့။ ကိုယ်ချင်းစာမိလို့ပါ။ မိုက်ခရိုဆော့အော့ဖ်စ် ၀ါ့ဒ်ဖိုင်မှ ပီဒီအက်ဖ် ဖိုင်၊ ပီဒီအက်ဖ်မိုင်မှ ဓါတ်ပုံဖိုင်၊ ဓါတ်ပုံမှ ပီဒီအက်ဖ်၊ ပီဒီအက်ဖ် ဖိုင်တွေ ပေါင်းတာ ခွဲခြမ်းစိတ်ဖြာတာ အမျိုးမျိုး (ပီဒီအက်ဖ်ကို ၀ါ့ဒ်ဖိုင်တော့ အွန်စောလည်း လုပ်ကြည့်ဖြစ်သေးဘူး)လိုသလို ဖန်တီးနိုင်တဲ့ အလွန်မှ ပေါ့ပါးသွက်လက် လျှင်မြန်တဲ့ လက်နက်လေးမို့ မိတ်ဆွေတွေကို မျှဝေချင်နေတာပါ။ အင်္ဂလိပ်စာကျွမ်းကျင်တဲ့ အွန်စောမိတ်ဆွေတွေကို မိချောင်းမင်း ရေခင်းပြသလိုဖြစ်မှာစိုးလို့ ဘယ်လိုသုံးရတယ် ဆိုတာကိုတော့ လေမရှည်တော့ဘူးနော်။ လိုချင်သလိုလုပ်လို့ရတယ်ဆိုတာသိထားလျှင်ပဲ Xchange viewer ပရိုဂရမ်လေးအင်စတောလ်လုပ်ပြီး လိုက်ရှာလိုက်လျှင် အားလုံး သုံးတတ်သွားမှာပါ။ အွန်စောတော့ မိတ်ဆွေစီနီယာတစ်ယောက်အကူအညီနဲ့ adobe proextended 9 ကို ခိုးသုံးနေရာကနေ သူခိုးလူမိသွား ကထည်းက foxit reader ကိုသုံးဖြစ်လိုက်သေးတယ်။ သူက လည်း ဖရီးဒေါင်းလုပ်ပေးတယ်လေ။ ဒါပေမဲ့ Xchange viewer လောက်တော့ အသုံးမတည့်ဘူး။ foxit reader က pdf ကို ဖတ်ရုံ အက်ဒစ်လုပ်ရုံလောက်ပဲရတာလေ။ အဒိုဘီကို ၀ယ်မသုံးနိုင်သူတွေအတွက်တော့ အဒိုဘီကို စိန်ခေါ်နိုင်တဲ့ တကယ့်ကို သုံးစွဲသူတွေ စိတ်တိုင်းကျစေတဲ့ (အွန်စောအကြိုက်တွေ့နေတဲ့) ပရိုဂရမ်လေးပါ။ ကဲ ကြော်ညာတွေများနေပြီ။ သိချင် သုံးကြည့်။ လိုချင်ယူသွား လို့ပဲ -----------။ လိုရာခရီး အမြန်အရောက် တက်လှမ်းနိုင်ကြပါစေ----ချင်------။

Type rest of the post here

အပြည့်အစုံ (Read More)...

Wednesday, May 9, 2012

University New Gate (YAU)


"ဖေ့ဘုတ်မှာ မိတ်ဆွေတွေရဲ့ကွန်မင့်ကို ဖတ်ပြီး စိတ်ကူးရတာလေး ချရေးထားတာပါ။"



အရင်ကတော့ ကျွန်တော်လည်း ကိုတင်အောင်မိုးလို စိတ်ကူးနားလည်ခဲဖူးပါတယ်။ Institute ဆိုတာကို အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လို့ ဘာသာပြန်ပေးခဲ့တာကိုး။ အခုတော့ နားလည်းမှုတစ်မျိုးဖြစ်လာတယ်။ အခုကျွန်တော်တက်နေတဲ့ KNU (Kongju National University) မှာ campus သုံးခု မြို့သုံးမြို့မှာ college တွေခွဲထားတယ်။ အခုကျွန်တ်ာက College of Industrial Science အောက်က Plant Resources Department ရဲ့ Plant Genetics and Biotechnology laboratory မှာ ပညာသင်ယူနေရတယ်။ Plant Resources Department ဟာ College of Industrial Science အောက်မှာ ပရော်ဖက်ဆာငါးယောက်နဲ့ သီးခြားရပ်တည်နေတာဖြစ်တယ်။ Department of Horticulture ဆိုတာလည်းရှိတယ်။ ဟော်တီ ကလည်း ကျွန်တော်တို့ Plant R.D. လိုပဲ ပရော်ဖက်ဆာ ငါးယောက်နဲ့ သီးခြား ရပ်တည်နေတဲ့ ဌာနတစ်ခုပါ။

Institute ဆိုတာကိုတော့ ကျွန်တော် Gunsan မြို့ Gwanju မြို့တွေမှာ လေ့လာရေးသင်တန်း နှစ်လတာ တက်ရောက်ရင်း မြင်တွေ့ခဲ့ရတာတွေပါ။ အစိုးရမဟုတ်တဲ့ ကိုယ်ပိုင် (တစ်ဦးတည်းပိုင် သို့မဟုတ် ကုမ္ပဏီပိုင်) စီးပွားရေး လုပ်ငန်းတွေ မှာ သုံးထားတာ လာတွေ့ရတယ်။ Institute တစ်ခုမှာ ကိုယ်ပိုင် facility အပြည့်နဲ့ lab တစ်ခုရှိတယ်။ အပင်တွေကို ပြုစုစိုက်ပျိုးထားတဲ့ field (house) ရှိတယ်။ အဲဒါတွေကို ဈေးကွက်တင်ရောင်းတဲ့ ၀က်ဆိုက်တစ်ခုရှိတယ်။ သူတို့တစ်ဦးတစ်ယောက်ထည်း ထူထောင်ထားတဲ့ institute တစ်ခုဟာ ကျွန်တော်တို့မြန်မာပြည်က အစိုးရဌာနတစ်ခုကလုပ်နေတာထက် ပစ္စည်းပစ္စယ ပိုပြည့်စုံပီပြင်တယ်။ ဌာနတွေကိုစော်ကားတာမဟုတ်ပါဘူး။ တို့များလည်း ဖြစ်နိုင်လျှင် အရင်းနီးထဲ့ကြိုးစားကြဖို့ လိုမယ်လို့ ခံစားမိရလို့ပါ။ ချမ်းသာမှုအရ တစ်ဦးတည်း မတည်ထောင်နိုင်သေးတာတော့သေချာပါတယ်။ နိုင်ငံတော်အနေနဲ့ လုပ်သင့်တယ်လို့ လက်ခံလာလျှင် လုပ်စရာတွေ များတာကို မြင်မိတာပါ။ မည်သူ့စိတ်ကူးစိတ်သန်းကိုမှ ဆန့်ကျင်လိုခြင်းမဟုတ်ပါ။ မိမိစိတ်ကူးစိတ်သန်း လေးကို ချရေးခြင်းမျှသာဖြစ်ပါတယ်။



ခင်မင်စွာဖြင့်။


Type rest of the post here

အပြည့်အစုံ (Read More)...

Thursday, October 27, 2011

သီလရှင်လူထွက်???

အောင်မယ် ငါ့သမီးများ မယ်သိလရှင် လူထွက်တဲ့။

ဝေ ဟုတ်လား KyungHee မှာဘယ်သူရှိပါလိမ့် ငါတောင်မသိပါလား။ မြန်မာတွေ မခေါ်ဖြစ်ခဲပါဘူးကွာ ကျောင်းဖွင့်ရက် ကြီး အားနာပါတယ်။ ငါ့မှာ ကိုက်တစ်ယောက်အမြဲပါတယ်လေကွာ။ ဂျဲဂျုဒို ကိုလိုက်ပို့တဲ့တစ်ယောက်နဲ့ပဲ။ ထူးခြားတာက သင်တန်းနှစ်ခုလုံးလိုက်တက်တာ နိုင်ငံခြားသားဆိုလို့ ငါတစ်ယောက်ပဲပါတယ်။ teaching media ကို ဘာသုံးမလဲ စဉ်းစားသာကြည့်တော့။

အရင် နှစ်လကျော်လောက်က ဒဲဂျွန်း မှာ Fluidigm သင်တန်းသွားတက်တာ တစ်ယောက်ထည်းပဲ။ ဒဲဂျွန်းသားတစ်ယောက်အဖေါ်ထဲ့ပေးတာ။ သူ့ကားလေးနဲ့လိုက်ပို့တယ်။ လာကြိုတယ်။ ဒါပဲလုပ်တယ်။ သူလိုက်မတက်ဘူး။ အဖေါ်မပါတာသိတော့ ဆိုးလ်တက္ကသိုလ်က လာတက်တဲ့ စုံတွဲက မိတ်တွေဆက်လို့ ထမင်းလည်း သူတို့နှစ်ယောက်နဲ့ပဲ အတူစားဖြစ်လိုက်သေးတယ်။ နာမည်တွေတော့ မှတ်မိတော့ဘူး။ သူတို့လည်း DNA Biotech lab ကပဲတဲ့။

ဒီမှာတော့ တက်ရတဲ့သင်တန်းတွေမနည်းဘူး။ အီးလိုသင်တဲ့သန်တန်းရယ်လို့ တစ်ခါမှကိုမတက်ရဘူး။ ပါမောက္ခက တော့ ခေါ်ပါရဲ့။ သူတို့ပါမောက္ခတွေကြီးတက်ရတဲ့ သင်တန်းလည်း တစ်ခါကခေါ်လို့လိုက်တက်ရသေးတယ်။ ပြီးကြ သူ့လက်ကလူတွေကိုပြန်သင်ပေးရမယ်တဲ့။ ဘယ်ကလာ အီးလိုသင်တာလဲမဟုတ်တော့ အကုန်မရခဲ့ဘူးလေ တစ်ဝက်တစ်ပျက်ပဲရခဲ့တာ။ လုပ်ဖူးရုံ မြင်ဖူးရုံပဲ။ အဲဒါတော့ ပြန်မသင်ပေးတတ်ဘူးလို့ညင်းခဲ့ဘူးတယ်။ ခက်လို့တော့မဟုတ်ဘူး။ သူတို့ပေးတဲ့ ဆော့ဝဲလ်က ကိုရီးယားဘားရှင်းကြီးမို့လို့ ညင်းခဲ့တာပါ။ အီးလို ဘားရှင်းလိုက်ရှာလုပ်လျှင်ဖြစ်နိုင်ပါတယ်။ အဲဒါကတော့ Reference Maker လေ။ သူ့ကိုရီးယားကျောင်းသားတွေကို မသုံးဘူး။ ဒီလူပဲ လွတ် ဒီလူပဲ lab workshop လုပ်ပြန်သင်ပေးခိုင်းနေတာ။ ပင်ပန်းတယ်။ အခုလည်း ဆိုးလ်ကိုလွှတ်တာအလကားမဟုတ်ဘူး။ ပြန်သင်ပေးရမယ်တဲ့။ ဒါတော့လာခဲ့။ ဒေါက်တာညီကျေးဇူးကြောင့် ဒီသင်တန်းမတက်ခင် ၅ လလောက်ကထည်းက EndNote 3 ကို ထုံးလိုမွှေ ရေလိုနှောက်လာတာ။ အခုသင်တာကတော့ EndNote 5။ တို့ဓါတ်ခွဲခန်းမှာသုံးနေတာက EndNode4။ ၅ က ဖန်ရှင်တွေတော့ များလာတာပေါ့။ မခက်ပါဘူး။ နောက်တစ်ခုကလည်း အလွယ်လေးပါ။ အားလုံးသိပြီးဖြစ်မှာပါ။ SigmaPlot တဲ့။ ပုံဆွဲတဲ့ဟာ။ စပ်စုချင် အဲဒီနာမည်နဲ့သာရိုက်ရှာလိုက်။ Trial version ရှိတယ်။ ကျုပ်တို့ကိုလည်း Trial version နဲ့ပဲသင်ပေးတာ။ သင်တန်းကျေးကမိုက်တယ် ဆရာပေးတာမို့သာ တစ်ယောက်တစ်သိန်း။

Reference Maker နှင့် EndNote အသုံးက အတူတူပဲမို့ တစ်ခုရလျှင်အိုကေပါတယ်။ နှစ်ခုလုံးလေ့လာဖို့မလိုပါဘူး။ ဒီနှစ်ခုက ကိုယ့်ဘာသာမဟုတ်လို့စိတ်မ၀င်စားဘူးပြောစရာမရှိပါဘူး။ ပေပါရေးသူ မည်သူမဆို လိုအပ်တာပါ။ ဒါလေးကိုသုံးထားလျှင် ဂျာနယ်တွေမှာ ရီဗျူဝါတွေရဲ့ အထင်ကြီးမှု့ကို တစ်နည်း ဆွဲဆောင်ပါတယ်။ အားလုံးအသုံးဝင်ပါစေ။

အင်းလေပေါတာများသွားပြီ။

ဆောရီး။
ခင်မင်လို့ပါ။
(သူငယ်ချင်းတစ်ယောက်ထံ ပြန်ထားတဲ့အီးမေးလေးပါ။ ပို့အသစ်မရေးဖြစ်တာနဲ့ အီးမေးလေးကိုပဲ လာသိမ်းထားလိုက်တာပါ)

အပြည့်အစုံ (Read More)...

Wednesday, April 6, 2011

To Success


"အောင်မြင်သူနဲ့ ရှုံးနိမ့်သူ"

-မောင်ဝံသ-10,Feb,2011

လောကမှာ နိုင်သူနဲ့ရှုံးသူဆိုတာ ရှိစမြဲပါပဲဗျာ။ နိုင်သူ ရှုံးသူအကြားမှာ ဘာတွေကွာခြားသလဲဆိုတာကို စနစ်တကျလေ့လာချက်တစ်ခု ဖတ်လိုက်မိတာလေး ဖောက်သည်ချပါရစေ။ (ခုတလော ကိုယ်ပိုင်ဆောင်းပါး မရေးဖြစ်လို့ ဘာသာပြန် စာတစ်ပုဒ် ရေးပို့လိုက်ပါတယ်။)

၁။ အောင်မြင်သူတွေဟာ ဖြေရှင်းတဲ့နည်းတွေကို ဦးစားပေးရှာဖွေတယ်။

ရှုံးနိမ့်သူတွေဟာ ပြဿနာကိုပဲ အလေးထားပြီး ကြည့်တယ်။

၂။ အောင်မြင်သူတွေက တာဝန်ခံတယ်။ တာဝန်ယူတယ်။

ရှုံးသူတွေက တခြားလူတွေကို အပြစ်ဖို့တယ်။

၃။ အောင်မြင်သူတွေက အကျပ်အတည်းတွေ့ရင် ထွက်ရပ်လမ်းကို ရှာတယ်။

ရှုံးသူတွေက အကျပ်အတည်းတွေ့ရင် ညည်းညူနေဖို့ပဲ သိတယ်။

၎။ အောင်မြင်သူတွေက ပစ္စုပ္ပန်ကို တည့်တည့် ရှုတယ်။ အတိတ်ကို သင်ခန်းစာယူတယ်။

ရှုံးသူတွေက အတိတ်ကနေ မထွက်တော့ဘူး။

၅။ အောင်မြင်သူတွေက ကတိက၀တ်တွေ ပြုပြီးရင် ဘယ်အခြေအနေမျိုးဖြစ်စေ ကတိအတိုင်း လုပ်တယ်။

ရှုံးသူတွေက ကတိက၀တ် လွယ်လွယ်ပြုတယ်။ လွယ်လွယ်ဖောက်ဖျက်တယ်။

၆။ အောင်မြင်သူတွေက ထမြောက်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ စဉ်းစားတယ်။

ရှုံးသူတွေက ရှုံးတာကိုဆင်ခြေပေးဖို့ပဲ စဉ်းစားတယ်။

၇။ အောင်မြင်သူတွေက တစ်ဦးချင်း တိုးတက်မှုကို ဦးစားပေးတယ်။

ရှုံးသူတွေက တစ်ဦးချင်း တိုးတက်မှုကို ဥပေက္ခာပြုတယ်။

၈။ အောင်မြင်သူတွေက သူတို့ကြောက်ရွံ့တာကို ရင်ဆိုင်တယ်။/b>

ကြောက်တာကိုလက်ခံတယ်။ ကြောက်ရွံ့ခြင်းကနေ ခုန်ထွက်တယ်။ ရှုံးသူတွေက ကြောက်ရွံ့ခြင်းထဲမှာပဲ နေတယ်။

၉။ အောင်မြင်သူတွေက သူတို့ ရဲ့သာယာပျော်ရွှင်မှုနယ်မြေကို တိုးချဲ့တယ်။

ရှုံးသူတွေက သူတို့ရဲ့သာယာပျော်ရွှင်မှု နယ်မြေလေးထဲမှာပဲ ကျေနပ်နေတယ်။

၁၀။ အောင်မြင်သူတွေက အရေးယူဆောင်ရွက်မှုကို တစ်သမတ်တည်း ပြုတယ်။

ရှုံးသူတွေက ခုတစ်မျိုး တော်ကြာတစ်မျိုး ပြုတယ်။

၁၁။ အောင်မြင်သူတွေက အရှုံးကို သူ့အတိုင်း လက်ခံတယ်။ အရှုံးကနေသင်ခန်းစာယူတယ်။

ရှုံးသူတွေက အရှုံးကိုကြောက်တယ်။ အရှုံးကိုရှောင်တိမ်းဖို့ အချည်းနှီး ကြိုးစားတတ်တယ်။

၁၂။ အောင်မြင်သူတွေက သူတို့လိုချင်တဲ့ ရလဒ်ကို မရသေးရင် မတူကွဲပြားတဲ့ မဟာဗျူဟာတွေနဲ့ ကြိုးစားတယ်။

ရှုံးသူတွေက ကွဲပြားခြားနားတဲ့ ရလဒ်ရဖို့ မျှော်မှန်းပြီး တစ်မျိုးတည်းသော နည်းလမ်းနဲ့ ထပ်ခါတလဲလဲ ကြိုးစားတယ်။

၁၃။ အောင်မြင်သူတွေက ရည်မှန်းချက် ပန်းတိုင်တွေကို သတ်မှတ်တယ်။

ရှုံးသူတွေက ပန်းတိုင်မထားဘူး။

၁၄။ အောင်မြင်သူတွေက စီမံကိန်းနဲ့ လုပ်တယ်။

ရှုံးသူတွေက စီမံကိန်းကို ပစ်ပယ်တယ်။

၁၅။ အောင်မြင်သူတွေက သူတို့မှာ လေ့လာဆည်းပူးစရာတွေ အများကြီးရှိနေသေးတယ်လို့ ခံယူတယ်။

ရှုံးသူတွေက သူတို့သိတာ နည်းနည်းလေးကို အများကြီးထင်ပြီး ကိုယ့်ကိုယ်ကို ပါရဂူ တစ်ယောက်လို့ ထင်နေတယ်။

၁၆။ အောင်မြင်သူတွေက ကိုယ့်ကိုယ်ကို နှိမ့်ချတယ်။

ရှုံးသူတွေက ၀င့်ဝါတယ်။

၁၇။ အောင်မြင်သူတွေက မိမိအရည်အသွေးကို ဆက်ကာဆက်ကာ သွေးနေတယ်။

ရှုံးသူတွေက အရည်အသွေးမြှင့်ဖို့ သိပ်အလေးမထားဘူး။


၁၈။ အောင်မြင်သူတွေက အောင်မြင်လေအလုပ်ပိုလုပ်လေ။

ရှုံးသူတွေက နည်းနည်းလေးဟန်ကျပြီဆိုတာနဲ့ အလုပ်ကိုသက်သာခိုတယ်။

၁၉။ အောင်မြင်သူတွေက သူတို့လုပ်တဲ့ အလုပ်မှန်သမျှကို စိတ်ရောကိုယ်ပါနှစ်ပြီး အကောင်းဆုံးလုပ်တယ်။

ရှုံးသူတွေက ၀တ်ကျေတန်းကျေ လုပ်လေ့ရှိတယ်။

၂၀။ အောင်မြင်သူတွေက ပန်းတိုင်ရောက်အောင် အဆုတ်မနစ် ကြိုးစားတယ်။

ရှုံးသူတွေက လမ်းတစ်ဝက်မှာ အတားအဆီးပေါ်လာရင် လက်လျှော့လိုက်တာပဲ။

၂၁။ အောင်မြင်သူတွေကသူတို့အချိန်ကို တန်ဖိုးရှိရှိသုံးတယ်။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အထောက် အကူဖြစ်စေမယ့် ကိစ္စမျိုးတွေကိုပဲလုပ်တယ်။

ရှုံးသူတွေက အလဟဿကိစ္စမျိုးတွေမှာ အချိန်ကုန်ခံတယ်။

၂၂။ အောင်မြင်သူတွေက နေ့လယ်အိပ်မက် မက်တယ်။/b>

ရှုံးသူတွေက အိပ်ယာထဲမှာ အိပ်မက် မက်တယ်။

၂၃။ အောင်မြင်သူတွေကဖြစ်နိုင်ခြေ ယုတ္တိတွေကို စဉ်းစားတယ်။

ရှုံးသူတွေက အတားအဆီးအဟန့်အတားတွေကိုပဲ စဉ်းစားတယ်။

၂၄။ အောင်မြင်သူတွေက သေချာတယ်။

ရှုံးသူတွေက သံသယများတယ်။

၂၅။ အောင်မြင်သူတွေက သူတို့ပန်းတိုင်ကို သူတို့ပြဠာန်းတယ်။

ရှုံးသူတွေက ကံကြမ္မာကို ယိုးမယ်ဖွဲ့တယ်။

၂၆။ အောင်မြင်သူတွေက သူတို့အယူထက် အပေးကပိုများတယ်။

ရှုံးသူတွေက အပေးထက်အယူကပိုများတယ်။

၂၇။ အောင်မြင်သူတွေက လူအုပ်ဟာ လမ်းမှန်အတိုင်း သွားနေတာဟုတ်ရဲ့လား ကြည့်တယ်။ လမ်းမှန်ကိုသွားနေတာ မဟုတ်ရင် သူ့ဘာသာ လမ်းမှန်ကို ရှာပြီး ခွဲထွက်တယ်။

၂၈။ အောင်မြင်သူတွေက စဉ်းစားတယ်။ ဦးဆောင်တယ်။

ရှုံးသူတွေက မစဉ်းစားဘူး။ နောက်ကပဲလိုက်တယ်။

၂၉။ အောင်မြင်သူတွေက နားထောင်တယ်။

ရှုံးသူတွေက ကိုယ်ကပြောဖို့ အခွင့်အရေးပဲ ချောင်းနေတယ်။

၃၀။ အောင်မြင်သူတွေက ပိုပြီးကောင်းတဲ့နည်းလမ်းတွေကို အမြဲတမ်းရှာဖွေတယ်။

ရှုံးသူတွေက နည်းတစ်နည်းတည်းကိုပဲ ပုံသေကားကျပ် လုပ်ချင်တယ်။

၃၁။ အောင်မြင်သူတွေက နှီးနှောဖလှယ်ပွဲတွေ၊ သင်တန်းတွေမှာ အကုန်ကျခံပြီး မိမိကိုယ်မိမိ တိုးတက် အောင်လုပ်တယ်။

ရှုံးသူတွေက နှီးနှောဖလှယ်ပွဲတို့၊ သင်တန်းတို့ဆိုတာ ပိုက်ဆံဖြုန်းတီးတာလို့ ယူဆတယ်။

၃၂။ အောင်မြင်သူတွေက တခြားလူတွေကိုလည်း အောင်မြင်မှုရအောင် ကူညီတယ်။

ရှုံးသူတွေက သူတစ်ပါးကို ကူညီဖို့ထက် မိမိအတွက် အကျိုးရှိမှာကိုပဲ ကြည့်တယ်။

၃၃။ အောင်မြင်သူတွေက သူတို့လိုပဲ စိတ်တူကိုယ်တူလူတွေကို ပေါင်းပြီးပို၍ မြင့်မားတဲ့အဆင့်ကို တက်လှမ်းတယ်။

ရှုံးသူတွေက သူတို့လိုပဲ စိတ်တူကိုယ်တူလူတွေကို ပေါင်းပြီး အရှုံးထဲကို အပြန်အလှန်ဆွဲချနေကြပါလေ ရော။

မောင်ဝံသ
ပြည်သူ့ခေတ်ဂျာနယ် အတွဲ၁ အမှတ် ၃၀ မှ
၁၀ ဖေဖော်ဝါရီ - ၂၀၁၁

အပြည့်အစုံ (Read More)...

Tuesday, December 8, 2009

Birthday


Birthday ဆိုလို့ တစ်ခြားမတွေးလိုက်ပါနဲ့ ၊ တစ်ခြားမဟုတ်ပါဘူး မနေ့က အွန်စောအခုတက်ရောက်ပညာသင်ယူနေတဲ့ တက္ကသိုလ်ရဲ့ပါမောက္ခချုပ်ပေါ့ မြန်မာအခေါ်တော့ အီးလိုတော့ (Dean)၊ ကကြီးလိုတော့ (학장) ရဲ့မွေးနေ့ပါ။ ဘာလို့သူ့မွေးနေ့ကို ပြောပြချင်တာလဲဆိုတော့ နည်းနည်းထူးခြားလို့ပါ။ အွန်စောက အခုလို ပါမောက္ခချုပ်ရဲ့မွေးနေ့ဆိုပြီး တစ်ခါမှ ညစာ (Dinner) ဖိတ်ကျွေးတာမျိုး မစားခဲ့ဖူးဘူးလေ။ ဆရာ ပါမောက္ခချုပ်က သူ့ကျောင်းမှာ ရှိတဲ့ (ဒီကင်းပါစ်မှာပေါ့) ပြည်ပကလာတက်တဲ့ ကျောင်းသားတွေအားလုံးကို အပြင်ခေါ်ပြီး ညစာနဲ့ တည်ခင်းဧည့်ခံတာပါ။ အွန်စောတို့ YAU Rector လည်း ပြည်ပကလာတက်တဲ့ကျောင်းသားရှိလျှင်တော့ ဒီလိုပဲခေါ်ကျွေးမယ်ထင်ပါတယ်နော့။ အွန်စောတို့ကို တော့ တခါမှ မကျွေးဘူးတော့ သူ့မွေးနေ့လည်း သတိမထားမိလိုက်ပါဘူး။ ဟီး။( ဆရာကြီးကန်တော့နော်။ လွန်တာရှိလျှင် ၀န္ဒာမိပါ၏။) ကံဆိုးစွာပဲ ကင်မရာ ပါမလာလို့ ဓါတ်ပုံမှတ်တမ်းမတင်ခဲ့လိုက်ရဘူး။ ဆရာကတော့ မေးရှာပါတယ်။ ဓါတ်ပုံရိုက်မယ် ရိုက်မယ်နဲ့ ဘယ်ကျောင်းသားမှ ကင်မရာတစ်လုံးမှပေါ်မလာဘူး။ ဆရာကြီးနဲ့ ပြည်ပကျောင်းသားများအဖွဲ့ မှတ်တမ်းမတင်လိုက်ရတာ နှမျောလိုက်မိပါသေး။ အင်း---ဒါပေမဲ့ ပြည်ပကျောင်းသားများလို့ ပြောမဲ့အစား တရုတ်ကျောင်းသားများလို့များပြောသင့်မလားမသိဘူးနော်။ ကျောင်းသားအားလုံး (၂၂) ယောက်မှာ ထူးထူးခြားခြား Food Science Technology က ထိုင်းမလေး နှင့် Plant Genetic Resources Dept က အွန်စောကလွဲလျှင် ကျန်တာတွေက အကုန် တရုတ်တွေချည်းပဲ။ အော် တရုတ်တွေ၊ တရုတ်တွေ ဒါလောက် လူဦးရေလျှော့ချရေး၊ တစ်အိမ်ထောင်ကလေးတစ်ယောက် စနစ် ကျင့်သုံးနေတာတောင် လူတွေက ပေါလှတုန်းပါလား။ ဘယ်နေရာသွားသွား ဒီကိုရီးယားမှာတော့ ဒုတိယ လူဦးရေအများဆုံးလူမျိုးဖြစ်နေတယ်ထင်တယ်။ ဂျန်ပန်တို့ ဖိလစ်ပိုင် တို့တောင် ဒီလောက်မတွေ့ရဘူး။ အွန်စောကတော့ လေကိုရှည်တယ် ပြောစရာမရှိကြံဖန်ပြောနေတယ်လို့ တွေးထင်နေကြလားမသိဘူး။ အွန်စောလည်း သိတာလေးပဲပြောပြရတာလေ။ ကျန်တာတွေ အွန်စောမှမသိတာ။ ဒါပဲနော်။ နောက်လည်း လာလည်နော်။ တတာ။ ဘိုင်းဘိုင်။



အပြည့်အစုံ (Read More)...

Thursday, November 5, 2009

Love is The Most Important (Story)


A woman came out of her house and saw 3 old men with long white beards sitting in her front yard. She did not recognize them. She said "I don't think I know you, but you must be hungry. Please come in and have something to eat."

"Is the man of the house home?", they asked.












"No", she replied. "He's out..."

"Then we cannot come in", they replied.
In the evening when her husband came home, she told him what had happened...
"Go tell them I am home and invite them in!"
The woman went out and invited the men in"

"We do not go into a House together," they replied.












"Why is that?" she asked.

One of the old men explained: "His name is Wealth," he said pointing to one of his friends, and said pointing to another one, "He is Success, and I am Love." Then he added, "Now go in and discuss with your husband which one of us you want in your home."

The woman went in and told her husband what was said. Her husband was overjoyed. "How n ice!!", he said. "Since that is the case, let us invite Wealth.. Let him come and fill our home with wealth!"

His wife disagreed.. "My dear, why don't we invite Success?"

Their daughter was listening from the other corner of the house. She jumped in with her own suggestion: "Would it not be better to invite Love? Our home will then be filled with love!"

"Let us heed our daughter's advice," said the husband to his wife.
"Go out and invite Love to be our guest."
The woman went out and asked the 3 old men, "Which one of you is Love? Please come in and be our guest."

Love got up and started walking toward the house. The other 2 also got up and followed him. Surprised, t he lady asked Wealth and Success: "I only invited Love, Why are you coming in?"

The old men replied together: "If you had invited Wealth or Success, the other two of us would've stayed out, but since you invited Love, wherever He goes, we go with him. Wherever there is Love, there is also Wealth and Success!!!!! !"












MY WISH FOR YOU...
-Where there is pain, I wish you peace and mercy.
-Where there is self-doubting, I wish you a renewed confidence in your ability to work through it.
-Where there is tiredness, or exhaustion, I wish you understanding, patience, and renewed strength.
-Where there is fear, I wish you love, and courage.
အီးမေးမှရရှိသော Story ကို သဘောတွေ့၍မျှဝေခြင်းဖြစ်ပါသည်။



အပြည့်အစုံ (Read More)...

Thursday, October 29, 2009

The Way To Success


You must take the first step to win any race.
The first step will take some effort and maybe some pain.
But after that, everything you have to do is real - life movement.
Once you're moving you must keep moving.

Create a definite plan for carrying out your desires
and begin at once, whether you're ready or not,
to put your plan into action.

If you can get up the courage to begin,
you have the courage to succeed.
You can only fail if you fail to start.

Winning starts with beginning.



အပြည့်အစုံ (Read More)...

Sunday, October 25, 2009

Autumn Feeling






အော်ပတ်ဝန်းကျင်တစ်ခုလုံးလည်း အချိန်အခါ၊ ရာသီစက်ကွင်းအလိုက် အရောင်တွေပြောင်းလဲကုန်ပါရောလား။ ရောက်စက မြင်တွေ့ခဲ့ရတဲ့ စိမ်းစိုလမ်းဆန်း၊ အသီးတွေ ဝေဆာနေတဲ့ ဒီဝန်းကျင်က အပင်လေးတွေ၊ အပင်ကြီးတွေ အခုတော့ အ၀ါရောင်မက၊ အနီ၊ အမဲ ပြောင်းလဲ နေကြပါရောလား။ စာရေးဆရာ၊ ကဗျာဆရာတွေစာသီတဲ့ ယော်ရွက်ဝါကြွေကြလို့ မြေခ တဲ့အချိန်တဲ့။ ဒီရာသီရဲမြင်ကွင်းက စိတ်ခံစားချက်တွေထွေပြားစေပါလား။ တနှစ်တာလုံး အစာချက်ပြီး တပင်လုံးကို ထောက်ပန့်ပေးခဲ့တဲ့ တစ်ချိန်က စိမ်းစိုဝေဆာနေတဲ့ အရွက်တွေ ဒီချိန်မှာစိမ်းရာက၀ါ၊ ၀ါရာက နီ၊ နီရာက မဲ၊ မဲရာမှ ကြွေ၊ ကြွေရာက ခြောက်၊ လွင့်ပျောက်ကြရတာ့မှာပါလား။ မိခင်အပင်ကြီးကို စွန်ခွာရက်လေတယ်လို့ အရွက်ကလေး ကြေကွဲဝမ်းနည်းနေမလား။ အမှန်တော့ သံသရာဆိုတဲ့ မမြဲသောတရားက သက်သေပြနေတာရယ်ပါ။ တစ်ချိန်မှာ တို့ဘ၀တွေလည်း ကြွေကျလို့ မြေခရအုံးမှာပါလားရယ်လို့ ၀မ်းနည်းနေလို့ကော ထူးလားမှာတဲ့လား။
အွန်စောကတော့ ဒီလိုပဲမြင်လိုက်တယ်။ အော် မိခင်အပင်ကြီးက ပြင်းထန်လှတဲ့ အအေးဒဏ်ကို ကြံကြံခံကျော်ဖြတ်နိုင်ဘို့သူ့ရဲ့ ရင်နစ်သည်းချာ သား၊သမီးရတနာလို့ ခေါ်ဆိုနိုင်တဲ့ သစ်ရွက်လေးတွေကို မလွှဲမရှောင်သာ စွန့်ခွာနေပါလား၊ လုပ်သင့်လုပ်ထိုက်တာကို စွန့်စွန်စားစား ရက်ရက်စက်စက် ဆုံးဖြတ်ချက်ချကာ ရဲရဲကြီး ဆောင်ရွက်နေပါလား၊ ဒီလိုမှ မစွန်စား မရက်စက်ပဲ သံရောစဉ်ဝင်ခင်တွယ်နေလျှင် ကျရောက်လာမဲ့ ဆောင်းနှင်းဒဏ်ကြောင့် ခံစားရမဲ့ အရွက်များစွာရဲ့ဝေဒနာကို မခံစားနိုင်ပဲ တစ်ပင်လုံးပျိုလဲရမှာကို ကြိုတင်တွေးခေါ်၊ အမျှော်အမြင်ကြီးလှချေလား ရယ်လို့ ဒီပတ်ဝန်းကျင်ကအပင်တွေကို ကြည့်ပြီး အံသြနေမိတယ်လေ။ အမှန်တော့ မကြာခင်ရောက်လာတော့မဲ့ ပြင်းထန်တဲ့ဥတုရာသီရဲ့ ရိုက်ချက်ကို ရင်ကော့ခံနိုင်ဘို့ အားအင်စုစည်းပြီး အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေတာရယ်ပါ။ အွန်စောတို့ကို သင်ခန်းစာပေးနေသလိုပါပဲ။ တကယ်တော့ သူလည်း ခွဲခွာချင်မယ်မထင်ပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ကြွေလွင်ခံရတဲ့ အရွက်လေးတွေအနေနဲ့လည်း နောင်တစ်ချိန်မှာ ရွက်သစ်တွေဝေ၊ အသီးတွေ အစီအရီနဲ့ ဒီဝန်းကျင်ကို အလှဆင်ကြအုံးမည့် အနာဂါတ်ကိုမျှော်တွေးပြီး၊ ကြည်ကြည်နူးနူးနဲ့ လေဟုန်စီးပြီး ဟိုးအဝေးကို ရှောင်ပေးသင့်တယ် မဟုတ်ပါ လား--- ။ --- (မနေရလို့--ကြွေပေးရလျှင်တောင်၊(နီးခွင့်မရလို့ မလွဲမရှောင်သာ ဝေးနေကြရလျှင်တောင်) အပြုံးမပျက်ပဲ၊ ကြည်နူးဝမ်းသာနိုင်ပါစေ----)။

ရှေ့သို့
ယောက်ကျားပီပီ၊ အာဇာနည်စိတ်
လန့်ထိတ်မရှိ၊ နောက်မတွန့်ပဲ
စွန့်စွန့်စားစား၊ ငါလျှင်သွားမည်
ကျားကို ခလုတ်၊ ဆူးကိုမွေ့ရာ
ကဲ့ပမာထား၊ ဘာဆိုဘာမှ
လုံးဝမမှု၊ ဂရုမစိုက်
ငါသွားခိုက်ဝယ်၊ ကြုံကြိုက်ဘေးရန်
ငါတွန်းလှန်၍၊ အမြဲပန်းတိုင်ရောက်စေမည်။

(ဤကဗျာကို ဘလော့တစ်ခုမှ ကူးယူဖေါ်ပြပါသည်။ ကူးယူထားတာ ကြာနေသည့်အတွက် လိပ်စာမမှတ်မိတော့တာခွင့်လွှတ်ပါ)




အပြည့်အစုံ (Read More)...

Monday, October 12, 2009

HTMLသင်ခန်းစာ။ Link ပေးတာပါ၊ အောက်ကပုံလေးကို နှိပ်လိုက်ပါ။





အပြည့်အစုံ (Read More)...

Monday, September 21, 2009

Quotable Quotes

မေးထဲက ရတာနဲ့ ကြိုက်လို့တင်ထားလိုက်တာပါ။





အပြည့်အစုံ (Read More)...