Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။
Showing posts with label Scholarship. Show all posts
Showing posts with label Scholarship. Show all posts

Wednesday, September 15, 2010

If You Want to Attend at Korean University?

"ကိုရီးယား မှာကျောင်းတက်မယ်ဆိုရင်။"


မေး ၁။ မည်သည့် စာရွက်စာတမ်းများတင်ပြရပါမည်လဲ။
ဖြေ ၁။ တက္ကသိုလ်အလိုက် သတ်မှတ်ထားသောလျှောက်လွှာပုံစံများအပြည့်အစုံဖြည့်စွက်ပြီး တောင်းခံထားသော
အမှတ်စာရင်းများကို နိုတြီပြုလုပ်တင်ပြရပါမည်။ အင်္ဂလိပ်စာအရည်အချင်း အမှတ်စာရင်းတောင်းခံပါက
မူရင်းဖြင့်ပေးပို့လျှောက်ထားရပါမည်။ (လျှောက်ထားမည့်ကျောင်းအလိုက် မှုလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္တသိုလ် အစရှိသော
အမှတ်စာရင်းအား နိုတြီပြုလုပ်ပြီး တင်ပေးရပါမည်။)

မေး ၂။ Korea မှာရှိတဲ့ကျောင်းတွေမှာပြည်ပကျောင်းသားတွေကိုလက်ခံပါသလား။ဘယ်မေဂျာတွေကို
လျှောက်ထားနိုင်ပါသလဲ။ အနုပညာကျောင်းကကောပြည်ပ
ကျောင်းသား တွေကို လက်ခံပါသလား။
ဖြေ ၂။ ကိုရီးယားမှာရှိသောကျောင်းများမှာ နိုင်ငံတကာကျောင်းသား ကျောင်းသူ မည်သူမဆို
(အရည်ချင်းပြည့်မှီပါက) လက်ခံပြီး၊ ဘာသာရပ်မျိုးစုံ အားလျှောက်ထားနိုင်ပါသည်။ လက်ရှိ
ကိုရီးယားအနုပညာ ကျောင်းတွင် တက်ရောက်နေသော မြန်မာ ကျောင်းသားကျောင်းသူများရှိပါသည်။

မေး ၃။ Korea မှာကျောင်းတက်ဖို့ ချိတ်ပေးတဲ့အေဂျင့်တွေမြန်မာနိုင်ငံမှာရှိပါသလား။
ဖြေ ၃။ အေဂျင့်များရှိပါသည် သိုသော် ယခုအခါ ကိုရီးယားအစိုးရကိုယ်တိုင် ပညာသင်ဆုပေးသော
အစီစဉ်များစွာရှိပါသည်။ Bachelor ဘွဲ့အတွက် Korean Language သင်ယူခွင့်တစ်နှစ်အပါအ၀င်
ပညာသင်ဆုကာလ ၅နှစ်၊ Master ဘွဲ့အတွက် စုစုပေါင်း ၃နှစ် နှင့် ပါရဂူဘွဲအတွက် ပညာသင်ဆုကာလ
၎နှစ် စသည်ဖြင့် နှစ်စဉ်ခေါ်ယူနေပါသဖြင့် ရန်ကုန်ရှိ ကိုရီးယားသံရုံသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မေး ၄။ သူတို့နိုင်ငံကတက္ကသိုလ်တွေကဘယ်နှစ်နစ်တက်ရပါသလဲ။
ဖြေ ၄။ တက္တသိုလ် ၄နှစ်၊ မဟာသိပ္ပံ/မဟာဝိဇ္ဇာတန်း ၂နှစ်၊ ပါရဂူဘွဲ့ ၃ နှစ်မှ ၅နှစ်ဖြစ်ပါသည်။

မေး ၅။ ၀င်ခွင့်ဖြေရပါသလား၊ ဘာမေဂျာတွေလျှောက်လို့ရပါသလဲ။ အခြားဘာတွေလို အပ်ပါသေးသလဲ။
ဖြေ ၅။ မေဂျာ ပေါင်းစုံ မိမိစိတ်ဝင်စားရာ ရွေးချယ်လျှောက်ထားနိုင်ပါသည်။ ကိုရီးယားအစိုးရပညာ
သင်ဆု လျှောက်ထားသူများမှာ ပညာသင်ဆုအတွက် ရန်ကုန်မြို့ရှိ ကိုရီးယားသံရုံးမှ ပဏာမရွေးချယ်
ခံရပါက သံရုံးတွင် လူတွေ့ Personal Interview ဖြေရပါသည်။ ကိုရီးယား ဘာသာစကား တတ်ကျွမ်း
သူများ နှင့် အင်္ဂလိပ်စာ ကျွမ်းကျင်သူများ အခွင့်သာပါသည်။ ကိုရီးယားရှိ မိမိတက်ရောက်လိုသော
တက္ကသိုလ်မှ ပါမောက္ခနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ပညာသင်ဆု လျှောက်ထားသူများ၊ မည်သူ့ထံမှ
ပညာသင်ဆုမတောင်းခံပဲ မိမိအစီစဉ်ဖြင့် တက်ရောက်လိုသူများ ဝင်ခွင့်မလိုအပ်ပါ၊ အသေစိတ်အား
ရန်ကုန်ကိုရီးယားသံရုံသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိင်ပါသည်။ ပညာသင်ဆုကို ဂျာနယ်များမှတစ်ဆင့်
လည်းကြော်ငြာလေ့ရှိလို့ ဂျာနယ်တွေမှာလည်း သတိထားရှာကြည့်နိုင်ပါတယ်။ အင်တာနက် အသုံးပြု
နိုင်ပါက http://www.niied.go.kr/ တွင်လည်း
မကြာမကြာသွားရောက်ဖတ်ရှုနိုင်ပါသည်။
(ရန်ကုန်မြို့ရှိ ကိုရီးယားသံရုံးသို့ ဖုန်း
01-527142~4 , Fax- 01-513286 ဖြင့်ဆက်သွယ်မေးမြန်း နိုင်ပါသည်။)

မေး ၆။ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကိုရီးယားဘာသာစကားဖြင့်ဘွဲ့မရခဲ့ပဲ အခြားဘွဲ့ရများကိုရော
လက်ခံပါသလား။

ဖြေ ၆။ မည်သည့်ဘွဲ့မဆို သတ်မှတ်ထားသောအရည်အချင်းများပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။

မေး ၇။ အနုပညာတက္ကသိုလ်နှင့်တစ်ခြားတက္ကသိုလ်တွေကလက်ခံပါသလား၊ ဘာတွေလိုအပ်ပါသလဲ။ အနုပညာသင်တန်းကျောင်းကကောပညာသင်ဆုပေးပါသလား။

ဖြေ ၇။ အနုပညာဖြင့် ဘွဲ့ရရှိမထားပါက မဟာဝိဇ္ဇာ ဆက်တက်ရန်ခက်ပါသည်။ နံမည်ကြီးကျောင်း အများ စုက အနုပညာဖြင့်
ပထမဘွဲ့ (Bachelor) ဘွဲ့ရမထား လျှင်လက်မခံပါ။ နယ်ကျောင်းအချို့ တွင်လက်ခံသည်ကိုတော့
ကြားဘူးပါသည်။ သို့သော် အခွင့်အရေးအလွန်နဲပါသည်။ အနုပညာကျောင်း များလည်း ထူးချွန်ပါက
ပညာသင်ဆုပေးပါသည်။

မေး ၈။ ပညာသင်ဆုမရသောကျောင်းသားတွေကောတက္ကသိုလ်ကျောင်းအားလုံးကို လျှောက်လို့ရပါ သလား။ အနုပညာကျောင်းတွေ ကောကျောင်းလျှောက်လို့ရပါသလားခင်ဗျာ။ ကျောင်းစရိတ်တွေလည်း
ပြောပြပေးပါခင်ဗျာ။အနုပညာကျောင်းရဲ့ကျောင်းစရိတ်ကောပြောပြပေးပါအုံးအစ်ကို။
ဖြေ ၈။ ပညာသင်ဆုမရရှိဘဲ မိမိစရိတ် ဖြင့်တက်မည်ဆိုပါက မည်သူမဆို မည်သည့်ကျောင်းမဆို
လျှောက်ထား နိုင်သော်လည်း ထိပ်တန်းတက္ကသိုလ်များ ၀င်ခွင့်ရရှိရန်မှာမူ ယှဉ်ပြိုင်မှုအလွန်များပါသဖြင့်
မိမိဘက်မှ အဘက်ဘက် ယှဉ်ပြိုင်နိုင်စွမ်းရှိရပါမည်။ မိမိစရိတ်ဖြင့် တက်ရောက်မည်ဆိုပါက
ကျောင်းစရိတ် နေစရိတ် အစစဈေးကြီးပါသည်။
တက္တသိုလ်- ၁နှစ် ကျောင်းစရိတ်
BA - ၃၆သိန်း(၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
BE - ၅၂သိန်း (၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
MA- ၅၂ သိန်း (၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
ME- ၇၀ သိန်း (၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
PhD- MA/ME ကျောင်းလခ အတူတူဖြစ်ပြီး ၃နှစ်နောက်ပိုင် ၅၀% ထပ်မံဈေးလျှော့ပေးပါသည်။

(ကိုရီးယားရောက် နှစ်ကြီးကျောင်းသား ကိုရဲမင်းဟိန်းမှ စေတနာထား၍ဖြေကြားပေးထားတာဖြစ်ပါတယ်။ဤအဖြေများသည်
ယေဘုယျအဖြေများဖြစ်ပါသည်။အကောင်းဆုံးအကြံပေးလိုသည်မှာ
မိမိတက်ရောက်လိုသောကျောင်း websiteသို့ သွားကြည့်ပါက သိလိုသမျှသတင်းအချက်အလက်များအားလုံးရယူနိုင်ပါသဖြင့်
အင်တာနက်အား အကျိုးရှိစွာ အသုံးချ စေလိုပါသည်။)(ကိုရီးယားရောက်မြန်မာကျောင်းသားများအသင်း မှ ကူယူဖေါ်ပြပါသည်)

Type rest of the post here

အပြည့်အစုံ (Read More)...

Tuesday, April 6, 2010

NIIED Schloarship application program is now calling


Dead line for the application of NIIED (KGSP) is 14 May. Hurry friends, who want to apply this Korea Government Scholarship Program click here to download guide line and application form. If you want to know detail click here. If you want to look at applicable fields click here.

Have a good luck for every ones.




အပြည့်အစုံ (Read More)...

Saturday, September 19, 2009

Daejon City and Immigration Office, Required documents for family invitation

မနေ့ကသွားခဲ့တဲ့ခရီးစဉ်လေး ပြန်လည် တင်ပြခြင်လို့ပါ။ ချစ်သူအတွက် ဗီဇာ (Visa) သွားလျှောက်တာပါ။ ခရီးစဉ်လေးမပြောပြမီ မိသားစုဖိတ်ခေါ်မယ်ဆိုလျှင် လိုအပ်တဲ့ စာရွက်စာတမ်းလေးတွေ စာရင်းပြုစုပေးလိုက်ပါတယ်။ ခေတ် အချိန်အခါ မတူလို့ပဲလားတော့မသိဘူး။ ကျွန်တော့်ဆရာမကို မေးတုန်းက ဒါတွေ အကုန်မပါဘူး။ သူပြောပြသလောက် စာရွက်စာတမ်းနဲ့ အရင်တင်တာ အဆင်မပြေဘူး။ နောက်လူတွေအတွက် တစ်ချိန်တစ်ခါထည်း အဆင်ပြေစေလိုတဲ့ စေတနာဖြင့် ဒါလေးရေးပေးထားလိုက်ပါတယ်။
၁။ လက်ထပ်စာချုပ် (နိုထရီ မူရင်း)။
၂။ မိသားစုဝင်ရဲ့ ပါစ်ပို့ မိတ္တူ။
၃။ မိမိ ရဲ့ ပါစ်ပို့ (မူရင်းပြရတာပါ)။
၎။ နိုင်ငံခြားသားစီစစ်ရေး ကါဒ် (Foreigner Registration Card (or) Certificate of Alien Registration) ကော်ပီရပါတယ်။
၅။ လက်ရှိအသုံးပြုနေတဲ့ ဘဏ်စာအုပ်တင်ပြရပါတယ်။ ဖိတ်ခေါ်တဲ့သူအတွက် နေထိုင်မှုစရိတ်ကို ဘယ်သူကတာဝန်ယူမှာလဲ အလုပ်လုပ်မှာလား စသဖြင့် စီစစ်ပါတယ်။
၆။ ဘယ်မှာ နေမှာလဲ ဆိုတာကိုလည်း ထောက်ခံစာပေးရပါတယ်။ လက်ရှိကိုယ်နေတဲ့ အဆောင်မှာ အတူနေမယ်ဆိုတာကို ပိုင်ရှင်ရဲ့ ခွင့်ပြုထောက်ခံစာ လိုပါတယ်။
၇။ ပရော်ဖက်ဆာ (မိမိဆရာ)ရဲ့ သဘောတူထောက်ခံစာ ပါလျှင်ပိုကောင်းပါတယ်။ ကျွန်တော်ကတော့ လိုရ မယ်ရ ဒေါက်တာဘွဲ အတွက် (Ph.D Student) လုပ်နေတဲ့ ကျောင်းသားဖြစ်ကြောင်း ကျောင်းက ထောက်ခံစာယူသွားလိုက်တယ်။ ဒါလဲ ကျောင်းသားကာဒ် လျှေက်ထားတာမရသေးလို့ပါ။ ကျောင်းသားကာဒ် မိတ္တူ ထည့်ပေးလိုက်လည်း ပြီးတာပါပဲ။
၈။ နောက်ဆုံး နဲ့ အရေးအကြီးဆုံးကတော့ အပြည့်အစုံဖြည့်စွက်ထားတဲ့ ပုံစံ (Form) ပါ။ ပုံစံထဲမှာ အထူးအထွေမပါပါဘူး။ အထက်က စာရွက်စာတမ်းတွေရှိလျှင် ဖြည့်လို့ရပါတယ်။ မွေးသက္ကရဇ် ဆိုတာနဲ့ ဆက်သွယ်ရန်လိပ်စာဆိုတာလောက်ပဲ ပါတာပါ။ မိမိ ဖိတ်ခေါ်လိုတဲ့သူရဲ့ (၂ x ၁ လက္မခွဲ) ကာလာဓါတ်ပုံ ကပ်ပေးရပါတယ်။ ပုံစံအတွက်လည်း စိတ်မပူပါနဲ့ အင်တာနက်ဒီထဲမှာ ကြိုက်တဲ့ပုံစံ အကုန် ဒေါင်းလို့ရပါတယ်။
ဒါတွေပြည့်စုံပြီဆိုလျှင် လူကြုံနဲ့ လျှောက်လွှာတင်လည်းရလောက်ပါတယ်။ နော်နော်တုန်းကတော့ ဒဲဂျွန်း (Daejeon) မှာနေတဲ့ သူငယ်ချင်း တင်ပေးတာ မပြည့်စုံလို့ ကိုယ်တိုင်လိုက်သွားမှ အဆင်ပြေသွားတယ်။ ဆရာမကို မေးပြီးလုပ်တာ။ ဘာမှမလိုဘူး။ လက်ထပ်စာချုပ် နိုထရီနဲ့ ပရော်ဖက်ဆာ ထောက်ခံစာပါလျှင် ရပြီဆိုတာနဲ့ တင်လိုက်တာ နောက်တော့ ဘယ်ဟုတ်မလည်း အထက်ကလိုပဲ စာရွက်စာတမ်းတွေလိုပါတယ်ဆိုလို့ လိုက်လုပ်ပြီးယူသွားလိုက်ရတယ်။ လျှောက်လွှာတင်ပြီးတာနဲ့ (၁၀) ရက်အတွင်း အဖြေ နံပါတ် ဖုန်းထဲကနေ ပို့ပေးပါမယ်တဲ့။ မရောက်လာလျှင် ဒီဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်းပါဆိုပြီး စာရွက်တစ်ရွက်ပေးလိုက်ပါတယ်။ တကယ်တင်တဲ့အချိန်က (၁၀) မိနစ်တောင်ကြာမယ်မထင်ဘူး။ လူရှင်းတာလည်းပါတာပေါ့လေ။ မိသားစု တစ်တွေ အတူနေခွင့် ရကြပါစေ--။---။




ခရီးစဉ်လေးဆက်ပါ့မယ်။ သောကြာနေ့ဆိုတော့ ဓါတ်ခွဲခန်းအစည်းအ၀းရှိပါတယ်။ အပတ်စဉ် တနင်္လာ၊ သောကြာ နေ့တိုင်းစည်းဝေးတာကိုး။ စည်းဝေးပွဲပြီးတာနဲ့ နေ့လည်စာလေးစားပြီး နှစ်ယောက်သမား ဒဲဂျွန်းမြို့လေးဆီ ချီတက်ပါတယ်။ နှစ်ယောက်ဆိုတာ တစ်ယောက်ကကျွန်တော့်ရဲ့ ဒဲဂျွန်းမြို့နေ ကိုရီးယားသူငယ်ချင်းပါ။ သူက ကျွန်တော်တို့ ဓါတ်ခွဲခန်းရဲ့ မကြာသေးခင်ကမှ ခန့်ထားခံရတဲ့ အီးစီ(EC) လည်းဖြစ်၊ ကျွန်တော်နဲ့ လက်ချာ(lecture) အတူတက်နေတဲ့ ကလပ်စ် မိတ်ဆွေ (class mate) လည်းဖြစ်ပေါ့။ ဒါပေမဲ့ သူက မဟာသိပ္ပံ ဆိုတော့ ကျွန်တော့ရဲ့ ဂျူနီယာလို့ပြောလို့ရမယ်။ သူ့ကိုယ်ပိုင်ကားလေးနဲ့ သွားကြတာပါ။ ကျွန်တော်တို့ကျောင်းတည်ရှိရာ ရယ်ဆန်( Yesan) ကနေ ဒဲဂျွန်းထိ ကိလို ၈၀ ဝေးပါတယ်။ တစ်နာရီကျော်ကျော်မောင်းလိုက်ရတယ်။ ပြောပြချင်တာက ဒီမှာ ရှိတဲ့ လမ်းတံတားတွေကိုပါ။ မြန်မာပြည်နဲ့တော့ နည်းနည်းကွာလားလို့။ လမ်းတွေက လည်းကောင်းမှကောင်း။ ကျယ်ကလည်းကျယ်တယ်။ ဒီနိုင်ငံရဲ့ ၇၀% က တောင်တွေနဲ့ ပြည့်နက်နေတော့ တောတောင် လျှိုမြောင်ကလည်း ဘာပေါသလည်းမမေးနဲ့ လမ်းဘေး ဘယ်ညာ တောတောင်တွေချည်းပဲ။ တောင်ကို လှိုင်ဖေါက်၊ ချောက်ကို တံတားဆောက်ထားလို့ လမ်းကတော့ အတက်အဆင်းမရှိသလောက် ကိုညီညာနေတယ်။ အပေါ်ကပုံလေးတွေကို ကြည့်လျှင်သိနိုင်မယ်ထင်ပါတယ်။

ဒါက လမ်းညွန်ဆိုင်းပုဒ်နှင့် လှိုင်ခေါင်းအ၀င်ဝလေ။


ဒါလေးကတော့ လှိုင်ခေါင်းထဲမှာ ရိုက်ထားတာ နှင့် လျှိုကူးတံတား။



ဒါကတော့ မြို့လယ် တစ်နေရာပါ။ ကားတွေ ဒါလောက်ပေါပေမဲ့ မြို့လယ်မှာတောင် ဒီလောက်လမ်းကျယ်တော့ ပိတ်ဆို့မှု့သက်သာတာပေါ့။ သက်သာတာလို့ပြောတာနော်။ လမ်းသိပ်ကျယ်တာတောင် ကားတွေက မတန်တဆ ပေါတော့ လမ်းပိတ်ဆို့မှုတော့ ခဏခဏ ကြုံရတယ်။ မီးပွိုင့်မှာဆို တန်းစီလို့ပေါ့။ ဒါလေးကလည်း မြို့လယ်မှာပဲ။


ဒါလေးကတော့ ကျွန်တော်တို့ Genetic Analysis အတွက် အစိုးရကို ငွေတင်တောင်းဖို့ တံစိပ်တုံးသွားထုခဲ့တဲ့ ဘီဇနည်းပညာဦးစီးဌာနမှာရိုက်ခဲ့တာလေးပါ။ ဒါကတော့ ဒီဒဲဂျွန်း (Daejeon) မြို့ရဲ့ အထင်ကရ အားကစားကွင်းပါ။


သူတို့ကတော့ World cup လို့ နာမည်တပ်ထားတာပါ။ ဒီလိုအားကစားကွင်းက မြို့ကြီးတိုင်းမှာ ရှိတာပါတဲ့။ မြို့ငယ်လေးတွေမှာတော့ မရှိပါဘူး။ ဟိုနေ့က သွားခဲ့တဲ့ ဂုန်းဂျူး (Kongju) မှာတော့မရှိဘူး။ ဂုန်းဂျူးဆိုတာက ဒဲဂျွန်းနဲ့ ၁၉ ကီလိုမိတာပဲ ဝေးတာကိုး။ ဒဲဂျွန်းမှာ Chungnam University ကို အထင်ကရတွေ့ခဲ့ရတယ်။ ဒီနိုင်ငံမှာ တက္ကသိုလ်ပေါင်း ၂၀၀ ကျော်တယ်လို့ သူငယ်ချင်းကပြောပြတယ်။ ကျွန်တော်တို့ NIIED တွေ လျှောက်ခွင့်ရတဲ့ စာရင်းမှာတောင် ၃၅ ကျောင်းရှိတာကိုး။ လျှောက်ခွင့်မရတဲ့ကျောင်းတွေကလည်းအများကြီး။ ဒီအတွက် Unrestricted Students တွေက တစ်ပန်းသာတယ်။ တစ်ပန်းမကပါဘူး။ နှစ်ပန်း၊ သုံးပန်း အများကြီးသာပါတယ်။ အခွင့်အရေး သာတယ်။ နောက်နှစ်တွေ ကိုရီးယားအစိုးရစကောလားလျှောက်လျှင် Unrestricted အနေနဲ့လျှောက်နော်။ Restricted အနေနဲ့ မလျှောက်နဲ့။ ဟား--ဟား--။ ကြုံကြိုက်တုံး အကြံပေးလိုက်တာ။ ကဲ နားလိုက်အုံးမယ်ဗျာ။




အပြည့်အစုံ (Read More)...

Wednesday, September 2, 2009

Scholarship

ဂျပန်အစိုးရက စကောလားရှစ်ပေးမည်။
ဂျပန် အစိုးရသည် မြန်မာ ကျောင်းသား များအတွက် စကောလားရှစ် အပြည့် အ၀ ပေးသွားမည့် အစီအစဉ် တခု ရေးဆွဲ ဆောင်ရွက်နေကြောင်း သိရှိ ရသည်။
လူမှု ဆက်ဆံရေး နှင့် နည်းပညာ နယ်ပယ်တွင် တက်ရောက် သင်ကြား နေသည့် မြန်မာ ကျောင်းသားများ အတွက် ဒေသဆိုင်ရာ ဖွံ့ဖြိုးမှု စီမံကိန်း အတွက် စကောလားရှစ် ပေးသွားရန် စီစဉ်နေကြောင်း ဂျပန် သံရုံး၏ ကြေညာချက်ကို ကိုးကားပြီး ရန်ကုန်တိုင်းမ် ဂျာနယ်က ရေးသား ဖော်ပြခဲ့သည်။
ယခု စီမံကိန်းသည် အာရှ လူငယ်အဖွဲ့ ပရိုဂရမ်ကို ကိုးကား ဆောင်ရွက်ခြင်း ဖြစ်ပြီး လူသား အခွင့်အရေး၊ ပေါင်းသင်း ဆက်ဆံမှု သိပ္ပံပညာ၊ အင်ဂျင်နီယာ နှင့် သဘာဝ သိပ္ပံစသော ပညာရပ်များတွင် Ph.D ဘွဲ့ရများ ထွက်ပေါ်လာရေး အတွက် ရည်ရွယ်ထားကြောင်း ဂျာနယ်က ဖော်ပြခဲ့သည်။
ထို အစီအစဉ် အတွက် မာစတာဘွဲ့ရ ကျောင်းသားများကို ရွေးချယ်သွားရန် သံရုံးက စီစဉ်နေပြီး အသက် ကန့်သတ်ချက် အနေဖြင့် (၃၅)နှစ် အောက်ဟု သတ်မှတ်ထားကြောင်း သိရှိရသည်။ ရွေးချယ် ခံရသူများသည် (၂၀၁၀) ခုနှစ်၊ ပညာသင်နှစ် အတွက် ဂျပန်နိုင်ငံတွင် စကောလားရှစ်ဖြင့် ပညာသွားရောက် သင်ကြားခွင့် ရရှိမည်ဖြစ်ပြီး လျှောက်လွှာများကို အောက်တိုဘာ (၁၆)ရက် နေ့တွင် ပိတ်သိမ်း သွားမည်ဖြစ်သည်။
သက်ဆိုင်ရာ ဘာသာရပ် အလိုက် ရွေးချယ် ခံရသူများသည် ဂျပန်နိုင်ငံရှိ အိုဆာကာ တက္ကသိုလ်တွင် ဂျပန်စကားကို (၇)လကြာ ဦးစွာ သင်ယူရဦးမည် ဖြစ်သည်။ ဂျပန် အစိုးရသည် အဆိုပါ ပရိုဂရမ်အရ (၁၉၉၆)ခုနှစ် နောက်ပိုင်း မြန်မာကျောင်းသား (၂၃)ဦး အထိ စကောလားရှစ် ထောက်ပံ့ ပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ကဗျာဥယျာဉ်မှ ကူးယူဖေါ်ပြပါသည်။
Application Deadline:
Application closing date for courses starting in July 2010 is 30 November 2009.
လှောက်လွှာဒီမှာ ဒေါင်းပါ။
အသေးစိတ်သိလိုလျှင် ဒီမှာ (သို့မဟုတ်) အဲဒီမှာ သွားကြည့်လိုက်ပါဗျာ။


Type rest of the post here

အပြည့်အစုံ (Read More)...

Sunday, August 2, 2009

Korean Universities

ပညာရှာလိုသူ လူငယ်မောင်မယ်များအတွက် ပညာသင်ဆု ရှာဖွေလျှောက်ထားနိုင်ဘို့ ရည်ရွယ်ပြီး ဒါလေးရေးလိုက်တာပါ။ ဒါက ကိုရီးယားနိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်၊ စာသင်ကျောင်းစာရင်း ပါ။ ဒီမှာ ရှိတဲ့ကျောင်းတော်တော်များများက ထူးချွန်သူတွေကို စကောလားပေးတဲ့ အစီအစဉ်တွေ ရှိပါတယ်။ ဘွဲ့ကြိုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘွဲ့ကြိုကိုတော့ အစိုးရအဖွဲ့အစည်းအစီအစဉ်နဲ့ ရွေးခြယ်တာဆိုတော့ ကျောင်းသားတစ်ဦးချင်း (Personal) လျှောက်လိုရတာ မတွေ့မိသေးဘူး။ ဘွဲ့လွန်ကိုတော့ တက္ကသိုလ်ကျောင်းတိုင်း (all National Universities and Private Universities) စကောလားပေးပါတယ်။ စကောလားပေးတဲ့ အစီအစဉ် သုံးမျိုရှိတယ်လို့ သိရပါတယ်။
(၁)။ ကိုရီးယားနိုင်ငံတော်က ကမ္ဘာ့ကျောင်းသားများကို ပေးတဲ့စကောလား။ (NIIED (KGSP), KOICA)
(၂)။ ကုမ္ပဏီ အဖွဲ့အစည်းတွေကနေ ထူးချွန်တဲ့ကျောင်းသားကို တိုက်ရိုက် ရွေးခြယ်ထောက်ပံ့ပေးတဲ့စကောလား။ အခုနောက်ပိုင်း တိုက်ရိုက်ပေးတာနည်းပြီး ပရော်ဖက်ဆာ (Professor) နဲ့ ဆက်သွယ်ပြီးပေးတာများပါတယ်။
(၃)။ တက္ကသိုလ်ကျောင်းတွေက ပေးတဲ့စကောလား။ ဒီအစီအစဉ်က အများဆုံးဖြစ်မယ်ထင်ပါတယ်။ ဒီမှာရှိတဲ့တက္ကသိုလ်တွေက ကျွန်တော်သိရသလောက်တော့ သုတေသနအများစု ပရော့ဂျက် (Project) ရှိပါတယ်။ Governmental Project တွေရှိသလို Private Project တွေလည်းများပါတယ်။ သုတေသန Project အတွက် ဒေါ်လာဘယ်လောက်ဆိုပြီး တစ်ခါထည်း သတ်မှတ်ပေးထားတာပါ။ အဲလို Project များများရထားတဲ့ Professor တွေက ကျောင်းသားများများလိုပါတယ်။ အဲဒါတွေကို Run နိုင်ဖို့ ထူးချွန်တဲ့ကျောင်းသားတွေကို စကောလားပေးတာပါ။ Professor တွေကလည်း Project များများရဘို့ Foreign Students များများ ရဘို့ ကြိုးစားကြပါတယ်။ ဒါဟာလည်း သူတို့နာမည်ရဘို့ တက်လမ်းပဲလေ။ ဒီတော့ ကျွန်တော်တို့ဘက်က လည်း ဘယ်တက္ကသိုလ်တွေမှာ ဘယ်ဘာသာရပ်တွေအတွက် စကောလားလျှောက်လို့ရတယ်ဆိုတာရှာပြီး ကိုယ်နဲ့ သင့်တော်တာလေးတွေနဲ့ ချိပ်ဆက်ပြီး လက်တွဲဆောင်ရွက်မယ်ဆိုလျှင် နှစ်ဦးနှစ်ဘက် အကျိုးရှိစေတာပေါ့ဗျာ။ နာမည်ကြီး တက္ကသိုလ်အများစုက ကိုယ်ပိုင် Webpage တွေရှိကြတော့ ရှာရတာလည်း လွယ်ပါတယ်။ သက်ဆိုင်ရာတက္ကသိုလ်ရဲ့ Professor ဒါမှမဟုတ် International Office ကို ဆက်သွယ်ပြီး စုံစမ်းပေတော့။ ဒီတက္ကသိုလ်စာရင်းထဲမှာ အများကြီးရှာလို့ရတယ်။ တစ်ချို့ကျောင်းတွေက Up to date Scholarship Application Form တွေလည်း တစ်ခါထည်း Download ပေးထားတယ်။ ကဲ အားလုံး သင့်တော်ရာ လမ်းကြောင်း လေးဖွင့် ပြီး ဆက်လက် လျှောက်လှမ်းနိုင်ပါစေဗျာ။ ကျွန်တော့်ယခုလိပ်စာက ဒါပါ။ နောက် ၁၀ ရက်နေလျှင် တော့ ဒီကို ပြောင်းပြီး သုံးနှစ်တာ PhD အတွက်ဆက်လုပ်မယ်။



အပြည့်အစုံ (Read More)...

Saturday, July 18, 2009

ကိုရီးယားနိုင်ငံ တက္ကသိုလ်ကြီး ၄၁ ခုတွင် မြန်မာကျောင်းသားများ ပညာသင်ဆု (Schloarship) လျှောက်ထားနိုင်။


တောင်ကိုရီးယားအစိုးရသည် မြန်မာအပါအ၀င် အာဆီယံနိုင်ငံများမှ ကျောင်းသားများကို ပညာသင်ဆုပေးအပ်ပြီး ကိုရီးယားတက္ကသိုလ်များတွင် ပညာသင်ခွင့်ပေးနေကြောင်း၊ ပညာသင်ဆုရရှိသောကျောင်းသားများသည် ကိုရီးယားနိုင်ငံရှိ ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီး ၄၁ ခုတွင် ပညာသင်ယူရန်လျှောက်ထားနိုင်ကြောင်း၊ ထိုတက္ကသိုလ်ကြီးများတွင် အစိုးရလက်အောက်ရှိတက္ကသိုလ်များပါဝင်သကဲ့သို့ ပုဂ္ဂလိကတက္ကသိုလ်များလည်း ပါဝင်ကြောင်းသိရသည်။ တောင်ကိုရီးယားအစိုးရသည် ၂၀၀၅ ခုနှစ်မှစတင်ပြီး မြန်မာကျောင်းသားများကို ပညာသင်ဆုပေးခဲ့ပြီး နှစ်စဉ်

မြန်မာကျောင်းသား နှစ်ဦးကို ပညာသင်ဆုပေးအပ်ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင်မူ ဘွဲ့ကြိုကျောင်းသား ၇ ဦးနှင့် ဘွဲ့လွန်ပညာဆည်းပူးကြမည့် မြန်မာကျောင်းသား ၂၈ဦး (Post Doct ၁ ဦး) ကို ပညာသင်ဆုပေးအပ်ခဲ့ပြီး ကိုရီးယားတက္ကသိုလ်များတွင်ပညာသင်ကြားစေခဲ့ကြောင်း၊ ယခု ၂၀၀၉ ခုနှစ်တွင် ဘွဲ့ကြိုမြန်မာကျောင်းသား ၁၀ ဦးကို ပညာသင်ဆုပေးအပ်ခဲ့ပြီး ကိုရီးယားတွင် ပညာသင်ခွင့်ပေးထားရာ မကြာမီတွင် ဘွဲ့ရရှိတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၀၅ ခုနှစ်မှ ယခုအချိန်အထိ မြန်မာကျောင်းသားစုစုပေါင်း ၅၀ ဦးကို ပညာသင်ဆုပေးအပ်ပြီးဖြစ်ကြောင်း ပထမအတွင်းဝန်၏ အဆိုအရသိရှိရသည်။

လာမည့် ၂၀၁၀ ခုနှစ်တွင် မြန်မာအပါအ၀င်အာဆီယံ နိုင်ငံများမှ ကျောင်းသား ၅၀၀ ဦးကို ကိုရီးယားပညာသင်ဆုပေးမည်ဖြစ်သည့်အတွက် မြန်မာကျောင်းသားများရရှိမည့် ကိုရီးယားပညာသင်ဆု ခွဲတမ်းအရေအတွက် ပိုမိုလာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ စုံစမ်းသိရှိရသည်။

တက္ကသိုလ်ဝင်တန်းစားမေးပွဲတွင် တစ်ဘာသာချင်းအလိုက် ရမှတ် ၇၀ နှင့်အထက်ရရှိသော ကြောင်းသားများသည် ကိုရီးယားပညာသင်ဆု လျှောက်ထားနိုင်ပြီး ၂၀၁၀ ခုနှစ် အတွက် လျှောက်လွှာခေါ်ယူခြင်းကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင် ကိုရီးယားသံရုံးမှ တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ပညာသင်ဆုလျှောက်ထားလိုသော ကျောင်းသားများ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးတွင် လာရောက်စုံစမ်းနိုင်ကြောင်း အဆိုပါသံရုံးထံမှ စုံစမ်း သိရှိရသည်။ (Voice, Monday 20-26, 2009 မှကူးယူဖေါ်ပြပါသည်)


အပြည့်အစုံ (Read More)...

Sunday, July 5, 2009

National Institute for International Education (NIIED)

ပညာသင်ဆုပေးနေတဲ့ အစီအစဉ်တစ်ခုပါ။ (NIIED)
နောက်တက် ကျောင်းသား လူငယ်လေးများ စိတ်ဝင်စားမယ်ထင်လို့ သတင်းလေး အတိုချုပ် တင်လိုက်ပါတယ်။
National institute for International Education (NIIED) ကို Ministry of Education, Science and Technology ရဲ့အောက်မှာ ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။ ၁၉၆၂ မှာ an Education Center for Oversea Korean ဆိုပြီး စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ မှာ မှ NIIED လို့ ပြောင်းလည်း ဖွဲ့စည်းခဲ့ခြင်းပါတဲ့။ ရည်ရွယ်ချက်ကတော့ Globalization အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ပါတဲ့။ အဓိကတော့ ပညာရေးကို ဦးစားပေး ပြီး ဆောင်ရွက်မယ်ပေါ့။ ကိုရိးယား နိုင်ငံသား ၇ သန်းကျော်လောက် က ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ပညာသင်ယူရင်း သူတို့နေထိုင်ကျက်စားရာ နိုင်ငံ အသီးသီးရဲ့ လူမှု ပတ်ဝန်းကျင်မှာ အပြည်ပြည်ဆိုင်ရာ လူမှုဆက်ဆံ နေထိုင်ရေး တိုးတက်ဖွံ့ ဖြိုးဖို့ ကြိုးစား နေကြပါတယ်တဲ့။ အဲဒီအပေါ်မှာလည်း ဒီအဖွဲ့အစည်းက အာရုံစိုက်ထောက်ပံ့တယ်ပေါ့။ နောက် ပညာသင်ဆုတွေပေးပြီး နိုင်ငံတကာက ကျောင်းသားတွေနဲ့ ကျောင်းသားလဲလှယ်ရေး (student exchange) တွေ လုပ်တယ်။ နောက် ကိုရီးယား လူငယ်တွေ အင်္ဂလိပ်စာတိုးတက်ပြီး ကမ္ဘာနဲ့ ဆက်သွယ်ပြောဆိုနိုင်ဘို့ EPIK လို့ခေါ်တဲ့ (English Program in Korea) တို့ နောက် Native English speaker တွေကို ဖိတ်ပြီး သင်ကြား စေတဲ့ Talk လို့ခေါ်တဲ့ (Teach and Learn in Korea) ဆိုတဲ့ အစီအစဉ်တွေလည်း လုပ်ပေးနေပါတယ်။ ပြည်ပကျောင်းသားတွေ ကို ပညာသင်ဆုပေးထားတာ ၀၁.၁၂. ၂၀၀၈ စာရင်းအရ ဘွဲ့ကြို ကျောင်းသား ၄၈ နိုင်ငံမှ ၂၆၀ ယောက်၊ ဘွဲလွန်ကျောင်းသား ၈၇ နိုင်ငံမှ ၇၅၇ ယောက် ခေါ်ယူ သင်ကြား စေလျှက်ရှိပါပြီ်တဲ့။ ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်မှ ကျောင်းသားပေါင်း ၂၉ ယောက် ပါဝင်ပါတယ်။ ဒီနှစ် ၂၀၀၉ မှာလည်း နိုင်ငံပေါင်း ၁၀၇ နိုင်ငံ မှ ကျောင်းသား ပေါင်း ၃၅၀ ကို ဖိတ်ခေါ်ထားပါတယ်တဲ့။ ဒီ NIIED ကပေးတဲ့ KGSP (Korean Government Scholarship Program) ကို စိတ်ဝင်စားကြလို့ လျှောက်လွှာ download လုပ်သူပေါင်း ဒီနှစ် ၃၂၄၂ ယောက် တောင်ရှိပါတယ်တဲ့ဗျာ။ ခေါ်တဲ့အထဲမှာ မြန်မာကျောင်းသားတွေလည်း ခေါ်ထားတော့ မြန်မာကျောင်းသားတွေ များများ ရစေချင်ပါတယ်။ မြန်မာပြည်လည်း တိုးတက်သင့်တယ်မဟုတ်လားဗျာ။

ဘာပဲပြောပြော စာရိတ်ပေး သင်ပေးလို့ကတော့ တစ်ကမ္ဘာလုံးက ကျောင်းသား တော်တော်များများကတော့ လာချင်ကြမယ်ထင်ပါတယ်။ အောက်က ဗွီဒီယိုမှာ ပြောထားသလိုပေါ့ သူတို့က ကမ္ဘာ့ အသိုင်းအ၀ိုင်း တိုးချဲ့ ချင်တာဆိုတော့ ပညာရှာသူတွေအတွက် တော့ ဒီ Program လေးက စိတ်ဝင်စားစရာပါ။ တစ်ချို့တော့ ရှိနိုင်တာပေါ့လေ ဒီမှာ ကျွန်တော်တို့နဲ့ အတူတက်နေတဲ့ ကမ္ဘောဒီးယား သူငယ်ချင်းတစ်ယောက်လို၊ သူကတော့ ပထမနှစ်ဝက်ပဲတက်ပြီး ပြန်သွားတာ မိသားစုနဲ့ ခွဲရတာ မတန်ဘူးဆိုပြီး ပြန်မလာတော့ဘူးဗျာ။ ငွေပေးပြီးသင်ပေးလဲ မလိုချင်ဘူးကွာ ဆိုတဲ့သူလည်း အနည်းအပါးတော့ ရှိချင်လည်း ရှိမှာပေါ့။ သတင်းလေးမျှဝေတာပါ။ အသေးစိတ်သိလိုလျှင်တော့ ဒီနေရာလေး ကို ဆက်ဖတ်လိုက်ပါဗျာ။ အဲဒီမှာပဲ ပညာသင်ဆု လျှောက်လွှာလည်း ရနိုင်ပါတယ်။

အပြည့်အစုံ (Read More)...