Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။
Showing posts with label Korean Food. Show all posts
Showing posts with label Korean Food. Show all posts

Monday, January 23, 2012

"Take me Home"

မြန်မာနိုင်ငံမှ ပညာတော်သင် ပါရဂူကျောင်းသူ မအေးအေးသွယ် (အေးအေးတယ်ရှီ) မှ ကိုရီးယားဟင်း (မီနာရီ ဒွင်ဂျမ်းကြိကယ် ဟင်း) ချက်ပြုတ်ပြီး သူငယ်ချင်းများကို ဖိတ်ခေါ်ကြွေးမွေးသလို မြန်မာဟင်းတစ်မျိုးဖြစ်တဲ့ ကြာဇံဟင်းခါးလေး အရသာလည်း မြည်းစားကြည့်စေခဲ့ပါတယ်။ အိမ်ရှင် မိတ်ဆွေ လည်းဟုတ် ဆရာလည်းဟုတ်၊ စီနီယာ ဘီအေဂျီတစ်ယောက်အိမ်မှာ စိတ်တိုင်းကျ စီမံချက်ပြုတ်ခွင့်ရတဲ့ အခွင့်အရေးဟာလည်း လူတိုင်းမရနိုင်တဲ့၊ မလွယ်ကူတဲ့ အခွင့်အရေးလေးပါပဲ။ နောက်ဆုံး ပိတ် သီချင်းလေးကလည်း မိမိမွေးရပ်မြေ၊ မိသားစု နဲ့ဝေးကွာနေကြရသူများအတွက် တမင်ရွေးခြယ် ထားလေသလား။ "Take me Home" အိမ်ပြန်ချင်တယ် တဲ့။ သူငယ်ချင်းတို့လည်း အိမ်မပြန်ချင်သူရှိမယ်မထင်ပါဘူး။ အခုလို ပြည်ပမှာ အခြေအနေအရပ်ရပ်ကြောင့် စွန်စား နေကြရသော အွန်စောတို့ တစ်တွေ အတွက် အိမ်လွမ်းစရာလေးတွေဖြစ်သလို၊ စွန်စားရကျိုးနပ်အောင် မြန်မာဆိုတာလေး တစ်ခုခု လုပ်ပြနိုင်ခြင်းအတွက် သူငယ်ချင်း အေးအေးတယ်ရှီ (မအေးအေးသွယ်) ကို အွန်စောတို့ မြန်မာ တစ်ဖွဲ့လုံးကိုယ်စား ဂုဏ်ယူလျှက်ပါလို့ ပြောကြားရင်း ဒီမှာလာပြီး အမှတ်တရလေး သိမ်းထားလိုက်ပါရစေနော်။ ဝေဖန်ရေးသမားလုပ်ရမယ်ဆိုလျှင် မအေးအေးတယ် သူငယ်ချင်း ဗီယက်နမ် ကောင်လေးနဲ့၊ တရုတ်မလေးက ပြောသွားတဲ့ မြန်မာဝတ်စုံလေးနဲ့ အေးအေးတယ်က အမျိုးသားတစ်ယောက်လို ခန့်ချောကြီးပါတဲ့။ ဟဲ---ဟဲ---။ ဒဲဂျွန်းမြို့ ချွန်းနန် တက္ကသိုလ်က မြန်မာမလေးကတော့ နာမည်အသစ်ရလိုက်ပါပြီ။ ခန့်ချောကြီးနဲ့ အေးအေးတယ်ရှီ တဲ့။ ခင်မင်စွာသော မိတ်ဆွေများလည်း အားပေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ဗွီဒီယိုဖိုင်ကိုတော့ ဒီမှာပဲ သွားကြည့်လိုက်တော့နော်။ ဘလော့မှာတင်တာမရဘူးဖြစ်နေလို့။

အပြည့်အစုံ (Read More)...

Monday, August 9, 2010

Korean Palace and Kimchi Museum

"ကိုရီးယားနန်တော်နှင့် ကင်ချိပြတိုက်သို့အလည်တစ်ခေါက်"

မနေ့က ဂျပန် တိုကျိုစိုက်ပျိုးရေးနှင့်နည်းပညာတက္ကသိုလ် (Tokyo University of Agri.& Tech) က နေ ကိုရီယားနိုင်ငံ KyungHee National University Global Campus သို့လာရောက် စာတမ်းဖတ်မဲ့ သူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရင်း ရောက်တုန်းရောက်ခိုက် ကိုရီးယား နန်းတော် နှင့် ကင်ချိ ယဉ်ကျေးမှုပြန်တိုက်ကို သွားလည်ဖြစ်ခဲ့တာလေး ဓါတ်ပုံမှတ်တမ်းလေးတွေတင်ထားချင်လို့ပါ။ မိတ်ဆွေနှင့်အတူပါလာတဲ့ ဂျပန်မလေးတွေ (နာမည်တွေတော့မှတ်မိဘူးဗျ)နှင့် ဖိလစ်ပိုင်မလေးတွေကတော့ တယ်ချောပဲဗျ။ အဲဒီကြားထဲမှာကိုယ်တို့သူငယ်ချင်းတစ်ယောက်ကလည်း တကယ်ကိုထင်ထင်ပေါ်ပေါ်ပဲ။ မထင်ပေါ်ပဲနေရရိုးလား ပွင့်လိုကိုယ်လုံးနဲ့လေ။ ဟား----ဟား-----ဟား----။ မဆွေရေ ဆော်ရီးနော်။ အမှန်အတိုင်းပြောမိသွားတာ။ တကယ်တော့လည်း ၀ မှလှ တယ်ဆိုတာရှိသားပဲနော့။
ဒါက နန်းတော်အ၀င်ဝလေ။ ဒါကတော့ အတွင်းထဲတစ်နေရာမှာပေါ့။

ဒါလေးကလည်း အတွင်းစောင်းတန်းလေ။

ဒါကတော့ ကင်ချိပြခန်းက ပြကွက်တစ်ချို့လေ။ သူတို့ ငရုပ်သီးလေးရဲနေအောင်နယ်ပြီး အချဉ်နှပ်လိုက်တာအကုန်လုံးကို ကင်ချိခေါ်တာဆိုတော့ ကင်ချိ အမျိုးပေါင်း ၃၀၀ ကျော်တယ်ဆိုပဲ။


ဒါကကင်ချိသိပ်တဲ့အိုးတွေတဲ့လေ။

ဒါက သူငယ်ချင်းရဲ့သူငယ်ချင်းချောချောလေးတွေလေ။


ဓါတ်ပုံကမကောင်းဘူးဖြစ်နေတယ်။ သူများကင်မရာနဲ့ရိုက်ပေးတာမှစုံမယ်။ သူတို့ဆီကရမှ ထပ်တင်ထားမယ်နော်။ အားလုံးကျန်းမာပျော်ရွှင်ပါစေ။ ။

အပြည့်အစုံ (Read More)...

Tuesday, January 12, 2010

Bakery (Corn flakes)

စားကြအုံးမလားပေါက်ပေါက်ဆုပ်။





















ဒီကနေ့ ဈေးထဲသွားလိုက်တာ အရင်ကသတိမထားမိခဲ့လို့လား တစ်ခါမှမမြင်ဘူးသေးတဲ့ အမြန်လုပ် ကလေးသွားရည်စာလို့ပြောမလား။ ပေါက်ပေါက်ဖေါက်နေတာကို တအံတသြတွေ့ခဲ့ရတယ်။ အွန်စောတို့ငယ်ငယ်ကမြင်ဘူးခဲ့တဲ့ မြန်မာပြည်က(နယ်မှာပေါ့လေ)ဖေါက်တာနဲ့မတူးဘူး။ ငယ်ငယ်တုန်းက ဖေဖေမေမေတို့နဲ့ အိပ်ယာဝင် စကာထားဝှက်ခဲ့တဲ့ အဖြေဒီမှာတော့ မှားတယ်လို့ ဖေဖေ့ကိုညင်းနိုင်ပြီ။ ဘာတဲ့-- "တောင်သုံးလုံးပေါ်အော်တက်တဲ့ကျား---ဘုရားပွဲရှိမှကြား---ထန်းလျှက်နဲ့တွဲစား"---တဲ့။ အဲဒီစကားထာရဲ့အဖြေက ပေါက်ပေါက်ဆုပ်တဲ့။ ဘာဆိုင်လို့လဲဆိုတော့ ဆိုင်တာပေါ့တဲ့။ တောင်သုံးလုံးဖြစ်တဲ့ ဖိုခနောက်သုံးခုပေါ်မှာ သံဒယ်အိုးကြီးကို ကျကျနနတည်---အောက်ကမီးပူပေး---ပြောင်းဖူးစေ့ ဒါမှမဟုတ် ကောက်ညင်းစပါးစေ့တွေထဲ့---အပေါ်က စကောကြီးကြီးနဲ့ အုပ်---တစ်ယောက်က ယောင်းမကြီးနဲ့ အသာ စကောလေးမ မ ပြီး မွှေပေးနေတာ--- တစ်ဖြောင်းဖြောင်းနဲ့ အော်တက်နေတာတဲ့လေ။ ပြီးတော့ အဲလိုလုပ်တာကလည်း ---ဘုရားပွဲရှိမှ မုန့်ပဲသွားရည်စာအဖြစ်လုပ်ကြတာကိုး။ သူ့ကို စားကောင်းအောင်၊ လုံးလို့ရအောင်က ထန်းလျှက် တင်လဲရည် ဒါမှမဟုတ် သကာရည် တစ်ခုခုနဲ့ ဆုပ်နယ်ရတာကိုး။ အဲဒီတော့ သူ့အဖြေက ဟုတ်နေတာပေါ့။ ဒီမှာက အဲလိုဘယ်ဟုတ်တော့လို့လည်း ပုံမှာမြင်တဲ့အတိုင်းပဲ ကုန်ကြမ်းတွေကို သံခွက်ထဲကိုထည့် ---အခိုင်အမာပိတ်---အောက်ကမီးပူပေး---အင်းဒါတော့နည်းနည်းတူသလိုပဲ။ ဒါတောင် သူတို့က ဂက်စ် မီးနဲ့ အပူပေးနေတာ။ အွန်စောတို့ ငယ်ငယ်ကမြင်ဘူးသလို အသားမီးထင်းမီးဟုတ်ဘူး။ ပြောရလျှင်တော့ အော်တိုကလေ့ (Autoclave)လိုပဲ။ ဖိအားနဲ့ တွန်းကန်ထွက်လားတာ။ အ၀မှာ---ပိုက်ခပ်စိပ်စိပ်အိပ်ကြီးစွပ်ပြီး သံကလော်နဲ့ ထိုးဖွင့်လိုက်တာ တစ်ခါထဲ ဖေါင်းကနဲ နားကွဲမတန့်ပဲ။ တစ်ဖြောက်ဖြောက်မြည်သံတွေကို သူက တစ်ကြိမ်ထည်းမြည်ခွင့်ပေးလိုက်တာလေ။ အဲဒီအသံနဲ့အတူ အထဲက မီးတင်ထားတဲ့ ပြောင်းဖူးစေ့ ဒါမှမဟုတ် ဆန်စေ့တွေက တစ်ခါထည်း ဖေါင်းပွ ပြီးထွက်လာတာ။ တူးနံမွှေးမွှေးလေးနဲ့ စားလို့တော့အလွန်ကောင်းပဲ။ ဒါကြောင့်လည်းကလေးတွေဝိုင်းနေတာကိုး။ သူက အဆင်သင့်လုပ်ထားပြီးသား ပေါက်ပေါက်တွေရောင်းစရာရှိသလို ပစ္စည်းအပ်--စောင့်ယူ--လည်းလက်ခံပြီးလည်းလုပ်ပေးတယ်။ လက်ခစားပေါ့။ နို့ဆီဗူးခြောက်လုံးလောက် ၀င်မဲ့ ဖိုတစ်ဖိုကို ၂၅ မိနစ်လောက်ပဲစောင့်ရတယ်။ အထဲက ဆန်စေ့ကျက်မကျက်ကို ဘယ်လိုသိလဲမေးကြည့်တော့ အတွေ့အကြုံအရ သူတို့ကသိတယ်တဲ့။ ခန့်မှန်းတတ်တယ်ပေါ့။ အခုပုံမှာမြင်နေရတာတွေက မော်တာတွေမဟုတ်ဘူးနော်။ မော်တာက ဟို--အောက်ကသေးသေးလေးရယ်။ ခပ်ကြီးကြီးမြင်နေရတာတွေက --ပေါက်ပေါက်ထဲ့လှော်တဲ့ အိုးခင်းအ၀ိုင်းကြီးတွေရယ်။ မော်တာအသေးလေးတစ်လုံးကို အိုးခင်းလုံး နှစ်လုံးနဲ့ဆက်သွယ်ထားတာ။ အောက်ကနေ ဂက်စ်မီးတောက်နဲ့ အပူပေးထာကို အညီအမျှပူအောင် ဖြည်းဖြည်းလေး လည်အောင်မော်တာအသေးလေးနဲ့ လှည့်ပေးထားတာ။ အထဲမှာ ဒလက်လည်းပါတယ်။ ယောင်းမနဲ့မွှေတဲ့သဘောပေါ့။

ပေါက်ပေါက်ဆုပ်ပြောလို့ နယ်ကဘုရားပွဲကိုသတိရလိုက်တာဗျာ။ အွန်စောငယ်ငယ်ကဆို နေ့တိုင်းနေ့တိုင်းဘုရာပွဲဖြစ်စေချင်ခဲ့တာ။ မုန့်ပဲသွားရည်စာ အ၀တီးရလို့လေ။ တစ်ခါတစ်လေများ ထမင်းလွတ်ပဲ။ ဟဲ---ဟဲ---။ အဲလောက်ကိုမက်တာ။ ထမင်းကနေ့တိုင်းစားနေရတာကိုး မုန့်က အဲလိုပွဲမှ တီးရတာဆိုတော့လည်း အပစ်ပြောမယ်မထင်ပါဘူးနော့။ မုန့်တွေထဲမှာတော့ ပေါက်ပေါက်ဆုပ်နဲ့ ကတိုးဝါ အကြိုက်ဆုံးပဲ။ ကတိုးဝါဆိုတာ---အနုဆုပ်ကို ---ကောက်ညှင်းနဲ့ လှိပ်ပြီးကျော်ထားတဲ့ဟာ---နယ်ကအခေါ်တော့ခွာတပ်တယ်လို့ ခေါ်တယ်တဲ့။ အဲဒီဟာ။ တကယ်က ပါးညောင်းအောင်ဝါးရတဲ့ အပြင်ကကောက်ညှင်းခွာမဟုတ်ဘူး။ အထဲထဲမှာထဲ့ထားတဲ့ ထာမနာ ဖြစ်တဲ့ အနုဆုပ်ကို အသေအလဲကြိုက်တာ။ ပြောရင်းနဲ့ သွားရည်တွေတောင်ထွက်ကျကုန်ပြီ။ အင်း ဘာလိုလိုနဲ့ အဲဒါတွေမစားရတာ ၁၅ နှစ်ပြည့်တော့မယ်။ ဖေဖေဖွက်ခဲ့တဲ့ စကားထာ အဖြေမှားတယ်ဆိုတာကို သက်သေပြနိုင်ပြီဆိုပြီး ဖေဖေရှိမဲ့ နတ်ပြည်လိုက်ပြီး ညင်းချက်ထုတ်လိုက်အုံးမယ်ဗျာ။---။



အပြည့်အစုံ (Read More)...

Sunday, August 23, 2009

Making Korean Kimbab ကိုရီယားရေညှိထမင်းလိပ်ပြုလုပ်နည်း

ကျွန်တော်သိပ်ကြိုက်တဲ့ ကိုရီယားကင်ဘာဘ်ပြုလုပ်နည်းလေး (Making Korean Kimbab) ဆရာမ ဒေါက်တာတင်တင်အေးဘလော့မှ ကူယူဖေါ်ပြပါသည်။
လိုအပ်သော ပစ္စည်းများ
၁၊ ထမင်း (ဆန် ၂ ခွက်)
၂၊ ရေညှိရွက် (ကင်မ်)
၃၊ ထောပတ်သီး (သခွါးသီး (သို့) မုန်လာဥနီ ထည့်လျှင်လည်း အဆင်ပြေပါသည် )
၎၊ မုံလာဥချဉ်ပတ် ( မြန်မာပြည်မှ ချဉ်ပါတ်နှင့် မတူပါ )
၅၊ ဂဏန်းအသားတု၊ ငါးသေတ္တာ၊ ဝက်သားပြား၊ ဝက်အူချောင်း စသည်တို့ကို သုံးနိုင်ပါသည်။
၆၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ နှမ်းဆီ ၊ နှမ်း ၊ ကြက်သွန်မိတ်
၇၊ ထမင်းလိပ်လိပ်ရန်အတွက် ဝါးဖြာ ( ဝါးယင်းလိပ်အသေး )

ပြုလုပ်ပုံ

၁။ထမင်း နှင့် နယ်မည့်ဆော့စ် ကို အရင်ပြင်ပါ။ ဆော့စ်ကို သကြား တဇွန်း ၊ ရှာလကာရည် ၂ ဇွန်း ၊ ဆားလဘက်ရည်ဇွန်း၂ ဇွန်း တို့ ဖြင့် ပြုလုပ်ပါသည်။

၂။ပြီးလျင် ဆော့စ်ကို ချက်ထားသောထမင်း နှင့် ရောနယ်ပါ။

၃။ငါးသေတ္တာတွင် ပါသောအရည်များကို ကုန်စင်သည်အထိ သွန်ပစ်ပြီး အရည်များခန်းခြောက်သွားသည်အထိ ၂ မိနစ်ခန့် အပူပေးပါ။ ပြီးလျင် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတဥနှင့် ရောမွှေပေးပါ။ ထို့နောက် ပဲငံပြာရည် ၂ဇွန်း ၊သကြား ၁ ဇွန်း ၊ နှမ်းဆီ ၁ ဇွန်းခန့်၊ ငရုပ်ကောင်းမှုံ့ အနည်းငယ် ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် လှီးထားပြီးသား ကြက်သွန်မိတ်ထည့်ပြီး နှုံ့အောင်မွှေပေးပါ။ ထို့နောက် နှမ်း ၁ ဇွန်းခန့်ထည့်မွှေပြီး ပုဂံထဲတွင်ခဏထည့်ထားပါ။

၎။ဝါးဖြာပေါ်မှာရေညှိဖတ်ကိုတင်ပါ။နောက်ဆော့စ်နှင့်နယ်ထားသောထမင်းကိုပုံတွင်
ပြထားသည့်အတိုင်း အနားများချန်ပြီးဖြန့်တင်လိုက်ပါ။


၅။ ပုံတွင်ပြထားသလို စောစောကချက်ထားသောငါးသေတ္တာကိုထမင်းပေါ်တွင် ထပ်မံဖြန့်လိုက်ပါ။ ထမင်းနှင့်အပြည့်တင်စရာမလိုပါ။ ပုံတွင်ပြထားသလောက်သာ ဖြစ်ပါသည်။

၆။ ထမင်းလိပ်တွင်ထည့်မည့် အစာများကို ထည့်သည်။ (ပုံတွင် မုံလာဥ ၊ ဂဏန်းသားအတု၊ ထောပါတ်သီးတို့ကိုထည့်သည်) သခွါးသီး၊ မုံလာဥနီ ၊ ကြက်ဥကြော်၊ဝက်အူချောင်း စသည်ဖြင့် မိမိတို့ နှစ်သက်ရာ အသီးအနှံ အသားတို့ကိုလည်း အချောင်းကလေးများလှီး၍ ထည့်နိုင်ပါသည်။


၇။ ပုံတွင် မြင်ရသည့်အတိုင်း ထမင်းလိပ်ကို ပြုလုပ်ပါ။


၈။ ပုံတွင်ပြထားသလို ဓါးနှင့်လှီးပြီးရင်တော့ အရသာရှိသော ရေညှိထမင်းလိပ် ကို အသင့်စားသုံးနိုင်ပါပြီ။




အပြည့်အစုံ (Read More)...

Saturday, August 8, 2009

How to Make Korean Foods, Korean Cuisine, Kimchi, one of the Most Famous Korean Foods.

ဒါကတော့ နာမည်ကြီး ကိုရီးယား အစားအစာ(Korean Traditional Nutrition) လုပ်နည်းနဲ့ ကြော်ငြာလေးပါ။ အားပေးလိုက်ပါအုံး။ (Source,KSCPP)



အပြည့်အစုံ (Read More)...

How to Make Korean Foods, Korean Cuisine and Those Foods now Spread almost all Around the World.

ကိုရီးယားအစားအစာလုပ်နည်းနှင့် အဓိပ္ပါယ် ကို ရှင်းထားတာလေးပါ။ နာမည်ကြီးတဲ့ ကင်ချီ (김칙)၊ ဘီဘီးဘာ (빔빔밥)၊ ပါပီကျူး၊ လုပ်နည်းတွေကို အသေးစိတ် ရှင်းထားသလို ကမ္ဘာမှာဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန်လုပ်နေတယ် ဆိုတာကို ခပ်ကြွားကြွားလေး တင်ဆက်ထားတာလေး အားပေးကြည့်ပါအုံး။ ကိုယ်တိုင်လုပ်စားချင်လျှင်လည်း ဒါလေးကြည့်ပြီး လုပ်ကြည့်ပေါ့။ အဆင်ပြေမှာပါ။ ကျွန်တော်တော့ အနေကြာလာလို့လားမပြောတတ်ဘူး ကိုရီးယား အစားအစာ (한국음식)ကို ကြိုက်နေပြီ။ အစားအစာကို အရောင်အသွေးစုံအောင်လုပ်စားတာဟာ ကျန်းမာရေးကောင်းမွန်စေတယ်လို့ ယူဆပါတယ်တဲ့။ ကင်ချိကို ရာသီအလိုက် အရသာမတူအောင်လုပ်စားကြပါတယ်တဲ့။ အရသာငါးမျိုးဟာလည်း တစ်မျိုးစိက ခန္ဒာကိုယ် အစိတ်အပိုင်းတစ်မျိုးစီအတွက် အထူးကောင်းမွန်စေပါတယ်တဲ့။ အသားအနေနဲ့ကတော့ ဘူးဂိုဂီ (불고기) ၀က်သားကတော့ နာမည်ကြီးပါပဲ။ အသားတော့ အလွန်စားတဲ့နိုင်ငံပဲလို့ သုံးသပ်ရမယ်။ ရှုစားလိုက်ပါအုံး။ (Source, KSCPP, Korean Spirit and Culture Promotion Project)




အပြည့်အစုံ (Read More)...