ပါမောက္ခကျေးဇူးနဲ့ မတ် လ ၂၀ ရက် နေ့ကနေစပြီး ဂုန်ဆန်မြို့ ဒယ်ယာ မှာရှိတဲ့ သစ်ခွ သုတေသနနှင့် ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ (새만금생명공학센타) မှာ သွားရောက် လေ့လာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဆရာက လေးလတာ လေ့လာသင်ယူဖို့ အကြံပြုပေမဲ့ နှစ်လအတွင် အစုံအလင် လုပ်တတ်ကိုင်တတ်အောင်လေ့လာသင်ယူခဲ့ပါတယ်။ နှစ်လတာသင်ယူစဉ် မယုယုထွန်းတို့ နေတဲ့ ဂွမ်းဂျူးမြို့လေး ရဲ့ ဘာ့မူးဂွမ် (Traditional, Culture Show Room) မှာ ပြုလုပ်တဲ့ သစ်ခွမျိုးနွယ်ဝင်ဖြစ်တဲ့ Calenthe flower exhibition ကို သွားရောက်လေ့လာရင်း ပန်းတွေကို Evaluate လုပ်ဖို့ အဖွဲ့ဝင်များ တောင်းဆိုမှုနဲ့ ဒိုင်လူကြီးခြောက်ဦး အနက် တစ်ဦးအဖြစ် ပါဝင်လုပ်ဆောင်ပေးဖြစ် ခဲ့ပါသေးတယ်။ ဒါလေးကတော့ ကုမ္ပဏီကိုယ်တိုင်ပန်းရောင်းတဲ့ ၀က်ဆိုက်လေးပါ။ တစ်ခြား ပန်းဈေးကွက်မှာလည်း ကော်မရှင်နဲ့ တင်ရောင်းတယ်လို့ပြောပါတယ်။
ပန်းတွေကို Evaluate လုပ်နေကြတာပါ။
Type rest of the post here
Friday, May 4, 2012
Flower Exhibition (Calenthe) In Gwangju, Korea
Monday, January 23, 2012
"Take me Home"
မြန်မာနိုင်ငံမှ ပညာတော်သင် ပါရဂူကျောင်းသူ မအေးအေးသွယ် (အေးအေးတယ်ရှီ) မှ ကိုရီးယားဟင်း (မီနာရီ ဒွင်ဂျမ်းကြိကယ် ဟင်း) ချက်ပြုတ်ပြီး သူငယ်ချင်းများကို ဖိတ်ခေါ်ကြွေးမွေးသလို မြန်မာဟင်းတစ်မျိုးဖြစ်တဲ့ ကြာဇံဟင်းခါးလေး အရသာလည်း မြည်းစားကြည့်စေခဲ့ပါတယ်။ အိမ်ရှင် မိတ်ဆွေ လည်းဟုတ် ဆရာလည်းဟုတ်၊ စီနီယာ ဘီအေဂျီတစ်ယောက်အိမ်မှာ စိတ်တိုင်းကျ စီမံချက်ပြုတ်ခွင့်ရတဲ့ အခွင့်အရေးဟာလည်း လူတိုင်းမရနိုင်တဲ့၊ မလွယ်ကူတဲ့ အခွင့်အရေးလေးပါပဲ။ နောက်ဆုံး ပိတ် သီချင်းလေးကလည်း မိမိမွေးရပ်မြေ၊ မိသားစု နဲ့ဝေးကွာနေကြရသူများအတွက် တမင်ရွေးခြယ် ထားလေသလား။ "Take me Home" အိမ်ပြန်ချင်တယ် တဲ့။ သူငယ်ချင်းတို့လည်း အိမ်မပြန်ချင်သူရှိမယ်မထင်ပါဘူး။ အခုလို ပြည်ပမှာ အခြေအနေအရပ်ရပ်ကြောင့် စွန်စား နေကြရသော အွန်စောတို့ တစ်တွေ အတွက် အိမ်လွမ်းစရာလေးတွေဖြစ်သလို၊ စွန်စားရကျိုးနပ်အောင် မြန်မာဆိုတာလေး တစ်ခုခု လုပ်ပြနိုင်ခြင်းအတွက် သူငယ်ချင်း အေးအေးတယ်ရှီ (မအေးအေးသွယ်) ကို အွန်စောတို့ မြန်မာ တစ်ဖွဲ့လုံးကိုယ်စား ဂုဏ်ယူလျှက်ပါလို့ ပြောကြားရင်း ဒီမှာလာပြီး အမှတ်တရလေး သိမ်းထားလိုက်ပါရစေနော်။ ဝေဖန်ရေးသမားလုပ်ရမယ်ဆိုလျှင် မအေးအေးတယ် သူငယ်ချင်း ဗီယက်နမ် ကောင်လေးနဲ့၊ တရုတ်မလေးက ပြောသွားတဲ့ မြန်မာဝတ်စုံလေးနဲ့ အေးအေးတယ်က အမျိုးသားတစ်ယောက်လို ခန့်ချောကြီးပါတဲ့။ ဟဲ---ဟဲ---။ ဒဲဂျွန်းမြို့ ချွန်းနန် တက္ကသိုလ်က မြန်မာမလေးကတော့ နာမည်အသစ်ရလိုက်ပါပြီ။ ခန့်ချောကြီးနဲ့ အေးအေးတယ်ရှီ တဲ့။ ခင်မင်စွာသော မိတ်ဆွေများလည်း အားပေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ဗွီဒီယိုဖိုင်ကိုတော့ ဒီမှာပဲ သွားကြည့်လိုက်တော့နော်။ ဘလော့မှာတင်တာမရဘူးဖြစ်နေလို့။
Friday, December 30, 2011
Excellence Academic Achievement Award
ကိုရီးယားနိုင်ငံ တက္ကသိုလ်ပေါင်း ၆၀ ကျော်တွင် တက်ယောက်ပညာသင်ယူလျှက်ရှိသော၊ NIIED, KGSP (National Institute for International Education, Korean Government Schloarship Program) မှ ပညာသင်ဆုထောက်ပံ့ထားသော နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှ ကျောင်းသားပေါင်း ၁၉၅၉ ယောက်ထဲမှ ကျောင်းသား ၄၀ ကိုရွေးခြယ်၍ ထူးချွန်ဆု( Excellence Academic Achievement Award) ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ဆိုးလ်မြို့တော် အပြည်ပြည်ဆိုင်ရာပညာရေး ဌာန (NIIED) မှာကျင်းပတဲ့ ဆုပေးပွဲမှာ မြန်မာ လေးယောက် ဆွတ်ခူးရရှိခဲ့ပါတယ်။ မြန်မာကျောင်းသား ၈၀ အနက် ဘွဲ့လွန် ၅၃ ယောက်ထဲမှ ၃ ယောက်၊ ဘွဲ့ကြို ၂၇ ယောက်ထဲမှ တစ်ယောက်၊ စုစုပေါင်း ၄ ယောက် ဆုရရှိတာမို့ တစ်နိုင်ငံချင်း တွက်ကြည့်မယ်ဆိုလျှင် ဦးရေအများဆုံးဆုရရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဘွဲ့လွန် ၃ ယောက်တွင် YAU မှ ကျွန်တော်နှင့်အတူ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဒေါက်တာကျောင်းသူ မမေဖြိုးသူ ကဆွတ်ခူးရရှိပါတယ်။ နောက်တစ်ယောက်ကတော့ မဟာကျောင်းသူပါ။ ကိုရီးယားမေဂျာအထူးပြုလေ့လာနေသူ မယဉ်ယဉ်အေး ကဆွတ်ခူးရရှိတာဖြစ်ပါတယ်။ ဘွဲ့ကြို (Undergraduate) ကျောင်းသူ ၂၇ ယောက်ထဲမှ မထားထားဦး ကဆွတ်ခူးရရှိပါတယ်။ နောင်နှစ်တွေမှာလည်း မြန်မာတွေ ဒီထက်မက ဆွတ်ခူးနိုင်ကြမယ်လို့မျှော်လင့်မိပါတယ်။

Thursday, October 27, 2011
သီလရှင်လူထွက်???
အောင်မယ် ငါ့သမီးများ မယ်သိလရှင် လူထွက်တဲ့။
ဝေ ဟုတ်လား KyungHee မှာဘယ်သူရှိပါလိမ့် ငါတောင်မသိပါလား။ မြန်မာတွေ မခေါ်ဖြစ်ခဲပါဘူးကွာ ကျောင်းဖွင့်ရက် ကြီး အားနာပါတယ်။ ငါ့မှာ ကိုက်တစ်ယောက်အမြဲပါတယ်လေကွာ။ ဂျဲဂျုဒို ကိုလိုက်ပို့တဲ့တစ်ယောက်နဲ့ပဲ။ ထူးခြားတာက သင်တန်းနှစ်ခုလုံးလိုက်တက်တာ နိုင်ငံခြားသားဆိုလို့ ငါတစ်ယောက်ပဲပါတယ်။ teaching media ကို ဘာသုံးမလဲ စဉ်းစားသာကြည့်တော့။
အရင် နှစ်လကျော်လောက်က ဒဲဂျွန်း မှာ Fluidigm သင်တန်းသွားတက်တာ တစ်ယောက်ထည်းပဲ။ ဒဲဂျွန်းသားတစ်ယောက်အဖေါ်ထဲ့ပေးတာ။ သူ့ကားလေးနဲ့လိုက်ပို့တယ်။ လာကြိုတယ်။ ဒါပဲလုပ်တယ်။ သူလိုက်မတက်ဘူး။ အဖေါ်မပါတာသိတော့ ဆိုးလ်တက္ကသိုလ်က လာတက်တဲ့ စုံတွဲက မိတ်တွေဆက်လို့ ထမင်းလည်း သူတို့နှစ်ယောက်နဲ့ပဲ အတူစားဖြစ်လိုက်သေးတယ်။ နာမည်တွေတော့ မှတ်မိတော့ဘူး။ သူတို့လည်း DNA Biotech lab ကပဲတဲ့။
ဒီမှာတော့ တက်ရတဲ့သင်တန်းတွေမနည်းဘူး။ အီးလိုသင်တဲ့သန်တန်းရယ်လို့ တစ်ခါမှကိုမတက်ရဘူး။ ပါမောက္ခက တော့ ခေါ်ပါရဲ့။ သူတို့ပါမောက္ခတွေကြီးတက်ရတဲ့ သင်တန်းလည်း တစ်ခါကခေါ်လို့လိုက်တက်ရသေးတယ်။ ပြီးကြ သူ့လက်ကလူတွေကိုပြန်သင်ပေးရမယ်တဲ့။ ဘယ်ကလာ အီးလိုသင်တာလဲမဟုတ်တော့ အကုန်မရခဲ့ဘူးလေ တစ်ဝက်တစ်ပျက်ပဲရခဲ့တာ။ လုပ်ဖူးရုံ မြင်ဖူးရုံပဲ။ အဲဒါတော့ ပြန်မသင်ပေးတတ်ဘူးလို့ညင်းခဲ့ဘူးတယ်။ ခက်လို့တော့မဟုတ်ဘူး။ သူတို့ပေးတဲ့ ဆော့ဝဲလ်က ကိုရီးယားဘားရှင်းကြီးမို့လို့ ညင်းခဲ့တာပါ။ အီးလို ဘားရှင်းလိုက်ရှာလုပ်လျှင်ဖြစ်နိုင်ပါတယ်။ အဲဒါကတော့ Reference Maker လေ။ သူ့ကိုရီးယားကျောင်းသားတွေကို မသုံးဘူး။ ဒီလူပဲ လွတ် ဒီလူပဲ lab workshop လုပ်ပြန်သင်ပေးခိုင်းနေတာ။ ပင်ပန်းတယ်။ အခုလည်း ဆိုးလ်ကိုလွှတ်တာအလကားမဟုတ်ဘူး။ ပြန်သင်ပေးရမယ်တဲ့။ ဒါတော့လာခဲ့။ ဒေါက်တာညီကျေးဇူးကြောင့် ဒီသင်တန်းမတက်ခင် ၅ လလောက်ကထည်းက EndNote 3 ကို ထုံးလိုမွှေ ရေလိုနှောက်လာတာ။ အခုသင်တာကတော့ EndNote 5။ တို့ဓါတ်ခွဲခန်းမှာသုံးနေတာက EndNode4။ ၅ က ဖန်ရှင်တွေတော့ များလာတာပေါ့။ မခက်ပါဘူး။ နောက်တစ်ခုကလည်း အလွယ်လေးပါ။ အားလုံးသိပြီးဖြစ်မှာပါ။ SigmaPlot တဲ့။ ပုံဆွဲတဲ့ဟာ။ စပ်စုချင် အဲဒီနာမည်နဲ့သာရိုက်ရှာလိုက်။ Trial version ရှိတယ်။ ကျုပ်တို့ကိုလည်း Trial version နဲ့ပဲသင်ပေးတာ။ သင်တန်းကျေးကမိုက်တယ် ဆရာပေးတာမို့သာ တစ်ယောက်တစ်သိန်း။
Reference Maker နှင့် EndNote အသုံးက အတူတူပဲမို့ တစ်ခုရလျှင်အိုကေပါတယ်။ နှစ်ခုလုံးလေ့လာဖို့မလိုပါဘူး။ ဒီနှစ်ခုက ကိုယ့်ဘာသာမဟုတ်လို့စိတ်မ၀င်စားဘူးပြောစရာမရှိပါဘူး။ ပေပါရေးသူ မည်သူမဆို လိုအပ်တာပါ။ ဒါလေးကိုသုံးထားလျှင် ဂျာနယ်တွေမှာ ရီဗျူဝါတွေရဲ့ အထင်ကြီးမှု့ကို တစ်နည်း ဆွဲဆောင်ပါတယ်။ အားလုံးအသုံးဝင်ပါစေ။
အင်းလေပေါတာများသွားပြီ။
ဆောရီး။
ခင်မင်လို့ပါ။
(သူငယ်ချင်းတစ်ယောက်ထံ ပြန်ထားတဲ့အီးမေးလေးပါ။ ပို့အသစ်မရေးဖြစ်တာနဲ့ အီးမေးလေးကိုပဲ လာသိမ်းထားလိုက်တာပါ)