Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Wednesday, November 4, 2009

Flower Exhibition, Kongju National University, Yesan


ဒီနေ့ နော်နော်တို့ တက္ကသိုလ် စိုက်ပျိုးရေးဌာနခွဲတစ်ခုဖြစ်တဲ့ ဥယာဉ်ခြံဌာနက ပန်းပြပွဲလေးလုပ်ပါတယ်။ သူတို့စိုက်ခင်းက အဝေးကြီးတော့မဟုတ်ဘူးဗျ။ အခုနော်နော်နေတဲ့အဆောင် ဘေးမှာပဲရှိတာ။ ပြပွဲလုပ်တာကတော့ အုပ်ချုပ်ရေးရုံးအောက်ထပ်မှာရှိတဲ့ ရှိုးခန်းမှာပါ။ တရုတ်သုံးရောက်နဲ့ အတူသွားပြီး ကင်မရာတစ်လုံးစီနဲ့ တဖြတ်ဖြတ် (Catch up) လုပ်ခဲ့ကြတယ်။ ဧည့်မှတ်တမ်းမှာ အမည်ရေးကြတော့ တရုတ်တွေက တရုတ်စာနဲ့ရေးတယ်။ ကိုယ်လည်း မြန်မာ စာလုံးလေးတွေ နဲ့ရေးပေးထားခဲ့လိုက်တယ်။ ဧည့်ကြိုတွေက ၀ိုင်းမေးကြတယ်၊ ဘယ်နိုင်ငံကလဲတဲ့၊ စာလုံးလေးတွေက ပုံလေးတွေနဲ့တူပြီး လှလို့တဲ့ ၊ အော် မမြင်ဘူးသေးတော့လည်း သူတို့အတွက် အထူးအဆန်းပေါ့လေ။ ဘူဆန်မြို့ ရှင်းလာ တက္ကသိုလ်မှာ တက်ခဲ့စဉ်က နိုင်ငံတကာက စာလုံးတွေကို (နာမည်ကို English ဘာသာနဲ့အတူ တွဲ) စုတတ်တဲ့ အယ်လ်ဂျီးရီးရား နိုင်ငံက ဘော်ဒါကြီး အိုမာ ကိုပြေးသတိရလိုက်မိသေးတယ်။ လေမရှည်တော့ပါဘူး။ ပုံအချို့တင်ပေးလိုက်ပါတယ်။




























0 comments:

Post a Comment