ကိုရီးယားနိုင်ငံ တက္ကသိုလ်ပေါင်း ၆၀ ကျော်တွင် တက်ယောက်ပညာသင်ယူလျှက်ရှိသော၊ NIIED, KGSP (National Institute for International Education, Korean Government Schloarship Program) မှ ပညာသင်ဆုထောက်ပံ့ထားသော နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှ ကျောင်းသားပေါင်း ၁၉၅၉ ယောက်ထဲမှ ကျောင်းသား ၄၀ ကိုရွေးခြယ်၍ ထူးချွန်ဆု( Excellence Academic Achievement Award) ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ဆိုးလ်မြို့တော် အပြည်ပြည်ဆိုင်ရာပညာရေး ဌာန (NIIED) မှာကျင်းပတဲ့ ဆုပေးပွဲမှာ မြန်မာ လေးယောက် ဆွတ်ခူးရရှိခဲ့ပါတယ်။ မြန်မာကျောင်းသား ၈၀ အနက် ဘွဲ့လွန် ၅၃ ယောက်ထဲမှ ၃ ယောက်၊ ဘွဲ့ကြို ၂၇ ယောက်ထဲမှ တစ်ယောက်၊ စုစုပေါင်း ၄ ယောက် ဆုရရှိတာမို့ တစ်နိုင်ငံချင်း တွက်ကြည့်မယ်ဆိုလျှင် ဦးရေအများဆုံးဆုရရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဘွဲ့လွန် ၃ ယောက်တွင် YAU မှ ကျွန်တော်နှင့်အတူ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဒေါက်တာကျောင်းသူ မမေဖြိုးသူ ကဆွတ်ခူးရရှိပါတယ်။ နောက်တစ်ယောက်ကတော့ မဟာကျောင်းသူပါ။ ကိုရီးယားမေဂျာအထူးပြုလေ့လာနေသူ မယဉ်ယဉ်အေး ကဆွတ်ခူးရရှိတာဖြစ်ပါတယ်။ ဘွဲ့ကြို (Undergraduate) ကျောင်းသူ ၂၇ ယောက်ထဲမှ မထားထားဦး ကဆွတ်ခူးရရှိပါတယ်။ နောင်နှစ်တွေမှာလည်း မြန်မာတွေ ဒီထက်မက ဆွတ်ခူးနိုင်ကြမယ်လို့မျှော်လင့်မိပါတယ်။
Friday, December 30, 2011
Excellence Academic Achievement Award
Thursday, October 27, 2011
သီလရှင်လူထွက်???
အောင်မယ် ငါ့သမီးများ မယ်သိလရှင် လူထွက်တဲ့။
ဝေ ဟုတ်လား KyungHee မှာဘယ်သူရှိပါလိမ့် ငါတောင်မသိပါလား။ မြန်မာတွေ မခေါ်ဖြစ်ခဲပါဘူးကွာ ကျောင်းဖွင့်ရက် ကြီး အားနာပါတယ်။ ငါ့မှာ ကိုက်တစ်ယောက်အမြဲပါတယ်လေကွာ။ ဂျဲဂျုဒို ကိုလိုက်ပို့တဲ့တစ်ယောက်နဲ့ပဲ။ ထူးခြားတာက သင်တန်းနှစ်ခုလုံးလိုက်တက်တာ နိုင်ငံခြားသားဆိုလို့ ငါတစ်ယောက်ပဲပါတယ်။ teaching media ကို ဘာသုံးမလဲ စဉ်းစားသာကြည့်တော့။
အရင် နှစ်လကျော်လောက်က ဒဲဂျွန်း မှာ Fluidigm သင်တန်းသွားတက်တာ တစ်ယောက်ထည်းပဲ။ ဒဲဂျွန်းသားတစ်ယောက်အဖေါ်ထဲ့ပေးတာ။ သူ့ကားလေးနဲ့လိုက်ပို့တယ်။ လာကြိုတယ်။ ဒါပဲလုပ်တယ်။ သူလိုက်မတက်ဘူး။ အဖေါ်မပါတာသိတော့ ဆိုးလ်တက္ကသိုလ်က လာတက်တဲ့ စုံတွဲက မိတ်တွေဆက်လို့ ထမင်းလည်း သူတို့နှစ်ယောက်နဲ့ပဲ အတူစားဖြစ်လိုက်သေးတယ်။ နာမည်တွေတော့ မှတ်မိတော့ဘူး။ သူတို့လည်း DNA Biotech lab ကပဲတဲ့။
ဒီမှာတော့ တက်ရတဲ့သင်တန်းတွေမနည်းဘူး။ အီးလိုသင်တဲ့သန်တန်းရယ်လို့ တစ်ခါမှကိုမတက်ရဘူး။ ပါမောက္ခက တော့ ခေါ်ပါရဲ့။ သူတို့ပါမောက္ခတွေကြီးတက်ရတဲ့ သင်တန်းလည်း တစ်ခါကခေါ်လို့လိုက်တက်ရသေးတယ်။ ပြီးကြ သူ့လက်ကလူတွေကိုပြန်သင်ပေးရမယ်တဲ့။ ဘယ်ကလာ အီးလိုသင်တာလဲမဟုတ်တော့ အကုန်မရခဲ့ဘူးလေ တစ်ဝက်တစ်ပျက်ပဲရခဲ့တာ။ လုပ်ဖူးရုံ မြင်ဖူးရုံပဲ။ အဲဒါတော့ ပြန်မသင်ပေးတတ်ဘူးလို့ညင်းခဲ့ဘူးတယ်။ ခက်လို့တော့မဟုတ်ဘူး။ သူတို့ပေးတဲ့ ဆော့ဝဲလ်က ကိုရီးယားဘားရှင်းကြီးမို့လို့ ညင်းခဲ့တာပါ။ အီးလို ဘားရှင်းလိုက်ရှာလုပ်လျှင်ဖြစ်နိုင်ပါတယ်။ အဲဒါကတော့ Reference Maker လေ။ သူ့ကိုရီးယားကျောင်းသားတွေကို မသုံးဘူး။ ဒီလူပဲ လွတ် ဒီလူပဲ lab workshop လုပ်ပြန်သင်ပေးခိုင်းနေတာ။ ပင်ပန်းတယ်။ အခုလည်း ဆိုးလ်ကိုလွှတ်တာအလကားမဟုတ်ဘူး။ ပြန်သင်ပေးရမယ်တဲ့။ ဒါတော့လာခဲ့။ ဒေါက်တာညီကျေးဇူးကြောင့် ဒီသင်တန်းမတက်ခင် ၅ လလောက်ကထည်းက EndNote 3 ကို ထုံးလိုမွှေ ရေလိုနှောက်လာတာ။ အခုသင်တာကတော့ EndNote 5။ တို့ဓါတ်ခွဲခန်းမှာသုံးနေတာက EndNode4။ ၅ က ဖန်ရှင်တွေတော့ များလာတာပေါ့။ မခက်ပါဘူး။ နောက်တစ်ခုကလည်း အလွယ်လေးပါ။ အားလုံးသိပြီးဖြစ်မှာပါ။ SigmaPlot တဲ့။ ပုံဆွဲတဲ့ဟာ။ စပ်စုချင် အဲဒီနာမည်နဲ့သာရိုက်ရှာလိုက်။ Trial version ရှိတယ်။ ကျုပ်တို့ကိုလည်း Trial version နဲ့ပဲသင်ပေးတာ။ သင်တန်းကျေးကမိုက်တယ် ဆရာပေးတာမို့သာ တစ်ယောက်တစ်သိန်း။
Reference Maker နှင့် EndNote အသုံးက အတူတူပဲမို့ တစ်ခုရလျှင်အိုကေပါတယ်။ နှစ်ခုလုံးလေ့လာဖို့မလိုပါဘူး။ ဒီနှစ်ခုက ကိုယ့်ဘာသာမဟုတ်လို့စိတ်မ၀င်စားဘူးပြောစရာမရှိပါဘူး။ ပေပါရေးသူ မည်သူမဆို လိုအပ်တာပါ။ ဒါလေးကိုသုံးထားလျှင် ဂျာနယ်တွေမှာ ရီဗျူဝါတွေရဲ့ အထင်ကြီးမှု့ကို တစ်နည်း ဆွဲဆောင်ပါတယ်။ အားလုံးအသုံးဝင်ပါစေ။
အင်းလေပေါတာများသွားပြီ။
ဆောရီး။
ခင်မင်လို့ပါ။
(သူငယ်ချင်းတစ်ယောက်ထံ ပြန်ထားတဲ့အီးမေးလေးပါ။ ပို့အသစ်မရေးဖြစ်တာနဲ့ အီးမေးလေးကိုပဲ လာသိမ်းထားလိုက်တာပါ)
Saturday, September 24, 2011
Thursday, September 22, 2011
Tuesday, April 12, 2011
Pilgrimage
"ကျွန်တော်တစ်ညအိပ်နှစ်ရက် ခရီးသွားနေလို့ပါ။"
ကျွန်တော် စနေမနက် ၉ နာရီလောက်ကခရီးစထွက်တယ်။ စတော်ဘယ်ရီပွဲ (Strawberry festival ) သွားလည်တယ်။ အချိန်နည်းနေလို့ စိုက်ခင်းတွေဆီထိသွားချင်တာတော့ မရောက်ခဲ့ပါဘူး။ မြို့ပေါ်မှာလုပ်တဲ့ ဈေးရောင်းပွဲနဲ့ စတော်ဘယ်ရီ အခြေခံစားစရာလုပ်နည်း ပြပွဲလေးပဲကြည့်ပြန်လာခဲ့ရတယ်။ ၄ ရက်ကျင်းပတာဆိုတော့ ကျွန်တော်တို့သွားတဲ့နေ့က မြန်မာပြည်တောဘုရားပွဲ တစ်ခုစာလောက်တော့ လူစီကားတယ်။ ကွင်းကျယ်ကြီးထဲမှာ လူချင်း မတိုက်အောင်မနည်းတိုးသွားရတယ်။ လူသိန်းချီလာတယ်ဆိုတာ ဟုတ်မှာပေါ့။ အဲဒီကိုမနက်ပိုင်းလည်ပြီးတော့ ညနေ ၂ နာရီလောက် ဖားအောက်တောရဆရာတော်ကြီးရောက်နေတဲ့ မာဂုဆာ ဆိုတဲ့ ဗုဒ္ဓဘာသာ (ကိုရီးယားကျောင်းပါ) ကျောင်းကို ခရီးဆက်ကြတယ်။ အဲဒီမှာ ဆရာတော်ကြီးအားချေဆုပ်လက်နယ်ပြုစုခွင့်ရပါတယ်။ သူငယ်ချင်း ၇ ယောက်စုသွားဖြစ်တာပါ။ ဟိုမှာ က အခြားအဖွဲ့တစ်ဖွဲ ၃ ယောက်ကအရင်နေ့ကရောက်နှင့်ပါတယ်။ နောက် စင်္ကာပိုရီယန်း ကပ်ပီယတစ်ယောက်လည်း ပါပါတယ်။ ဆရာတော်ကြီး ဆရားချီးမြှောက်ဖို့တောင်းလျှောက်တော့ အာယုံရပြီးဟောပေးပါတယ်။ နောက်ရက် ငါးနာရီခွဲမှာ အာယုံဆွမ်းကပ်ပါတယ်။ ၇ နာ၇ီမှာ ကိုရီးယား မဟာရာန ဗုဒ္ဓ ဘာသာဘုန်းတော်ကြိးတွေမေးတဲ့ မေးခွန်းသုံးခုကို ဆရာတော်ကြီး ကအင်္ဂလိပ်လို ဖြေကြားပါတယ်။ ကိုရီးယားမ တစ်ယောက်က ကိုရီးယားလိုဘာသာပြန်ပေးပါတယ်။ အဲဒီမေးဖြေပွဲကို တော့ အဲဒီတရားစခန်းမှာ တရားအားထုတ်နေကြတဲ့ ကိုရီးယားဘုန်းတော်ကြီး အပါး ၅၀ လောက်နဲ့ ယောဂီ စုစုပေါင်း အပါး ၁၅၀ ခန့်နဲ့ ကျွန်တော်တို့ ၁၁ ယောက် တက်ရောက်နာယူခဲ့ကြပါတယ်။ ဆရာတော်ကြီးဖြေကြားပြီးတဲ့နောက် ကိုရီးယားဘုန်းတော်ကြီးကလည်း အဲဒီမေးခွန်းသုံးခုကိုပဲ သူတို့အမြင်နဲ့ ဆရာတော်ကြီးဖြေကြားတာကို ကိုရီးယားပရိတ်သတ်အား ဝေဖန်သုံးသပ်ဟောကြားပေးပါတယ်။ နောက် ၁၅ မိနစ်နားတဲ့အချိန်မှာ တရားနာပရိတ်သတ်ထဲမှ မေးခွန်းများကောက်ခံပါတယ်။ မေးခွန်းတွေအများကြီးရတယ်လို့ပြောပါတယ်။ မေးခွန်းထုတ်သူယောဂီများက ဘယ်ဆရာတော်ကဖြေကြားရန်လို့ ဦးတည်လျှောက်ထားကြတဲ့အတွက် မေးခွန်းတစ်ပုတ်စီအလှည့်ကျ မေးဖြေလုပ်ပါတယ်။ ၁၁ နာရီမထိုးခင်မှာ တရားပွဲသိမ်းရမှာဖြစ်လို့ ဖားအောက်ဆရာတော်ကြီး မေးခွန်း ၄ ခုပဲဖြေပေးချိန်ရပါတယ်။ ဆရာတော်ကြီးက အကျင်းမျှ ဖြေကြားပေးတာပါလို့ ဆိုတာကို ကိုရီးယားလိုဘာသာပြန်အပြီးမှာတော့ ယောဂီပရိတ်သတ် သဘောတွေ့ပြီး ဝေါ ခနဲ့ရယ်သံတွေထွက်လာပါတယ်။ ဘာလို့လည်းဆိုတော့ ဆရာတော်ကြီးကအတိုချုပ်ဖြေပေးတာကိုပဲ မေးခွန်းတစ်ခုကို မိနစ်နှစ်ဆယ်လောက်ကြာအောင်ဖြေပေးရပါတယ်။ သူတို့အနေနဲ့ အတော့်ကိုရှည်နေပြီလို့ ထင်ထားပုံရပါတယ်။ မေးခွန်းတွေဟာလည်း တကယ့် အနှစ်တွေကြီးပါပဲ။ ကျွန်တော်မှတ်မိသလောက်ပြန်ပြောပြပါ့မယ်။ အဖြေကိုမပြောတော့ပါဘူး ဆရာတောကြိးဖြေလိုက်တဲ့မေးခွန်းလေးခုကတော့
(၁) တရားရှုမှတ်တဲ့အခါမှာ နာသီးဖျား (နှာခေါင်းထပ်) ကိုရှုရမှာလား အထက်နှုတ်ခမ်းကို ရှုရမှာလား။ ဘယ်ဟာမှန်ပါသလဲ။
(၂) အဲလိုရှုတဲ့အခါမှာ နှာခေါင်းတစ်ဘက်ပဲ အာယုံကရောက်နေပါတယ်။ ဝေဖန်ပေးပါ။ (အဖြေကတော့ ဒါယောဂီတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ဟာပါတဲ့။ ဒါကိုတော့ ဆယ်မိနစ်လောက်နဲ့ပြီးတယ်)
(၃) မေတ္တာ ဆိုတာ ဘယ်လိုဟာကိုခေါ်တာပါလဲ။ မေတ္တာ ကမ္မဌာန်းကို ဘယ်လို ပွားများရပါသလဲ။ (ဒါကိုတော့ မိနစ် ၃၀ လောက်ကြာသွားမှတ်တယ်။ ဒီမေးခွန်းဖြေအပြီးမှာ ဆရာတော်က ဒါအကျဉ်းမျှဖြေကြားပေးချင်းဖြစ်ပါတယ်လို့ပြောတဲ့အချိန်မှာ ပရိတ်သတ်ပွဲကျသွားတာပါ။ (ဝေါခနဲရယ်သံတွက်လာတာပါ)။
(၄) နောက်ဆုံးဖြေတဲ့မေးခွန်းကတော့၊ ဈာန်အဘိဉာဉ် အကြောင်းပါ။ ဒီမေးခွန်းအတွက်လည်း ဖြေတာမိနစ်နှစ်ဆယ်ကျော်ပါတယ်။
ကျွန်တော် နားလည်သလောက်ရေးပြတာပါ။ အင်္ဂလိပ်လို မေး၊ ဖြေတာကို ကိုရိးယားလိုဘာသာပြန်ထာဖြစ်တဲ့အတွက်။ ပါဠိသံ၊ မြန်မာသံ တစ်လုံးမှကြားခွင့်မရလို့ ကျွန်တော်နားလည်လွဲချော်တာတွေလည်း ပါနိုင်ပါတယ်။ နောက်ဆုံးမေးခွန်းမှာ ဈာန် အဘိဉာဉ် နှင့် ဘာနဲ့လဲမသိဘူး ခွဲခြား ဟောပြတာပါ။ အဲဒါကို အခုပြန်စဉ်းစားမရသေးလို့ နောက်ပေါ်မှထပ်ရေးပေးမယ်။ ဓါတ်ပုံတွေလည်းအများကြီးရိုက်ခဲ့တယ်။။ ဗွီဒီယိုတွေလည်းရိုက်ခဲ့တယ်။ ကင်မရာထဲကမထုတ်ရသေးလို့နောက်မှပေးမယ်နော်။
ခင်မင်စွာဖြင့်။
Type rest of the post here
Wednesday, April 6, 2011
To Success
"အောင်မြင်သူနဲ့ ရှုံးနိမ့်သူ"
-မောင်ဝံသ-10,Feb,2011
လောကမှာ နိုင်သူနဲ့ရှုံးသူဆိုတာ ရှိစမြဲပါပဲဗျာ။ နိုင်သူ ရှုံးသူအကြားမှာ ဘာတွေကွာခြားသလဲဆိုတာကို စနစ်တကျလေ့လာချက်တစ်ခု ဖတ်လိုက်မိတာလေး ဖောက်သည်ချပါရစေ။ (ခုတလော ကိုယ်ပိုင်ဆောင်းပါး မရေးဖြစ်လို့ ဘာသာပြန် စာတစ်ပုဒ် ရေးပို့လိုက်ပါတယ်။)
၁။ အောင်မြင်သူတွေဟာ ဖြေရှင်းတဲ့နည်းတွေကို ဦးစားပေးရှာဖွေတယ်။
ရှုံးနိမ့်သူတွေဟာ ပြဿနာကိုပဲ အလေးထားပြီး ကြည့်တယ်။
၂။ အောင်မြင်သူတွေက တာဝန်ခံတယ်။ တာဝန်ယူတယ်။
ရှုံးသူတွေက တခြားလူတွေကို အပြစ်ဖို့တယ်။
၃။ အောင်မြင်သူတွေက အကျပ်အတည်းတွေ့ရင် ထွက်ရပ်လမ်းကို ရှာတယ်။
ရှုံးသူတွေက အကျပ်အတည်းတွေ့ရင် ညည်းညူနေဖို့ပဲ သိတယ်။
၎။ အောင်မြင်သူတွေက ပစ္စုပ္ပန်ကို တည့်တည့် ရှုတယ်။ အတိတ်ကို သင်ခန်းစာယူတယ်။
ရှုံးသူတွေက အတိတ်ကနေ မထွက်တော့ဘူး။
၅။ အောင်မြင်သူတွေက ကတိက၀တ်တွေ ပြုပြီးရင် ဘယ်အခြေအနေမျိုးဖြစ်စေ ကတိအတိုင်း လုပ်တယ်။
ရှုံးသူတွေက ကတိက၀တ် လွယ်လွယ်ပြုတယ်။ လွယ်လွယ်ဖောက်ဖျက်တယ်။
၆။ အောင်မြင်သူတွေက ထမြောက်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ စဉ်းစားတယ်။
ရှုံးသူတွေက ရှုံးတာကိုဆင်ခြေပေးဖို့ပဲ စဉ်းစားတယ်။
၇။ အောင်မြင်သူတွေက တစ်ဦးချင်း တိုးတက်မှုကို ဦးစားပေးတယ်။
ရှုံးသူတွေက တစ်ဦးချင်း တိုးတက်မှုကို ဥပေက္ခာပြုတယ်။
၈။ အောင်မြင်သူတွေက သူတို့ကြောက်ရွံ့တာကို ရင်ဆိုင်တယ်။/b>
ကြောက်တာကိုလက်ခံတယ်။ ကြောက်ရွံ့ခြင်းကနေ ခုန်ထွက်တယ်။ ရှုံးသူတွေက ကြောက်ရွံ့ခြင်းထဲမှာပဲ နေတယ်။
၉။ အောင်မြင်သူတွေက သူတို့ ရဲ့သာယာပျော်ရွှင်မှုနယ်မြေကို တိုးချဲ့တယ်။
ရှုံးသူတွေက သူတို့ရဲ့သာယာပျော်ရွှင်မှု နယ်မြေလေးထဲမှာပဲ ကျေနပ်နေတယ်။
၁၀။ အောင်မြင်သူတွေက အရေးယူဆောင်ရွက်မှုကို တစ်သမတ်တည်း ပြုတယ်။
ရှုံးသူတွေက ခုတစ်မျိုး တော်ကြာတစ်မျိုး ပြုတယ်။
၁၁။ အောင်မြင်သူတွေက အရှုံးကို သူ့အတိုင်း လက်ခံတယ်။ အရှုံးကနေသင်ခန်းစာယူတယ်။
ရှုံးသူတွေက အရှုံးကိုကြောက်တယ်။ အရှုံးကိုရှောင်တိမ်းဖို့ အချည်းနှီး ကြိုးစားတတ်တယ်။
၁၂။ အောင်မြင်သူတွေက သူတို့လိုချင်တဲ့ ရလဒ်ကို မရသေးရင် မတူကွဲပြားတဲ့ မဟာဗျူဟာတွေနဲ့ ကြိုးစားတယ်။
ရှုံးသူတွေက ကွဲပြားခြားနားတဲ့ ရလဒ်ရဖို့ မျှော်မှန်းပြီး တစ်မျိုးတည်းသော နည်းလမ်းနဲ့ ထပ်ခါတလဲလဲ ကြိုးစားတယ်။
၁၃။ အောင်မြင်သူတွေက ရည်မှန်းချက် ပန်းတိုင်တွေကို သတ်မှတ်တယ်။
ရှုံးသူတွေက ပန်းတိုင်မထားဘူး။
၁၄။ အောင်မြင်သူတွေက စီမံကိန်းနဲ့ လုပ်တယ်။
ရှုံးသူတွေက စီမံကိန်းကို ပစ်ပယ်တယ်။
၁၅။ အောင်မြင်သူတွေက သူတို့မှာ လေ့လာဆည်းပူးစရာတွေ အများကြီးရှိနေသေးတယ်လို့ ခံယူတယ်။
ရှုံးသူတွေက သူတို့သိတာ နည်းနည်းလေးကို အများကြီးထင်ပြီး ကိုယ့်ကိုယ်ကို ပါရဂူ တစ်ယောက်လို့ ထင်နေတယ်။
၁၆။ အောင်မြင်သူတွေက ကိုယ့်ကိုယ်ကို နှိမ့်ချတယ်။
ရှုံးသူတွေက ၀င့်ဝါတယ်။
၁၇။ အောင်မြင်သူတွေက မိမိအရည်အသွေးကို ဆက်ကာဆက်ကာ သွေးနေတယ်။
ရှုံးသူတွေက အရည်အသွေးမြှင့်ဖို့ သိပ်အလေးမထားဘူး။
၁၈။ အောင်မြင်သူတွေက အောင်မြင်လေအလုပ်ပိုလုပ်လေ။
ရှုံးသူတွေက နည်းနည်းလေးဟန်ကျပြီဆိုတာနဲ့ အလုပ်ကိုသက်သာခိုတယ်။
၁၉။ အောင်မြင်သူတွေက သူတို့လုပ်တဲ့ အလုပ်မှန်သမျှကို စိတ်ရောကိုယ်ပါနှစ်ပြီး အကောင်းဆုံးလုပ်တယ်။
ရှုံးသူတွေက ၀တ်ကျေတန်းကျေ လုပ်လေ့ရှိတယ်။
၂၀။ အောင်မြင်သူတွေက ပန်းတိုင်ရောက်အောင် အဆုတ်မနစ် ကြိုးစားတယ်။
ရှုံးသူတွေက လမ်းတစ်ဝက်မှာ အတားအဆီးပေါ်လာရင် လက်လျှော့လိုက်တာပဲ။
၂၁။ အောင်မြင်သူတွေကသူတို့အချိန်ကို တန်ဖိုးရှိရှိသုံးတယ်။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အထောက် အကူဖြစ်စေမယ့် ကိစ္စမျိုးတွေကိုပဲလုပ်တယ်။
ရှုံးသူတွေက အလဟဿကိစ္စမျိုးတွေမှာ အချိန်ကုန်ခံတယ်။
၂၂။ အောင်မြင်သူတွေက နေ့လယ်အိပ်မက် မက်တယ်။/b>
ရှုံးသူတွေက အိပ်ယာထဲမှာ အိပ်မက် မက်တယ်။
၂၃။ အောင်မြင်သူတွေကဖြစ်နိုင်ခြေ ယုတ္တိတွေကို စဉ်းစားတယ်။
ရှုံးသူတွေက အတားအဆီးအဟန့်အတားတွေကိုပဲ စဉ်းစားတယ်။
၂၄။ အောင်မြင်သူတွေက သေချာတယ်။
ရှုံးသူတွေက သံသယများတယ်။
၂၅။ အောင်မြင်သူတွေက သူတို့ပန်းတိုင်ကို သူတို့ပြဠာန်းတယ်။
ရှုံးသူတွေက ကံကြမ္မာကို ယိုးမယ်ဖွဲ့တယ်။
၂၆။ အောင်မြင်သူတွေက သူတို့အယူထက် အပေးကပိုများတယ်။
ရှုံးသူတွေက အပေးထက်အယူကပိုများတယ်။
၂၇။ အောင်မြင်သူတွေက လူအုပ်ဟာ လမ်းမှန်အတိုင်း သွားနေတာဟုတ်ရဲ့လား ကြည့်တယ်။ လမ်းမှန်ကိုသွားနေတာ မဟုတ်ရင် သူ့ဘာသာ လမ်းမှန်ကို ရှာပြီး ခွဲထွက်တယ်။
၂၈။ အောင်မြင်သူတွေက စဉ်းစားတယ်။ ဦးဆောင်တယ်။
ရှုံးသူတွေက မစဉ်းစားဘူး။ နောက်ကပဲလိုက်တယ်။
၂၉။ အောင်မြင်သူတွေက နားထောင်တယ်။
ရှုံးသူတွေက ကိုယ်ကပြောဖို့ အခွင့်အရေးပဲ ချောင်းနေတယ်။
၃၀။ အောင်မြင်သူတွေက ပိုပြီးကောင်းတဲ့နည်းလမ်းတွေကို အမြဲတမ်းရှာဖွေတယ်။
ရှုံးသူတွေက နည်းတစ်နည်းတည်းကိုပဲ ပုံသေကားကျပ် လုပ်ချင်တယ်။
၃၁။ အောင်မြင်သူတွေက နှီးနှောဖလှယ်ပွဲတွေ၊ သင်တန်းတွေမှာ အကုန်ကျခံပြီး မိမိကိုယ်မိမိ တိုးတက် အောင်လုပ်တယ်။
ရှုံးသူတွေက နှီးနှောဖလှယ်ပွဲတို့၊ သင်တန်းတို့ဆိုတာ ပိုက်ဆံဖြုန်းတီးတာလို့ ယူဆတယ်။
၃၂။ အောင်မြင်သူတွေက တခြားလူတွေကိုလည်း အောင်မြင်မှုရအောင် ကူညီတယ်။
ရှုံးသူတွေက သူတစ်ပါးကို ကူညီဖို့ထက် မိမိအတွက် အကျိုးရှိမှာကိုပဲ ကြည့်တယ်။
၃၃။ အောင်မြင်သူတွေက သူတို့လိုပဲ စိတ်တူကိုယ်တူလူတွေကို ပေါင်းပြီးပို၍ မြင့်မားတဲ့အဆင့်ကို တက်လှမ်းတယ်။
ရှုံးသူတွေက သူတို့လိုပဲ စိတ်တူကိုယ်တူလူတွေကို ပေါင်းပြီး အရှုံးထဲကို အပြန်အလှန်ဆွဲချနေကြပါလေ ရော။
မောင်ဝံသ
ပြည်သူ့ခေတ်ဂျာနယ် အတွဲ၁ အမှတ် ၃၀ မှ
၁၀ ဖေဖော်ဝါရီ - ၂၀၁၁
Wednesday, March 30, 2011
First Year Student's Dancing Contest
"အကပြိုင်ပွဲ"
ဒီကနေ့ ဂုန်းဂျူးတက္ကသိုလ်၊ ရယ်ဆန်ကင်းပတ်မှာ ပြုလုပ်တဲ့ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ အကပြိုင်ပွဲလေးသွားအားပေးရင်း အမှတ်တရလေးတွေရိုက်လာခဲ့တာလေး အပျင်းပြေကြည့်ဖို့တင်ပေးမလို့ပါ။ ဒီကင်းပတ်မှာ ကျောင်းတက်နေတာ နှစ်နှစ်ပြည့်တော့မယ်။ ဒီ အားကစား ခန်းမကို အခုမှပဲရောက်ဖူးတော့တယ်။ အားကစားကွင်း ရဲ့ထိပ်တည့်တည့်မှာ ကန့်လန် ထားဆောက်ထားတာ တော်တော်ကျယ်ဝန်းတာပဲ။ အော် တို့တက္ကသိုလ်ကျောင်းသားဘ၀က ရေဆင်းက စိုက်တက္ကသိုလ်က အားကစားကွင်းကို ကြီးလှကျယ်လှပြီထင်မှတ်နေတာ။ အခု ကလေးတွေ အကပြိုင်တဲ့ ကွင်းနဲ့စာတော့ သေးနေပါလား။ သူတို့များကျတော့လည်း ပြည့်စုံလိုက်ကြတာ။ အားကစားရုံထဲမှာတင် ပွဲကြည့်စင် တွေဘာတွေနဲ့။ အားပေးတဲ့သူတွေလည်း ဇိမ်ကျကျအားပေးလို့ရတယ်။
ကဲပြောနေကြာတယ်။ မပြောလျှင်မကြာဘူး။ အားပေးလိုက်ကြပါအုံး။ ဌာနခွဲ ကိုးခုက အသင်း ကိုးသင်းပြိုင်တာတဲ့။ အွန်စောတို့သွားတာနောက်ကျသွားလို့ နှစ်ဖွဲ့ ကပြီးမှရောက်သွားတယ်။ အွန်စောတို့ဌာနက အဖွဲ့ ပါပြိုင်ပြီးသွားပြီဆိုလို့ ကိုယ့်အဖွဲ့ကို ကိုယ်ကောင်းကောင်းအားမပေးလိုက်ရပါဘူး။ ကဲဘယ်အဖွဲ့ကိုဆုပေးမလဲ။ အကဲဖြတ်ကြပါအုံး။ ဟဟဟဟဟဟဟ။
Monday, January 17, 2011
Paper Submition to Journal for Publication
"စာတမ်းလေးတွေဂျာနယ်မှာထုတ်ဝေဖို့"
လေရှည်မလို့မဟုတ်ပါဘူး။ မနေ့က ပါရဂူတက်နေတဲ့ မိတ်ဆွေတစ်ယောက် မေးလာလို့ ပြောပြရင်း သိပြီးသူတွေအတွက် မလိုအပ်ပေမဲ့ မသိသေးသူတွေ အလွယ်တကူသိရှိနားလည်နိုင်အောင် အဆင်ပြေပြေ တင်ပို့ထုတ်ဝေနိုင်အောင် သိထားတာလေး ချရေးအုံးမှ လို့စိတ်ကူးရလာလို့ပါ။ အားလို့တော့မဟုတ်ဘူး။ အွန်စောလည်း ပေပါရေးရက်တန်းလန်းပဲ ခဏထားပြီး ဒီပို့စ်လေးလာရေးနေတာ။
မိမိ ကိုယ်တိုင် သုတေသနပြု ထားတဲ့ Research Results တွေကို အများအသိအမှတ်ပြု၊ အများ သိရှိအသုံးပြုခွင့်ရအောင် ဂျာနယ်ပို့ပြီး ထုတ်ဝေခွင့်ရဘို့ လျှောက်တော့မယ်လို့ ရည်ရွယ်တဲ့ အခါမှာ စဉ်းစားရမဲ့လိုအပ်ချက်ကလေးတွေပါ။ အသေးစိတ်တော့ မသွားတော့ဘူးနော်။ အကြမ်းမျဉ်း ပေါ့။ ဒါလောက်သိထားလျှင်ပဲ အလွယ်တကူ ဆည်းပူးအောင်မြင်နိုင်မှာပါ။
၁။ မိမိခေါင်းစဉ်နဲ့ (ဘာသာရပ်နဲ့) ကိုက်ညီတဲ့ စာစောင်တွေထုတ်ဝေနေတဲ့ ဂျာနယ်ကို ဒီမှာ လိုက်ရှာ လို့ရပါတယ်။ ဒါကတော့ အဲဒီဂျာနယ်တွေရဲ့ အတိုကောက်တွေပါ။ အဲလိုရှာနိုင်ဘို့ ဆက်စပ်တယ်လို့ထင်တဲ့ ဂျာနယ်တစ်ခုခုက ထုတ်ဝေတဲ့ ပေပါ ၂ ခု ၃ ခုလောက်ဒေါင်းယူကြည့်လိုက်လျှင် သိနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဂျာနယ်မှာ လမ်းညွှန်တွေရှိပါတယ်။ ဘာတွေလက်ခံထုတ်ဝေပါတယ်။ ပေပါပို့မယ်ဆိုလျှင် ဆိုပြီး Author Guide တွေလည်း ဂျာနယ်တိုင်း ဖရီးဒေါင်းလော့ ပေးပါတယ်။
၂။ မိမိရေးသားထားတဲ့ စာပေအဆင့်အတန်းနဲ့ကိုက်ညီတဲ့ ဂျာနယ်ကိုရှာရပါတယ်။ ဘာသာရပ်တော့တူပါရဲ့ ကိုယ်လုပ်ထားတာက အဆင့်နိမ့်နေတယ်ဆိုလျှင် သိပ်မြင့်တဲ့ဂျာနယ်တွေကိုပို့မိလျှင် Reject လုပ်တာခံရတတ်ပါတယ်။ Reject လုပ်ခံရလျှင် မိမိအတွက် အချိန်တွေ နင့်နာပါတယ်။ ဂျာနယ်နိမ့်တယ်မြင့်တယ်ဆိုတာကို Impact Factor နဲ့တိုင်းတာပါတယ်။ Thomson Reuters လို့ခေါ်တဲ့ Intelligent and information ကနေ Science Citation Trace လုပ်ပြီးတွက်ချက်သတ်မှတ်တယ်လို့ဆိုပါတယ်။ တစ်ချို့မြင့်တဲ့ဂျာနယ်တွေက လက်ခံမခံဆုံဖြတ်ဖို့ကို ခြောက်လ၊ တစ်နှစ်ကြာတတ်ပါတယ်။ ခက်ခဲတတ်ပါတယ်။ အဲလိုစောင့်စားပြီးမှ Reject လို့ အဖြေထုတ်ခံရလျှင် တော်တော်စိတ်ပျက်စေမှာပါ။ ဒါဖြင့် အစကထည်းက ကိုယ့်ပေပါအဆင့်အတန်းနဲ့ သင့်တော်တဲ့ လယ်ဘယ်ရှိတဲ့ ဂျာနယ်ကိုဘယ်လိုရှာမလဲ။ အကျမ်းမျဉ်းတော့ ထုတ်ဝေတဲ့အကြိမ်ရေနဲ့ ဆက်နွယ်နေတတ်ပါတယ်။ လစဉ်ထုတ်ဝေတဲ့ဂျာနယ်ကနေ တစ်နှစ် နှစ်ကြိမ်သုံးကြိမ်သာထုတ်ဝေတဲ့ဂျာနယ်ထိပေါ့။ တစ်ချို့လည်း တစ်နှစ်တစ်ကြိမ် ထုတ်ဝေတာလည်းရှိမှာပေါ့လေ။ အကြိမ်ရေများများထုတ်တဲ့ဂျာနယ်က ထုတ်ဝေခွင့် လွယ်လွယ်ရနိုင်တယ်လို့အကြမ်းမျဉ်းမျှော်လင့်နိုင်ပါတယ်။ သိပ်နိမ့်တဲ့ဂျာနယ်ပို့မိလျှင်လည်း ကိုယ့်အားထုတ်ထားတာလေး နှစ်မျောစရာကြီးဖြစ်နေမှာလေ။ ဒီတော့ ကိုယ့်အားထုတ်ထားတာလေးနဲ့ကိုက်ညီတဲ့ အဆင့်ရှိတဲ့ဂျာနယ်ရဘို့တော့ ရွေးရတာပေါနော့။ သတ်မှတ်တဲ့နေရာမှာ SCI (Science Citation Index) အဆင့်ရှိဂျာနယ်များထဲမှာ ရှာလို့မရတဲ့ ဂျာနယ်တွေကိုတော့ SCIE (Science Citation Index expanded) ထဲမှာရှာတွေ့နိုင်ပါတယ်။ အဲလိုလည်းအဆင့်သတ်မှတ်ပါတယ်။ SCI ဂျာနယ်တွေဟာ impact factor အမြင့်တွေဖြစ်ပြီး SCIE ကတော့ သူ့ထက်နိမ့်တဲ့ဂျာနယ်တွေလို့ဆိုပါတယ်။ impact factor တွက်မထားတဲ့ ပြည်တွင်းဖြန့်ဝေတဲ့ဂျာနယ်တွေလည်း များပါတယ်။
၃။ နောက်တစ်ဆင့်ကတော့ Revise လုပ်ပေးရတာပါ။ ဂျာနယ်တွေက မိမိပို့လိုက်တဲ့ ပေပါကို ဒီအတိုင်းလက်ခံမယ်မထင်လိုက်ပါနဲ့။ အနည်းဆုံး တစ်ကြိမ်နှစ်ကြိမ်တော့ Reviewer က Comments တွေပေးပြီး ပြင်ခိုင်းတတ်ပါတယ်။ လိုတိုး ပိုလျှော့လုပ်ခိုင်းပါတယ်။ အဲဒီအတွက်လည်း အချိန်အတိုင်းအတာ ဂျာနယ်က ပြင်ဆင်ဖြည့်စွက်ရမဲ့ လုပ်ငန်းအတိမ်အနက်ကိုလိုက်ပြီး သတ်မှတ်ပေးပါတယ်။ သူ့သတ်မှတ်ချိန်အတွင်းပြီးအောင် ပြန်ချောပေးရပါတယ်။ ဂျာနယ်စိတ်ကြိုက်အဆင့်ရောက်ပြီဆိုမှ Proof read တွေဘာတွေထပ်ခိုင်းပြီး Publication right တွေဘာတွေ လက်မှတ်ထိုးခိုင်းပါတယ်။ တစ်ချို့ဂျာနယ်က Page Charges တွေ Color figure ပါလျှင် color charges တွေ ပေးချေရပါတယ်။ အဲလို ပြည့်စုံပြီဆိုမှ သူတို့ရောင်းစားတဲ့အထဲမှာ ကိုယ့်စာတမ်းလေး ပါသွားတာပါဗျာ။ တစ်ချို့လည်း Free access ပေးတဲ့ဂျာနယ်တွေ ရှိပါတယ်။ ကိုယ့်ဆီက ပိုက်ဆံတောင်းပေမဲ့ ကိုယ့်ပေပါကို သူတို့ရောင်းမစားဘူးပေါ့။ ဂျာနယ်အများစုကတော့ ဒေါက်တာညီပြောသလိုပါပဲ။ Author ထံကလည်း ပိုက်ဆံတောင်းသေးတယ်။ Reader တွေကိုလည်း ရောင်းစားတယ်။ ဂျာနယ်တွေတော်တော် ၀န်ဆောင်ခယူတယ် (လုပ်စားတယ်) တဲ့။ ဟား---ဟား---။ ကိုယ်က ထုတ်ဝေချင်တာကိုး။ မူပိုင်နာမည်ရချင်တာကိုး။ နောက်ဆုံးတော့ ဘွဲ့ရချင်တာကိုး တောင်းပေမပေါ့နော့။
မဟာကျောင်းသားများကတော့ SCIE အဆင့် ထုတ်ဝေနိုင်လျှင် အိုကေပေမဲ့ ပါရဂူဘွဲ့ယူချင်သူများအတွက်ကတော့ SCI အဆင့်မီ အနည်းဆုံးတစ်စောင် ထုတ်ဝေနိုင်ရပါမယ်လို့ဆိုပါတယ်။ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းသတ်မှတ်ချက်တော့မတူဘူးပေါ့လေ။ ဂျာနယ်က လက်ခံပြီးလည်း ချက်ချင်းထုတ်ဝေခွင့်ရတာမဟုတ်ပါဘူး။ Volume number, Page number ရဘို့က နောက်ထပ် အချိန်အတိုင်းအတာတစ်ခု ထပ်စောင့်ရပါတယ်။ တက္ကသိုလ်တွေကတော့ ဂျာနယ်က လက်ခံပြီဆိုတာနဲ့ ကျောင်းသားကို အဆင်ပီသတ်မှတ်ပြီး ဘွဲ့ပေးပါတယ်တဲ့။ အွန်စောလည်း SCIE အဆင့်မှာပဲ ရှိပါသေးတယ်။ အခုလုပ်နေတဲ့သုတေသန ကိုတော့ SCI အဆင့်မီအောင် လုပ်ရမယ်လို့ ဆရာက တွန်းအားပေးထားပါတယ်။ ကြိုးစားဆဲပါ။
အားလုံး အဆင်ပြေချောမွေ့ကြပါစေ---ချင်-------။