Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Friday, December 30, 2011

Excellence Academic Achievement Award

ကိုရီးယားနိုင်ငံ တက္ကသိုလ်ပေါင်း ၆၀ ကျော်တွင် တက်ယောက်ပညာသင်ယူလျှက်ရှိသော၊ NIIED, KGSP (National Institute for International Education, Korean Government Schloarship Program) မှ ပညာသင်ဆုထောက်ပံ့ထားသော နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှ ကျောင်းသားပေါင်း ၁၉၅၉ ယောက်ထဲမှ ကျောင်းသား ၄၀ ကိုရွေးခြယ်၍ ထူးချွန်ဆု( Excellence Academic Achievement Award) ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ဆိုးလ်မြို့တော် အပြည်ပြည်ဆိုင်ရာပညာရေး ဌာန (NIIED) မှာကျင်းပတဲ့ ဆုပေးပွဲမှာ မြန်မာ လေးယောက် ဆွတ်ခူးရရှိခဲ့ပါတယ်။ မြန်မာကျောင်းသား ၈၀ အနက် ဘွဲ့လွန် ၅၃ ယောက်ထဲမှ ၃ ယောက်၊ ဘွဲ့ကြို ၂၇ ယောက်ထဲမှ တစ်ယောက်၊ စုစုပေါင်း ၄ ယောက် ဆုရရှိတာမို့ တစ်နိုင်ငံချင်း တွက်ကြည့်မယ်ဆိုလျှင် ဦးရေအများဆုံးဆုရရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဘွဲ့လွန် ၃ ယောက်တွင် YAU မှ ကျွန်တော်နှင့်အတူ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဒေါက်တာကျောင်းသူ မမေဖြိုးသူ ကဆွတ်ခူးရရှိပါတယ်။ နောက်တစ်ယောက်ကတော့ မဟာကျောင်းသူပါ။ ကိုရီးယားမေဂျာအထူးပြုလေ့လာနေသူ မယဉ်ယဉ်အေး ကဆွတ်ခူးရရှိတာဖြစ်ပါတယ်။ ဘွဲ့ကြို (Undergraduate) ကျောင်းသူ ၂၇ ယောက်ထဲမှ မထားထားဦး ကဆွတ်ခူးရရှိပါတယ်။ နောင်နှစ်တွေမှာလည်း မြန်မာတွေ ဒီထက်မက ဆွတ်ခူးနိုင်ကြမယ်လို့မျှော်လင့်မိပါတယ်။


1 comments:

စာချစ်သူ said...

တို့အကိုကြီးက ခန့်ချောကြီး..။ လုံချည်ကြော်ငြာတာ ဟုတ်ဘူးနော်း)))

Post a Comment