Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Sunday, October 24, 2010

Korean Education


"ကိုရီးယားပညာရေး"

အရင်ပိုစ့်လေးရေးလိုက်တော့ တစ်ချို့လည်း အာရှ ပညာရေးကို အမြင်တစ်မျိုး နဲ့နားလည်လွဲမှာ စိုးလို့ ဒီပို့စ်လေးဆက်တင်လိုက်ပါတယ်။ ဘွဲ့ကြိုပညာရေးနဲ့ ဘွဲ့လွန်ပညာရေး သင်ရိုး၊ သဘောသဘာဝချင်းမတူတာကိုတော့ အားလုံး သိပြီးလို့ယူဆလိုက်ပါတယ်။ ဘွဲ့ကြိုကျောင်းသားတွေမှာက ဆရာဦးဆောင် ရှင်းပြ သင်ကြားရေးစနစ်ပါ။ ဘွဲ့လွန်မှာက တပည့်က ရှင်းပြရတဲ့စနစ်ပါ။ ကိုယ်ဘယ်လောက်ဖတ်ထားတယ်။ ဘာတွေကိုသိထားတယ် ဆိုတာတွေကို စာသင်ချိန်မှာ အလှည့်ကျ presentation လေးတွေလုပ်တယ်။ နောက်ဆုံး သင်တန်းဆင်းချိန်မှာ စာသင်တန်းတစ်တန်းစာ လက်ရှိဘာသာရပ်နဲ့ပတ်သက်ပြီး မိမိတာဝန်ကျရာ ခေါင်းစဉ်တစ်ခုအတွက် ရှု့ဒေါင့်စုံကနေ ရေးပြ၊ တင်ပြရတာပါ။ စာမေးပွဲရယ်လို့ အလွတ်ကျက်ချရေးစနစ် က ခေတ်ကုန်နေပြီလေ။ ဒါဖြင့်ဘွဲ့လွန်ကျောင်းသားတွေကို ဘယ်လိုအင်တာပရက်။ အီဗယ်လူရိတ် (Evaluate) လုပ်လဲမေးစရာရှိပါတယ်။ သုတေသန စာတမ်း ဘယ်နှစ်စောင် ထုတ်ဝေထားလဲ။ first author အနေနဲ့က ဘယ်နှစ်စောင်လဲ။ Second Author, Third Author, etc. ဘယ်နှစ်စောင် သူများကို ၀ိုင်းကူလုပ်ဖူးလဲ။ Patent Law ကို ဘာတွေလျှောက်ထားဘူးလဲ။ ရထားဘူးလဲ။ ဆိုတာတွေနဲ့ တိုင်းတာပါတယ်ဗျာ။ တကယ်တော့ ဘွဲ့လွန်ကျောင်းသားတွေမှာ ရားတာတောင်မှတ်ထားရတဲ့အဆင့်ပါ။ ဒီကြားထဲ ပရော်ဖက်ဆာရဲ့ လုပ်ငန်းရပ်တွေကို ခေါင်းစဉ်မဲ့ ကူလုပ်ပေးနေရတာတွေကလည်းမနည်းပါဘူး။ ကိုယ်လုပ်ပြီး ကိုယ့်နာမည် မရတာတော့ ၀မ်းနည်းစရာပါပဲ။ အဲလိုမျိုးလည်းကြုံတတ်ကြတယ်လို့ ကြားဘူးပါတယ်။ ဟဲ---ဟဲ---စောစောစီးစီး အွန်စောလည်းကြုံလိုက်တာပါပဲ။ ပထမဆုံး ပေပါကို တရုတ်ကျောင်းသားနာမည်နဲ့ထွက်ပေးလိုက်ရတာပါ။ သူ့အတွက် ကျောင်းလခလွတ်ငြိမ်းအောင်လို့ပါ။ အွန်စောက စကောလားရပြီးဆိုတော့ မလိုအပ်ဘူးလေ။ အဲဒါကြောင့် ဒုတိယနေရာကနေ ပဲကျေနပ်ပေးလိုက်ရတယ်လေ။ ဆရာက တောင်းတာဆိုတော့ မပေးဘူးပြောလို့မှမရတာ။ ကိုရီးယား တက္ကသိုလ်တွေမှာ မူတစ်ခုရှိပါတယ်တဲ့။ ဘယ်ပြည်ပဘွဲ့လွန်ကျောင်းသားမဆို ပထမ ၆ လမှာပေပါတစ်စောင် ထုတ်ဝေခွင့်ရအောင်တင်နိုင်လျှင် တစ်နှစ်စာ ကျောင်းလခပေးစရာမလိုပါဘူး (one year School fee exemption) တဲ့ (မည်သည့်ဂျာနယ်မဆိုပါ။ ဒါကြောင့်မြန်မြန်ရလွယ်တဲ့ပြည်တွင်းဂျာနယ်တွေပို့တာများပါတယ်)။ ကျောင်းသားတစ်ယောက်မှာ တစ်ကြိမ်သာလျှောက်ထားခွင့်ရှိတာပါတဲ့။
နောက်တစ်ခု ကောင်းတဲ့အချက်ကတော့ ပရောဂျက်တစ်ခုစီအတွက် အဖွဲ့လေးတွေခွဲပေးထားပြီး ပို့စ်ဒေါက်ရှိလျှင် ပို့ဒေါက်တွေကဦးဆောင်ပါတယ်။ အွန်စောတို့ဓါတ်ခွဲခန်းက ပို့ဒေါက်တာ နှစ်ယောက်က ရာထူးတိုးနဲ့ ဌာနေပြောင်းသွားတော့ အွန်စောက အော်တိုမက်တစ် အကြီးဆုံးဖြစ်ကျန်ခဲ့တာပါ။ အွန်စောလို နှစ်တူ ဒေါက်တာကျောင်းသား တရုတ်တစ်ယောက်တော့ရှိပါတယ်။ အသက်အရ အကြီးဆုံးဆိုပြီး နေရာတကာတာဝန်ယူပေးနေရတာပါ။ ခြောက်လတန်းတစ်တန်းငယ်တဲ့ဒေါက်တာကျောင်းသားကတစ်ယောက်။ အခုနှစ်မှရောက်လာတဲ့ (one year Junior) ဒေါက်တာကျောင်းသားကတစ်ယောက်ပါ။ မဟာသိပ္ပံကျောင်းသားတွေကတော့ တရုတ် ၂ ယောက်။ ကိုရီးယား ၂ ယောက်ပါ။ ဘွဲ့ကြိုသုံးယောက်။ စုစုပေါင်းလိုက်လျှင်တော့ ဆယ့်နှစ်ယောက်တောင်ရှိတယ်ဗျ။ ရုံးစာရေးမလေးတစ်ယောက်ရောပေါ့။ ပရောဂျက်က သုံးခုရှိတာဆိုတော့ သုံးအုပ်စုခွဲပြီး ဘွဲ့ကြိုကျောင်းသားနဲ့ မဟာသိပ္ပံတွေက ဒေတာရအောင် သုတေသနတွေမှာ ၀ိုင်းကူလုပ်ပေးပါတယ်။ ပို့ဒေါက်တွေ ဒေါက်တာကျောင်းသားတွေက စာတမ်းအဖြစ် ဆက်လက် ပြုစုရပါတယ်။ ပေပါမှာ နာမည်တွေထဲ့ပေးတယ်ဆိုပေမဲ့ ဒေါက်တာကျောင်းသားတွေအတွက်အတော်လေးကောင်းတယ်ပြောရမလားပဲ။ First Author အနေနဲ့ ရေးရလို့လေ။ သူများဒေတာနဲ့ပေပါရတာလေ။ တစ်ယောက်ထည်းလုပ်နေရလျှင် ဘယ်လိုလုပ် ခြောက်လတစ်စောင်ထွက်နိုင်မလဲနော့။ တစ်နှစ်တစ်စောင်တောင်မနည်းလုပ်ရမှာ။ အခုတော ခြောက်လတစ်စောင် မဖြစ်မနေ တာဝန်ယူထားရတာလေ။ အွန်စောတော်လို့မဟုတ်ပါဘူး။ တာဝန်အရ ဖြစ်ညှစ်အားထုတ်နေရတာပါ။ "မိုးပေါက်များသော် မြစ်၊ချောင်း၊ အင်း၊ အိုင် ပြည်သည် ဟူ၏။" ဆိုသလို မိုးပေါက်လေးတွေ စုနေရတာပါဗျာ။ ---။ ---။

(ခြောက်လနဲ့ပေပါထွက်တယ်ဆိုတာ DNA analysis အတွက်ပဲပြောလိုက်တာပါ။ တကယ်တော့ field data တွေအတွက်က RDA ကနေ စိုက်ပျိုးပြီး ဒေတာကောက်ပေးတာပါ။ သူတို့လုပ်ထားတာတွေနဲ့ပေါင်းလိုက်လျှင် တစ်နှစ်ခွဲ လုပ်ရတယ်လို့ပြောရမှာပါ။ KNU နှင့် RDA က Joint Venture လုပ်ထားလို့ပါ။ မဟုတ်လျှင် ခြောက်လ ပေပါဆိုတာ Phenotype မထဲ့နိုင်ပါဘူး။ Genotype သီးသန့်စာတမ်းဟာ Phenotype မပါလျှင် မပီပြင်ပါဘူး။)

(PS= နေရာတစ်ကာ တာဝန်ယူပေးနေရတာပါ = (၁) ဆရာမရှိလျှင် တနင်္လာနေ့မှာ အစည်းဝေးဆိုပြီး ဓါတ်ခွဲခန်းကလူတွေကို စုပြီး စကားပြောပေးရတာပါ။ ဒီအပတ်ဘယ်သူတွေက ဘာတွေလုပ်ကြမယ်ဆိုတာကို ကြားခံတင်ပြပေးရတာပါ။ (၂) သောကြာနေတိုင်း Lab Workshop ဆိုပြီး အငယ်တွေကို လိုအပ်မယ်ထင်တာ သင်ပြပေးရတာပါ။ (အထူးသဖြင့်အသစ်ဝင်လာသူတွေအတွက်ပေါ့)။ (၃) ဘွဲ့ကြိုကျောင်းသားလေးတွေကို လက်တွေ့(ဓါတ်ခွဲခန်းပညာ)သင်ကြားပေးရတာတွေပါပဲ)။ ဘာမှမဟုတ်ဘူးထင်ရပေမဲ့ အချိန်ကုန်ခေါင်းစားတဲ့အလုပ်တွေပါ)

0 comments:

Post a Comment