နောက်ကြောင်းပြန်သတိရလို့ ၁၇.၁၂.၂၀၀၉ နေ့က ဒီတက္ကသိုလ်မှာ မသိလိုက်မသိဘာသာ ကျင်းပသွားတဲ့ ပြပွဲလေးတစ်ခုပါ။ 2009.산주 임업인 만남의장 တဲ့ အီးလိုတော့ ဘယ်လိုပြန်ရမှန်းတောင်မသိပါဘူး။ တွေ့ဆုံပွဲလို့ပဲပြောရမယ်ထင်တယ်။ သိပ်ကြိးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားစရာလေးတွေပါတယ်။ ဒီကျောင်းက ဒီဇင်ဘာ ၁၅ ရက်နေ့က ဘွဲကြိုကျောင်းသားတွေစာမေးပွဲဖြေပြီးတာနဲ့ ညနေမှာကျောင်းသားတွေအကုန်မောင်းထုတ်တာ။ ရက်စက်တယ်ပဲပြောရမလား ကျောင်းသားတွေကပဲ ပြန်ချင်မူးတူး နေသလားမပြောတတ်ဘူး နေ့လယ်မှာ စာမေးပွဲပြီးတာနဲ့ ညနေမှာ တစ်ယောက်မှမကျန်ဘူးအကုန် ချေကုန်သုတ်သွားကြတာ။ ၁၆ ရက်နေ့လည်းရောက်ရော နှင်းမုန်တိုင်းဝင်ပါလေရော။ အချိန်ကိုက်ကိုကျောင်းတော်ကြီးကပိတ်ပေးလိုက်တာပဲလို့ အဲသြမိတယ်။ တိုက်ဆိုင်တာပဲလားတော့မပြောတတ်ဘူး။ ၁၇ ရက်နေ့ ပြပွဲသွားတော့ နှင်းပြင်တွေပေါ်ဖြတ်ကျော်ခဲ့ရတယ်။ ပြပွဲ ခန်းကတော့ ဟိုအရင်တစ်ခါ ပန်းပြပွဲလုပ်တဲ့ ဟောခန်းမှာပါပဲ။ သိမ်အများကြီးတော့မဟုတ်ပါဘူး။ စိုက်ပျိုးရေးသုံးပစ္စည်းအချို့တွေ့ခဲ့တယ်။ နောက် သစ်ပင်တောတောင်ရှင်းတဲ့ သစ်ဖြတ်စက်၊ကိုင်းဖြတ်စက်၊ သစ်ပင်လှဲစက်တွေ့တယ်။ ၀ါး/အသားနဲ့လုပ်ထားတဲ့ လက်မှုပညာ ပြကွက်ကလေးပါတယ်။ နောက်ဆေးမြစ်စုံပေါ့ အမည်တွေတော့အကုန်မသိတော့ပါဘူး။ နာမည်ကြီးတဲ့ ဟုန်ဆန် (홈삼)လို့ခေါ်တဲ့ ကိုရီးယား ဂျင်ဇင်း (Ginzinn) ပဲသိတာ။ သူနဲ့ဆင်တူရိုးမားတွေလည်းအများသားပဲ။ နောက် ထမင်းစားလျှင် မကြာခဏတွေ့တွေ့နေရတဲ့ အသားလား အသီးအနှံလားလို့ အချင်းချင်းမေးမေးနေရတဲ့ မှိုတစ်မျိုး ရှိတာကီ (Shitaki) ခေါ်မလား အဲဒါတွေ့ခဲ့တယ်။ ခက်တာက ရန်ကုန်(၉)မိုင်မှိုဌာနမှာ ဆရာလုပ်ခဲ့ပေမဲ့ (တခြားမှိုတွေအကုန်နီးပါးနောကျေပေမဲ့) ရှိတာကီကိုတော့ မရင်းနီးခဲ့ဘူး။ သူ့ကို သူဌေးမှိုလို့ပဲ အမည်တစ်မျိုးပေးထားတာလေ။ မြန်မာပြည်မှာ အစိုက်ရခက်လို့ သူကအအေးကြိုက်တာကိုး ၄ဒီဂရီ ၀န်းကျင်ရအောင် အအေးခံစက်ရှိမှ စိုက်လို့ရတယ်လို့ မှတ်သားထားဘူးတာ။ ထားပါတော့ လေကြောရှည်နေတော့မယ်။ နောက်တစ်ခုထူးခြားတာတွေ့တာက တရုတ်ပြည်ကလုပ်ပို့တဲ့ တံဆိပ်တုံးအသေးလေးတွေ ဂက်စ်မိးချစ်ပုံစံလေးတွေ ဆိုက်စုံ၊ ဒီဇိုင်းစုံပဲ လိုချင်စရာလေးတွေ။ ရောင်းတဲ့သူက တခါတည်းကွန်ပျူတာနဲ့ နာမည်တံဆိပ်ထွင်းပေးတာ။ မြန်မှမြန်ပဲ။ တစ်ခုငါးထောင်တဲ့ ဈေးကတော့ခတ်ကြီးကြီးပဲ။ ပုံလေးတွေအားပေးသွားပါအုံး။
Monday, December 28, 2009
Exhibition at Kongju National University
Friday, December 25, 2009
Busan, Gyungju, Pohan Tour 2 (ဒုတိယပိုင်း)
ဒုတိယပိုင်းကိုဆက်လက်အားပေးပါအုံးနော်။ စာဖတ်ရတာပျင်းနေမှာစိုးလို့စာမရေးတော့ဘူး။ ဟဲ--ဟဲ--ရေးသူကလည်းအရင် ဘာရေးလို့ ဘာပြောပြရမယ်မသိတော့လို့။ ဖိုးဟန်ကမ်းခြေမှာ လေတခွန်လွှတ်ခဲ့ကြတာတော့ ဓါတ်ပုံမရိုက်ခဲ့တော့ဘူး။ ထက်ကောင်းကင်မှာ စွန်တွေ ၀ဲပျံခတ်နေတာတော့ တော်တော်ပျော်ဖို့ကောင်းတယ်။ အွန်စောစွန်ကတော့ သူများစွန်နှစ်ကောင်နဲ့သွားချိပ်မိပြီး လမ်းတ၀က်ကနေပဲ ပြန်ဆွဲအယူမှာ ကျိုးပြတ်ကျန်ခဲ့တယ်။ ဟိုကောင်းကင်ယံထိမရောက်လိုက်ဘူး။ ကမ်းခြေတစ်ခုထဲကနေ ကျွန်တော်တို့အဖွဲ့ ၁၉ ယောက်တောင် စွန်လွှတ်ကြတာ မညိပဲနေနိုင်ရိုးလား။ ဆရာမလေး စွန်ကအောက်နားမှာကထည်းက အွန်စောစွန်ကိုလာချိပ်လို့ ကြိုးဖြည်ပေးလိုက်ရသေးတယ်။ ဟိုကျောင်းသားတစ်ယောက်စွန်ကတော့ ပင်လယ်ရေပြင်ထဲ ထိုးဆင်းသွားလို့ စောစောစီးစီး စွန်ကိုထိမ်းကြောင်းရတဲ့အလုပ်ညိမ်းသွားတယ်။ ဟို ဂရောင်းကြူ Gyoungju Amusement Park မှာလည်း တိုက်ကားစီးခဲကြတာ ဘာပျော်သလဲမမေးနဲ့။ လူက၁၉ယောက် တိုက်ကားက ၇ စီးပဲရှိတာမို့ တစ်ချို့ကျောင်းသားတွေခမျာ သုံးဘီးစက်ဘီးစီးသူစီး။ ဆိုင်ကယ်အသေးလေးတွေစီးသူစီးနဲ့ အွန်စောကတော့ တိုက်ကားတစ်စီးတက်အပိုင်စီးလိုက်တယ်။ ဆရာမကတော့ပြောရှာတယ် ဖြည်းဖြည်းစီးကြနော်။ နင်တို့ကားမှောက်လျှင် ငါ့အသတ်ခံရမှာဆိုပြီး သူ့လည်ပင်းကို လက်နဲ့ပိုင်းပိုင်းပြရှာတယ်။ သူ့ကျောင်းသားတွေကလည်းလိမ္မာကြပါတယ်။ ကျွမ်းကျင်ကြတယ်ပြောရမလား။ တစ်စီးမှ မတိမ်းစောင်းမမှောက်ခဲ့ပါဘူး။ ကျောင်းသူတွေကတော့ နောက်ထိုင်ဆိုတော့ မပြောတော့ပါဘူး။ ဒါတောင် အွန်စောနောက်ကထိုင်လိုက်လာတဲ့ ဗီယက်နမ်မလေးက ကွင်း၎ပတ်လောက်အရမှာ ကြောက်တယ်ပြောလို့ အစောဆုံးသိမ်းခဲ့လိုက်ရတယ်။ အေးကလည်းအေးတာနဲ့အတော်ပါပဲ။ ဒီထက်ဆက်စီးနေလျှင် အွန်စောလည်း အအေးပတ်မှာစိုးရတယ်။ မပြောတော့ဘူးနေတာ လေကရှည်နေပြန်ပြီ။ ဒါလောက်ပဲဗျာ။ တတာ။ ဘိုင်ဘိုင်။ ကျန်းမာပျော်ရွှင်ကြပါစေ။ ပျော်ရွှင်စရာ ခရစ္စမတ်နှင့်အတူ ကြီးပွားတိုးတက်မဲ့ နှစ်သစ်မင်္ဂလာ ၂၀၁၀ ပြည့်နှစ်ဖြစ်နိုင်ကြပါစေ။
Busan, Gyungju, Pohan Tour
Sunday, December 20, 2009
Snow Storm 2 (နှင်းမုန်တိုင်)။
ဒီကနေ့ဈေးသွားရင်း နှင်းတွေတအားကျလာလို့ အပျင်းပြေ မှတ်တမ်းတင်ခဲ့တာလေးပါ။ မနက်ဖြန်မှာ ခရီးစထွက်မယ်။ နှစ်ညအိပ်သုံးရက်ခရီးပဲ။ ဘယ်တွေထိရောက်ဖြစ်မယ်တော့ ခရီးစဉ်စာရွက်ပို့မပေးတော့မသိရသေးဘူး။ လိုက်ပို့တဲ့နေရာတွေလေ့လာခွင့်ရမှာပါပဲလေ။ ကိုယ်ကတောင်းဆိုလို့မှမရတာ။ ကံဆိုးတာလား ကံကောင်းတာလားတော့မသိဘူး။ ဒီကျောင်းခွဲမှာက တစ်ယောက်ထဲဖြစ်နေတော့ အင်အားနည်းတယ်။ Main Campus မှာတော့ ငါးယောက်ဆိုတော့ သူတို့ စုပြီးတောင်းဆိုလျှင်တော့ ရမယ်ထင်တယ်။ သူတို့ ဆန္ဒပြုလျှင်လည်း ကိုမသိရ ကိုယ့်ဆန္ဒမပါဘူးဖြစ်နေမှာပါပဲလေ။ သူတို့တစ်တွေထက် ကိုယ်ကသာထားတာတစ်ခုရှိတယ်။ သူတို့ဘယ်သွားသွား အွန်စောက ရောက်ပြီးသားတွေများနေပြီ။ WSK (World Friend of Korea) မှာ အသင်းဝင်ပြီး စပ်စုထားတော့ အခုသွားမယ်သတင်းကြားတဲ့နေရာ တော်တော်များများကို ရောက်ပြီးပြီ။ Main Campus က ငါးယောက်ကို သနားတယ်ပေါ့။ ဟား----ဟား----။ သူတို့သွားချင်ရာသွားပါစေပေါ့ ခွင့်လွတ်နိုင်ပြီလေ။ အွန်စောက ဘလောဂါပြိုင်ပွဲမှာတောင် တတိယဆုရထားတာပဲနော့ သေးတာမှတ်လို့။ ဟား---ဟား---ဟား----။ လာရောက်အားပေးသူတွေကိုပျော်စေချင်လို့ပါဗျာ။ ကြွားစရာတော့မရှိပါဘူး။ အွန်စောက ဘာမှမယ်မယ်ရရ မတတ်တာပဲလေ။
Friday, December 18, 2009
Snow Storm 1
Monday, December 14, 2009
Class Closing Ceremony (Lunch)
KNU ရဲ့ (summer semester) အတန်းပိတ်ပွဲလေးပါ။ အမှတ်တရ နေ့လည်စာပေါ့။ 생명학과(life science လို့ရေးပါတယ်) ရဲ့ လက်အောက်မှာရှိတဲ့ စိုက်ပျိုးရေးဌာနရဲ့ ဆရာ (ပရော်ဖက်ဆာ) လေးယောက်နဲ့ မဟာသိပ္ပံ၊ ဒေါက်တာ ကျောင်းသားကျောင်းသူ (၁၀) ယောက် စုစုပေါင်း (၁၄) ယောက် နေ့လည်စာနဲ့ တည်ခင်းအောင်ပွဲခံတဲ့ပွဲလေး ပြီးခဲ့တဲ့ (၁၀.၁၂.၂၀၀၉) နေ့က ကျင်းပခဲ့တာလေး အမှတ်တရ အနေနဲ့ တင်ထားချင်လို့ပါ။ ဟိုဘက်ထိပ်ကကကြီးကျောင်းသားတွေပါ။ ဒီဘက်အစွန်ကတော့ အွန်စောနဲ့ တရုတ် ၃ ယောက်။ အလယ်ကတော့ ဆရာတွေလေ။ သွားစားတဲ့နေရာက ပြောရမှာတောင်နည်းနည်း အားနာတယ် ဟီး ဟိုအရင် နတ်တင်ပွဲတုန်းကသွားစားခဲ့တဲ့ ဈေးအကြီးဆုံးဆိုတဲ့ ခွေးသားဆိုင် (ဆိုင်နာမည်က 맛내네 တဲ့)။ ဒီတစ်ခါတော့ အွန်စော ခွေးသား (보신탕)မစားခဲ့ပါဘူးနော်။ ကြက်တစ်ကောင်လုံးကို ခွဲပြီး ဗိုက်ထဲမှာ ဆေးမြစ်ပေါင်းစုံးထည့် ဆန်ပါထည့်ပြီး ပေါင်းထားတဲ့ ဟာ မြန်မာလိုတော့ ကြက်ဆေးပေါင်းလို့ ဘာသာပြန်ရမလားမသိဘူး။ သူတို့အခေါ်တော့ ဆမ်ဂယ်ထန် (삼계탕) တဲ့။ ဘာအရသာမှမရှိဘူး။ ကြက်သားတွေစားနေရပေမဲ့ မချို မငံ မချဉ် မစပ် ဘာကိုအရသာခံရမှန်းကိုမသိဘူး။ အရသာမရှိပေမဲ့ 3/4 လောက်တော့ ဆော်ပစ်လိုက်တယ်။ ကုန်အောင်တော့မစားနိုင်ပါဘူး။ အဲဒီနေ့က တစ်နေကုန်ပဲဗျ။ ညနေကျတော့လည်း ဓါတ်ခွဲခန်းထဲက ကျောင်းသားတစ်ယောက်က ကုမ္ပဏီမှာ အလုပ်သွားလုပ်မှာမို့ရယ်။ ကျောင်းသူ တစ်ယောက် အွန်စောကိုအနီးကပ်သင်ပေးနေတဲ့သူ ဖိလစ်ပိုင် မနီလာကို ၂ လ ပညာသင်ဆုရလို့ သွားမှာကြောင့်ရယ်။ နောက်ကျောင်းသားတစ်ယောက်ကလည်း အမေရိကကို သွားမှာရယ်။ သူတို့သုံးရောက်ကို နှုတ်ဆက်တာဆိုပြီး ညစာလိုက်ကျွေးတယ်။ ညစာစားရုံတင်မကဘူး ပရော်ဖက်ဆာက အပြန်မှာ ကာရာအိုကေသွားဆိုကြဆိုပြီး ပိုက်ဆံထုတ်ပေးလို့ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၁၂ ယောက် နိုရယ်ဘန်း (노래방)မှာ သွားကဲကြတာ ညမိုးချုပ်မှ အခန်းပြန်ရောက်တယ်။ အပြည့်အ၀တော့ မပျော်ခဲ့ရပါဘူး။ ဘာလို့လည်းဆိုတော့ အွန်စောမှ ကကြီးသီချင်းမဆိုတတ်တာ။ မြန်မာသီချင်းကလည်း ဆိုင်မှာမရှိဘူးလေ။ အီးသီချင်းကိုတော့လည်း အစအဆုံးမရပြန်ဘူး။ အွန်စောကိုကညံ့တာပါ။ ဒါပေမဲ့ အွန်စောတင်ပဲလားဆိုတော့ ဟုတ်ဘူး။ တရုတ်သုံးယောက်လဲ ဆိုတတ်ဘူး။ သူတို့လည်း တရုတ်သီချင်းပဲရတာလေ။ တို့နိုင်ငံခြားသားတွေက စည်းလိုက်လက်ခုပ်တီးပေါ့။ ဖိလစ်ပိုင်သွားမဲ့ အွန်စောဆရာမလေးက သီချင်း ၂-၃ ပုဒ်ဆိုပြီး အစောကြီးပြန်သွားနှင့်ကြတာ။ နောက်ပိုင်းကြတော့ မင်းသားတွေချည်းပဲ ကကြရတာ ဟီး--ဟီး။ ဆိုဂျု အရှိန်လေးတွေကလည်း အချိန်ရလာတာနဲ့အမျှ ပျယ်လာကြပြီလေ။ သူတို့ မဆိုနိုင်ကြတော့မှပဲ အွန်စောတို့လည်း နားငြီးသက်သာတော့တယ်။ အဲဟုတ်ပါဘူး---ပြန်ကြတော့တယ်လို့ပြောတာပါ။
Tuesday, December 8, 2009
Birthday
Birthday ဆိုလို့ တစ်ခြားမတွေးလိုက်ပါနဲ့ ၊ တစ်ခြားမဟုတ်ပါဘူး မနေ့က အွန်စောအခုတက်ရောက်ပညာသင်ယူနေတဲ့ တက္ကသိုလ်ရဲ့ပါမောက္ခချုပ်ပေါ့ မြန်မာအခေါ်တော့ အီးလိုတော့ (Dean)၊ ကကြီးလိုတော့ (학장) ရဲ့မွေးနေ့ပါ။ ဘာလို့သူ့မွေးနေ့ကို ပြောပြချင်တာလဲဆိုတော့ နည်းနည်းထူးခြားလို့ပါ။ အွန်စောက အခုလို ပါမောက္ခချုပ်ရဲ့မွေးနေ့ဆိုပြီး တစ်ခါမှ ညစာ (Dinner) ဖိတ်ကျွေးတာမျိုး မစားခဲ့ဖူးဘူးလေ။ ဆရာ ပါမောက္ခချုပ်က သူ့ကျောင်းမှာ ရှိတဲ့ (ဒီကင်းပါစ်မှာပေါ့) ပြည်ပကလာတက်တဲ့ ကျောင်းသားတွေအားလုံးကို အပြင်ခေါ်ပြီး ညစာနဲ့ တည်ခင်းဧည့်ခံတာပါ။ အွန်စောတို့ YAU Rector လည်း ပြည်ပကလာတက်တဲ့ကျောင်းသားရှိလျှင်တော့ ဒီလိုပဲခေါ်ကျွေးမယ်ထင်ပါတယ်နော့။ အွန်စောတို့ကို တော့ တခါမှ မကျွေးဘူးတော့ သူ့မွေးနေ့လည်း သတိမထားမိလိုက်ပါဘူး။ ဟီး။( ဆရာကြီးကန်တော့နော်။ လွန်တာရှိလျှင် ၀န္ဒာမိပါ၏။) ကံဆိုးစွာပဲ ကင်မရာ ပါမလာလို့ ဓါတ်ပုံမှတ်တမ်းမတင်ခဲ့လိုက်ရဘူး။ ဆရာကတော့ မေးရှာပါတယ်။ ဓါတ်ပုံရိုက်မယ် ရိုက်မယ်နဲ့ ဘယ်ကျောင်းသားမှ ကင်မရာတစ်လုံးမှပေါ်မလာဘူး။ ဆရာကြီးနဲ့ ပြည်ပကျောင်းသားများအဖွဲ့ မှတ်တမ်းမတင်လိုက်ရတာ နှမျောလိုက်မိပါသေး။ အင်း---ဒါပေမဲ့ ပြည်ပကျောင်းသားများလို့ ပြောမဲ့အစား တရုတ်ကျောင်းသားများလို့များပြောသင့်မလားမသိဘူးနော်။ ကျောင်းသားအားလုံး (၂၂) ယောက်မှာ ထူးထူးခြားခြား Food Science Technology က ထိုင်းမလေး နှင့် Plant Genetic Resources Dept က အွန်စောကလွဲလျှင် ကျန်တာတွေက အကုန် တရုတ်တွေချည်းပဲ။ အော် တရုတ်တွေ၊ တရုတ်တွေ ဒါလောက် လူဦးရေလျှော့ချရေး၊ တစ်အိမ်ထောင်ကလေးတစ်ယောက် စနစ် ကျင့်သုံးနေတာတောင် လူတွေက ပေါလှတုန်းပါလား။ ဘယ်နေရာသွားသွား ဒီကိုရီးယားမှာတော့ ဒုတိယ လူဦးရေအများဆုံးလူမျိုးဖြစ်နေတယ်ထင်တယ်။ ဂျန်ပန်တို့ ဖိလစ်ပိုင် တို့တောင် ဒီလောက်မတွေ့ရဘူး။ အွန်စောကတော့ လေကိုရှည်တယ် ပြောစရာမရှိကြံဖန်ပြောနေတယ်လို့ တွေးထင်နေကြလားမသိဘူး။ အွန်စောလည်း သိတာလေးပဲပြောပြရတာလေ။ ကျန်တာတွေ အွန်စောမှမသိတာ။ ဒါပဲနော်။ နောက်လည်း လာလည်နော်။ တတာ။ ဘိုင်းဘိုင်။
Saturday, December 5, 2009
World Students in Korea (WSK) Awarding Ceremony and Orientation (2)
နိုဝင်ဘာလ (၂၃) ရက်နေ့က ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်မှာ Presidential Council on Nation Branding (PCNB) ကကြီးမှူးကျင်းပတဲ့ World Students in Korea (WSK) ရဲ့ ပထမသုတ် သင်တန်းဆင်းပွဲဆုပေးပွဲနှင့် ဒုတိယသုတ် အတွက်တွေ့ဆုံမိတ်ဆက်ပွဲလေး ကို သွားရောက် တက်ရောက်ခဲ့ပါတယ်။ ဟိုအရင်စက ဒီဘလော့လေး ဖြစ်လာရခြင်းအကြာင်းလေးကို ရှင်ပြဘူးပါတယ်။ ၂၆.၆.၂၀၀၉ ရက်နေ့က စတင် ဖွင့်လစ်ဖွဲ့စည်းခဲ့တဲ့ ပထမအသုတ် သင်တန်းကို လိုက်စပ်စုလိုက်တာ အခု ၂၃.၁၁.၂၀၀၉ နေ့မှာ သင်တန်းဆင်းပွဲ တက်ရောက်သည်ထိပါပဲ။ အင်အားကတော့ တဖြည်းဖြည်းတိုးမလာတဲ့အပြင် လျှော့လျှော့သွားပါတယ်။ ကိုရီးယားရောက် နိုင်ငံခြားသားကျောင်းသားတွေအတွက် တမင်သက်သက် လုပ်ပေးတဲ့ လှုတ်ရှားမှုလေးပါ။ ၂၆.၆.၂၀၀၉ အစည်းဝေးတက်စဉ်က ကျောင်းသား အင်းအားစုစုပေါင်း (၈၁) ဦးတက်ရောက်တယ်လို့သိရပါတယ်။ မှတ်တမ်းတွေ ဒီဘလော့လေးထဲမှာ အစုံအလင်ရှိပါတယ်။ အဲဒီအထဲက လူ (၆၀) ကို ရွေးခြယ် ပြီး တစ်ညအိပ် နှစ်ရက်ခရီး၊ ဆိုးမြို့ ယဉ်ကျေးမှုလေ့လာရေးတွေ လိုက်လည်ပို့ဆောင်ပေးခဲ့လို့ ဒီကိုရီးယားနိုင်ငံရဲ့ သတင်းတစ်ချို့ မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်တွေရရှိခဲ့ပါတယ်။ ရွေးခြယ်ကထည်းက ဘလော့ ရှိသူတွေကိုပဲရွေးခြယ်တာပါ။ သူ့ရည်ရွယ်ချက်ကိုက ကိုရီးယားနိုင်ငံအကြောင်းကမ္ဘာကိုပြချင်တာဆိုတော့ သူ့နိုင်ငံအကြောင်းရေးလျှင်ပြီးတာပဲ ဘယ်ဘာသာနဲ့ရေးရေးလက်ခံပါတယ်။ တစ်ပတ်ကို အနည်းဆုံး ပို့ တစ်ခု တင်စေခြင်တယ်၊ နှစ်ခုတင်စေခြင်တယ်နဲ့ပြောတော့ပြောပါတယ်။ ဒါပေမဲ့ ကျောင်းသာျးေတွက စိတ်ထဲတော့ ထားဟန်မတူပါဘူး။ သတိရတဲ့အခါ မိမိ သွားလာတဲ့ ထူးခြားတာလေးတွေ ရတဲ့အခါလောက်ပဲ ရေးကြတယ်ထင်ပါတယ်။ အွန်စောအပါအ၀င်ပေါ့။ အွန်စောလည်း သူတို့ပြောတဲ့ ဘလောပြိုင်ပွဲဆိုတာကို သိပ်တော့အာယုံထဲမှာထဲ့မထားပါဘူး။ ဒီလိုနဲ့ လိုက်စပ်စုရင်း သတိရလျှင် ပို့စ်လေးတင်လိုက်နဲ့ သင်တန်းလေး တက်လာလိုက်တာ အခု သင်တန်းဆင်းပွဲမှာ အွန်စောကို တတိယဆုတဲ့ ဆုချလိုက်တယ်။ အွန်စောတော်လို့မဟုတ်ပါဘူး။ ပေးလို့ရတာပါ။ တကယ်တော့အွန်စော ဘာမှ မယ်မယ်ရရမတတ်သေးပါဘူး။ ကျောင်းသား (၆၀) ထဲက ဆယ်ယောက်ကို ရွေးခြယ်ပြီးဆုပေးတာပါ။ ဖိလစ်ပိုင်မလေး ကော်ရီနာဘီရန်ကာ (Corinna Bianca)က ပထမဆု (ထူးချွန်ဆု) ရသွားပါတယ်။ ဒုတိယဆု ကိုတော့ သုံးယောက် ရွေးခြယ်ပါတယ်။ တတိယဆု သတ်မှတ်တဲ့ ခြောက်ရောက်ထဲမှာ အွန်စောပါသွားတာပါ။ သိပ်တော့ ကြွားရတာအားမရှိလှဘူး။ ဟဲ---ဟဲ--ပထမဆုမှမဟုတ်ပဲနော့။ ဆိုးလ်မြို့တော်ကို တစ်ယောက်ထည်း ခရီးထွက်တဲ့ ဒုတိယခရီးစဉ်ပါ။ ဆုသွားယူတယ်လို့ ကြွားရမလား သင်တန်းဆင်းပွဲသွားတယ်လို့ ပဲပြောရမလား။ နှစ်ခုလုံးမမှားပါဘူးနော့။ အဲဒီကိုသွားရင်းနဲ့ သူငယ်ချင်းတွေရှိတဲ့ အီဝါ အမျိုးသမီးများတက္ကသိုလ် (Ewha Women University) နှင့် ကိုရီးယားနိုင်ငံရဲ့ ဘာသာစကား(Language) စာပေမှာ နာမည်ကြီးတဲ့ ယွန်းဆယ် (Yongsae University) တွေကို သွားရောက် လည်ပတ်ခွင့်ရခဲ့ပါတယ်။ အမှတ်တရ ဓါတ်ပုံလေးတွေလည်း ရိုက်ခဲ့ပါတယ်။ အောက်မှာ အမှတ်တမ်းပုံအချို့တင်ပေးလိုက်ပါတယ်။ အားပေးသွားပါအုံးနော်။ အားလုံးပျော်ရွှင် အောင်မြင်ကြပါစေ--။---။---။