Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Monday, August 9, 2010

Korean Palace and Kimchi Museum

"ကိုရီးယားနန်တော်နှင့် ကင်ချိပြတိုက်သို့အလည်တစ်ခေါက်"

မနေ့က ဂျပန် တိုကျိုစိုက်ပျိုးရေးနှင့်နည်းပညာတက္ကသိုလ် (Tokyo University of Agri.& Tech) က နေ ကိုရီယားနိုင်ငံ KyungHee National University Global Campus သို့လာရောက် စာတမ်းဖတ်မဲ့ သူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရင်း ရောက်တုန်းရောက်ခိုက် ကိုရီးယား နန်းတော် နှင့် ကင်ချိ ယဉ်ကျေးမှုပြန်တိုက်ကို သွားလည်ဖြစ်ခဲ့တာလေး ဓါတ်ပုံမှတ်တမ်းလေးတွေတင်ထားချင်လို့ပါ။ မိတ်ဆွေနှင့်အတူပါလာတဲ့ ဂျပန်မလေးတွေ (နာမည်တွေတော့မှတ်မိဘူးဗျ)နှင့် ဖိလစ်ပိုင်မလေးတွေကတော့ တယ်ချောပဲဗျ။ အဲဒီကြားထဲမှာကိုယ်တို့သူငယ်ချင်းတစ်ယောက်ကလည်း တကယ်ကိုထင်ထင်ပေါ်ပေါ်ပဲ။ မထင်ပေါ်ပဲနေရရိုးလား ပွင့်လိုကိုယ်လုံးနဲ့လေ။ ဟား----ဟား-----ဟား----။ မဆွေရေ ဆော်ရီးနော်။ အမှန်အတိုင်းပြောမိသွားတာ။ တကယ်တော့လည်း ၀ မှလှ တယ်ဆိုတာရှိသားပဲနော့။
ဒါက နန်းတော်အ၀င်ဝလေ။ ဒါကတော့ အတွင်းထဲတစ်နေရာမှာပေါ့။

ဒါလေးကလည်း အတွင်းစောင်းတန်းလေ။

ဒါကတော့ ကင်ချိပြခန်းက ပြကွက်တစ်ချို့လေ။ သူတို့ ငရုပ်သီးလေးရဲနေအောင်နယ်ပြီး အချဉ်နှပ်လိုက်တာအကုန်လုံးကို ကင်ချိခေါ်တာဆိုတော့ ကင်ချိ အမျိုးပေါင်း ၃၀၀ ကျော်တယ်ဆိုပဲ။


ဒါကကင်ချိသိပ်တဲ့အိုးတွေတဲ့လေ။

ဒါက သူငယ်ချင်းရဲ့သူငယ်ချင်းချောချောလေးတွေလေ။


ဓါတ်ပုံကမကောင်းဘူးဖြစ်နေတယ်။ သူများကင်မရာနဲ့ရိုက်ပေးတာမှစုံမယ်။ သူတို့ဆီကရမှ ထပ်တင်ထားမယ်နော်။ အားလုံးကျန်းမာပျော်ရွှင်ပါစေ။ ။

1 comments:

စာချစ်သူ said...

အွန်စောလေးရေ... နန်းတော်သွားတာ ဂျူမှုံ နဲ့တွေ့ခဲ့လားဟင်။
ဂျူမှုံက အာဝါးးးးး တွေပေးတတ်တယ်နော် ဟိ ဟိ

Post a Comment