Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Thursday, May 27, 2010

Field Openning Ceremony and Offering to Nat

"စားကြအုံးမလားဝက်ခေါင်းသုတ်"

စိုက်ခင်းဖွင့်ပွဲနဲ့နတ်ပူဇော်ပွဲ

ဒီကနေ့ ကိုရီးယား တစ်နိုင်ငံလုံး ကျင်းပတဲ့ စိုက်ပျိုးရေးဆိုင်ရာ ကွင်းဆင်းပွဲနေ့ပါတဲ့။ မြန်မာပြည်မှာဆိုလျှင်တော့ ထွန်ချ တယ်လို့ခေါ်မယ်ထင်ပါတယ်။ ဒီတစ်နှစ်စာအတွက် လယ်ခင်း၊ ယာခင်းထဲကို ပထမဆုံးမျိုးစေ့ချတဲ့နေ့ပေါ့လေ။ မြန်မာပြည်မှာက မျိုးစေ့ချတာက မိုးရွာမှ ချလို့ရတာမဟုတ်လား။ ဒီတော့ မျိုးစေ့မချပဲ ပထမဆုံး စထွန်ရေးဝင်တဲ့နေ့ကို တစ်နှစ်စာလုံးအတွက် မင်္ဂလာယူ လုပ်ကြတာကို ကြားတွေ့ခဲ့ဘူးတာပါ။ အဲသလိုပါပဲ။ မတူတာက မြန်မာပြည်မှာ လယ်တော၊ ယာတော စဆင်းလို့ နတ်တင်လျှင် ကြက်ဖို၊ ကြက်မ စုံတွဲ တင်ရတယ်လို့ကြားဘူးတာပါ။ ဒီမှာတော့ ၀က် ခေါင်း ကို တစ်ခေါင်းလုံးပုံမပျက် တင်ကြတာပါလား။ နတ်ပူဇော်သူတွေက အဲဒီ ၀က်ခေါင်းဖြတ်ရဲ့ ပါးစပ်ထဲမှာ ပိုက်ဆံကို စာအိပ်နဲ့ထဲ့ပြီး ပူဇော်တာတွေ့ရတယ်။ (ဓါတ်ပုံတင်ပေးထားပါ့မယ်)။
ဒီတက္ကသိုလ၊် ဒီကျောင်းခွဲ (Campus) မှာတော့ စိုက်ကွင်းက ဒီကွင်းပဲရှိတာလေ။ အရင်ကလည်း ဒီနေရာမှာပဲ ကွင်းသိမ်းပွဲလုပ်ခဲ့ဘူးပါတယ်။ အဲဒီတုန်းကလည်း အနည်းအပါး ရေးခဲ့ဘူးပါတယ်။ ဒါပေမဲ့ အမှတ်တမဲ့ နဲ့လိုက်လာရတာဆိုတော့ ကင်မရာ ပါမလာတော့ မှတ်တမ်းမတင်ခဲ့နိုင်ဘူးလေ။ ဒီတစ်ခါတော့ အချိန်နီးမှ သိပေမဲ့ သူတို့ဘာလုပ်မယ်ဆိုတာကို သိထားတော့ ကင်မရာပါယူလာခဲ့လိုက်တယ်။ စိုက်ခင်းကွင်းဆင်းပွဲ စ တာက နံနက် ၉ နာရီခွဲလောက်ကထည်းက စတာပါ။ အငယ်တန်းကျောင်းသူကျောင်းသားတွေက ပါမောက္ခ ဆရာ (ကွင်းတာဝန်ခံတွေဖြစ်မှာပေါ့)တွေနဲ့အတူ အစောကထည်းက အဆင်သင့်ပြင်ထားတဲ့ လယ်ထဲမှာ ကောက်ပင်လေးတွေ စိုက်ကြပါတယ်။ သတိလောက်ပါ။ အများကြီးစိုက်တာမဟုတ်ပါဘူး။ နောက် အွန်စော ရဲ့ သစ်ခွခင်းဘေးမှာလည်း သစ်စေ့တွေလာစိုက်ကြပါတယ်။ သူတို့အဲလိုစိုက်နေစဉ်မှာ အွန်စောတို့က စာသင်ခန်းထဲမှာ နောက်ဆုံးစာသင်ချိန် (ဒီတစ်တန်းစာ စာသင်ခြင်းပိတ်ပွဲပေါ့လေ) သင်တန်းတက်နေရတာပါ။ ဆိုတော့ နောက်ကြပြီးမှ သွားနိုင်ခဲ့ပါတယ်။ ဆယ်နာရီခွဲလောက်ပေါ့။ ပါမောက္ခတွေက အရင်ရောက်နေနှင့်ကြတာပါ။ စိုက်ပျိုးရေးဌာနက ကြီးမှူးကျင်းပတာဆိုတော့ စိုက်ပျိုးရေး ဌာနကကျောင်းသားတွေချည်းပါပဲ။ ကျန်ဌာနတွေက ပါမောက္ခတွေပဲ ဖိတ်ကြားထားလို့ တက်ရောက်ကြပါတယ်။ ပါမောက္ခတွေက တစ်ဘက်မှာတန်းစီရပ်နေကြပါတယ်။ ကျောင်းသူကျောင်းသားတွေကလည်း နှစ်အလိုက် အစီအစဉ်တစ်ကျတန်းစီနေကြပါတယ်။ ဘွဲ့ကြိုကျောင်းသားကျောင်းသူက ၄ နှစ်စာရှိတာဆိုတော့ လေးတန်းပေါ့။ နောက် တစ်ဘက်စွန်မှာတော့ အွန်စောတို့ နိုင်ငံခြားသားများအဖွဲ့ တစ်နည်းပြောရလျှင် ဘွဲ့လွန်ကျောင်းသားများ အတန်းပေါ့။ ရုံးဝန်ထမ်းမလေးက အစီအစဉ်ကြေညာပေးပါတယ်။ ကျောင်းသားကိုယ်စာလှယ်တစ်ယောက်က ရွတ်ဖတ်၊ ပူဇော်ပသ ပါတယ်။ ဘာတွေရွတ်လဲဆိုတာတော့ အဓိပ္ပါယ်အကုန်မသိဘူး။ အဲဒီနောက်တော့ Main Campus ကလာတဲ့ ဒီတက္ကသိုလ်ကျောင်းကွဲလေးကျောင်းလုံးရဲ့ အကြီးအကဲ Deam ကစပြီး နောက် ဒီကျောင်းကွဲရဲ့ကျောင်း ပါမောက္ခချုပ်ပေါ့ မြန်မာအခေါ်တော့။ ဒီမှာတော့ ဟာ့ဂျန်နိမ် (학잔님)လို့ခေါ်ကြတယ်။ အဓိပ္ပါယ်ကတော့ တက္ကသိုလ်အကြီးအကဲပါပဲ။ နောက် ရာထူးကြီးစဉ်ငယ်လိုက်ပေါ့။ နောက် ဘွဲ့လွန်ကျောင်းသား/ကျောင်းသူများကိုယ်စာလှယ်။ နောက် ဘွဲ့ကြိုကျောင်းသားများကိုစာလှယ်တွေ အစဉ်လိုက်ပဲ တစ်ယောက်တန်းထွက်ပြီးပူဇော်ကြပါတယ်။ နောက်ဆုံး မှာတော့ ဦးဆောင်တဲ့ ပါမောက္ခက နိုင်ငံခြားသားအဖွဲ့ထဲမှ တစ်ယောက်ထွက်ပါဆိုတော့ တာဝန်က အွန်စောဘက်ရောက်လာတယ်။ အရင်ပွဲတုန်းကတော့ရောက်စဆိုတော့ ဟိုကြည့်ဒီကြည့်ပေါ့။ ဒီတစ်ခါတော့ နောက်ကွယ်နေလို့မရတော့ဘူး။ အွန်စောက နိုင်ငံခြားကျောင်းသားများကိုယ်စာလှယ် ဖြစ်မှန်းမသိဖြစ်နေပြီလေ။ ၀န်ထမ်းတွေနဲ့လည်းရင်းနီးနေပြီဆိုတော့ မထွက်ချင်လည်းမရတော့ဘူး လက်ဆွဲထုတ်တော့ ထွက်လိုက်ရတာပါပဲ။ အွန်စောလည်းကြာလျှင်ကျင့်သားရသွားမယ်ထင်ပါတယ်။ ဒီတစ်ခါလည်း မရွံ့တော့ပါဘူး။ ရဲရဲတင်းတင်းပဲ ထွက်ပြီး သူတို့ပူဇော်သလို လိုက်လုပ်လိုက်ရပါတယ်။ ခက်တာတော့မဟုတ်ပါဘူး။ အားလုံးပူဇော်ပြီးတာနဲ့ အသင့်ပြင်ဆင်ထားတဲ့ စားပွဲဝိုင်းတွေမှာ ၀ိုင်းအုံစားကြသောက်ကြာတာပါပဲ။ မှတ်တမ်းဓါတ်ပုံတွေကိုတော့ ရုံးဝန်ထမ်းတွေရိုက်တာက ပိုစုံမှာမို့ သူတို့ထံကရမှပဲ တင်ပေးတော့မယ်နော်။ အွန်စောရိုက်တာတွေက သူတို့လောက်မစုံဘူးလေ။ အားပေးသွားအုံးနော်။ ကိုရီးယားနိုင်ငံအကြောင်းပြောပြမယ်ဆိုပြီး ကိုရောက်တဲ့ ကိုလုပ်ရတဲ့ ဟာတွေပဲ ရေးပေးနေရတယ်။ အပြင်သတင်းတွေ မပေးနိုင်တဲ့အတွက် အလည်ရောက်လာသူအပေါင်းကိုတောင်းပန်ပါတယ်။ အားလုံး ပျော်ရွှင်ပါစေ။---။



ဒါက ပွဲမစခင်ပါ။ စိုက်ခင်းထဲမှာ စိုက်ကြတာကိုတော့ အွန်စောမမီလိုက်ဘူး။ စာသင်နေလို့။

ဒါကတော့ ပွဲပြီး မြင်ကွင်းပေါ့။ ဘာကွာလဲဆိုတော့ ၀က်ပါးစပ်ထဲမှာ ပူဇော်ထားတဲ့ စာအိပ်တွေနဲ့ ဆန်နဲ့လုပ်ထားတဲ့ ခေါင်ရည် ခွက်တွေ ဝေ နေတာပါပဲ။

ဒါကတော့ ပါမောက္ခချုပ်ကြီး မိန့်ခွန်ပြောကြားနေတာပါ။




2 comments:

shwezinu said...

ပျော်ရွှင်ပါတယ် ပျော်ရွှင်ပါတယ်

Korea-Myanmar Mutual Benefit said...

ပျော်ရွှင်ပါတယ်ဆိုလို့ ၀မ်းသာပါတယ်။

Post a Comment