Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Thursday, July 30, 2009

Korean Industries (ကိုရီးယားနိုင်ငံရှိ စက်ရုံကြီးနှစ်ရုံဖြစ်တဲ့ POSCO နှင့် HYUNDAI သို့ လေ့လာရေးခရီး)။

ဒီခရီးလေးကတော့ ကိုရီးယားနိုင်ငံကို ရောက်ပြီး ၈ လ ခန့်အကြာမှာ သွားခဲ့တဲ့ လေ့လာရေးခရီးလေးပါ။ ကျွန်တော့်ရဲ့ ဒုတိယ လေ့လာရေးခရီးစဉ်လေးပေါ့။ ကိုရီးယားကိုရောက်ပြီး တစ်လခန့်အကြာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ထဲမှာ ပထမအကြိမ် လေ့လာခွင့်ရခဲ့ပါသေးတယ်။(အဲဒီအကြောင်းလေးလဲ အချိန်ရတဲ့တစ်နေ့ ရေးပါအုံးမယ်) အလွန်ပဲစိတ်ဝင်စားဖွယ်ကောင်းတဲ့ Korea’s Tourist Attraction Places နေရာလေးတွေပါ။ ဒီဒုတိယခရီးစဉ်ရဲ့ ထူးခြားချက်ကတော့ သာမန်အားဖြင့် သွားရောက် လေ့လာခွင့်မရှိတဲ့ နေရာတွေဖြစ်နေလို့ပါ။ အဖွဲ့အစည်းတစ်ခုအနေနဲ့ မို့ဝင်ရောက်လေ့လာခွင့်ရခဲ့တာပါ။ ဒါပေမဲ့ ဓါတ်ပုံရိုက်ခွင့်တော့မပေးပါဘူး။ အဲဒါကြောင့် ဓါတ်ပုံနဲ့ လောက်တော့ မြင်သာအောင်ပြောပြဖို့မလွယ်ဘူးထင်တယ်။ ရတန်သလောက်တော့ စုစည်းပေးသွားပါမယ်။
ဘူဆန် (Busan)ကနေ နံက် ၈း၃၀ မှာစတင်ခရီး ထွက်ခွာခဲ့ပါတယ်။ နံနက် ၁၀း၀၀ နာရီထိုးတော့ ဖိုးဟန် (Pohang) ရောက်ပါတယ်။ တစ်နာရီခွဲပဲ ကားစီးလိုက်ရတယ်။ ဆိုးလ်မြို့ကချီတက်လာမယ့် PCNB အဖွဲ့နဲ့က ရောင်းအီးတက္ကသိုလ် ဟိုတယ် (Yeongildae Hotel) မှာ နေ့လည် ၁၂း၂၀ မှာ ချိန်းထားတာဆိုတော့ အချိန်ပိုနေတာနဲ့ ဖိုးဟန် ကားဂိတ်မှာ မှတ်တမ်းဓါတ်ပုံလေးတွေရိုက်ဖြစ်ခဲ့ပါတယ်။
ဒါကတော့ ဖိုးဟန် ကားဂိတ်ရဲ့ (Pohang Bus Terminal) နောက်ကျော တစ်နေရာပါ။

ဒါကတော့ ရောင်းအီးတက္ကသိုလ်ဟိုတယ် (Yeongildae Hotel)မှာပါ။

၁၅ မိနစ်လောက် တက်စီကား စီးလိုက်တော့ ဟိုတယ်ရောက်ပါတယ်။ ဟိုတယ်မှာ နေ့လည်စာစားပြီး POSCO (Pohang Steel Com.ltd) ကိုသွားရောက်လေ့လာခဲ့ရပါတယ်။ ကမ္ဘာ့ထိပ်တန်းစားရင်းဝင် စက်ရုံလို့ဆိုပါတယ်။ ရှင်းလင်းဆောင်မှာ စက်ရုံခွဲ တာဝန်ခံတစ်ယောက် က ကြိုဆိုပါတယ်။ ဗွီဒီယိုရှိုးလုပ်ပါတယ်။ ပုံစံငယ်လေး နဲ့လည်းရှင်းပြပေးပါတယ်။ စက် ရုံခွဲ သုံးခု ရှိတယ်လို့ဆိုပါတယ်။ ကိုရီးယားစစ်ပွဲ (၁၉၅၀-၅၃)အပြီး ၁၉၆၀ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အကြယ်အ၀န်းအားဖြင့် ၉ စတုရန်းမိုင် ရှိပါတယ်တဲ့။ ဆက်လက်ပြီးကားနဲ လည်ပတ်ကြည့်ရှုခဲ့ရပါတယ်။ ကျွန်တော်တို့အဖွဲ (PCNB) က စုစုပေါင်းလူ ၄၀ ဖြစ်ပြီး ကားနှစ်စီးနဲ့ လာတာဖြစ်လို့ ကားတစ်စီးစီအတွက် လမ်းပြ (Guide) တစ်ယောက်စီထည့်ပေးပါတယ်။ လမ်းဘေး ဘယ်ညာ ပြရင်း ရှင်းရင်းနဲ့ ၁၅ -၂၀ မိနစ်လောက်ကြာမယ်ထင်ပါတယ်။ ကျွန်တော်တို့ကားပေါ်တက်လာတဲ့ တိုးဂိုက်(Tourist Guide) က ဖိလစ်ပိုင်မလေးပါ။ အီးလိုမွှတ်နေအောင် ရှင်းပြပါတယ်။ သံမဏိစက်ရုံမှာ လေ့လာခဲ့ရတာ ပြောင်းပြန်ဖြစ်နေပါတယ်။ ပထမ သံပူခဲ လုပ်တဲ့နေရာ၊ သံပြားလုပ်တဲ့နေရာကို ပြပြီးမှ သံရည်ပူ လုပ်တဲ့နေရာကိုလိုက်ပြပါတယ်။ သံရည်ပူတွေကို တန် ၁၂၀၀ အလေးချိန်ရှိတဲ့ ထဲ့သယ်ခွက် (Container-Conveyer) နဲ့ ထဲ့သယ်ပါတယ်။ တစ်ခါသယ်လျှင် သံရည်ပူ တန် ၈၀၀ ၀င်ဆန့်တယ်လို့ပြောပါတယ်။ အဲဒီသံရည်ပူရဲ့ အပူချိန်ဟာ ၁၂၀၀ ဒီဂရီ စီ ရှိပါတယ်တဲ့။ လိုက်လံရှင်းလင်းသူက ဒီနေရာဟာ အန္တရာယ် အများဆုံးနေရာပါလို့ ပြောပါတယ်။ ဘာလို့လည်းဆိုတော့ အခုလောက်အထပ်ထပ်ကာထားတဲ့၊ အခုလောက်ဝေးတဲ့နေရာမှာတောင် ခြွေးပြန်အောင်ပူနေလို့လေ။ အဲဒီသံရည်အပူတွေကို သံပူခဲဖြစ်အောင်လုပ်တယ်။ သံပူခဲကြီးတွေ ဟိုပြေး ဒီပြေးနဲ့ သန့်စဉ် စက်ရုံထဲမှာ ကြည့်ရတာ ကြောက်စရာလည်းကောင်းတယ်။ အသည်းရားစရာလည်းကောင်းတယ်။ အံသြစရာလည်းကောင်းတယ်။ အောက်က Roller Conveyre တွေရဲ့ တဝေါဝေါ အသံမြည်သံက စက်ရုံထဲမှာ ဟီးနေတယ်။ ရေနဲ့ အဆင့်ပေါင်းများစွာ လောင်းပြီး အပူချိန်လျှော့ချနေတာတွေ့ခဲရတာပဲ။ အားလုံးဟာ Computer drive ဖြစ်နေလို့ အလုပ်သမားရယ်လို့ များများစားစား မတွေ့ခဲ့ရပါဘူး။ Finishing အပိုင်းမှာ ထုပ်ပိုးတဲ့သူ ၃-၄ ရောက်လောက်ပဲတွေ့ခဲ့ရတယ်။ လူမရှိလို့ အထင်တော့မသေးလိုက်နဲ့ စက်ရုံရဲ့ တစ်နေ့ တာ Production Capacity က တန် ၃၀၀၀ ရှိတယ်တဲ့။ သန့်စဉ်ပြီး သံပြား အရိုင်း တစ်နှစ်ကို တန် ၈ သိန်း ပြည်ပတင်ပို့နေတယ်တဲ။ စုစုပေါင်း စွမ်းရည်က တန် ၁.၆၆ သန်း ထုတ်လုပ်နိုင်တာမို့ အောက်ပါစာရင်းအတိုင်း ကမ္ဘာသံမဏီအများဆုံးထုတ်လုပ်တဲ့စာရင်းရဲ့ နံပါတ်ငါးခုမြောက် စက်ရုံဖြစ်နေပါတယ်တဲ့ဗျာ။
Listing of stainless steel producers in terms of crude production (selected on projections for 2005)
1. Arcelor (3,580,000 ton)
2. TKS (2,820,000 ton)
3. Acerinox (2,690,000 ton)
4. Avesta (2,550,000 ton)
5. POSCO (1,660,000 ton)
ဒါကတော့ သံပူခဲကြီး ဟိုဟို ဒီဒီပြေးနေတဲ့ပုံပါ။

စက်ရုံထဲမှာ အဲလောက်အပူချိန်တွေနဲ့လုပ်နေရတော့ မီးလောင်မှာစိုးရတဲ့အတွက် လမ်းတစ်လျှောက်လုံး မိုးရွာရက်မှလွဲပြီး ၂၄ နာရီရေဖြန်းထားပါတယ်။ လူနေမြို့နဲလည်းသိပ်မဝေးတာမို့ ပတ်ဝန်းကျင်းညစ်ညမ်းမှုထိန်းသိမ်းရေး မျှော်စဉ်တွေလည်း မြောက်များစွာရှိနေပါတယ်။ လေထု၊ မြေထု ညစ်ညမ်းမှုကို အမြဲစစ်ဆေးတိုင်းတာသတိပေးလျှက်ရှိပါတယ်တဲ့။ စက်ရုံက သိပ်ကြီးကြယ်တော့ မြို့လေးတစ်မြို့လိုဖြစ်နေပါတယ်။ အထဲမှာတင် အကုန်ရှိနေပါတယ်။ အားကစားကွင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ အစရှိသဖြင့်အကုန်ရှိနေပါတယ်။ ၀န်ထမ်းအင်အား၊ လူဦးရေတွေကိုတော့ မမှတ်မိတော့ဘူး။ မှတ်စုစာအုပ်မသုံးပဲ ခေါင်းနဲ့ပဲမှတ်တာဆိုတော့ ဒါလောက်ပဲ မှတ်မိတော့တယ်။ ဒီထက်သိလိုလျှင်တော့ ဒီမှာ ဆက်ဖတ်လိုက်ပါဗျာ။ အဲ တစ်ခုပြောဘို့ကျန်သေးတယ်။ ဒီစက်ရုံအတွက်လိုအပ်တဲ့ ကုန်ကြမ်းအဖြစ်ပြည်တွင်းက ထုံးကျောက်ပဲ(Grandnite) ရှိတာပါတဲ့ ကျန်လိုအပ်ချက်တွေကို မလေးရှား၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွေကနေ သွင်းယူရတာပါတဲ့။ အဲဒီစက်ရုံက ကျွန်တော်တို့လူ ၄၀ အတွက် လက်ဆောင်ပစ္စည်းအဖြစ် ၁၀ လက္မ ပတ်လည်လောက်ရှိတဲ့ Adaptor နှင့်တွဲလျှက်ပါတဲ မောက်ပက် (Mouse Pad) တစ်ခုစီပေးလိုက်တယ်။
ဒါလေးကတော့ စက်ရုံထဲမှာ လေ့လာစဉ် အပူချိန်နှင့် အမှုန်ကာကွယ်ဖို့ပေးထားတာလေးနဲ့ပါ။

ဒါလေးကတော့ ရှင်းလင်းဆောင်ရှေ့မှာ နှင့် POSCO MUSEUM့  ပြတိုက်ပါ။

ဒါလေးကတော့ အဖွဲ့လိုက်အမှတ်တရပေါ့။

စက်ရုံကိုလေ့လာပြီးတော့ ဂရောင်းကြူ (Kyong-Ju) မှာရှိတဲ့ ကိုလုံးဟိုတယ် (Kolong Hotel) သို့ခရီးဆက်ခဲ့ကြပါတယ်။ ဟိုတည်မှာ ဘလော့နှင့်ပတ်သက်တာလေးတွေ သင်ကြားပေးတယ်။ ကျွန်တော်တို့ကျောင်းသားအဖွဲထဲက နှစ်ယောက် (ပြင်သစ်မလေးတစ်ယောက်နဲ့၊ စင်ကာပူသူတစ်ယောက်) သူတို့ရဲ့ ဘလော့အတွေ့အကြုံနဲ့ အယူအဆလေးတွေကို ပြောပြခိုင်းတယ်။ နောက် ဓါတ်ပုံကောင်းကောင်းရဖို့ ရိုက်နည်းကို ဓါတ်ပုံဆရာနှစ်ယောက် (Professional Photographer) က သင်ကြားပြသပေးပါတယ်။ နမူနာပုံတွေလည်း အများကြီးရိုက်ပေးပါတယ်။
ဒါကတော့ ကိုလုံးဟိုတယ် (Kolong Hotel) မှာပါ။

ဒါကတော့ ဓါတ်ပုံရိုက်နည်းသင်တန်းလေးပေါ့။

နောက် ညစာစားပွဲနဲ့ တည့်ခင်းဧည့်ခံပါတယ်။ ညစာစားပွဲဆိုတဲ့အတိုင်း စားကြ၊ သောက်ကြ၊ ပျော်ကြ၊ ကကြ၊ ဆိုကြ ပေါ့ဗျာ။ တော်တော်ကို ပျော်ဖို့ကောင်းပါတယ်။ လူ ၄၀ ပတ်လည်ရိုက်ပြီး တစ်ယောက်မကျန် ရင်ချင်းအပ် နှုတ်ဆက်ရတာလည်း အသဲကွဲမတတ်ပါပဲ။ ဟဲ--ဟဲ---။ ချောချောလေးတွေပါလို့။
ဒါကတော့ ညစာစားပွဲအမှတ်တရလေးတွေပါ။



ညစာစားပွဲပြီးတော့ အချိန်က ၁၀ နာရီရှိနေပါပြီ။ ကျွန်တော်ကတော့ ကျန်းမာရေးနည်းနည်းအားနည်းနေတော့ အိပ်ရေး၀၀ အိပ်ဖို့ စဉ်းစားပြီး စောစောပဲအိပ်ယာဝင်လိုက်ပါတယ်။ အခန်းဖေါ်ကတော့ ရောက်တုန်းရောက်ခိုက်ဆိုပြီး မြိုထဲသွားလည်ကြတယ်တဲ့ ညတစ်နာရီကျော်မှပြန်ရောက်လာတယ်။ နံနက်စာစားပြီး ၈ နာရီလောက်မှာ ဟိုတယ်မှ စတင်ထွက်ခွာပါတယ်။ ပထမဦးဆုံး တောင်ပေါ်မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် ဆဂူလမ် (Sukgulam) ကို တက်ပြီး ကြည်ညိုကြပါတယ်။ တောင်ခြေမရောက်ခင်ကထည်းကမိုးကရွာနေတော့ တောင်ပေါ်တက်တော့ မိုးထဲရေထဲလမ်းလျှောက်ခဲ့ကြရပါတယ်။ တောင်ပေါ်မှာတော့ တိုးဂိုက်တစ်ယောက်က ဆီးကြိုနေပါတယ်။ ပြီးလိုက်လံရှင်းပြပါတယ်။
ဒါကတော့ တောင်အတက်လမ်းလေးမှာပါ။

အဲဒီမှာလည်း ဓါတ်ပုံမရိုက်ရတဲ့။ ဆိုတော့ ပုံပြစရာ ဗုဒ္ဓရုပ်ပွားတော်ပုံမရခဲ့ဘူးပေါ့ဗျာ။ မြန်မာပြည်က ရုပ်ပွားတော်တွေနဲ့ထူးမခြားနားပါဘူး။ သမိုင်းကတော့နည်းနည်းကွာနေသလားလို့။ ရုပ်ပွားတော်ရဲ့ နဖူးလည်တည့်တည့်မှာ ဆံပင်အဖြူရောင်တစ်ပင် ရှိတယ်လို့ ပြောတယ်။ စတွေ့တဲ့သူက တောကြီးထဲမှာ ထူးထူးခြားခြား နံနက်ခင်းနေရောင်ခြည်လို အလင်းရောင်ဖြာထွက်နေတဲ့ အဲဒီဗုဒ္ဓရုပ်ပွားတော်ရဲ့ ထိပ်ဖူးဆံစ ကိုစပြီးတွေ့မြင်ခဲ့တာပါတဲ။ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး တဲ့ ဘုရားတစ်ဆူပါပဲ။
အဲဒီကပြီးတော့ တောင်အောက် မလှမ်းမကမ်းမှာ ရှိတဲ့ ဘူဂူဆာ (Bulkuksa Temple) ကို ဆက်လက်လေ့လာခဲပါတယ်။ အဲဒီမှာလည်းတိုးဂိုက်တစ်ယောက်က လိုက်လံရှင်းပြပါတယ်။ အဲဒီမှာတော့ ဓါတ်ပုံရိုက်ခွင့်ရှိပါတယ်။
ဒါက ဘူဂူဆာ (Bulkuksa Temple) ပါ။

အဲဒီကပြီးတဲ့နောက် အူးဆန် (Ulsan) မြို့မှာရှိတဲ့ Hyundai Heavy Industry, Hyundai Motors and Hyundai Ship Construction တွေကို လိုက်လံပြသပါတယ်။ ကားနဲ့ပဲ ပတ်ပြီး ကြည့်ရတာများပါတယ်။ စက်ရုံဝင်းကကြယ်ဝန်းတဲ့အပြင် အချိန်ကလည်း နည်းသွားပြီဖြစ်လို့ အမြန်ပဲ လေ့လာခဲ့ရပါတယ်။ မော်တော်ကား လေးတွေထုတ်လုပ်တဲ့ နောက်ဆုံး (Finishing) အပိုင်းကို အထဲဝင်ပြီးလေ့လာခွင့်ရခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ ၉၀ ရာခိုင်နှုန်း လူနဲ့ပဲလုပ်ရပါတယ်။ ၁၀ ရာခိုင်နှုန်းပဲ Automate သုံးလို့ရပါတယ်။ စက်ရုံထဲမှာ အလုပ်သမားတွေ အစဉ်လိုက်တွေ့ခဲ့ရပါတယ်။ သူတို့ရှေ့ကို Chain တွေတပ်ထားတဲ့ Conveyer ကြီးက အပေါ်ကနေ ကားတွေတစင်းချင်း ဖြတ်သွားအောင် သယ်ပေးနေပါတယ်။ အလုပ်သမားတွေက ကိုယ့်ရှေ့ရောက်လာတဲ့ကားကို ကိုယ်တာဝန်ကျတဲ့အစိပ်အပိုင်းလေးတွေ တပ်ပေးလိုက်တာပါပဲ။ အချိန်က လူတစ်ယောက်ရှေ့မှာ ကားတစ်စင်းဟာ တစ်မိနစ်ပဲ ကြာမယ်ထင်ပါတယ်။ ဖြတ်သွားတာနဲ့ မိမိတာဝန်ကျတဲ့ ပစ္စည်းတပ်အပြီးပါပဲ။ ဒီလိုနဲ့ နှစ်နာရီကြာတိုင်း ၁၀ မိနစ်အနားပေးပါတယ်တဲ့။ တစ်နေ့ကို ၁၀ နာရီအလုပ်လုပ်စေပြီး ၈ နာရီကပိုတာကို Over time ကြေးပေးတဲ့အတွက် ဘယ်အလုပ်သမားကမှ အချိန်ပိုလုပ်ရလို့ရယ်လို့ Complain မလုပ်ပါဘူးတဲ့။ ကားတစ်စီ စတင်တပ်ဆင်တဲ့အချိန်ကနေ အပြီးမောင်းနှင်နိုင်ချိန်အထိ ၄၈ နာရီကြာပြီး ဒီစက်ရုံကနေ တစ်နေ့ ကားအစီးရေ ၆၅၀ ထုတ်လုပ်နေပါတယ်တဲ့။ ထွက်လာတဲ့ကားရဲ့ ၉၇% အကောင်းထွက်ပြီး ၃% ကတော့ ပြန်လည်ပြုပြင်ပေးရပါတယ်တဲ့။ ထွက်ရှိလာတဲ့ကားတွေကို ကားကျွမ်းကျင်ပညာရှင်တွေက စက်သံကို နားထောင်ပြီး ကောင်းမကောင်း စစ်ဆေးပါတယ်တဲ့။ စက်ရုံရဲ့ဝင်းထဲမှာ ကားအစင်း ၂၅၀၀ Parking လုပ်နိုင်ပါတယ်။ Professional Driver ၄၀၀ က နေ့စဉ် ကားဝင်းထဲကနေ သင်းဘောပေါ် မောင်းတင်ပေးနေပါတယ်တဲ့။ စက်ရုံပေါင်း ၆ ရုံရှိတာမို့ တစ်နှစ်ကို ကားစင်းရေ ၄သိန်း ပြည်ပသင်္ဘောတင်ပို့လျှက်ရှိပါတယ်တဲ့။ ကားတွေ တန်းစီရပ်ထားတာတွေများ တစ်မျှော်တစ်ခေါ် မျက်စေ့တစ်ဆုံးပါပဲ။ တစ်ယောက်တစ်စီးစီဝေလိုက်လျှင်ဘယ်လောက်ကောင်းမလဲ လိုအောင်းမေ့မိတယ်။ တစ်ယောက်တစ်စီးစီ ဝေတော့ဝေလိုက်ပါတယ်။ ဒါပေမဲ့ မီနီကား လေးတွေ။ ကားထုတ်လုပ်တဲ့နိုင်ငံဆိုတော့ ကားပေါတာပေါ့။ ဒါကြောင့်လည်း လူအများစုကားစီးနိုင်ပြီး လမ်းပိတ်ဆို့မှုတွေမကြာခဏကြားကြားနေရတာဖြစ်မယ်။ ကားထုတ်တဲ့နိုင်ငံမို့လူတိုင်းကားစီးပြီး ဖုန်းထုတ်လုပ်တဲ့နိုင်ငံမို့လူတိုင်းဖုန်းကိုင်တာမဆန်းပါဘူး။ ဆန်းတာက ဒီစက်ရုံထဲမှာလဲ ဓါတ်ပုံမရိုက်ရတဲ့။ ဆန်းတာပေါ့ဗျာ ဓါတ်ပုံမရိုက်ရတော့ ပြစရာ မပါလာဘူးဖြစ်သွားတာပေါ့။ ပြောပြတာက ပုံလေးပြလိုက်တာလောက်တော့ ဘယ်မြင်သာပါ့မလဲဗျာ။ တစ်ချို့တွေက ပုန်းဝှက်ပြီးရိုက်ကြတယ်။ သူတို့ထံကတဆင့်ရလျှင်တော့ ရှာပြီးတင်ချင်ပါတယ်။ ကျွန်တော်ကတော့ မရိုက်ရဆိုတာနဲ့ ကင်ပရာကိုမကိုင်တော့ဘူး။ ထပ်အပြောမခံချင်လို့လေ။ ကံဆိုးတာက PCNB ရဲ့ ၀န်ထမ်း ဘေးမှာထိုင်ရတော့ ခိုးမရိုက်သာတာလဲပါတာပေါ့။ သင်္ဘောတည်ဆောက်နေတဲ့နေရာတွေလည်း ရောက်ခဲ့ပါသေးတယ်။ စက်ရုံကထွက်တော့ PCNB ကလိုက်ပို့တဲ့ကားပေါ်ကဆင်းပြီး အူးဆန် (Ulsan Bus Terminal) မှတဆင့် ဘူဆန်မြို့ပြန်လာခဲရာ ည ၆း၃၀ မှာ ရှင်းလာတက္ကသိုလ်မှာရှိတဲ့ အခန်းပြန်ရောက်ပါတယ်။ လိုက်ပို့တဲ့ ကားက ဆိုလ်းမြို့ပြန်မှာဆိုတော့ စက်ရုံကထွက်တာနဲ့ လမ်းခွဲလိုက်ရတာပါ။
ဒါကတော့ ရှင်းလင်းဆောင်မှာပြထားတဲ့ သင်္ဘောနှင့် ဒီစက်ရုံကိုစတင်ထည်ထောင်သူ စီးခဲ့တဲ့ စက်ဘီးပုံပါ။



0 comments:

Post a Comment