Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Thursday, September 16, 2010

Baekje Cultural Festival

"ကိုရီးယား ယဉ်ကျေးမှု့ပွဲတော်။"
2010 Great Baekje World Festival ကို စက်တင်ဘာ ၁၈ မှ အောက်တိုပါ ၁၇ ထိ ရက် ၃၀ တိတိ ကျင်းပပြုလုပ်သွားမှာပါတဲ့။ တစ်ရက်ချင်းအလိုက် ပွဲအစီအစဉ်တွေကို အသေးစိတ်သိလိုလျှင် ဒီနေရာလေး ကိုသွားရောက်ဖတ်လိုက်ပါနော်။ အချိန်ကိုငဲ့ပြီး သတင်းမျှပဲပေးလိုက်ပါရစေ။ အသေးစိတ် ဘာသာပြန်မပေးတော့ဘူးနော်။ အောက်မှာ လမ်းညွှန်လေးပါပေးထားပါတယ်နော်။





Type rest of the post here

အပြည့်အစုံ (Read More)...

Wednesday, September 15, 2010

If You Want to Attend at Korean University?

"ကိုရီးယား မှာကျောင်းတက်မယ်ဆိုရင်။"


မေး ၁။ မည်သည့် စာရွက်စာတမ်းများတင်ပြရပါမည်လဲ။
ဖြေ ၁။ တက္ကသိုလ်အလိုက် သတ်မှတ်ထားသောလျှောက်လွှာပုံစံများအပြည့်အစုံဖြည့်စွက်ပြီး တောင်းခံထားသော
အမှတ်စာရင်းများကို နိုတြီပြုလုပ်တင်ပြရပါမည်။ အင်္ဂလိပ်စာအရည်အချင်း အမှတ်စာရင်းတောင်းခံပါက
မူရင်းဖြင့်ပေးပို့လျှောက်ထားရပါမည်။ (လျှောက်ထားမည့်ကျောင်းအလိုက် မှုလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္တသိုလ် အစရှိသော
အမှတ်စာရင်းအား နိုတြီပြုလုပ်ပြီး တင်ပေးရပါမည်။)

မေး ၂။ Korea မှာရှိတဲ့ကျောင်းတွေမှာပြည်ပကျောင်းသားတွေကိုလက်ခံပါသလား။ဘယ်မေဂျာတွေကို
လျှောက်ထားနိုင်ပါသလဲ။ အနုပညာကျောင်းကကောပြည်ပ
ကျောင်းသား တွေကို လက်ခံပါသလား။
ဖြေ ၂။ ကိုရီးယားမှာရှိသောကျောင်းများမှာ နိုင်ငံတကာကျောင်းသား ကျောင်းသူ မည်သူမဆို
(အရည်ချင်းပြည့်မှီပါက) လက်ခံပြီး၊ ဘာသာရပ်မျိုးစုံ အားလျှောက်ထားနိုင်ပါသည်။ လက်ရှိ
ကိုရီးယားအနုပညာ ကျောင်းတွင် တက်ရောက်နေသော မြန်မာ ကျောင်းသားကျောင်းသူများရှိပါသည်။

မေး ၃။ Korea မှာကျောင်းတက်ဖို့ ချိတ်ပေးတဲ့အေဂျင့်တွေမြန်မာနိုင်ငံမှာရှိပါသလား။
ဖြေ ၃။ အေဂျင့်များရှိပါသည် သိုသော် ယခုအခါ ကိုရီးယားအစိုးရကိုယ်တိုင် ပညာသင်ဆုပေးသော
အစီစဉ်များစွာရှိပါသည်။ Bachelor ဘွဲ့အတွက် Korean Language သင်ယူခွင့်တစ်နှစ်အပါအ၀င်
ပညာသင်ဆုကာလ ၅နှစ်၊ Master ဘွဲ့အတွက် စုစုပေါင်း ၃နှစ် နှင့် ပါရဂူဘွဲအတွက် ပညာသင်ဆုကာလ
၎နှစ် စသည်ဖြင့် နှစ်စဉ်ခေါ်ယူနေပါသဖြင့် ရန်ကုန်ရှိ ကိုရီးယားသံရုံသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မေး ၄။ သူတို့နိုင်ငံကတက္ကသိုလ်တွေကဘယ်နှစ်နစ်တက်ရပါသလဲ။
ဖြေ ၄။ တက္တသိုလ် ၄နှစ်၊ မဟာသိပ္ပံ/မဟာဝိဇ္ဇာတန်း ၂နှစ်၊ ပါရဂူဘွဲ့ ၃ နှစ်မှ ၅နှစ်ဖြစ်ပါသည်။

မေး ၅။ ၀င်ခွင့်ဖြေရပါသလား၊ ဘာမေဂျာတွေလျှောက်လို့ရပါသလဲ။ အခြားဘာတွေလို အပ်ပါသေးသလဲ။
ဖြေ ၅။ မေဂျာ ပေါင်းစုံ မိမိစိတ်ဝင်စားရာ ရွေးချယ်လျှောက်ထားနိုင်ပါသည်။ ကိုရီးယားအစိုးရပညာ
သင်ဆု လျှောက်ထားသူများမှာ ပညာသင်ဆုအတွက် ရန်ကုန်မြို့ရှိ ကိုရီးယားသံရုံးမှ ပဏာမရွေးချယ်
ခံရပါက သံရုံးတွင် လူတွေ့ Personal Interview ဖြေရပါသည်။ ကိုရီးယား ဘာသာစကား တတ်ကျွမ်း
သူများ နှင့် အင်္ဂလိပ်စာ ကျွမ်းကျင်သူများ အခွင့်သာပါသည်။ ကိုရီးယားရှိ မိမိတက်ရောက်လိုသော
တက္ကသိုလ်မှ ပါမောက္ခနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ပညာသင်ဆု လျှောက်ထားသူများ၊ မည်သူ့ထံမှ
ပညာသင်ဆုမတောင်းခံပဲ မိမိအစီစဉ်ဖြင့် တက်ရောက်လိုသူများ ဝင်ခွင့်မလိုအပ်ပါ၊ အသေစိတ်အား
ရန်ကုန်ကိုရီးယားသံရုံသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိင်ပါသည်။ ပညာသင်ဆုကို ဂျာနယ်များမှတစ်ဆင့်
လည်းကြော်ငြာလေ့ရှိလို့ ဂျာနယ်တွေမှာလည်း သတိထားရှာကြည့်နိုင်ပါတယ်။ အင်တာနက် အသုံးပြု
နိုင်ပါက http://www.niied.go.kr/ တွင်လည်း
မကြာမကြာသွားရောက်ဖတ်ရှုနိုင်ပါသည်။
(ရန်ကုန်မြို့ရှိ ကိုရီးယားသံရုံးသို့ ဖုန်း
01-527142~4 , Fax- 01-513286 ဖြင့်ဆက်သွယ်မေးမြန်း နိုင်ပါသည်။)

မေး ၆။ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကိုရီးယားဘာသာစကားဖြင့်ဘွဲ့မရခဲ့ပဲ အခြားဘွဲ့ရများကိုရော
လက်ခံပါသလား။

ဖြေ ၆။ မည်သည့်ဘွဲ့မဆို သတ်မှတ်ထားသောအရည်အချင်းများပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။

မေး ၇။ အနုပညာတက္ကသိုလ်နှင့်တစ်ခြားတက္ကသိုလ်တွေကလက်ခံပါသလား၊ ဘာတွေလိုအပ်ပါသလဲ။ အနုပညာသင်တန်းကျောင်းကကောပညာသင်ဆုပေးပါသလား။

ဖြေ ၇။ အနုပညာဖြင့် ဘွဲ့ရရှိမထားပါက မဟာဝိဇ္ဇာ ဆက်တက်ရန်ခက်ပါသည်။ နံမည်ကြီးကျောင်း အများ စုက အနုပညာဖြင့်
ပထမဘွဲ့ (Bachelor) ဘွဲ့ရမထား လျှင်လက်မခံပါ။ နယ်ကျောင်းအချို့ တွင်လက်ခံသည်ကိုတော့
ကြားဘူးပါသည်။ သို့သော် အခွင့်အရေးအလွန်နဲပါသည်။ အနုပညာကျောင်း များလည်း ထူးချွန်ပါက
ပညာသင်ဆုပေးပါသည်။

မေး ၈။ ပညာသင်ဆုမရသောကျောင်းသားတွေကောတက္ကသိုလ်ကျောင်းအားလုံးကို လျှောက်လို့ရပါ သလား။ အနုပညာကျောင်းတွေ ကောကျောင်းလျှောက်လို့ရပါသလားခင်ဗျာ။ ကျောင်းစရိတ်တွေလည်း
ပြောပြပေးပါခင်ဗျာ။အနုပညာကျောင်းရဲ့ကျောင်းစရိတ်ကောပြောပြပေးပါအုံးအစ်ကို။
ဖြေ ၈။ ပညာသင်ဆုမရရှိဘဲ မိမိစရိတ် ဖြင့်တက်မည်ဆိုပါက မည်သူမဆို မည်သည့်ကျောင်းမဆို
လျှောက်ထား နိုင်သော်လည်း ထိပ်တန်းတက္ကသိုလ်များ ၀င်ခွင့်ရရှိရန်မှာမူ ယှဉ်ပြိုင်မှုအလွန်များပါသဖြင့်
မိမိဘက်မှ အဘက်ဘက် ယှဉ်ပြိုင်နိုင်စွမ်းရှိရပါမည်။ မိမိစရိတ်ဖြင့် တက်ရောက်မည်ဆိုပါက
ကျောင်းစရိတ် နေစရိတ် အစစဈေးကြီးပါသည်။
တက္တသိုလ်- ၁နှစ် ကျောင်းစရိတ်
BA - ၃၆သိန်း(၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
BE - ၅၂သိန်း (၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
MA- ၅၂ သိန်း (၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
ME- ၇၀ သိန်း (၃၀%ကျောင်းလခလျော့ပြီး- အဆောင်စရိတ်မပါပါ)
(၁နှစ် အဆောင်စရိတ်-၄၀ သိန်း (ထမင်းစရိတ်ငြိမ်း))
PhD- MA/ME ကျောင်းလခ အတူတူဖြစ်ပြီး ၃နှစ်နောက်ပိုင် ၅၀% ထပ်မံဈေးလျှော့ပေးပါသည်။

(ကိုရီးယားရောက် နှစ်ကြီးကျောင်းသား ကိုရဲမင်းဟိန်းမှ စေတနာထား၍ဖြေကြားပေးထားတာဖြစ်ပါတယ်။ဤအဖြေများသည်
ယေဘုယျအဖြေများဖြစ်ပါသည်။အကောင်းဆုံးအကြံပေးလိုသည်မှာ
မိမိတက်ရောက်လိုသောကျောင်း websiteသို့ သွားကြည့်ပါက သိလိုသမျှသတင်းအချက်အလက်များအားလုံးရယူနိုင်ပါသဖြင့်
အင်တာနက်အား အကျိုးရှိစွာ အသုံးချ စေလိုပါသည်။)(ကိုရီးယားရောက်မြန်မာကျောင်းသားများအသင်း မှ ကူယူဖေါ်ပြပါသည်)

Type rest of the post here

အပြည့်အစုံ (Read More)...

Sunday, September 12, 2010

DNA Cloning and Polyacrilamide Gel Electrophoresis

"သုတေသနလုပ်နေရတယ်ဗျို့။"

အခုရက်ပိုင်းအတွင်း DNA Cloning လုပ်နေရပါသဖြင့် အလုပ်နည်းနည်း များနေကြောင်း ဘလော့လည်လာ မိတ်သဟားများကို ဧည့်ခံစကားမပြောနိုင်လျှင် နားလည်ခွင့်လွှတ်ဘို့ ဒါတွေလုပ်နေတယ်ရလို့ သာ စကားစမည်နဲ့ ဧည့်မခံတာဖြစ်ကြောင်း တောင်းပန်လိုက်ပါတယ်နော်။

ဒါကတော့ PAG (Polyacrylamide Gel Electrophoresis) နဲ့ Genotyping လုပ်တာပါ။


Type rest of the post here

အပြည့်အစုံ (Read More)...

Saturday, September 11, 2010

Welcoming from Yesan

"ရယ်ဆန်လာမိတ်ဆွေ။"

သူငယ်ချင်းတစ်ယောက် ရယ်ဆန်မြို့လေးလာလည်လို့ (ငါးရက်တစ်ဈေး) ဈေးနေ့နဲ့လဲတိုက်ဆိုင်နေတာနဲ့ ဈေးလည်လိုက်ပို့ရင်း စိတ်ဝင်စားတာလေးတွေ ရိုက်လာခဲ့လိုက်တယ်။ နယ်မြို့လေးဆိုတော့လည်း တစ်မျိုး စိတ်ဝင်စရားလေးတွေ။ အဲဒီနေ့က တိုက်ဆိုင်ချင်တော့ ရယ်ဆန်ပန်းသီးခင်းတွေ လေတိုက်ခံထားရလို့ လေချွေပန်းသီးတွေ ဈေးထဲမှာ လျှော့ဈေးနဲ့ အပြိုင်ရောင်းနေကြတာ တအားပဲ။ ပြောလို့ပြောတာမဟုတ်ဘူး။ အောက်မှာ သာကြည့်လိုက်တော့။

ဒါကကျောင်းအ၀င်တံခါးလေးပေါ့။

ဒါကတော့ ကျောင်းဝင်းအတွင်းက စိုက်ခင်းလေးတွေပါ။ တစ်ခြားအခင်းတော့သိပ်မရှိပါဘူး။ သခွားခင်းနဲ့ ပန်းအလှစိုက်ထားတာလေးတွေပါ။ ဥယျာဉ်ခြံဌာနက သစ်ခွခြံကို အပြင်ကနေ ရိုက်ခဲ့ပေမဲ့ မှန်ခြံဖြစ်နေတော့ ၀င်လို့ကလည်းမရ (သော့ပိတ်ထားတော့) ရိုက်မရဘူးဖြစ်နေတယ်။ စတော်ဘယ်ရီခြံလေးတော့ ပါသေးတယ်။ အိုတွေနဲ့စိုက်ထားတာ။

ဒါက ပင်အိုပု (ဘွန်စိုင်း) လုပ်ထားတာလေးတွေ။ ဒါက ဟော်လန်ပန်း။


ဒါက အဆောင်ဘေးက ရေကူးကန်လေးပါ။

ပန်းသီးဈေး။

ဒါကတော့ ခေါက်ဆွဲစက်တဲ့လေ။ ခေါက်ဆွဲတွေ လှမ်းထားတာ။ တို့များ မုံရွာကြာဇံစက်လည်း ဒီလိုပါပဲ ကြာဇံတွေလှမ်းထားတာ သူတို့ထက်တောင်များပါတယ်။



အပြည့်အစုံ (Read More)...

Wednesday, September 1, 2010

New Members Arriving KNU

"သူငယ်ချင်းအသစ်များကိုကြိုဆိုလိုက်ပါတယ်။"

ဂုန်းဂျူးတက္ကသိုလ်သို့ ယ္ခုနှစ်ပညာသင်နှစ်အတွက် ကိုရီးယားဘာသာသင်တန်းတက်ရန်ရောက်ရှိလာကြတဲ့ မိတ်ဆွေတွေအားလုံးကို နွေးထွေးစွာကြိုဆိုလိုက်ပါတယ်။ တစ်နှစ်တာ ကိုရီးယားဘာသာသင်တန်းပြီးလျှင် မိမိတို့ မေဂျာဌာနအသီးသီးသို့ ဆက်လက်ပညာသင်ယူကြမဲ့ ဒေါက်တာလောင်းလျှာ။ မဟာလောင်းလျှာများ ဖြစ်သလို။ NIIED ကပညာသင်ဆုထောက်ပံ့ခြင်းခံရတဲ့ နိုင်ငံကိုယ်စားပြု မြန်မာ စံပြ ကျောင်းသား ၀န်ထမ်းများလည်းဖြစ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေများအတွက် တကယ်ပဲဂုဏ်ယူလျှက်ပါ။


Type rest of the post here

အပြည့်အစုံ (Read More)...