ပါမောက္ခကျေးဇူးနဲ့ မတ် လ ၂၀ ရက် နေ့ကနေစပြီး ဂုန်ဆန်မြို့ ဒယ်ယာ မှာရှိတဲ့ သစ်ခွ သုတေသနနှင့် ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ (새만금생명공학센타) မှာ သွားရောက် လေ့လာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဆရာက လေးလတာ လေ့လာသင်ယူဖို့ အကြံပြုပေမဲ့ နှစ်လအတွင် အစုံအလင် လုပ်တတ်ကိုင်တတ်အောင်လေ့လာသင်ယူခဲ့ပါတယ်။ နှစ်လတာသင်ယူစဉ် မယုယုထွန်းတို့ နေတဲ့ ဂွမ်းဂျူးမြို့လေး ရဲ့ ဘာ့မူးဂွမ် (Traditional, Culture Show Room) မှာ ပြုလုပ်တဲ့ သစ်ခွမျိုးနွယ်ဝင်ဖြစ်တဲ့ Calenthe flower exhibition ကို သွားရောက်လေ့လာရင်း ပန်းတွေကို Evaluate လုပ်ဖို့ အဖွဲ့ဝင်များ တောင်းဆိုမှုနဲ့ ဒိုင်လူကြီးခြောက်ဦး အနက် တစ်ဦးအဖြစ် ပါဝင်လုပ်ဆောင်ပေးဖြစ် ခဲ့ပါသေးတယ်။ ဒါလေးကတော့ ကုမ္ပဏီကိုယ်တိုင်ပန်းရောင်းတဲ့ ၀က်ဆိုက်လေးပါ။ တစ်ခြား ပန်းဈေးကွက်မှာလည်း ကော်မရှင်နဲ့ တင်ရောင်းတယ်လို့ပြောပါတယ်။
ပန်းတွေကို Evaluate လုပ်နေကြတာပါ။
Type rest of the post here
Showing posts with label Korea's Scenery. Show all posts
Showing posts with label Korea's Scenery. Show all posts
Friday, May 4, 2012
Flower Exhibition (Calenthe) In Gwangju, Korea
Labels:
Korea's Scenery,
Korean Culture
Tuesday, April 12, 2011
Pilgrimage
"ကျွန်တော်တစ်ညအိပ်နှစ်ရက် ခရီးသွားနေလို့ပါ။"
ကျွန်တော် စနေမနက် ၉ နာရီလောက်ကခရီးစထွက်တယ်။ စတော်ဘယ်ရီပွဲ (Strawberry festival ) သွားလည်တယ်။ အချိန်နည်းနေလို့ စိုက်ခင်းတွေဆီထိသွားချင်တာတော့ မရောက်ခဲ့ပါဘူး။ မြို့ပေါ်မှာလုပ်တဲ့ ဈေးရောင်းပွဲနဲ့ စတော်ဘယ်ရီ အခြေခံစားစရာလုပ်နည်း ပြပွဲလေးပဲကြည့်ပြန်လာခဲ့ရတယ်။ ၄ ရက်ကျင်းပတာဆိုတော့ ကျွန်တော်တို့သွားတဲ့နေ့က မြန်မာပြည်တောဘုရားပွဲ တစ်ခုစာလောက်တော့ လူစီကားတယ်။ ကွင်းကျယ်ကြီးထဲမှာ လူချင်း မတိုက်အောင်မနည်းတိုးသွားရတယ်။ လူသိန်းချီလာတယ်ဆိုတာ ဟုတ်မှာပေါ့။ အဲဒီကိုမနက်ပိုင်းလည်ပြီးတော့ ညနေ ၂ နာရီလောက် ဖားအောက်တောရဆရာတော်ကြီးရောက်နေတဲ့ မာဂုဆာ ဆိုတဲ့ ဗုဒ္ဓဘာသာ (ကိုရီးယားကျောင်းပါ) ကျောင်းကို ခရီးဆက်ကြတယ်။ အဲဒီမှာ ဆရာတော်ကြီးအားချေဆုပ်လက်နယ်ပြုစုခွင့်ရပါတယ်။ သူငယ်ချင်း ၇ ယောက်စုသွားဖြစ်တာပါ။ ဟိုမှာ က အခြားအဖွဲ့တစ်ဖွဲ ၃ ယောက်ကအရင်နေ့ကရောက်နှင့်ပါတယ်။ နောက် စင်္ကာပိုရီယန်း ကပ်ပီယတစ်ယောက်လည်း ပါပါတယ်။ ဆရာတော်ကြီး ဆရားချီးမြှောက်ဖို့တောင်းလျှောက်တော့ အာယုံရပြီးဟောပေးပါတယ်။ နောက်ရက် ငါးနာရီခွဲမှာ အာယုံဆွမ်းကပ်ပါတယ်။ ၇ နာ၇ီမှာ ကိုရီးယား မဟာရာန ဗုဒ္ဓ ဘာသာဘုန်းတော်ကြိးတွေမေးတဲ့ မေးခွန်းသုံးခုကို ဆရာတော်ကြီး ကအင်္ဂလိပ်လို ဖြေကြားပါတယ်။ ကိုရီးယားမ တစ်ယောက်က ကိုရီးယားလိုဘာသာပြန်ပေးပါတယ်။ အဲဒီမေးဖြေပွဲကို တော့ အဲဒီတရားစခန်းမှာ တရားအားထုတ်နေကြတဲ့ ကိုရီးယားဘုန်းတော်ကြီး အပါး ၅၀ လောက်နဲ့ ယောဂီ စုစုပေါင်း အပါး ၁၅၀ ခန့်နဲ့ ကျွန်တော်တို့ ၁၁ ယောက် တက်ရောက်နာယူခဲ့ကြပါတယ်။ ဆရာတော်ကြီးဖြေကြားပြီးတဲ့နောက် ကိုရီးယားဘုန်းတော်ကြီးကလည်း အဲဒီမေးခွန်းသုံးခုကိုပဲ သူတို့အမြင်နဲ့ ဆရာတော်ကြီးဖြေကြားတာကို ကိုရီးယားပရိတ်သတ်အား ဝေဖန်သုံးသပ်ဟောကြားပေးပါတယ်။ နောက် ၁၅ မိနစ်နားတဲ့အချိန်မှာ တရားနာပရိတ်သတ်ထဲမှ မေးခွန်းများကောက်ခံပါတယ်။ မေးခွန်းတွေအများကြီးရတယ်လို့ပြောပါတယ်။ မေးခွန်းထုတ်သူယောဂီများက ဘယ်ဆရာတော်ကဖြေကြားရန်လို့ ဦးတည်လျှောက်ထားကြတဲ့အတွက် မေးခွန်းတစ်ပုတ်စီအလှည့်ကျ မေးဖြေလုပ်ပါတယ်။ ၁၁ နာရီမထိုးခင်မှာ တရားပွဲသိမ်းရမှာဖြစ်လို့ ဖားအောက်ဆရာတော်ကြီး မေးခွန်း ၄ ခုပဲဖြေပေးချိန်ရပါတယ်။ ဆရာတော်ကြီးက အကျင်းမျှ ဖြေကြားပေးတာပါလို့ ဆိုတာကို ကိုရီးယားလိုဘာသာပြန်အပြီးမှာတော့ ယောဂီပရိတ်သတ် သဘောတွေ့ပြီး ဝေါ ခနဲ့ရယ်သံတွေထွက်လာပါတယ်။ ဘာလို့လည်းဆိုတော့ ဆရာတော်ကြီးကအတိုချုပ်ဖြေပေးတာကိုပဲ မေးခွန်းတစ်ခုကို မိနစ်နှစ်ဆယ်လောက်ကြာအောင်ဖြေပေးရပါတယ်။ သူတို့အနေနဲ့ အတော့်ကိုရှည်နေပြီလို့ ထင်ထားပုံရပါတယ်။ မေးခွန်းတွေဟာလည်း တကယ့် အနှစ်တွေကြီးပါပဲ။ ကျွန်တော်မှတ်မိသလောက်ပြန်ပြောပြပါ့မယ်။ အဖြေကိုမပြောတော့ပါဘူး ဆရာတောကြိးဖြေလိုက်တဲ့မေးခွန်းလေးခုကတော့
(၁) တရားရှုမှတ်တဲ့အခါမှာ နာသီးဖျား (နှာခေါင်းထပ်) ကိုရှုရမှာလား အထက်နှုတ်ခမ်းကို ရှုရမှာလား။ ဘယ်ဟာမှန်ပါသလဲ။
(၂) အဲလိုရှုတဲ့အခါမှာ နှာခေါင်းတစ်ဘက်ပဲ အာယုံကရောက်နေပါတယ်။ ဝေဖန်ပေးပါ။ (အဖြေကတော့ ဒါယောဂီတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ဟာပါတဲ့။ ဒါကိုတော့ ဆယ်မိနစ်လောက်နဲ့ပြီးတယ်)
(၃) မေတ္တာ ဆိုတာ ဘယ်လိုဟာကိုခေါ်တာပါလဲ။ မေတ္တာ ကမ္မဌာန်းကို ဘယ်လို ပွားများရပါသလဲ။ (ဒါကိုတော့ မိနစ် ၃၀ လောက်ကြာသွားမှတ်တယ်။ ဒီမေးခွန်းဖြေအပြီးမှာ ဆရာတော်က ဒါအကျဉ်းမျှဖြေကြားပေးချင်းဖြစ်ပါတယ်လို့ပြောတဲ့အချိန်မှာ ပရိတ်သတ်ပွဲကျသွားတာပါ။ (ဝေါခနဲရယ်သံတွက်လာတာပါ)။
(၄) နောက်ဆုံးဖြေတဲ့မေးခွန်းကတော့၊ ဈာန်အဘိဉာဉ် အကြောင်းပါ။ ဒီမေးခွန်းအတွက်လည်း ဖြေတာမိနစ်နှစ်ဆယ်ကျော်ပါတယ်။
ကျွန်တော် နားလည်သလောက်ရေးပြတာပါ။ အင်္ဂလိပ်လို မေး၊ ဖြေတာကို ကိုရိးယားလိုဘာသာပြန်ထာဖြစ်တဲ့အတွက်။ ပါဠိသံ၊ မြန်မာသံ တစ်လုံးမှကြားခွင့်မရလို့ ကျွန်တော်နားလည်လွဲချော်တာတွေလည်း ပါနိုင်ပါတယ်။ နောက်ဆုံးမေးခွန်းမှာ ဈာန် အဘိဉာဉ် နှင့် ဘာနဲ့လဲမသိဘူး ခွဲခြား ဟောပြတာပါ။ အဲဒါကို အခုပြန်စဉ်းစားမရသေးလို့ နောက်ပေါ်မှထပ်ရေးပေးမယ်။ ဓါတ်ပုံတွေလည်းအများကြီးရိုက်ခဲ့တယ်။။ ဗွီဒီယိုတွေလည်းရိုက်ခဲ့တယ်။ ကင်မရာထဲကမထုတ်ရသေးလို့နောက်မှပေးမယ်နော်။
ခင်မင်စွာဖြင့်။

Type rest of the post here
Labels:
Korea's Scenery,
Korean Culture
Sunday, October 24, 2010
Yesan Autumn
Saturday, September 11, 2010
Welcoming from Yesan
"ရယ်ဆန်လာမိတ်ဆွေ။"
သူငယ်ချင်းတစ်ယောက် ရယ်ဆန်မြို့လေးလာလည်လို့ (ငါးရက်တစ်ဈေး) ဈေးနေ့နဲ့လဲတိုက်ဆိုင်နေတာနဲ့ ဈေးလည်လိုက်ပို့ရင်း စိတ်ဝင်စားတာလေးတွေ ရိုက်လာခဲ့လိုက်တယ်။ နယ်မြို့လေးဆိုတော့လည်း တစ်မျိုး စိတ်ဝင်စရားလေးတွေ။ အဲဒီနေ့က တိုက်ဆိုင်ချင်တော့ ရယ်ဆန်ပန်းသီးခင်းတွေ လေတိုက်ခံထားရလို့ လေချွေပန်းသီးတွေ ဈေးထဲမှာ လျှော့ဈေးနဲ့ အပြိုင်ရောင်းနေကြတာ တအားပဲ။ ပြောလို့ပြောတာမဟုတ်ဘူး။ အောက်မှာ သာကြည့်လိုက်တော့။
ဒါကကျောင်းအ၀င်တံခါးလေးပေါ့။
ဒါကတော့ ကျောင်းဝင်းအတွင်းက စိုက်ခင်းလေးတွေပါ။ တစ်ခြားအခင်းတော့သိပ်မရှိပါဘူး။ သခွားခင်းနဲ့ ပန်းအလှစိုက်ထားတာလေးတွေပါ။ ဥယျာဉ်ခြံဌာနက သစ်ခွခြံကို အပြင်ကနေ ရိုက်ခဲ့ပေမဲ့ မှန်ခြံဖြစ်နေတော့ ၀င်လို့ကလည်းမရ (သော့ပိတ်ထားတော့) ရိုက်မရဘူးဖြစ်နေတယ်။ စတော်ဘယ်ရီခြံလေးတော့ ပါသေးတယ်။ အိုတွေနဲ့စိုက်ထားတာ။
ဒါက ပင်အိုပု (ဘွန်စိုင်း) လုပ်ထားတာလေးတွေ။ ဒါက ဟော်လန်ပန်း။
ဒါက အဆောင်ဘေးက ရေကူးကန်လေးပါ။
ပန်းသီးဈေး။
ဒါကတော့ ခေါက်ဆွဲစက်တဲ့လေ။ ခေါက်ဆွဲတွေ လှမ်းထားတာ။ တို့များ မုံရွာကြာဇံစက်လည်း ဒီလိုပါပဲ ကြာဇံတွေလှမ်းထားတာ သူတို့ထက်တောင်များပါတယ်။

Thursday, August 12, 2010
Agriculture in Korea
"ကိုရီးယားစိုက်ပျိုးရေး"
အွန်စောတို့ကျောင်းနံဘေးက စိုက်ခင်းလေးတွေ သဘောကျလို့တင်ထားလိုက်အုံးမယ်နော်။ အစ်မရွှေမာပြောလို့ ဒီကိုရီးယားမှာ စိုက်ခင်း အကျယ်ကြီးတွေမမြင်ဘူးဘူးတဲ့။ ရှိပါတယ်အစ်မရေ။ တစ်ကွင်းတစ်စပ်ထည်း စိုက်ကွင်းကြီးတွေမှ မထင်မှတ်လောက်အောင်ပါပဲ။ အွန်စောတို့ကျောင်းနားမှာတော့ အစ်မပြောသလိုပါပဲ တစ်ပိုင်တစ်နိုင် စိုက်ကွင်းလေးတွေပါပဲ။ ကွင်းလေးကိုကြည့်လိုက်လျှင် တစ်ဧက တောင်ပြည့်မယ်မထင်ဘူး။ စိုက်ထားတဲ့သီးနှံတွေက ဒီရယ်ဆန်မြို့လေးလောက်တော့ ၀အောင်ကျွေးနိုင်လောက်တယ်။ ဒီပုံကိုသာကြည့်ပါတော့ ပဲသီးတောင့်ရှည်တွေကလည်း လက်တစ်ပြန်လောက်ရှိတယ်။ မျိုးပဲခင်းမို့ အသီးတွေကတော့ ခြောက်လုနေပြီ။ နောက်တစ်ပုံက နှမ်းခင်းတဲ့ လူတစ်ရပ်ကျော်နေပြီ အသီးတွေကလည်း ရစ်လို့ပဲ ကင်မရာသေးနေလို့မမြင်ရဘူးဖြစ်နေတာ။ ဟိုဘက်က ငရုပ်ခင်းနှင့် မြေပဲခင်းလေ။ ကပ်လျှက်က ကန်ဇွန်းခင်းနှင့် သူတို့ ကိုရီးယားမှာ အသားကိုထုပ်ထုပ်စားနေတဲ့ အရွက်ခင်း (နာမည်မသိဘူး)။ ဒီကြားထဲမှာ တည်ပင်တန်းနဲ့ စပျစ်တန်းက စိုက်ထားသေးတယ်။ ဒီလမ်းဘေးဝဲယာမှာတော့ ပြောင်းဖူးပင်တန်းနဲ့ နှံစားပြောင်းတွေ။ ဒီဖရုံပင်ကတော့ တက်တောင်နင်းမိတော့မယ်။ ဟိုမှာမြင်နေရတာက ကြက်သွန်မိတ်ခင်းနှင့် သစ်သီးခြံ စုံနေတာပဲ။ အင်း မြန်မာပြည်က ဧက ၂၀ စာလောက် ထွက်အောင်စိုက်နေတာထင်ပါရဲ့။ အင်းဖြစ်ထွန်းဆို စက်ကရိယာတွေနဲ့ စနစ်တစ်ကျ လက်ဝါးနဲ့ အုပ်ပြီး စိုက်ထားတာကို။ ဟိုမှာ အာကျူးမား က သူ့ကန်ဇွန်းပင်တွေ ဘောင်မကူးအောင် ခွဲပေးနေလေရဲ့။ ဒီလိုစိုက်ပျိုးထားတဲ့အပင် တွေ သန်မာထွားကြိုင်းဖြစ်ထွန်းတော့လည်း လုပ်ရကိုင်ရတာ ပင်ပန်းမယ်မထင်ဘူးဗျနော့။

Subscribe to:
Posts (Atom)























