Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Sunday, October 11, 2009

Lee Young Eun, a Korean Actress will go to Myanmar and meet Myanmar fan

ရန်ကုန်မြို့တော် သမ္မတရုပ်ရှင်ရုံတွင် အောက်တိုဘာလ (၁၆) ရက်နေ့မှ(၁၉) ရက်နေ့များတွင်ကျင်းပြမည့် (၅)ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပြပွဲတော်သို့ တက်ရောက်ရန်လာရောက်စဉ် မြန်မာပရိသတ်များနှင့်တွေ့ဆုံနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ထိုသတင်းထုတ်ပြန်ချက်အရသိရှိရသည်။
ကိုရီးယားမင်းသမီး (Lee Young Eun) သည် အောက်တိုဘာလ ၁၇ ရက် နှင့် ၁၈ ရက်နေ့တွင် မြန်မာပရိသတ်များနှင့်တွေ့ဆုံမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ရန်ကုန်အခြေစိုက် ကိုရီးယားသံရုံး ဖုန်း -၀၁-၅၁၅၁၉၀ သို့ ဆက်သွယ်မေးမြန်းနိုင်သည်ဟု ထုတ်ပြန်ချက် ကဆိုသည်။ ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ကျင်းပမည့် ငါးကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်တွင် ကိုရီးယား မင်းသမီးLee Young Eun သရုပ်ဆောင်ထားသည့် Summer Whispers (Romance)၊ Mon's Way (Drama)၊ Marathon (Drama)၊ Oseam (Animation)တို့ပြသမည်ဖြစ်ပြီး ရုပ်ရှင်ပွဲတော်ဖွင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးအပါအ၀င် မြန်မာအစိုးရ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် သရုပ်ဆောင်များအားလုံး စုံစုံညီညီ တက်ရောက်ကြမည်ဟု သတင်းထုတ်ပြန်ချက်များက ဆိုသည်။
"တီဗီထဲမှာပဲ တွေ့နေရတဲ့ကိုရီးယားမင်းသမီးချောကို အပြင်မှာတကယ်တွေ့ရမယ်ဆိုတော့ ရင်တော့အခုန်သားဗျ" ဟုမြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီရုပ်မြင်သံကြားတို့မှ ပြသသည့် ကိုရီးယားဇာတ်လမ်းတွဲများကို နှစ်ခြိုက်စွာ ကြည့်ရှုအားပေးနေသည့် အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးကပြောကြားသည်။ ကိုရီးယားအမျိုးသမီး သရုပ်ဆောင် Lee Yooung Eun သည် မြန်မာပရိသတ်အကြိုက် Rain ပါဝင်သရုပ်ဆောင်ထားသော Full House (ချစ်စံအိမ်) ဇာတ်လမ်းတွဲတွင် အွန်စော၏ သူငယ်ချင်း ဂျီဂျီအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ သူမသည် တီဗီဇာတ်လမ်းတွဲ ၁၀ တွဲကျော်၊ ရုပ်ရှင်ဇာတ်ကားကြီး ၅ ကားရိုက်ကူးထားပြီး ၂၀၀၇ ခုနှစ်တွင် SBS မှ New Star Award ကို ရရှိခဲ့ကာ Dongduk Women's College မှ ဘွဲ့ရှိခဲ့သူဖြစ်သည်။ (The voice မှ ကူးယူဖေါ်ပြပါသည်)
Lee Young Eun ၏ အလှဓါတ်ပုံအချို့ကို ကူးယူဖေါ်ပြပေးပါသည်။






2 comments:

မောင်သီဟ said...

နာ့ချစ်တူနဲ့တူတရိုရိုပဲ ဟိ
း)

Korea-Myanmar Mutual Benefit said...

ဒါဆို ကံကောင်းတာပေါ့နော်။ ဒီလောက်လှတဲ့ချစ်တူ ရထားလို့လေ။

Post a Comment