Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Wednesday, May 9, 2012

University New Gate (YAU)


"ဖေ့ဘုတ်မှာ မိတ်ဆွေတွေရဲ့ကွန်မင့်ကို ဖတ်ပြီး စိတ်ကူးရတာလေး ချရေးထားတာပါ။"



အရင်ကတော့ ကျွန်တော်လည်း ကိုတင်အောင်မိုးလို စိတ်ကူးနားလည်ခဲဖူးပါတယ်။ Institute ဆိုတာကို အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လို့ ဘာသာပြန်ပေးခဲ့တာကိုး။ အခုတော့ နားလည်းမှုတစ်မျိုးဖြစ်လာတယ်။ အခုကျွန်တော်တက်နေတဲ့ KNU (Kongju National University) မှာ campus သုံးခု မြို့သုံးမြို့မှာ college တွေခွဲထားတယ်။ အခုကျွန်တ်ာက College of Industrial Science အောက်က Plant Resources Department ရဲ့ Plant Genetics and Biotechnology laboratory မှာ ပညာသင်ယူနေရတယ်။ Plant Resources Department ဟာ College of Industrial Science အောက်မှာ ပရော်ဖက်ဆာငါးယောက်နဲ့ သီးခြားရပ်တည်နေတာဖြစ်တယ်။ Department of Horticulture ဆိုတာလည်းရှိတယ်။ ဟော်တီ ကလည်း ကျွန်တော်တို့ Plant R.D. လိုပဲ ပရော်ဖက်ဆာ ငါးယောက်နဲ့ သီးခြား ရပ်တည်နေတဲ့ ဌာနတစ်ခုပါ။

Institute ဆိုတာကိုတော့ ကျွန်တော် Gunsan မြို့ Gwanju မြို့တွေမှာ လေ့လာရေးသင်တန်း နှစ်လတာ တက်ရောက်ရင်း မြင်တွေ့ခဲ့ရတာတွေပါ။ အစိုးရမဟုတ်တဲ့ ကိုယ်ပိုင် (တစ်ဦးတည်းပိုင် သို့မဟုတ် ကုမ္ပဏီပိုင်) စီးပွားရေး လုပ်ငန်းတွေ မှာ သုံးထားတာ လာတွေ့ရတယ်။ Institute တစ်ခုမှာ ကိုယ်ပိုင် facility အပြည့်နဲ့ lab တစ်ခုရှိတယ်။ အပင်တွေကို ပြုစုစိုက်ပျိုးထားတဲ့ field (house) ရှိတယ်။ အဲဒါတွေကို ဈေးကွက်တင်ရောင်းတဲ့ ၀က်ဆိုက်တစ်ခုရှိတယ်။ သူတို့တစ်ဦးတစ်ယောက်ထည်း ထူထောင်ထားတဲ့ institute တစ်ခုဟာ ကျွန်တော်တို့မြန်မာပြည်က အစိုးရဌာနတစ်ခုကလုပ်နေတာထက် ပစ္စည်းပစ္စယ ပိုပြည့်စုံပီပြင်တယ်။ ဌာနတွေကိုစော်ကားတာမဟုတ်ပါဘူး။ တို့များလည်း ဖြစ်နိုင်လျှင် အရင်းနီးထဲ့ကြိုးစားကြဖို့ လိုမယ်လို့ ခံစားမိရလို့ပါ။ ချမ်းသာမှုအရ တစ်ဦးတည်း မတည်ထောင်နိုင်သေးတာတော့သေချာပါတယ်။ နိုင်ငံတော်အနေနဲ့ လုပ်သင့်တယ်လို့ လက်ခံလာလျှင် လုပ်စရာတွေ များတာကို မြင်မိတာပါ။ မည်သူ့စိတ်ကူးစိတ်သန်းကိုမှ ဆန့်ကျင်လိုခြင်းမဟုတ်ပါ။ မိမိစိတ်ကူးစိတ်သန်း လေးကို ချရေးခြင်းမျှသာဖြစ်ပါတယ်။



ခင်မင်စွာဖြင့်။


Type rest of the post here

0 comments:

Post a Comment