Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Tuesday, January 12, 2010

Bakery (Corn flakes)

စားကြအုံးမလားပေါက်ပေါက်ဆုပ်။





















ဒီကနေ့ ဈေးထဲသွားလိုက်တာ အရင်ကသတိမထားမိခဲ့လို့လား တစ်ခါမှမမြင်ဘူးသေးတဲ့ အမြန်လုပ် ကလေးသွားရည်စာလို့ပြောမလား။ ပေါက်ပေါက်ဖေါက်နေတာကို တအံတသြတွေ့ခဲ့ရတယ်။ အွန်စောတို့ငယ်ငယ်ကမြင်ဘူးခဲ့တဲ့ မြန်မာပြည်က(နယ်မှာပေါ့လေ)ဖေါက်တာနဲ့မတူးဘူး။ ငယ်ငယ်တုန်းက ဖေဖေမေမေတို့နဲ့ အိပ်ယာဝင် စကာထားဝှက်ခဲ့တဲ့ အဖြေဒီမှာတော့ မှားတယ်လို့ ဖေဖေ့ကိုညင်းနိုင်ပြီ။ ဘာတဲ့-- "တောင်သုံးလုံးပေါ်အော်တက်တဲ့ကျား---ဘုရားပွဲရှိမှကြား---ထန်းလျှက်နဲ့တွဲစား"---တဲ့။ အဲဒီစကားထာရဲ့အဖြေက ပေါက်ပေါက်ဆုပ်တဲ့။ ဘာဆိုင်လို့လဲဆိုတော့ ဆိုင်တာပေါ့တဲ့။ တောင်သုံးလုံးဖြစ်တဲ့ ဖိုခနောက်သုံးခုပေါ်မှာ သံဒယ်အိုးကြီးကို ကျကျနနတည်---အောက်ကမီးပူပေး---ပြောင်းဖူးစေ့ ဒါမှမဟုတ် ကောက်ညင်းစပါးစေ့တွေထဲ့---အပေါ်က စကောကြီးကြီးနဲ့ အုပ်---တစ်ယောက်က ယောင်းမကြီးနဲ့ အသာ စကောလေးမ မ ပြီး မွှေပေးနေတာ--- တစ်ဖြောင်းဖြောင်းနဲ့ အော်တက်နေတာတဲ့လေ။ ပြီးတော့ အဲလိုလုပ်တာကလည်း ---ဘုရားပွဲရှိမှ မုန့်ပဲသွားရည်စာအဖြစ်လုပ်ကြတာကိုး။ သူ့ကို စားကောင်းအောင်၊ လုံးလို့ရအောင်က ထန်းလျှက် တင်လဲရည် ဒါမှမဟုတ် သကာရည် တစ်ခုခုနဲ့ ဆုပ်နယ်ရတာကိုး။ အဲဒီတော့ သူ့အဖြေက ဟုတ်နေတာပေါ့။ ဒီမှာက အဲလိုဘယ်ဟုတ်တော့လို့လည်း ပုံမှာမြင်တဲ့အတိုင်းပဲ ကုန်ကြမ်းတွေကို သံခွက်ထဲကိုထည့် ---အခိုင်အမာပိတ်---အောက်ကမီးပူပေး---အင်းဒါတော့နည်းနည်းတူသလိုပဲ။ ဒါတောင် သူတို့က ဂက်စ် မီးနဲ့ အပူပေးနေတာ။ အွန်စောတို့ ငယ်ငယ်ကမြင်ဘူးသလို အသားမီးထင်းမီးဟုတ်ဘူး။ ပြောရလျှင်တော့ အော်တိုကလေ့ (Autoclave)လိုပဲ။ ဖိအားနဲ့ တွန်းကန်ထွက်လားတာ။ အ၀မှာ---ပိုက်ခပ်စိပ်စိပ်အိပ်ကြီးစွပ်ပြီး သံကလော်နဲ့ ထိုးဖွင့်လိုက်တာ တစ်ခါထဲ ဖေါင်းကနဲ နားကွဲမတန့်ပဲ။ တစ်ဖြောက်ဖြောက်မြည်သံတွေကို သူက တစ်ကြိမ်ထည်းမြည်ခွင့်ပေးလိုက်တာလေ။ အဲဒီအသံနဲ့အတူ အထဲက မီးတင်ထားတဲ့ ပြောင်းဖူးစေ့ ဒါမှမဟုတ် ဆန်စေ့တွေက တစ်ခါထည်း ဖေါင်းပွ ပြီးထွက်လာတာ။ တူးနံမွှေးမွှေးလေးနဲ့ စားလို့တော့အလွန်ကောင်းပဲ။ ဒါကြောင့်လည်းကလေးတွေဝိုင်းနေတာကိုး။ သူက အဆင်သင့်လုပ်ထားပြီးသား ပေါက်ပေါက်တွေရောင်းစရာရှိသလို ပစ္စည်းအပ်--စောင့်ယူ--လည်းလက်ခံပြီးလည်းလုပ်ပေးတယ်။ လက်ခစားပေါ့။ နို့ဆီဗူးခြောက်လုံးလောက် ၀င်မဲ့ ဖိုတစ်ဖိုကို ၂၅ မိနစ်လောက်ပဲစောင့်ရတယ်။ အထဲက ဆန်စေ့ကျက်မကျက်ကို ဘယ်လိုသိလဲမေးကြည့်တော့ အတွေ့အကြုံအရ သူတို့ကသိတယ်တဲ့။ ခန့်မှန်းတတ်တယ်ပေါ့။ အခုပုံမှာမြင်နေရတာတွေက မော်တာတွေမဟုတ်ဘူးနော်။ မော်တာက ဟို--အောက်ကသေးသေးလေးရယ်။ ခပ်ကြီးကြီးမြင်နေရတာတွေက --ပေါက်ပေါက်ထဲ့လှော်တဲ့ အိုးခင်းအ၀ိုင်းကြီးတွေရယ်။ မော်တာအသေးလေးတစ်လုံးကို အိုးခင်းလုံး နှစ်လုံးနဲ့ဆက်သွယ်ထားတာ။ အောက်ကနေ ဂက်စ်မီးတောက်နဲ့ အပူပေးထာကို အညီအမျှပူအောင် ဖြည်းဖြည်းလေး လည်အောင်မော်တာအသေးလေးနဲ့ လှည့်ပေးထားတာ။ အထဲမှာ ဒလက်လည်းပါတယ်။ ယောင်းမနဲ့မွှေတဲ့သဘောပေါ့။

ပေါက်ပေါက်ဆုပ်ပြောလို့ နယ်ကဘုရားပွဲကိုသတိရလိုက်တာဗျာ။ အွန်စောငယ်ငယ်ကဆို နေ့တိုင်းနေ့တိုင်းဘုရာပွဲဖြစ်စေချင်ခဲ့တာ။ မုန့်ပဲသွားရည်စာ အ၀တီးရလို့လေ။ တစ်ခါတစ်လေများ ထမင်းလွတ်ပဲ။ ဟဲ---ဟဲ---။ အဲလောက်ကိုမက်တာ။ ထမင်းကနေ့တိုင်းစားနေရတာကိုး မုန့်က အဲလိုပွဲမှ တီးရတာဆိုတော့လည်း အပစ်ပြောမယ်မထင်ပါဘူးနော့။ မုန့်တွေထဲမှာတော့ ပေါက်ပေါက်ဆုပ်နဲ့ ကတိုးဝါ အကြိုက်ဆုံးပဲ။ ကတိုးဝါဆိုတာ---အနုဆုပ်ကို ---ကောက်ညှင်းနဲ့ လှိပ်ပြီးကျော်ထားတဲ့ဟာ---နယ်ကအခေါ်တော့ခွာတပ်တယ်လို့ ခေါ်တယ်တဲ့။ အဲဒီဟာ။ တကယ်က ပါးညောင်းအောင်ဝါးရတဲ့ အပြင်ကကောက်ညှင်းခွာမဟုတ်ဘူး။ အထဲထဲမှာထဲ့ထားတဲ့ ထာမနာ ဖြစ်တဲ့ အနုဆုပ်ကို အသေအလဲကြိုက်တာ။ ပြောရင်းနဲ့ သွားရည်တွေတောင်ထွက်ကျကုန်ပြီ။ အင်း ဘာလိုလိုနဲ့ အဲဒါတွေမစားရတာ ၁၅ နှစ်ပြည့်တော့မယ်။ ဖေဖေဖွက်ခဲ့တဲ့ စကားထာ အဖြေမှားတယ်ဆိုတာကို သက်သေပြနိုင်ပြီဆိုပြီး ဖေဖေရှိမဲ့ နတ်ပြည်လိုက်ပြီး ညင်းချက်ထုတ်လိုက်အုံးမယ်ဗျာ။---။



အပြည့်အစုံ (Read More)...

Monday, December 28, 2009

Exhibition at Kongju National University

နောက်ကြောင်းပြန်သတိရလို့ ၁၇.၁၂.၂၀၀၉ နေ့က ဒီတက္ကသိုလ်မှာ မသိလိုက်မသိဘာသာ ကျင်းပသွားတဲ့ ပြပွဲလေးတစ်ခုပါ။ 2009.산주 임업인 만남의장 တဲ့ အီးလိုတော့ ဘယ်လိုပြန်ရမှန်းတောင်မသိပါဘူး။ တွေ့ဆုံပွဲလို့ပဲပြောရမယ်ထင်တယ်။ သိပ်ကြိးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားစရာလေးတွေပါတယ်။ ဒီကျောင်းက ဒီဇင်ဘာ ၁၅ ရက်နေ့က ဘွဲကြိုကျောင်းသားတွေစာမေးပွဲဖြေပြီးတာနဲ့ ညနေမှာကျောင်းသားတွေအကုန်မောင်းထုတ်တာ။ ရက်စက်တယ်ပဲပြောရမလား ကျောင်းသားတွေကပဲ ပြန်ချင်မူးတူး နေသလားမပြောတတ်ဘူး နေ့လယ်မှာ စာမေးပွဲပြီးတာနဲ့ ညနေမှာ တစ်ယောက်မှမကျန်ဘူးအကုန် ချေကုန်သုတ်သွားကြတာ။ ၁၆ ရက်နေ့လည်းရောက်ရော နှင်းမုန်တိုင်းဝင်ပါလေရော။ အချိန်ကိုက်ကိုကျောင်းတော်ကြီးကပိတ်ပေးလိုက်တာပဲလို့ အဲသြမိတယ်။ တိုက်ဆိုင်တာပဲလားတော့မပြောတတ်ဘူး။ ၁၇ ရက်နေ့ ပြပွဲသွားတော့ နှင်းပြင်တွေပေါ်ဖြတ်ကျော်ခဲ့ရတယ်။ ပြပွဲ ခန်းကတော့ ဟိုအရင်တစ်ခါ ပန်းပြပွဲလုပ်တဲ့ ဟောခန်းမှာပါပဲ။ သိမ်အများကြီးတော့မဟုတ်ပါဘူး။ စိုက်ပျိုးရေးသုံးပစ္စည်းအချို့တွေ့ခဲ့တယ်။ နောက် သစ်ပင်တောတောင်ရှင်းတဲ့ သစ်ဖြတ်စက်၊ကိုင်းဖြတ်စက်၊ သစ်ပင်လှဲစက်တွေ့တယ်။ ၀ါး/အသားနဲ့လုပ်ထားတဲ့ လက်မှုပညာ ပြကွက်ကလေးပါတယ်။ နောက်ဆေးမြစ်စုံပေါ့ အမည်တွေတော့အကုန်မသိတော့ပါဘူး။ နာမည်ကြီးတဲ့ ဟုန်ဆန် (홈삼)လို့ခေါ်တဲ့ ကိုရီးယား ဂျင်ဇင်း (Ginzinn) ပဲသိတာ။ သူနဲ့ဆင်တူရိုးမားတွေလည်းအများသားပဲ။ နောက် ထမင်းစားလျှင် မကြာခဏတွေ့တွေ့နေရတဲ့ အသားလား အသီးအနှံလားလို့ အချင်းချင်းမေးမေးနေရတဲ့ မှိုတစ်မျိုး ရှိတာကီ (Shitaki) ခေါ်မလား အဲဒါတွေ့ခဲ့တယ်။ ခက်တာက ရန်ကုန်(၉)မိုင်မှိုဌာနမှာ ဆရာလုပ်ခဲ့ပေမဲ့ (တခြားမှိုတွေအကုန်နီးပါးနောကျေပေမဲ့) ရှိတာကီကိုတော့ မရင်းနီးခဲ့ဘူး။ သူ့ကို သူဌေးမှိုလို့ပဲ အမည်တစ်မျိုးပေးထားတာလေ။ မြန်မာပြည်မှာ အစိုက်ရခက်လို့ သူကအအေးကြိုက်တာကိုး ၄ဒီဂရီ ၀န်းကျင်ရအောင် အအေးခံစက်ရှိမှ စိုက်လို့ရတယ်လို့ မှတ်သားထားဘူးတာ။ ထားပါတော့ လေကြောရှည်နေတော့မယ်။ နောက်တစ်ခုထူးခြားတာတွေ့တာက တရုတ်ပြည်ကလုပ်ပို့တဲ့ တံဆိပ်တုံးအသေးလေးတွေ ဂက်စ်မိးချစ်ပုံစံလေးတွေ ဆိုက်စုံ၊ ဒီဇိုင်းစုံပဲ လိုချင်စရာလေးတွေ။ ရောင်းတဲ့သူက တခါတည်းကွန်ပျူတာနဲ့ နာမည်တံဆိပ်ထွင်းပေးတာ။ မြန်မှမြန်ပဲ။ တစ်ခုငါးထောင်တဲ့ ဈေးကတော့ခတ်ကြီးကြီးပဲ။ ပုံလေးတွေအားပေးသွားပါအုံး။

















အပြည့်အစုံ (Read More)...

Friday, December 25, 2009

Busan, Gyungju, Pohan Tour 2 (ဒုတိယပိုင်း)

ဒုတိယပိုင်းကိုဆက်လက်အားပေးပါအုံးနော်။ စာဖတ်ရတာပျင်းနေမှာစိုးလို့စာမရေးတော့ဘူး။ ဟဲ--ဟဲ--ရေးသူကလည်းအရင် ဘာရေးလို့ ဘာပြောပြရမယ်မသိတော့လို့။ ဖိုးဟန်ကမ်းခြေမှာ လေတခွန်လွှတ်ခဲ့ကြတာတော့ ဓါတ်ပုံမရိုက်ခဲ့တော့ဘူး။ ထက်ကောင်းကင်မှာ စွန်တွေ ၀ဲပျံခတ်နေတာတော့ တော်တော်ပျော်ဖို့ကောင်းတယ်။ အွန်စောစွန်ကတော့ သူများစွန်နှစ်ကောင်နဲ့သွားချိပ်မိပြီး လမ်းတ၀က်ကနေပဲ ပြန်ဆွဲအယူမှာ ကျိုးပြတ်ကျန်ခဲ့တယ်။ ဟိုကောင်းကင်ယံထိမရောက်လိုက်ဘူး။ ကမ်းခြေတစ်ခုထဲကနေ ကျွန်တော်တို့အဖွဲ့ ၁၉ ယောက်တောင် စွန်လွှတ်ကြတာ မညိပဲနေနိုင်ရိုးလား။ ဆရာမလေး စွန်ကအောက်နားမှာကထည်းက အွန်စောစွန်ကိုလာချိပ်လို့ ကြိုးဖြည်ပေးလိုက်ရသေးတယ်။ ဟိုကျောင်းသားတစ်ယောက်စွန်ကတော့ ပင်လယ်ရေပြင်ထဲ ထိုးဆင်းသွားလို့ စောစောစီးစီး စွန်ကိုထိမ်းကြောင်းရတဲ့အလုပ်ညိမ်းသွားတယ်။ ဟို ဂရောင်းကြူ Gyoungju Amusement Park မှာလည်း တိုက်ကားစီးခဲကြတာ ဘာပျော်သလဲမမေးနဲ့။ လူက၁၉ယောက် တိုက်ကားက ၇ စီးပဲရှိတာမို့ တစ်ချို့ကျောင်းသားတွေခမျာ သုံးဘီးစက်ဘီးစီးသူစီး။ ဆိုင်ကယ်အသေးလေးတွေစီးသူစီးနဲ့ အွန်စောကတော့ တိုက်ကားတစ်စီးတက်အပိုင်စီးလိုက်တယ်။ ဆရာမကတော့ပြောရှာတယ် ဖြည်းဖြည်းစီးကြနော်။ နင်တို့ကားမှောက်လျှင် ငါ့အသတ်ခံရမှာဆိုပြီး သူ့လည်ပင်းကို လက်နဲ့ပိုင်းပိုင်းပြရှာတယ်။ သူ့ကျောင်းသားတွေကလည်းလိမ္မာကြပါတယ်။ ကျွမ်းကျင်ကြတယ်ပြောရမလား။ တစ်စီးမှ မတိမ်းစောင်းမမှောက်ခဲ့ပါဘူး။ ကျောင်းသူတွေကတော့ နောက်ထိုင်ဆိုတော့ မပြောတော့ပါဘူး။ ဒါတောင် အွန်စောနောက်ကထိုင်လိုက်လာတဲ့ ဗီယက်နမ်မလေးက ကွင်း၎ပတ်လောက်အရမှာ ကြောက်တယ်ပြောလို့ အစောဆုံးသိမ်းခဲ့လိုက်ရတယ်။ အေးကလည်းအေးတာနဲ့အတော်ပါပဲ။ ဒီထက်ဆက်စီးနေလျှင် အွန်စောလည်း အအေးပတ်မှာစိုးရတယ်။ မပြောတော့ဘူးနေတာ လေကရှည်နေပြန်ပြီ။ ဒါလောက်ပဲဗျာ။ တတာ။ ဘိုင်ဘိုင်။ ကျန်းမာပျော်ရွှင်ကြပါစေ။ ပျော်ရွှင်စရာ ခရစ္စမတ်နှင့်အတူ ကြီးပွားတိုးတက်မဲ့ နှစ်သစ်မင်္ဂလာ ၂၀၁၀ ပြည့်နှစ်ဖြစ်နိုင်ကြပါစေ။






အပြည့်အစုံ (Read More)...

Busan, Gyungju, Pohan Tour

၂၀၀၉.၁၂.၂၁ ရက်နေ့မှ ၂၀၀၉.၁၂.၂၃ ရက်နေ့ထိ NIIED ရဲ့ကျေးဇူးနဲ့ လေ့လာရေးသွားခဲ့ရတာလေးမှတ်တမ်းတင်ထားလိုက်တာပါ။

ဒါကဘူဆန် SeaCloud Hotel and Busan Hae-undae Beach ပါ။

ဒါကတော့ Gyeongju Amusement Park ကကျွန်တော်တို့အဖွဲ့တည်းခိုခဲ့တဲ့ Hilton Hotel ပါ။






အပြည့်အစုံ (Read More)...

Sunday, December 20, 2009

Snow Storm 2 (နှင်းမုန်တိုင်)။

ဒီကနေ့ဈေးသွားရင်း နှင်းတွေတအားကျလာလို့ အပျင်းပြေ မှတ်တမ်းတင်ခဲ့တာလေးပါ။ မနက်ဖြန်မှာ ခရီးစထွက်မယ်။ နှစ်ညအိပ်သုံးရက်ခရီးပဲ။ ဘယ်တွေထိရောက်ဖြစ်မယ်တော့ ခရီးစဉ်စာရွက်ပို့မပေးတော့မသိရသေးဘူး။ လိုက်ပို့တဲ့နေရာတွေလေ့လာခွင့်ရမှာပါပဲလေ။ ကိုယ်ကတောင်းဆိုလို့မှမရတာ။ ကံဆိုးတာလား ကံကောင်းတာလားတော့မသိဘူး။ ဒီကျောင်းခွဲမှာက တစ်ယောက်ထဲဖြစ်နေတော့ အင်အားနည်းတယ်။ Main Campus မှာတော့ ငါးယောက်ဆိုတော့ သူတို့ စုပြီးတောင်းဆိုလျှင်တော့ ရမယ်ထင်တယ်။ သူတို့ ဆန္ဒပြုလျှင်လည်း ကိုမသိရ ကိုယ့်ဆန္ဒမပါဘူးဖြစ်နေမှာပါပဲလေ။ သူတို့တစ်တွေထက် ကိုယ်ကသာထားတာတစ်ခုရှိတယ်။ သူတို့ဘယ်သွားသွား အွန်စောက ရောက်ပြီးသားတွေများနေပြီ။ WSK (World Friend of Korea) မှာ အသင်းဝင်ပြီး စပ်စုထားတော့ အခုသွားမယ်သတင်းကြားတဲ့နေရာ တော်တော်များများကို ရောက်ပြီးပြီ။ Main Campus က ငါးယောက်ကို သနားတယ်ပေါ့။ ဟား----ဟား----။ သူတို့သွားချင်ရာသွားပါစေပေါ့ ခွင့်လွတ်နိုင်ပြီလေ။ အွန်စောက ဘလောဂါပြိုင်ပွဲမှာတောင် တတိယဆုရထားတာပဲနော့ သေးတာမှတ်လို့။ ဟား---ဟား---ဟား----။ လာရောက်အားပေးသူတွေကိုပျော်စေချင်လို့ပါဗျာ။ ကြွားစရာတော့မရှိပါဘူး။ အွန်စောက ဘာမှမယ်မယ်ရရ မတတ်တာပဲလေ။







အပြည့်အစုံ (Read More)...