မနေ့ကရိုက်ထားတာပါ။ နှင်းမုန်တိုင်းကျနေစဉ် အခန်းထဲကနေရိုက်ထားတာပါ။ အပြင်တော့မထွက်ရဲဘူး။ နေ့လည် တစ်နာရီလောက်မှာ နှင်းတွေတစ်ဖွဲဖွဲကျနေတာပါ။
Friday, December 18, 2009
Snow Storm 1
Monday, December 14, 2009
Class Closing Ceremony (Lunch)
KNU ရဲ့ (summer semester) အတန်းပိတ်ပွဲလေးပါ။ အမှတ်တရ နေ့လည်စာပေါ့။ 생명학과(life science လို့ရေးပါတယ်) ရဲ့ လက်အောက်မှာရှိတဲ့ စိုက်ပျိုးရေးဌာနရဲ့ ဆရာ (ပရော်ဖက်ဆာ) လေးယောက်နဲ့ မဟာသိပ္ပံ၊ ဒေါက်တာ ကျောင်းသားကျောင်းသူ (၁၀) ယောက် စုစုပေါင်း (၁၄) ယောက် နေ့လည်စာနဲ့ တည်ခင်းအောင်ပွဲခံတဲ့ပွဲလေး ပြီးခဲ့တဲ့ (၁၀.၁၂.၂၀၀၉) နေ့က ကျင်းပခဲ့တာလေး အမှတ်တရ အနေနဲ့ တင်ထားချင်လို့ပါ။ ဟိုဘက်ထိပ်ကကကြီးကျောင်းသားတွေပါ။ ဒီဘက်အစွန်ကတော့ အွန်စောနဲ့ တရုတ် ၃ ယောက်။ အလယ်ကတော့ ဆရာတွေလေ။ သွားစားတဲ့နေရာက ပြောရမှာတောင်နည်းနည်း အားနာတယ် ဟီး ဟိုအရင် နတ်တင်ပွဲတုန်းကသွားစားခဲ့တဲ့ ဈေးအကြီးဆုံးဆိုတဲ့ ခွေးသားဆိုင် (ဆိုင်နာမည်က 맛내네 တဲ့)။ ဒီတစ်ခါတော့ အွန်စော ခွေးသား (보신탕)မစားခဲ့ပါဘူးနော်။ ကြက်တစ်ကောင်လုံးကို ခွဲပြီး ဗိုက်ထဲမှာ ဆေးမြစ်ပေါင်းစုံးထည့် ဆန်ပါထည့်ပြီး ပေါင်းထားတဲ့ ဟာ မြန်မာလိုတော့ ကြက်ဆေးပေါင်းလို့ ဘာသာပြန်ရမလားမသိဘူး။ သူတို့အခေါ်တော့ ဆမ်ဂယ်ထန် (삼계탕) တဲ့။ ဘာအရသာမှမရှိဘူး။ ကြက်သားတွေစားနေရပေမဲ့ မချို မငံ မချဉ် မစပ် ဘာကိုအရသာခံရမှန်းကိုမသိဘူး။ အရသာမရှိပေမဲ့ 3/4 လောက်တော့ ဆော်ပစ်လိုက်တယ်။ ကုန်အောင်တော့မစားနိုင်ပါဘူး။ အဲဒီနေ့က တစ်နေကုန်ပဲဗျ။ ညနေကျတော့လည်း ဓါတ်ခွဲခန်းထဲက ကျောင်းသားတစ်ယောက်က ကုမ္ပဏီမှာ အလုပ်သွားလုပ်မှာမို့ရယ်။ ကျောင်းသူ တစ်ယောက် အွန်စောကိုအနီးကပ်သင်ပေးနေတဲ့သူ ဖိလစ်ပိုင် မနီလာကို ၂ လ ပညာသင်ဆုရလို့ သွားမှာကြောင့်ရယ်။ နောက်ကျောင်းသားတစ်ယောက်ကလည်း အမေရိကကို သွားမှာရယ်။ သူတို့သုံးရောက်ကို နှုတ်ဆက်တာဆိုပြီး ညစာလိုက်ကျွေးတယ်။ ညစာစားရုံတင်မကဘူး ပရော်ဖက်ဆာက အပြန်မှာ ကာရာအိုကေသွားဆိုကြဆိုပြီး ပိုက်ဆံထုတ်ပေးလို့ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၁၂ ယောက် နိုရယ်ဘန်း (노래방)မှာ သွားကဲကြတာ ညမိုးချုပ်မှ အခန်းပြန်ရောက်တယ်။ အပြည့်အ၀တော့ မပျော်ခဲ့ရပါဘူး။ ဘာလို့လည်းဆိုတော့ အွန်စောမှ ကကြီးသီချင်းမဆိုတတ်တာ။ မြန်မာသီချင်းကလည်း ဆိုင်မှာမရှိဘူးလေ။ အီးသီချင်းကိုတော့လည်း အစအဆုံးမရပြန်ဘူး။ အွန်စောကိုကညံ့တာပါ။ ဒါပေမဲ့ အွန်စောတင်ပဲလားဆိုတော့ ဟုတ်ဘူး။ တရုတ်သုံးယောက်လဲ ဆိုတတ်ဘူး။ သူတို့လည်း တရုတ်သီချင်းပဲရတာလေ။ တို့နိုင်ငံခြားသားတွေက စည်းလိုက်လက်ခုပ်တီးပေါ့။ ဖိလစ်ပိုင်သွားမဲ့ အွန်စောဆရာမလေးက သီချင်း ၂-၃ ပုဒ်ဆိုပြီး အစောကြီးပြန်သွားနှင့်ကြတာ။ နောက်ပိုင်းကြတော့ မင်းသားတွေချည်းပဲ ကကြရတာ ဟီး--ဟီး။ ဆိုဂျု အရှိန်လေးတွေကလည်း အချိန်ရလာတာနဲ့အမျှ ပျယ်လာကြပြီလေ။ သူတို့ မဆိုနိုင်ကြတော့မှပဲ အွန်စောတို့လည်း နားငြီးသက်သာတော့တယ်။ အဲဟုတ်ပါဘူး---ပြန်ကြတော့တယ်လို့ပြောတာပါ။
Tuesday, December 8, 2009
Birthday

Birthday ဆိုလို့ တစ်ခြားမတွေးလိုက်ပါနဲ့ ၊ တစ်ခြားမဟုတ်ပါဘူး မနေ့က အွန်စောအခုတက်ရောက်ပညာသင်ယူနေတဲ့ တက္ကသိုလ်ရဲ့ပါမောက္ခချုပ်ပေါ့ မြန်မာအခေါ်တော့ အီးလိုတော့ (Dean)၊ ကကြီးလိုတော့ (학장) ရဲ့မွေးနေ့ပါ။ ဘာလို့သူ့မွေးနေ့ကို ပြောပြချင်တာလဲဆိုတော့ နည်းနည်းထူးခြားလို့ပါ။ အွန်စောက အခုလို ပါမောက္ခချုပ်ရဲ့မွေးနေ့ဆိုပြီး တစ်ခါမှ ညစာ (Dinner) ဖိတ်ကျွေးတာမျိုး မစားခဲ့ဖူးဘူးလေ။ ဆရာ ပါမောက္ခချုပ်က သူ့ကျောင်းမှာ ရှိတဲ့ (ဒီကင်းပါစ်မှာပေါ့) ပြည်ပကလာတက်တဲ့ ကျောင်းသားတွေအားလုံးကို အပြင်ခေါ်ပြီး ညစာနဲ့ တည်ခင်းဧည့်ခံတာပါ။ အွန်စောတို့ YAU Rector လည်း ပြည်ပကလာတက်တဲ့ကျောင်းသားရှိလျှင်တော့ ဒီလိုပဲခေါ်ကျွေးမယ်ထင်ပါတယ်နော့။ အွန်စောတို့ကို တော့ တခါမှ မကျွေးဘူးတော့ သူ့မွေးနေ့လည်း သတိမထားမိလိုက်ပါဘူး။ ဟီး။( ဆရာကြီးကန်တော့နော်။ လွန်တာရှိလျှင် ၀န္ဒာမိပါ၏။) ကံဆိုးစွာပဲ ကင်မရာ ပါမလာလို့ ဓါတ်ပုံမှတ်တမ်းမတင်ခဲ့လိုက်ရဘူး။ ဆရာကတော့ မေးရှာပါတယ်။ ဓါတ်ပုံရိုက်မယ် ရိုက်မယ်နဲ့ ဘယ်ကျောင်းသားမှ ကင်မရာတစ်လုံးမှပေါ်မလာဘူး။ ဆရာကြီးနဲ့ ပြည်ပကျောင်းသားများအဖွဲ့ မှတ်တမ်းမတင်လိုက်ရတာ နှမျောလိုက်မိပါသေး။ အင်း---ဒါပေမဲ့ ပြည်ပကျောင်းသားများလို့ ပြောမဲ့အစား တရုတ်ကျောင်းသားများလို့များပြောသင့်မလားမသိဘူးနော်။ ကျောင်းသားအားလုံး (၂၂) ယောက်မှာ ထူးထူးခြားခြား Food Science Technology က ထိုင်းမလေး နှင့် Plant Genetic Resources Dept က အွန်စောကလွဲလျှင် ကျန်တာတွေက အကုန် တရုတ်တွေချည်းပဲ။ အော် တရုတ်တွေ၊ တရုတ်တွေ ဒါလောက် လူဦးရေလျှော့ချရေး၊ တစ်အိမ်ထောင်ကလေးတစ်ယောက် စနစ် ကျင့်သုံးနေတာတောင် လူတွေက ပေါလှတုန်းပါလား။ ဘယ်နေရာသွားသွား ဒီကိုရီးယားမှာတော့ ဒုတိယ လူဦးရေအများဆုံးလူမျိုးဖြစ်နေတယ်ထင်တယ်။ ဂျန်ပန်တို့ ဖိလစ်ပိုင် တို့တောင် ဒီလောက်မတွေ့ရဘူး။ အွန်စောကတော့ လေကိုရှည်တယ် ပြောစရာမရှိကြံဖန်ပြောနေတယ်လို့ တွေးထင်နေကြလားမသိဘူး။ အွန်စောလည်း သိတာလေးပဲပြောပြရတာလေ။ ကျန်တာတွေ အွန်စောမှမသိတာ။ ဒါပဲနော်။ နောက်လည်း လာလည်နော်။ တတာ။ ဘိုင်းဘိုင်။
Saturday, December 5, 2009
World Students in Korea (WSK) Awarding Ceremony and Orientation (2)
နိုဝင်ဘာလ (၂၃) ရက်နေ့က ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်မှာ Presidential Council on Nation Branding (PCNB) ကကြီးမှူးကျင်းပတဲ့ World Students in Korea (WSK) ရဲ့ ပထမသုတ် သင်တန်းဆင်းပွဲဆုပေးပွဲနှင့် ဒုတိယသုတ် အတွက်တွေ့ဆုံမိတ်ဆက်ပွဲလေး ကို သွားရောက် တက်ရောက်ခဲ့ပါတယ်။ ဟိုအရင်စက ဒီဘလော့လေး ဖြစ်လာရခြင်းအကြာင်းလေးကို ရှင်ပြဘူးပါတယ်။ ၂၆.၆.၂၀၀၉ ရက်နေ့က စတင် ဖွင့်လစ်ဖွဲ့စည်းခဲ့တဲ့ ပထမအသုတ် သင်တန်းကို လိုက်စပ်စုလိုက်တာ အခု ၂၃.၁၁.၂၀၀၉ နေ့မှာ သင်တန်းဆင်းပွဲ တက်ရောက်သည်ထိပါပဲ။ အင်အားကတော့ တဖြည်းဖြည်းတိုးမလာတဲ့အပြင် လျှော့လျှော့သွားပါတယ်။ ကိုရီးယားရောက် နိုင်ငံခြားသားကျောင်းသားတွေအတွက် တမင်သက်သက် လုပ်ပေးတဲ့ လှုတ်ရှားမှုလေးပါ။ ၂၆.၆.၂၀၀၉ အစည်းဝေးတက်စဉ်က ကျောင်းသား အင်းအားစုစုပေါင်း (၈၁) ဦးတက်ရောက်တယ်လို့သိရပါတယ်။ မှတ်တမ်းတွေ ဒီဘလော့လေးထဲမှာ အစုံအလင်ရှိပါတယ်။ အဲဒီအထဲက လူ (၆၀) ကို ရွေးခြယ် ပြီး တစ်ညအိပ် နှစ်ရက်ခရီး၊ ဆိုးမြို့ ယဉ်ကျေးမှုလေ့လာရေးတွေ လိုက်လည်ပို့ဆောင်ပေးခဲ့လို့ ဒီကိုရီးယားနိုင်ငံရဲ့ သတင်းတစ်ချို့ မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်တွေရရှိခဲ့ပါတယ်။ ရွေးခြယ်ကထည်းက ဘလော့ ရှိသူတွေကိုပဲရွေးခြယ်တာပါ။ သူ့ရည်ရွယ်ချက်ကိုက ကိုရီးယားနိုင်ငံအကြောင်းကမ္ဘာကိုပြချင်တာဆိုတော့ သူ့နိုင်ငံအကြောင်းရေးလျှင်ပြီးတာပဲ ဘယ်ဘာသာနဲ့ရေးရေးလက်ခံပါတယ်။ တစ်ပတ်ကို အနည်းဆုံး ပို့ တစ်ခု တင်စေခြင်တယ်၊ နှစ်ခုတင်စေခြင်တယ်နဲ့ပြောတော့ပြောပါတယ်။ ဒါပေမဲ့ ကျောင်းသာျးေတွက စိတ်ထဲတော့ ထားဟန်မတူပါဘူး။ သတိရတဲ့အခါ မိမိ သွားလာတဲ့ ထူးခြားတာလေးတွေ ရတဲ့အခါလောက်ပဲ ရေးကြတယ်ထင်ပါတယ်။ အွန်စောအပါအ၀င်ပေါ့။ အွန်စောလည်း သူတို့ပြောတဲ့ ဘလောပြိုင်ပွဲဆိုတာကို သိပ်တော့အာယုံထဲမှာထဲ့မထားပါဘူး။ ဒီလိုနဲ့ လိုက်စပ်စုရင်း သတိရလျှင် ပို့စ်လေးတင်လိုက်နဲ့ သင်တန်းလေး တက်လာလိုက်တာ အခု သင်တန်းဆင်းပွဲမှာ အွန်စောကို တတိယဆုတဲ့ ဆုချလိုက်တယ်။ အွန်စောတော်လို့မဟုတ်ပါဘူး။ ပေးလို့ရတာပါ။ တကယ်တော့အွန်စော ဘာမှ မယ်မယ်ရရမတတ်သေးပါဘူး။ ကျောင်းသား (၆၀) ထဲက ဆယ်ယောက်ကို ရွေးခြယ်ပြီးဆုပေးတာပါ။ ဖိလစ်ပိုင်မလေး ကော်ရီနာဘီရန်ကာ (Corinna Bianca)က ပထမဆု (ထူးချွန်ဆု) ရသွားပါတယ်။ ဒုတိယဆု ကိုတော့ သုံးယောက် ရွေးခြယ်ပါတယ်။ တတိယဆု သတ်မှတ်တဲ့ ခြောက်ရောက်ထဲမှာ အွန်စောပါသွားတာပါ။ သိပ်တော့ ကြွားရတာအားမရှိလှဘူး။ ဟဲ---ဟဲ--ပထမဆုမှမဟုတ်ပဲနော့။ ဆိုးလ်မြို့တော်ကို တစ်ယောက်ထည်း ခရီးထွက်တဲ့ ဒုတိယခရီးစဉ်ပါ။ ဆုသွားယူတယ်လို့ ကြွားရမလား သင်တန်းဆင်းပွဲသွားတယ်လို့ ပဲပြောရမလား။ နှစ်ခုလုံးမမှားပါဘူးနော့။ အဲဒီကိုသွားရင်းနဲ့ သူငယ်ချင်းတွေရှိတဲ့ အီဝါ အမျိုးသမီးများတက္ကသိုလ် (Ewha Women University) နှင့် ကိုရီးယားနိုင်ငံရဲ့ ဘာသာစကား(Language) စာပေမှာ နာမည်ကြီးတဲ့ ယွန်းဆယ် (Yongsae University) တွေကို သွားရောက် လည်ပတ်ခွင့်ရခဲ့ပါတယ်။ အမှတ်တရ ဓါတ်ပုံလေးတွေလည်း ရိုက်ခဲ့ပါတယ်။ အောက်မှာ အမှတ်တမ်းပုံအချို့တင်ပေးလိုက်ပါတယ်။ အားပေးသွားပါအုံးနော်။ အားလုံးပျော်ရွှင် အောင်မြင်ကြပါစေ--။---။---။

Tuesday, December 1, 2009
ကိုရီးယားရောက် မြန်မာ ဘလောဂါများ
CNN International News
မြန်မာပြည်ကိုလွမ်းတယ်။
တစ်ချိန်တုန်းကခေတ်မီမြန်မာတက္ကသိုလ် (ရန်ကုန်) ၊ ၁၉၅၇။
ဆက်သွယ်ရန်လိပ်စာ
ရှူးတိုးတိုး
No Promise
ရက်ရက်ရောရောပေးနေတယ်။ ယူပါတော့တဲ့။
ကိုရီးယားရောက်မြန်မာကျောင်းသားများ။
Plasma Slideshow
တောင်ပံပါလျှင် မင်းဆီကို---။
ရေဆင်းသို့---။
လမ်းမခွဲကြေး။
(이승철 - 사랑 참 어렵다 / Lee Seung Chul - Love is so difficult)
နားထောင်----မလား။ ကြည့်မလား----။
Some Useful Links.
@ Zawgyi Font Download။
@ Myanmar E-books။
@ English-Myanmar Dictionary။
@ Studying Abroad from Myanmar Training (စင်္ကာပူ၊ သြစတြေသျှ၊ မလေးရှား၊ အင်္ဂလန်၊ ထိုင်းနိုင်ငံ)။
@ မြန်မာစကော်လား။
@ ဘဘော့စတင်လုပ်လိုသူများအတွက် (၁)။
@ ဘလော့စတင်လုပ်လိုသူများအတွက် (၂)။
@ Study Abroad Information for Myanmar Students
ဆက်လက်ခရီးဆက်နိုင်ဘို့။
- ဆော့ဝဲလ်များရယူရန်။
- မြန်မာစာရိုက်နည်းနှင့် စာလုံးပေါင်းသတ်ပုံကျမ်း။
- Money Exchange Rate
- ကိုဖိုးဝ
- နည်းပညာတို့ရဲ့ဆုံမှတ်များ
- စေတနာအလင်း
- "ပြည်တော်ဦး" ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်
- Free domain (co.nr)
- The Blogger Guide.
- ကျွန်တော့်မှတ်စုစာအုပ်။ (ကွန်ပျူတာနည်းပညာဆိုင်ရာ)
- မြန်မာစာ မြန်မာစကား (စကားပုံနှင့် စာလုံ့းပေါင်းသတ်ပုံ)
- LiveDhamma (အချိန်နဲ့တစ်ပြေးညီတရားနာရန်)
- အဖြူရောင်နတ်သမီး (ယုဇနသီချင်း နားဆင်လိုလျှင်)
- Myanmarjukebox (သီချင်းနားဆင်ဘို့)
- IT Reshare Site ( နည်းပညာဖြန့်ဝေတဲ့နေရာလေးတစ်ခု)
- KP3 မိသားစု (ဘလော့နည်းပညာ စုံလင်စွာ)
- အိုင်တီခရီးသည် (ဘလော့နည်းပညာ)
- ဒီဇင်ဘာနှင်း (ကာပြားမလေးရဲ့ ခံစားချက်များ)
- စိမ်းပြာမြေ (သုတစုံ၊ ရဿစုံ)
- မောင်ကျော်စွာငြိမ်း (blog technology)
- ခရောင်းလမ်း
- ယူအေအီး၊ ဒူဘိုင်း မှ ဓမ္မရေဒီယို
- ညီနေမင်း (လိုတရ ဘလော့ကြီးဗျို့)
- ဓမ္မဒူတဇေတ၀န်တောရ (တရားတော်များ)
- Live တရားတော်များ
- ၀ိမုတ္တိရသ တရားတော်များ
- သစ္စာအလင်း
- Myanmar e lottery (ထီပေါက်စဉ်)
- မဆုမွန် (အမျိုးကိုချစ်တတ်တဲ့မျိုးချစ်စိတ်ရှိသူလေး)
- စန္ဒာသူရိယ (ဘာသာရေးစာပေ)
- ယုယ နွေးထွေး ( မြန်မာ ဘလော့ စုစည်းရာ)
- ထူးဆန်းတာလေးတွေ (Believe or not)
- ခေတ်လူငယ်။ (သတင်းစုံ၊ ကဏ္ဍစုံ၊ မြန်မာငွေဈေး)
- ဦးဝိစိတ္တသာရာဘိဝံသ (၁၁)သုတ်၊ ပဌာန်း၊မေတ္တာပို့
- နိုင်းနိုင်းစနေ (ဖတ်စရာများစွာ)
- အလင်းစေတမန်မှ ၀က်ဆိုက်များ။ (လိုရာ အကုန်နီးပါးဖတ်နိုင်၊ ကြည့်နိုင်ပါသည်)
- မြန်မာ့အလင်း
- သလ္လာဝတီ (ကဗျာကောင်းကောင်း၊ စာအုပ်စုံဖတ်လိုလျှင်)
- အလင်းတန်းဂျာနယ်
- ရွှေအမြုတေ
- မိုးမိုးစတား (အစားအစာ)
- သုံးရာသီဘ၀ခရီး (ဖတ်စရာ)
- မိုးအိမ့်ဖြူ (ဖတ်စရာနှင့် ဘလော့နည်းပညာ)
- ဖြူစင်ကြယ် (ဖတ်စရာ)။
- ပန်းစကား။ မြန်မာ ခေတ်ဟောင်း၊ ခေတ်ပေါ်သီချင်းများ
- Music Video, Myanmar Karaoke
- ကဗျာဥယျာဉ်။
- ဂျေဂျူဝိုင် (ဘာသာရေး၊ ကဗျာ)။
- အိပ်မက်လှိုင်း စာအုပ်စင်။
- အိပ်မက်လှိုင်း (သီချင်းနားဆင်ဘို့)။
- အိမ့်ချမ်းမြေ့ရဲ့ သံစဉ်မဲ့အလင်္ကာ။
- စာချစ်သူ။(အိမ်ပြောင်းတာ ပြောမသွားဘူး)
- ဂျာမုန်းဒန် (ကချင်ဘာသာနှင့် အစားအစာ)။
- မေတ္တာရပ်ဝန်းမီးဖိုဆောင် (အစားအသောက်ဖန်တီးလိုလျှင်)။
စိတ်ကူးရသလို စကားလေးတွေ ထားခဲ့နိုင်ပါတယ်။ (left your comments)
개인 정보 (Personal Information)
- Korea-Myanmar Mutual Benefit
- Busan, Busan, South Korea
- Me, I am Myanmar, I created it with the intention of the benefits of both nations. I would express Korea's excellence as much as I reach!
관심있는 사용자 (Interested users)
ဒေါက်တာညီကို အားနာလို့ အနားပေးလိုက်ပါပြီ။

Sign by Danasoft - For Backgrounds and Layouts






















