갓바위(Gatbawi pagoda in Daegu)
"၀ိုင်အေယူ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ နှင့် ဒဲဂူးမြို့သိုဘုရားဖူးသွားခြင်း"
စက်တင်ဘာလ ၂၁ ရက်ကနေ ၂၃ ရက်ထိ ကိုရီးယားနိုင်ငံရဲ့ကျေးဇူးတော်နေ့ (추석날)မှာ ကျောင်းပိတ်ရက်ရှည်ရတာနဲ့ ကိုရီးယားနိုင်ငံရောက် စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်းများ တွေ့ဆုံပွဲလေးလုပ်ဖြစ်ခဲ့တယ်။ လုပ်ဖြစ်တဲ့အကြောင်းအရင်းက အဲဒီဒဲဂူးမှာရှိတဲ့ နာမည်ကြီး ဗုဒ္ဓဘာသာ ဘုရား (တော်ပေါ်ဘုရား)ဆင်းတုတော်ကို သွားရောက်ဖူးမျှော်ကြဖို့တိုင်ပင်ကြရင်းအားလုံးက စိတ်အားထက်သန်နေတာနဲ့ လူစုံတက်စုံဆုံဖြစ်သွားတာပါ။
ဒါလေးကတော့ အလာခရီးလေ။ တက္ကစီလေးစီးနဲ့တင်လွှတ်လိုက်ပြီး ပြန်စုကြရာ ကားဆရာက နေရာလွဲချခဲ့လို့တဲ့။
3 comments:
အုပ်စုတောင့်တယ်ဗျို့........
ပျော်စရာကြီး
လုပ်ချလိုက်ပြန်ပြီ အလျုမီနီ အဖွဲ့ဝင် ကတော့။
အပျင်းစား တင်းပုတ် တဲ့။ (ဒါမျိုးကျ တိုက်ရိုက်ဘာသာပြန်တယ်ခေါ်ရမလားမသိဘူး)
ဒေါက်တာကြီး ဝေဘန်မယ်ဆိုလည်း သတ္တိရှိရှိပေါ့ဗျာ။ ခွေးချည်သွားတောင်သိနိုင်တဲ့လေသံနဲ့လာပြီး ဝေဘန်ထားတယ်။ ဒါလောက်တော့သိပါတယ်ဗျာ။ ပျော်စေပျက်စေ သဘောနဲ့ တဲ့ရေးထားတာပါ။ မြန်မာစာကိုဖျက်တာ မြန်မာပါ။ အဲ----ဒီသဘောနဲ့ရေးတာမဟုတ်ပါဘူး။ ခွင့်လွှတ်တော်မူကြပါကုန် ကိုခွေးလွှတ်တော်မူကြပါကုန်လို့ရေးတာ။ ဒေါက်တာအလိုအရဆို ဒီလူ မြန်မာသတ္တပုံတော်တော်မသိတာပဲလို့ ပြောချင်သေးတာလား။ ကဲပြော---။
Post a Comment