"ပျော်ပျော်ပါးပါး ကမ်းနားသွား"
ဟဲ---ဟဲ----အွန်စောလည်းသူများတွေကိုအားကျလို့ ရေးအုံးမယ်။ "အွန်စောခရီးသွားနေသည်လို့"။ အဝေးကြီးတော့မသွားနိုင်ပါဘူး။ တစ်ညအိပ်ခရီးလေးပါ။ အခုလိုပူအိုက်တဲ့ ရာသီရောက်လာလျှင် တတ်နိုင်တဲ့ သူတွေက ကမ်းခြေတွေမှာသွားပြီး အအေးခံကြသလို ခြွေတာကြသူတွေကတော့ ငွေကုန်ကျေးကျ နည်းတဲ့ တောင်တက်ကြပါတယ်တဲ့။
ရေးတော့ရေးမယ်လို့ပဲဗျ။ ရေးရင်းတန်းလန်းအိပ်ငိုက်လာလို့။ မနေ့က ခရီးပန်းလာတာကိုဗျ။ ညမှတန်းတင်မယ်အကြံနဲ့ထိုင်လိုက်တာပဲ။ ဒါပေမဲ့ စိတ်ကိုခန္ဒာက မလိုက်နိုင်ဘူး။ အလည်ရောက်လာသူဘော်ဘော်တွေကို အပြည့်အစုံမကြွားလိုက်ရဘူး။ အခု နည်းနည်းဆက်လိုက်ပါ့မယ်။ ကြွားစရာကသိပ်မရှိဘူး။ အွန်စောလည်း ကြွားလာတာ အဲ--မှားလို့ ရေးလာတာ နည်းနည်းများလာတော့ အပ်ကြောင်းထပ်တော့မယ်။ ဘုရားသွားလိုက်။ ကမ်းခြေသွားလိုက်။ တောင်တက်လိုက်။ စက်ရုံတွေသွားလေ့လာလိုက်။ သူတို့ယဉ်ကျေးမှုပြတိုက်တွေ လိုက်စပ်စုလိုက်နဲ့ ဒါတွေပဲထပ်နေတော့မယ်။ အင်း တစ်ခါတစ်လေတော့လည်း သူတို့ အထူးတလည် ကျင်းပတဲ့ ရာသီလိုက် ပွဲလမ်းလေးတွေပေါ့လေ။ အခုဟာက ၁၇ ရက်နေ့က အွန်စောတို့ကျောင်း နွေကျောင်းပိတ်ရက်စပိတ်တယ်လေ။ သိကြတဲ့အတိုင်းပဲ စာသင်ချိန်မရှိတော့တာနဲ့။ စာမေးပွဲပြီးတာနဲ့ အဆောင်မှာနေခွင့်မပေးတော့ဘူး။ အကုန်မောင်းထုတ်တာ။ အွန်စောနဲ့ ဆရာတစ်ချို့ပဲကျန်တော့တာ။ အဆောင်မှာ စတင်ခြောက်စပြုလာပြီပေါ့။ အွန်စောက တော့ ဆရာမဟုတ် တပည့်လည်းမဟုတ်။ ဆရာလည်းဟုတ် တပည့်လည်းဟုတ် ကပြားလေ။ လူတွေ့တိုင်းအမေးခံနေရတာလည်း အွန်စော စိတ်တောင်ညစ်ညစ်လာတယ်။ ကျောင်းသားပါဆိုတာကို သိပ်မရုံချင်သလိုလို ထပ်ထပ်မေးနေတာခံရတယ်။ သူတို့စိတ်ထဲ ဆရာများအောင်းမေ့နေလားမသိပါဘူး။ အွန်စောလည်း အဲလောက်မခန့်ပါဘူး။ ဟဲ---ဟဲ---။ သူတို့ထင်သလောက်လဲ အွန်စောအသက်မကြိးသေးပါဘူးးနော့။ လေပေါနေတာနဲ့ ပြောမဲ့စကာတောင် လမ်းကြောင်းကောက်သွားပြီ။ ၁၇ ရက်နေ့ကျောင်းစပိတ်တော့ ဓါတ်ခွဲခန်းမှာ နေ့မအားညမနား (ဟဲ--ဟဲ---စာဖွဲလိုက်တာ) ဆက်လက်သုတေသနပြုနေကြတဲ့ ဘွဲ့လွန်ကျောင်းသားတွေအတွက် အားဆေးတိုက်တဲ့ သဘောဖြစ်မှာပေါ့ အပန်းဖြေစခန်းကို ဓါတ်ခွဲခန်းရန်ပုံငွေနဲ့ ပါမောက္ခက စီစဉ်ပေးတာပါ။ အွန်စောတို့ ဓါတ်ခွဲခန်းမှာက (ပါမောက္ခအပါအ၀င်) ၁၅ ယောက်ရှိတာဆိုတော့ ကားသုံးစီးအပြည့်ပဲ။ မိသားစု စုံညီ ပျော်ပွဲစားခရီးလေးပါပဲ။ အွန်စောတို့ဌာနမှာက ကိုရီးယားအပါအ၀င် နိုင်ငံပေါင်း လေးနိုင်ငံကကျောင်းသားတွေ စုပေါင်းပညာသင်ယူနေကြတာဆိုတော့ ပါမောက္ခက မိမိနိုင်ငံက ရိုးရာအစားအစာများ လုပ်စားကြဖို့၊ ကုန်ကျစရိတ်သူအကုန်ပေးမယ်၊ အချင်းချင်း အပြန်အလှန် စားမြည်းခွင့် ရအောင် စီစဉ်ကြဖို့ တစ်လလောက်အလိုကထည်းက အစည်းအဝေးမှာ ပြောထားတာဆိုတော့ အွန်စောလည်း အွန်လိုင်းစနစ်နဲ့ ရောင်းနေတဲ့ မြန်မာစားသောက်ကုန်ဆိုင်ဖြစ်တဲ့ "ကျေးဇူးတော်" ကနေမှာယူပြီး လက်စွမ်းပြပေးလိုက်ပါတယ်။ အွန်စောလက်ရာ အင်မတန်ကောင်းကြောင်း မြန်မာအစားအစာကို အလွန်ပင် မြိန်ရှက်ကြောင်း နှင့် အခုလုပ်စားကြတဲ့အထဲမှာ အကောင်းဆုံးဖြစ်ကြောင်း အားလုံးရဲ့ ကောင်းချီးသြဘာကို ရလိုက်ပါတယ်။ ဒီအတွက် ဒီလိုစီစဉ်ဖြစ်အောင် မှားကြားဝယ်ယူသောပစ္စည်းသာမက မုန့်ဟင်းခါးချက်ရန်လိုအပ်သော အပိုဆလာ များကိုပါ စေတနာဖြင့် မေတ္တာလက်ဆောင်အဖြစ် အွန်လိုင်းစနစ်ဖြင့် ပို့ဆောင်ပေးသော မြန်မာစားသောက်ကုန်ဆိုင် "ကျေးဇူးတော်" မှ ဆရာမ ကင်ဖေါဦး (အမည်အသံထွက်မှားလျှင် ခွင့်လွှတ်ပါ) အား အထူးကျေးဇူးတင်ပါကြောင်းနှင့် မြန်မာမုန့်ဟင်းခါးနှင့်လိုက်ဖက်ညီသော ငှက်ပျောအူနဲ့ နံနံပင်ကို မရမက ဈေးမှ တကုတက အရ၀ယ်ကာ အလှမ်းမနီးသော ချွန်နာမ် (Cheonnam) တက္ကသိုလ်မှ ရယ်ဆန်မြို့ (Yesan) အရောက်ပေးပို့ ကူညီခဲ့သော ဒေါက်တာကျောင်းသူ အစ်မကြီး မမမိုးဦး ကိုလည်း မေ့မရအောင် ကျေးဇူးတင်နေပါတယ်။ အွန်စောအခုလို မြန်မာအစားအစာကို လက်စွမ်းပြခွင့်ရတာ သူတို့ သူတို့တစ်တွေရှိနေလို့ဆိုတာ အသေအချာပါပဲ။ တရုတ်တွေကလည်း အညံမခံပါဘူး သူတို့တရုတ်အစားအစာအဖြစ် ကြော်ကြ လှော်ကြပါတယ်။ ကိုရီးယားကလည်း သာမန်နေ့စဉ် အစားအစာမဟုတ်တဲ့ အထူးတလည် စီမံထားတဲ့ ပန်းဖြင့်စီမံထားတဲ့ (ပန်းထမင်းကြက်ချည်း--ဟဲ---ဟဲ---အွန်စောနာမည်ပေးတာ) နဲ့လက်စွမ်းပြပါတယ်။ သူတို့ဟာလည်း အလွန်လှပသလို အရသာလည်း အလွန်ကောင်းပါတယ်။ အွန်စောအတွက်အတွေ့အကြုံထူးပါပဲ (ဓါတ်ပုံလေးတွေလည်း တင်ထားပေးမယ်နော်)။ သနားစရာ မျက်နှာငယ်ရှာသူကတော့ ဘင်္ဂလားဒေခ်ျ က သူငယ်ချင်းပါပဲ။ သူကတော့ သူလိုချင်တဲ့ ပစ္စည်းတွေ ဘယ်ရှာဝယ်ရမှန်းမသိလို့ဆိုပြီး လက်မြှောက်အရူံးပေးခဲ့တာပါ။ ဒါပေမဲ့ အွန်စောတို့ အနင့်နာခံခဲ့ရတယ်လေ။ ဘာလို့လဲဆိုတော့ မုန့်ဟင်းခါးလက်စွမ်းပြခြင်တာနဲ့ ညနေ နေ၀င်ရီတရော သူများတွေ ပင်လယ်ထဲ ဆင်းရေကစားကြတော့ အွန်စော တည်းခိုဆောင်မှာပဲ ကျန်ခဲရတယ်လေ။ အွန်စောတို့သွားခဲ့တာကတော့ ဒဲချွန်း (Daecheonhang Harbour)ခေါ်တဲ့ သဘောင်္ဆိပ်နဲ့ မလှမ်းမကမ်းက ကမ်းစပ်မှာပါ။ ဒီနိုင်ငံမှာက တက္ကသိုလ်ပဲဖြစ်ဖြစ် ကုမ္ပဏီပဲဖြစ်ဖြစ် သူတို့ ကိုယ်ပိုင် တည်းခိုခန်း၊ အပန်းဖြေစခန်းတွေ ရှိကြတာပါ။ မြန်မာပြည်နဲ့ မတူတဲ့အချက်ပါပဲ။ အဲဒါကြောင့် အွန်စောတို့က အွန်စောတို့ကျောင်းပိုင် တည်းခိုခန်း (공주대학교 수련원) မှာပဲ စိတ်တိုင်းကျ စီမံနိုင်ခဲ့တာပေါ့။ ချက်အိုးပြုတ်အိုးတွေအစုံအလင်နဲ့ ဘာမှလိုလေသေးမရှိပါပဲ။ ချက်ပြုတ်ချင်တဲ့ ပစ္စည်းလေးသယ်သွားလိုက်ရုံပါပဲ။ အလွန်အဆင်ပြေခဲ့ပါတယ်။ ဒီထက်အဆင်ပြေတာက ပထမက အခန်း ၃ ခန်း ( ပါမောက္ခတစ်ခန်း၊ ကျောင်းသားတစ်ခန်း၊ ကျောင်းသူတစ်ခန်း) စီစဉ်ခဲ့ပေမဲ့ ညစာစားပြီးကြတော့ ပါမောက္ခက ညမအိပ်ပဲ အရင်ပြန်နှင့်တဲ့အပြင် တည်းခိုဆောင်မန်နေဂျာက အထူးစေတနာအဖြစ် နောက်ထပ်အခန်းတစ်ခန်းထပ်ပေးတဲ့အတွက် ကျောင်းသားချည်းလေးခန်းအရမှာ အကြီးဆုံးဒေါက်တာကျောင်းသားနှစ်ယောက်ဖြစ်တဲ့ အွန်စောနဲ့ တရုတ်တစ်ယောက်က ကိုယ်ပိုင်အခန်းတွေတစ်ခန်းစီ သားသားနားနား နှပ်ခွင့်ရခဲ့တာပါလား။ အွန်စောက ပါမောက္ခ အခန်းမှာ စံမြန်းလိုက်ရတော့ နည်းနည်းတောင် အခန်းကိုအားနာလိုက်မိသေးတယ်။ အွန်စော လေနဲ့ကြွားတာမဟုတ်ပါဘူး။ ဓါတ်ပုံနဲ့ အခိုင်အမာကြွားလိုက်မယ်နော်။ ဟဲ---ဟဲ----။
ဒါကအွန်စောတို့ချက်ပြုခွင့်ရခဲ့တဲ့ အောက်ထပ်က စားသောက်ခန်း(Restaurant)နှင့် အဆင်သင့်ရှိနှင့်နေတဲ့ ထမင်းပေါင်းအိုတွေလေ။
ဒါကတော ရောက်ရောက်ခြင်းရိုက်လိုက်တဲ အွန်စောတို့ တည်းခိုဆောင်ရှေ့မှာပါ။ အဖွဲ့လိုက်စုံစုံညီညီရိုက်ထားတဲ့ဟာက သူငယ်ချင်းကင်မရာမှာမို့ နောက်မှပဲတင်ပေးတော့မယ်နော်။
ဒါက သူတို့ရေကူးပြန်လာကြတာတဲ့လေ။ သူတို့ အဲလိုပျော်နေကြချိန်မှာ အွန်စောတို့က အခုလိုပြင်ဆင်နေကြရတာလေ။