လူဝင်မှုကြီးကြပ်ရေးရုံး၊ ဒဲဂျွန်းမြို့သို့နောက်တစ်ခေါက်။
အခုတစ်လောအလုပ်များနေလို့ မရေးဖြစ်ခဲ့တာလေးတွေ ဘက်ဒိပ်နဲ့ပြန်ရေးလိုက်ချင်ပါသေးတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့က ဒဲဂျွန်းမြို့ လူဝင်မှုကြည့်ကြပ်ရေးရုံးက ကျောင်းသားတွေကို လူကိုယ်တိုင်လာတွေ့လှဲ့ပါဆိုလို့ ဂုန်းဂျူးတက္ကသိုလ်မှာရှိတဲ့ ကျွန်တော်တို့ ပြည်ပကျောင်းသားများ သွားရောက် ခဲ့ကြတာပါ။ ဘာမှ တော့မဟုတ်ဘူး။ လူတွေ့ရုံခေါ်ကြည့်တာတဲ့။ ဘာမှလည်းလုပ်စရာမလိုဘူး နိုင်ငံခြားသားစီစစ်ရေးကာဒ်လေးပြလိုက်တာနဲ့ပြီးပြီတဲ့။ ကျွန်တော်တို့ကလည်း အချိန်ရတာနဲ့အတော်ပဲ မြို့ကိုပတ်လည်ပစ်လိုက်တယ်။ ကံကောင်းတာက ဒဲဂျွန်းသား မဟာကျောင်းသားတစ်ယောက်ကသူ့ကားလေးနဲ့လိုက်ပို့တာဆိုတော့ သွားလာရတာလွယ်တာပေါ့။ ဒဲဂျွန်းမြို့မှာရှိတဲ့ နာမည်ကြီးတက္ကသိုလ်တွေတော့အနှံပဲ။ လွယ်လွယ်နဲ့ဝင်ခွင့်မရတဲ့ ဟို Nuclear Research Institute ကိုပဲ အပြင်ကနေလှမ်းကြည့်ပြန်ခဲ့ရတယ်။ ဟို တောင်စောင်းမှာရှိတဲ့ အပန်းဖြေစခန်း (ပန်းခြံ)မှာ အချိန်ကြာကြာအနားယူဖြစ်ခဲတယ်။
ဒါကတော့အဲဒီဒဲဂျွန်းမြို့က မြင်ကွင်းတစ်ချို့နှင့် အပန်းဖြေစခန်းက ရှုခင်းလေးတွေပါ။