ဇိဝနည်းပညာသုတေသနဌာန ဆိုပြီး ပါရဂူသင်တန်း တက်လာလိုက်တာ သုံးနှစ်တောင်နီးလာပါပေါ့လား။ အတန်းတွေ နှစ်နှစ်ခွဲလိုက်တက်ပြီး လို့ သုတေသနတွေလည်း အတော်ခရီးပေါက်နေပြီမို့ အခုနောက်ဆုံးခြောက်လမှာ ဘိုင်အိုတက်အတွက် မရှိမဖြစ်တွဲဖက် ကျွမ်းကျင်ရမဲ့ အင်ဗစ်ထို In vitro (Latin: within glass)၊ အင်ဗိုက်ဘို In vivo (Latin for "within the living")၊ အန်ဒါ ကွန်ထိုးကွန်ဒီးရှင်း (Under controlled condition)မှာ အပင်တွေကို လိုသလို ကိုင်တွယ်ပြုပြင်နိုင်ဘို့ ဆက်လက်ကြိုးစားလုပ်ဆောင်နေရတယ်လေ။ ဒါလေးတွေကတော့တကယ့်ကို စိတ်လည်း စိတ်ဝင်စားဖွယ် တွေပါ။ ၀ါဝနာပါလျှင် ဓါတ်ခွဲခန်းထဲကတောင် ထွက်ချင်မယ်ထင်ဘူးနော့။ အစမှာတော့ ပင်ပန်းတာပေါ့။
တက္ကသိုလ်မှာက အစည်းဝေးကို ၉နာရီမှစပေမဲ့ ကုမ္ပဏီမှာတော့ မနက် ၇ နာရီဆို အဆင်သင့်ဖြစ်ပြီ။ ၇း၂၀ မှာအစည်းဝေး လုပ်တယ်။ နေ့တိုင်း အစည်းဝေးတာ။ ပြောဆိုတိုင်ပင်ပြီး အလုပ်ကိုယ်စီဝင်ကြတာပဲ။ ၁၅ မနစ် နာရီဝက်ထက်ပိုမကြာဘူး။ တက္ကသိုလ်မှာတော့ အမြန်ဆုံးပြီးလျှင် တစ်နာရီကြာတယ်။ ကုမ္ပဏီ မန်နေဂျာထက် တက္ကသိုလ် ပါမောက္ခတွေက ပို လေပေါနိုင်တာသိသာတယ်။ ဟဟဟ။
Type rest of the post here
Saturday, May 5, 2012
Biotechnology and Tissue Culture
Hard Work Under the Greenhouse
Friday, May 4, 2012
Flower Exhibition (Calenthe) In Gwangju, Korea
ပါမောက္ခကျေးဇူးနဲ့ မတ် လ ၂၀ ရက် နေ့ကနေစပြီး ဂုန်ဆန်မြို့ ဒယ်ယာ မှာရှိတဲ့ သစ်ခွ သုတေသနနှင့် ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ (새만금생명공학센타) မှာ သွားရောက် လေ့လာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဆရာက လေးလတာ လေ့လာသင်ယူဖို့ အကြံပြုပေမဲ့ နှစ်လအတွင် အစုံအလင် လုပ်တတ်ကိုင်တတ်အောင်လေ့လာသင်ယူခဲ့ပါတယ်။ နှစ်လတာသင်ယူစဉ် မယုယုထွန်းတို့ နေတဲ့ ဂွမ်းဂျူးမြို့လေး ရဲ့ ဘာ့မူးဂွမ် (Traditional, Culture Show Room) မှာ ပြုလုပ်တဲ့ သစ်ခွမျိုးနွယ်ဝင်ဖြစ်တဲ့ Calenthe flower exhibition ကို သွားရောက်လေ့လာရင်း ပန်းတွေကို Evaluate လုပ်ဖို့ အဖွဲ့ဝင်များ တောင်းဆိုမှုနဲ့ ဒိုင်လူကြီးခြောက်ဦး အနက် တစ်ဦးအဖြစ် ပါဝင်လုပ်ဆောင်ပေးဖြစ် ခဲ့ပါသေးတယ်။ ဒါလေးကတော့ ကုမ္ပဏီကိုယ်တိုင်ပန်းရောင်းတဲ့ ၀က်ဆိုက်လေးပါ။ တစ်ခြား ပန်းဈေးကွက်မှာလည်း ကော်မရှင်နဲ့ တင်ရောင်းတယ်လို့ပြောပါတယ်။
ပန်းတွေကို Evaluate လုပ်နေကြတာပါ။
Type rest of the post here
Monday, January 23, 2012
"Take me Home"
မြန်မာနိုင်ငံမှ ပညာတော်သင် ပါရဂူကျောင်းသူ မအေးအေးသွယ် (အေးအေးတယ်ရှီ) မှ ကိုရီးယားဟင်း (မီနာရီ ဒွင်ဂျမ်းကြိကယ် ဟင်း) ချက်ပြုတ်ပြီး သူငယ်ချင်းများကို ဖိတ်ခေါ်ကြွေးမွေးသလို မြန်မာဟင်းတစ်မျိုးဖြစ်တဲ့ ကြာဇံဟင်းခါးလေး အရသာလည်း မြည်းစားကြည့်စေခဲ့ပါတယ်။ အိမ်ရှင် မိတ်ဆွေ လည်းဟုတ် ဆရာလည်းဟုတ်၊ စီနီယာ ဘီအေဂျီတစ်ယောက်အိမ်မှာ စိတ်တိုင်းကျ စီမံချက်ပြုတ်ခွင့်ရတဲ့ အခွင့်အရေးဟာလည်း လူတိုင်းမရနိုင်တဲ့၊ မလွယ်ကူတဲ့ အခွင့်အရေးလေးပါပဲ။ နောက်ဆုံး ပိတ် သီချင်းလေးကလည်း မိမိမွေးရပ်မြေ၊ မိသားစု နဲ့ဝေးကွာနေကြရသူများအတွက် တမင်ရွေးခြယ် ထားလေသလား။ "Take me Home" အိမ်ပြန်ချင်တယ် တဲ့။ သူငယ်ချင်းတို့လည်း အိမ်မပြန်ချင်သူရှိမယ်မထင်ပါဘူး။ အခုလို ပြည်ပမှာ အခြေအနေအရပ်ရပ်ကြောင့် စွန်စား နေကြရသော အွန်စောတို့ တစ်တွေ အတွက် အိမ်လွမ်းစရာလေးတွေဖြစ်သလို၊ စွန်စားရကျိုးနပ်အောင် မြန်မာဆိုတာလေး တစ်ခုခု လုပ်ပြနိုင်ခြင်းအတွက် သူငယ်ချင်း အေးအေးတယ်ရှီ (မအေးအေးသွယ်) ကို အွန်စောတို့ မြန်မာ တစ်ဖွဲ့လုံးကိုယ်စား ဂုဏ်ယူလျှက်ပါလို့ ပြောကြားရင်း ဒီမှာလာပြီး အမှတ်တရလေး သိမ်းထားလိုက်ပါရစေနော်။ ဝေဖန်ရေးသမားလုပ်ရမယ်ဆိုလျှင် မအေးအေးတယ် သူငယ်ချင်း ဗီယက်နမ် ကောင်လေးနဲ့၊ တရုတ်မလေးက ပြောသွားတဲ့ မြန်မာဝတ်စုံလေးနဲ့ အေးအေးတယ်က အမျိုးသားတစ်ယောက်လို ခန့်ချောကြီးပါတဲ့။ ဟဲ---ဟဲ---။ ဒဲဂျွန်းမြို့ ချွန်းနန် တက္ကသိုလ်က မြန်မာမလေးကတော့ နာမည်အသစ်ရလိုက်ပါပြီ။ ခန့်ချောကြီးနဲ့ အေးအေးတယ်ရှီ တဲ့။ ခင်မင်စွာသော မိတ်ဆွေများလည်း အားပေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ဗွီဒီယိုဖိုင်ကိုတော့ ဒီမှာပဲ သွားကြည့်လိုက်တော့နော်။ ဘလော့မှာတင်တာမရဘူးဖြစ်နေလို့။
Friday, December 30, 2011
Excellence Academic Achievement Award
ကိုရီးယားနိုင်ငံ တက္ကသိုလ်ပေါင်း ၆၀ ကျော်တွင် တက်ယောက်ပညာသင်ယူလျှက်ရှိသော၊ NIIED, KGSP (National Institute for International Education, Korean Government Schloarship Program) မှ ပညာသင်ဆုထောက်ပံ့ထားသော နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှ ကျောင်းသားပေါင်း ၁၉၅၉ ယောက်ထဲမှ ကျောင်းသား ၄၀ ကိုရွေးခြယ်၍ ထူးချွန်ဆု( Excellence Academic Achievement Award) ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ဆိုးလ်မြို့တော် အပြည်ပြည်ဆိုင်ရာပညာရေး ဌာန (NIIED) မှာကျင်းပတဲ့ ဆုပေးပွဲမှာ မြန်မာ လေးယောက် ဆွတ်ခူးရရှိခဲ့ပါတယ်။ မြန်မာကျောင်းသား ၈၀ အနက် ဘွဲ့လွန် ၅၃ ယောက်ထဲမှ ၃ ယောက်၊ ဘွဲ့ကြို ၂၇ ယောက်ထဲမှ တစ်ယောက်၊ စုစုပေါင်း ၄ ယောက် ဆုရရှိတာမို့ တစ်နိုင်ငံချင်း တွက်ကြည့်မယ်ဆိုလျှင် ဦးရေအများဆုံးဆုရရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဘွဲ့လွန် ၃ ယောက်တွင် YAU မှ ကျွန်တော်နှင့်အတူ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဒေါက်တာကျောင်းသူ မမေဖြိုးသူ ကဆွတ်ခူးရရှိပါတယ်။ နောက်တစ်ယောက်ကတော့ မဟာကျောင်းသူပါ။ ကိုရီးယားမေဂျာအထူးပြုလေ့လာနေသူ မယဉ်ယဉ်အေး ကဆွတ်ခူးရရှိတာဖြစ်ပါတယ်။ ဘွဲ့ကြို (Undergraduate) ကျောင်းသူ ၂၇ ယောက်ထဲမှ မထားထားဦး ကဆွတ်ခူးရရှိပါတယ်။ နောင်နှစ်တွေမှာလည်း မြန်မာတွေ ဒီထက်မက ဆွတ်ခူးနိုင်ကြမယ်လို့မျှော်လင့်မိပါတယ်။
