Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Wednesday, March 30, 2011

First Year Student's Dancing Contest


"အကပြိုင်ပွဲ"

ဒီကနေ့ ဂုန်းဂျူးတက္ကသိုလ်၊ ရယ်ဆန်ကင်းပတ်မှာ ပြုလုပ်တဲ့ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ အကပြိုင်ပွဲလေးသွားအားပေးရင်း အမှတ်တရလေးတွေရိုက်လာခဲ့တာလေး အပျင်းပြေကြည့်ဖို့တင်ပေးမလို့ပါ။ ဒီကင်းပတ်မှာ ကျောင်းတက်နေတာ နှစ်နှစ်ပြည့်တော့မယ်။ ဒီ အားကစား ခန်းမကို အခုမှပဲရောက်ဖူးတော့တယ်။ အားကစားကွင်း ရဲ့ထိပ်တည့်တည့်မှာ ကန့်လန် ထားဆောက်ထားတာ တော်တော်ကျယ်ဝန်းတာပဲ။ အော် တို့တက္ကသိုလ်ကျောင်းသားဘ၀က ရေဆင်းက စိုက်တက္ကသိုလ်က အားကစားကွင်းကို ကြီးလှကျယ်လှပြီထင်မှတ်နေတာ။ အခု ကလေးတွေ အကပြိုင်တဲ့ ကွင်းနဲ့စာတော့ သေးနေပါလား။ သူတို့များကျတော့လည်း ပြည့်စုံလိုက်ကြတာ။ အားကစားရုံထဲမှာတင် ပွဲကြည့်စင် တွေဘာတွေနဲ့။ အားပေးတဲ့သူတွေလည်း ဇိမ်ကျကျအားပေးလို့ရတယ်။
ကဲပြောနေကြာတယ်။ မပြောလျှင်မကြာဘူး။ အားပေးလိုက်ကြပါအုံး။ ဌာနခွဲ ကိုးခုက အသင်း ကိုးသင်းပြိုင်တာတဲ့။ အွန်စောတို့သွားတာနောက်ကျသွားလို့ နှစ်ဖွဲ့ ကပြီးမှရောက်သွားတယ်။ အွန်စောတို့ဌာနက အဖွဲ့ ပါပြိုင်ပြီးသွားပြီဆိုလို့ ကိုယ့်အဖွဲ့ကို ကိုယ်ကောင်းကောင်းအားမပေးလိုက်ရပါဘူး။ ကဲဘယ်အဖွဲ့ကိုဆုပေးမလဲ။ အကဲဖြတ်ကြပါအုံး။ ဟဟဟဟဟဟဟ။








အပြည့်အစုံ (Read More)...

Monday, January 17, 2011

Paper Submition to Journal for Publication


"စာတမ်းလေးတွေဂျာနယ်မှာထုတ်ဝေဖို့"

လေရှည်မလို့မဟုတ်ပါဘူး။ မနေ့က ပါရဂူတက်နေတဲ့ မိတ်ဆွေတစ်ယောက် မေးလာလို့ ပြောပြရင်း သိပြီးသူတွေအတွက် မလိုအပ်ပေမဲ့ မသိသေးသူတွေ အလွယ်တကူသိရှိနားလည်နိုင်အောင် အဆင်ပြေပြေ တင်ပို့ထုတ်ဝေနိုင်အောင် သိထားတာလေး ချရေးအုံးမှ လို့စိတ်ကူးရလာလို့ပါ။ အားလို့တော့မဟုတ်ဘူး။ အွန်စောလည်း ပေပါရေးရက်တန်းလန်းပဲ ခဏထားပြီး ဒီပို့စ်လေးလာရေးနေတာ။

မိမိ ကိုယ်တိုင် သုတေသနပြု ထားတဲ့ Research Results တွေကို အများအသိအမှတ်ပြု၊ အများ သိရှိအသုံးပြုခွင့်ရအောင် ဂျာနယ်ပို့ပြီး ထုတ်ဝေခွင့်ရဘို့ လျှောက်တော့မယ်လို့ ရည်ရွယ်တဲ့ အခါမှာ စဉ်းစားရမဲ့လိုအပ်ချက်ကလေးတွေပါ။ အသေးစိတ်တော့ မသွားတော့ဘူးနော်။ အကြမ်းမျဉ်း ပေါ့။ ဒါလောက်သိထားလျှင်ပဲ အလွယ်တကူ ဆည်းပူးအောင်မြင်နိုင်မှာပါ။

၁။ မိမိခေါင်းစဉ်နဲ့ (ဘာသာရပ်နဲ့) ကိုက်ညီတဲ့ စာစောင်တွေထုတ်ဝေနေတဲ့ ဂျာနယ်ကို ဒီမှာ လိုက်ရှာ လို့ရပါတယ်။ ဒါကတော့ အဲဒီဂျာနယ်တွေရဲ့ အတိုကောက်တွေပါ။ အဲလိုရှာနိုင်ဘို့ ဆက်စပ်တယ်လို့ထင်တဲ့ ဂျာနယ်တစ်ခုခုက ထုတ်ဝေတဲ့ ပေပါ ၂ ခု ၃ ခုလောက်ဒေါင်းယူကြည့်လိုက်လျှင် သိနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဂျာနယ်မှာ လမ်းညွှန်တွေရှိပါတယ်။ ဘာတွေလက်ခံထုတ်ဝေပါတယ်။ ပေပါပို့မယ်ဆိုလျှင် ဆိုပြီး Author Guide တွေလည်း ဂျာနယ်တိုင်း ဖရီးဒေါင်းလော့ ပေးပါတယ်။

၂။ မိမိရေးသားထားတဲ့ စာပေအဆင့်အတန်းနဲ့ကိုက်ညီတဲ့ ဂျာနယ်ကိုရှာရပါတယ်။ ဘာသာရပ်တော့တူပါရဲ့ ကိုယ်လုပ်ထားတာက အဆင့်နိမ့်နေတယ်ဆိုလျှင် သိပ်မြင့်တဲ့ဂျာနယ်တွေကိုပို့မိလျှင် Reject လုပ်တာခံရတတ်ပါတယ်။ Reject လုပ်ခံရလျှင် မိမိအတွက် အချိန်တွေ နင့်နာပါတယ်။ ဂျာနယ်နိမ့်တယ်မြင့်တယ်ဆိုတာကို Impact Factor နဲ့တိုင်းတာပါတယ်။ Thomson Reuters လို့ခေါ်တဲ့ Intelligent and information ကနေ Science Citation Trace လုပ်ပြီးတွက်ချက်သတ်မှတ်တယ်လို့ဆိုပါတယ်။ တစ်ချို့မြင့်တဲ့ဂျာနယ်တွေက လက်ခံမခံဆုံဖြတ်ဖို့ကို ခြောက်လ၊ တစ်နှစ်ကြာတတ်ပါတယ်။ ခက်ခဲတတ်ပါတယ်။ အဲလိုစောင့်စားပြီးမှ Reject လို့ အဖြေထုတ်ခံရလျှင် တော်တော်စိတ်ပျက်စေမှာပါ။ ဒါဖြင့် အစကထည်းက ကိုယ့်ပေပါအဆင့်အတန်းနဲ့ သင့်တော်တဲ့ လယ်ဘယ်ရှိတဲ့ ဂျာနယ်ကိုဘယ်လိုရှာမလဲ။ အကျမ်းမျဉ်းတော့ ထုတ်ဝေတဲ့အကြိမ်ရေနဲ့ ဆက်နွယ်နေတတ်ပါတယ်။ လစဉ်ထုတ်ဝေတဲ့ဂျာနယ်ကနေ တစ်နှစ် နှစ်ကြိမ်သုံးကြိမ်သာထုတ်ဝေတဲ့ဂျာနယ်ထိပေါ့။ တစ်ချို့လည်း တစ်နှစ်တစ်ကြိမ် ထုတ်ဝေတာလည်းရှိမှာပေါ့လေ။ အကြိမ်ရေများများထုတ်တဲ့ဂျာနယ်က ထုတ်ဝေခွင့် လွယ်လွယ်ရနိုင်တယ်လို့အကြမ်းမျဉ်းမျှော်လင့်နိုင်ပါတယ်။ သိပ်နိမ့်တဲ့ဂျာနယ်ပို့မိလျှင်လည်း ကိုယ့်အားထုတ်ထားတာလေး နှစ်မျောစရာကြီးဖြစ်နေမှာလေ။ ဒီတော့ ကိုယ့်အားထုတ်ထားတာလေးနဲ့ကိုက်ညီတဲ့ အဆင့်ရှိတဲ့ဂျာနယ်ရဘို့တော့ ရွေးရတာပေါနော့။ သတ်မှတ်တဲ့နေရာမှာ SCI (Science Citation Index) အဆင့်ရှိဂျာနယ်များထဲမှာ ရှာလို့မရတဲ့ ဂျာနယ်တွေကိုတော့ SCIE (Science Citation Index expanded) ထဲမှာရှာတွေ့နိုင်ပါတယ်။ အဲလိုလည်းအဆင့်သတ်မှတ်ပါတယ်။ SCI ဂျာနယ်တွေဟာ impact factor အမြင့်တွေဖြစ်ပြီး SCIE ကတော့ သူ့ထက်နိမ့်တဲ့ဂျာနယ်တွေလို့ဆိုပါတယ်။ impact factor တွက်မထားတဲ့ ပြည်တွင်းဖြန့်ဝေတဲ့ဂျာနယ်တွေလည်း များပါတယ်။

၃။ နောက်တစ်ဆင့်ကတော့ Revise လုပ်ပေးရတာပါ။ ဂျာနယ်တွေက မိမိပို့လိုက်တဲ့ ပေပါကို ဒီအတိုင်းလက်ခံမယ်မထင်လိုက်ပါနဲ့။ အနည်းဆုံး တစ်ကြိမ်နှစ်ကြိမ်တော့ Reviewer က Comments တွေပေးပြီး ပြင်ခိုင်းတတ်ပါတယ်။ လိုတိုး ပိုလျှော့လုပ်ခိုင်းပါတယ်။ အဲဒီအတွက်လည်း အချိန်အတိုင်းအတာ ဂျာနယ်က ပြင်ဆင်ဖြည့်စွက်ရမဲ့ လုပ်ငန်းအတိမ်အနက်ကိုလိုက်ပြီး သတ်မှတ်ပေးပါတယ်။ သူ့သတ်မှတ်ချိန်အတွင်းပြီးအောင် ပြန်ချောပေးရပါတယ်။ ဂျာနယ်စိတ်ကြိုက်အဆင့်ရောက်ပြီဆိုမှ Proof read တွေဘာတွေထပ်ခိုင်းပြီး Publication right တွေဘာတွေ လက်မှတ်ထိုးခိုင်းပါတယ်။ တစ်ချို့ဂျာနယ်က Page Charges တွေ Color figure ပါလျှင် color charges တွေ ပေးချေရပါတယ်။ အဲလို ပြည့်စုံပြီဆိုမှ သူတို့ရောင်းစားတဲ့အထဲမှာ ကိုယ့်စာတမ်းလေး ပါသွားတာပါဗျာ။ တစ်ချို့လည်း Free access ပေးတဲ့ဂျာနယ်တွေ ရှိပါတယ်။ ကိုယ့်ဆီက ပိုက်ဆံတောင်းပေမဲ့ ကိုယ့်ပေပါကို သူတို့ရောင်းမစားဘူးပေါ့။ ဂျာနယ်အများစုကတော့ ဒေါက်တာညီပြောသလိုပါပဲ။ Author ထံကလည်း ပိုက်ဆံတောင်းသေးတယ်။ Reader တွေကိုလည်း ရောင်းစားတယ်။ ဂျာနယ်တွေတော်တော် ၀န်ဆောင်ခယူတယ် (လုပ်စားတယ်) တဲ့။ ဟား---ဟား---။ ကိုယ်က ထုတ်ဝေချင်တာကိုး။ မူပိုင်နာမည်ရချင်တာကိုး။ နောက်ဆုံးတော့ ဘွဲ့ရချင်တာကိုး တောင်းပေမပေါ့နော့။

မဟာကျောင်းသားများကတော့ SCIE အဆင့် ထုတ်ဝေနိုင်လျှင် အိုကေပေမဲ့ ပါရဂူဘွဲ့ယူချင်သူများအတွက်ကတော့ SCI အဆင့်မီ အနည်းဆုံးတစ်စောင် ထုတ်ဝေနိုင်ရပါမယ်လို့ဆိုပါတယ်။ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းသတ်မှတ်ချက်တော့မတူဘူးပေါ့လေ။ ဂျာနယ်က လက်ခံပြီးလည်း ချက်ချင်းထုတ်ဝေခွင့်ရတာမဟုတ်ပါဘူး။ Volume number, Page number ရဘို့က နောက်ထပ် အချိန်အတိုင်းအတာတစ်ခု ထပ်စောင့်ရပါတယ်။ တက္ကသိုလ်တွေကတော့ ဂျာနယ်က လက်ခံပြီဆိုတာနဲ့ ကျောင်းသားကို အဆင်ပီသတ်မှတ်ပြီး ဘွဲ့ပေးပါတယ်တဲ့။ အွန်စောလည်း SCIE အဆင့်မှာပဲ ရှိပါသေးတယ်။ အခုလုပ်နေတဲ့သုတေသန ကိုတော့ SCI အဆင့်မီအောင် လုပ်ရမယ်လို့ ဆရာက တွန်းအားပေးထားပါတယ်။ ကြိုးစားဆဲပါ။
အားလုံး အဆင်ပြေချောမွေ့ကြပါစေ---ချင်-------။


အပြည့်အစုံ (Read More)...

Monday, January 10, 2011

MSAK Annual Meeting

MSAK Annual Meeting

အပြည့်အစုံ (Read More)...

Monday, December 20, 2010

MSAK Anniversary


"မြန်မာကျောင်းသားများကိုရီးယား နှစ်ပတ်လည်"
ဘာရယ်မဟုတ်ပါဘူး။ အမှတ်တရသိမ်းထားချင်လို့ပါ။ ဒီကနေ့ "မြန်မာကျောင်းသားများအသင်း ကိုရီးယား" ရဲ့ နှစ်လည်အစည်းဝေးပွဲလေး(တစ်နည်းပြောရလျှင် တစ်နှစ်ပြည့်မွေးနေ့လေးပါပဲ) လုပ်ဖြစ်တာကို အဝေးကနေအားပေးရတာကြာပြီမို့ အရောက်သွား အားပေးခဲ့တာလေး အမှတ်တရတင်ထားလိုက်တာပါ။ အသင်းရဲ့လုပ်ဆောင်ခဲ့တာလေးတွေကတော့ တကယ့်ကို အားရ၀မ်းသာစရာလေးတွေပါ။ ဘာပဲပြောပြော မြန်မာကျောင်းသားများရဲ့ မှတ်တိုင်လေးတစ်ခုအနေနဲ့တော့ အမြဲရှင်သန်ကျန်ခဲ့မှာပါ။ ကိုယ်စားပြု အားထုတ်ခဲ့ ကြတဲ့သူတွေကိုလည်း ဒီနေရာလေးကနေ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ဗျာ။ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့အသေးစိတ်ကိုတော့ လှုတ်ရှားမှုဓါတ်ပုံလေးများနဲကအတူ ဒီမှာ သွား အားပေးလိုက်ကြပေါ့ဗျာနော့။ အဲဒီမှာကပိုစုံမယ်။ ဒါက အွန်စောရောက်သလောက် ရသလောက်ကလေးပဲစုထားတာလေ။

အားလုံးပျော်ရွှင်ကြပါစေချင်။---။


ဒါက မြန်မာကျောင်းသား၊ မြန်မာယဉ်ကျေးမှု့တွေကို စိတ်ဝင်တစား လူအင်အားငွေအင်အားနဲ့အမြဲ စိုက်ထုတ် အားပေးနေတဲ့ ကိုရီယား ပရော်ဖက်ဆာ ဆရာမ ပါ။

အပြည့်အစုံ (Read More)...

Thursday, December 9, 2010

Final Exam


"စာမေးပွဲ"

ဖိုင်နယ်စာမေးပွဲဆိုလို့ ဟဲဗီးမထင်လိုက်ပါနဲ့ တစ်နာရီမေးခွန်းပါပဲ။ ဒီတစ်ခါမေးခွန်းကတော့ အဆင့်မြင့်တယ်ပြောရမလား တော်တော်လေးစုံစုံလင်လင်မေးထာတာပဲ။ ကျနော်ကိုယ်တိုင်ဖြေလျှင်တောင် ရာခိုင်နှုန်းပြည့်မရနိုင်ဘူး။ အဓိပ္ပါယ်ဖွင့်ဆိုဖို့ မေးထားတဲ့အထဲမှာ လက်တွေ့ဓါတ်ခွဲခန်းဆရာလုပ်နေတဲ့ ကျနော်ကို မသိသေးတာတွေပါတယ်။ ပါမောက္ခက တမင် ဆရာသားချန်မေးထားတာလားတော့မသိဘူး။ နောက်ဆုံးက ဆယ်မှတ်တန်သုံးပုဒ် တော့ကောင်းကောင်းရေးနိုင်တယ်။ ဟား---ဟား--- ကိုယ်တပည့်တွေ (ဒုတိယနှစ်ကျောင်းသားတွေ)ဖြေတဲ့မေးခွန်းကို ဒေါက်တာကျောင်းသားက ဖြေကြည့်မယ်ပြောတာ သိပ်တော့ တရားဘူးထင်တယ်ဟီးဟီး။ ကျောင်းသားက ၂၁ ယောက်ရယ်။ အစောင့်ဆရာက နှစ်ယောက်။ ကျနော်နဲ့ မဟာသိပ္ပံတက်နေတဲ့ ကကြီးကျောင်းသားတစ်ယောက်။ ရေဆင်းက ကျနော့ကလေးတွေနဲ့ယှဉ်ကြည့်ဖြစ်တယ်။ ကျနော့ကလေးတွေထက်မသာပါဘူး။ ရေဆင်းကကလေးတွေကတောင်သာအုံးမယ်။ စာမေးပွဲဖြေပုံချင်းပြောပါတယ်။ သိရုံပဲသင်တာမို့ ချရေးခိုင်းလျှင် အလွတ်ချမရေးနိုင်ကြဘူး။ ကကြီးလို သိသလိုရေးပါဆိုတာကို သိပ်ရှင်းမပြတတ်ကြဘူးရယ်။ အင်္ဂလိပ်စာအားနည်းတာ သိသာတယ်။ ရေဆင်းမှာ ကျနော်သင်ခဲ့ရတဲ့ ဒုတိယနှစ်၊ တတိယနှစ် ကလေးတွေကမှ ရေးနိုင်ကြအုံးမယ်။ သူတို့အားသာတာတစ်ခုတော့ရှိတယ်။ ပါဝါပွိုင့်ကောင်းကောင်းပြင်တတ်တယ်ဗျာ။ ကျနော်သင်ခဲ့တဲ့ သင်ခန်းစာ ၇ ချိန်အတွက် အဖွဲ့လေးဖွဲ့ခွဲပြီး presentation လုပ်ခိုင်းတာ တော်တော်ကောင်းတယ်ဗျာ။ စလိုက်ပြင်ဆင်ပုံ၊ တင်ပြပုံ ရေဆင်းက ဘွဲ့လွန်ကျောင်းသားမီမယ်မထင်ဘူးဗျာ။ ကျနော်သင်ပြီးတိုင်း တစ်ပါတ်တစ်ခါ ရီပို့ တင်ခိုင်းတယ်။ အဲဒါတော့ ကိုရီးယားလို တင်တာမို့ ကျနော်မစစ်ပေးနိုင်ဘူး။ ကျနော့်ကိုအကူ ပေးထားတဲ့ နောက်ဆုံးနှစ်ကျောင်းသားကို ပဲ အစစ်ခိုင်းထားတယ်။ အဲဒီအတွက် အမှတ်တစ်ရာထဲက အမှတ်သုံးဆယ် ခွဲတန်းပေးထားလိုက်တယ်။ ကျန်တဲ့ ၇၀ ဘိုးတော့ သင်တန်း တက်ရောက်မှု့နဲ့ presentation ပေါ်မူတည်ပြီး အကဲဖြတ်ပေလိုက်တယ်။

သင်ထောက်ကူပစ္စည်းတွေက တော်တော်ကောင်းတာကိုးဗျ။ စာသင်ခန်းထဲမှာတင် ကွန်ပျုတာ စလိုက် အကုန်ရှိတယ်။ အခန်းက ၅၈ ယောက်လောက်ပဲဆံ့တာ။ ရှိတာက ၂၁ ပဲဆိုတော့အေးဆေးပေါ့။ မြေဖြူကလည်း အမှုန်မထွက်စေတဲ့ မြေဖြူခဲနဲ့။ ဒါတောင် မဟာသိပ္ပံကျောင်းသူတစ်ယောက်က ပြောတယ်။ အဲဒါ အညံ့စားတွေတဲ့ ဒီထက်ကောင်းတာရှိတယ်တဲ့။ သူပြောတဲ့အညံ့စားကိုပဲ ရေးပြီးဖျက်ကြည့်တယ်။ တကယ်ဘာအမှုန်မှ မလွင့်ဘူးဗျာ။ အဖျက်ကောင်းတာလည်းပါမယ်။ ဘောဖျက်က အမှုန်ကိုစုပ်ယူထားနိုင်တဲ့ အထူစားမျိုးလေ။ သင်ပုန်းက အစိမ်းဘုတ်။ Green board. ။ သူနဲ့အတူယှဉ်ထောင်ထားတာက အဖြူရောင်ဘုတ် White board နဲ့ ဆော့ပင်။ မြေဖြူကိုတော်တော်သုံးခဲပါတယ်။ ကျနော်ကတော့ ပါဝါပွိုင့်နဲ့သင်ပေးတာများတယ်။ လက်တွေ့ဆိုတော့ တကယ်လက်တွေ့ ဓါတ်ခွဲခန်း သုတေသနတွေသင်ပေးတာများပါတယ်။ pipette ကိုင်တွယ်နည်းကအစပေါ့။ ပါမောက္ခက သီအိုရီပိုင်းသင်တာကို ကျနော်က ထောက်ပံ့သင်ကြားပေးရတာကိုး။ သူတို့စကားလို ကျနော့်ကို ဂျိုဂရိုဆောင်န်ဆင်နိမ် (조교선생님) တဲ့။ အဓိပ္ပါယ်ကတော့ အကူဆရာပါပဲ။
စာမေးပွဲဖြေတဲ့သူ အနှောက်အယှက်ဖြစ်မှာစိုးလို့ ဓါတ်ပုံကို အသံမတွက်တဲ့ ဗွီဒီယိုဖိုင်အနေနဲ့ရိုက်ယူခဲ့တယ်။ ပြီးမှ ဓါတ်ပုံပြန်လုပ်တာ ဆိုတော့ သိပ့်တော့မရှင်းဘူး။ ခေါင်းမမော့တန်းဖြေနေကြတဲ့ ကျနော့် ကျောင်းသားလေးတွေ အားပေးရင်းကြည့်သွားပါအုံး။ ဟဲ---ဟဲ။

လက်စနဲ့ ကိုယ့်အတွက်လည်း ဒီနေ့ သင်တန်း ပိတ်ပွဲမို့ ဆရာတွေကိုလိုက် ဧည့်ပြုခဲ့တဲ့ စားသောက်ဆိုင်လေးမှာ ရိုက်ထားတာလေးပါ တွဲဆက်ပေးလိုက်တယ်။ ဆရာတွေပုံတော့ ရိုက်ခဲ့တော့ဘူး။ များနေပြီဆိုတော့။ ဟဲ---ဟဲ---။






အပြည့်အစုံ (Read More)...