ဒီကနေ့ Main Campus က အစည်းဝေးခေါ်လို့သွားတက်ရင်း မြင်တွေ့ခဲ့ရတာလေးတွေ ပြောပြခြင်လို့ပါ။ NIIED က ကိုယ်စာလယ်ဆရာမတစ်ယောက် လာပြီး လမ်းညွှန်ဆွေးနွေးပေးသွားတာပါ။ ကိုရီးယားနိုင်ငံတော်က ပညာသင်ဆုပေးထားတဲ့ကျောင်းသားတွေကို မျက်ခြေမပြတ်ဖို့ လာရောက်တွေ့ဆုံ မေးမြန်း လမ်းညွှန်သွားတာပါ။ ဆွေးနွေးပေးသွားတာတွေကတော့အများကြီးပါ။ အဓိကကျတာလေး အတိုချုပ်ပြောရလျှင် အခက် (၄) ချက်ကို ဦးတည်ပြောသွားတာပါ။
(၁) ရာသီဥတု အပြောင်းအလဲမှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့။ မိသားစုနဲ့ခွဲခွာနေကြရလို့ စိတ်ဖိစီးမှုတွေမဖြစ်ဖို့ နိုင်ငံခြားသားတွေ ရင်းရင်းနှီးနှီး နေကြဖို့၊ မစ်စတာ ကင်အင်ရှိ (international office) ကလွဲပြီးသိတဲ့သူမရှိဘူးဆိုပြီး အားငယ်မနေကြဖို့၊ လိုအပ်တာရှိလျှင် အချိန်မရွေး မိမိတက်ရောက်သင်ယူနေတဲ့ ဌာနက ဆရာ၊ ဆရာမသို့မဟုတ် ရုံးဝန်ထမ်းကို သတင်းပို့ ဆက်သွယ်ဖို့၊ ကျန်းမာရေးအာမခံ ကုမ္ပဏီကလည်း အာမခံမပေးတဲ့ ရောဂါ တွေများနေလို့ (မတော်တဆထိခိုက်မှုလောက်ပဲ ကာဘာဖြစ်တဲ့အတွက်) မလုပ်ပေးထားကြောင်း)။
(၂) စာကျိုးစားကြဘို့၊ ပညာသင်ဆုရကျောင်းသားများ (Schloarship Students) များဖြစ်သည့်အတွက် စာမေးပွဲရမှတ် အနည်းဆုံး (၈၀%) နှင့်အထက် အမြဲ ရရှိရမှာဖြစ်ကြောင်း၊ မတော်တစ်ဆ ချွတ်ချော်လျှင် တစ်ဘာသာတစ်လေ လက်ခံကြောင်း။ သုံးဘာသာဆက်တက် အမှတ်နည်းမယ်။ ကျောင်းစည်းကမ်းကိုလည်း မလိုက်နာဘူးဆိုလျှင် မိမိတိုင်းပြည်ပြန်ပို့ မှာဖြစ်ကြောင်း (ယခင်ကစိတ်မကောင်းစွာ ပြန်ပို့ခဲ့ရဘူးတာရှိကြောင်း)။
(၃) မဟာသိပ္ပံကျောင်းသား၊သူများက စာတမ်းတစ်စောင်၊ ဒေါက်တာ ဘွဲ့ သမားများက စာတမ်းနှစ်စောင်ပြုစုရမှာဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် ကိုရီးယားဘာသာနဲ့ ရေးစေလိုကြောင်း၊ အနည်းဆုံး summary (abstract) လောက်တော့ ကိုရီးယားလို ရေးနိုင်ရမှာဖြစ်ကြောင်း။
(၄) ကျောင်းပိတ်ရက် မိမိ ဆွေမျိုးများထံပြန်လျှင် (၃၀) ရက်ထက်မကျော်သင့်ကြောင်း၊ အကြောင်းမထူးလျှင် မပြန်လျှင် သင့်တော်ကြောင်း၊ ရက် (၃၀) ထက်ကျော်လွန်ပါက လစာဖြတ်မှာဖြစ်ကြောင်း၊ မိသားစုကျန်းမာရေးနဲ့ပတ်သက်လျှင်တော့ စာသင်ချိန်အတွင်ပင်ဖြစ်စေ ပြည်ပြန်ခွင့်လျှောက်ထားနိုင်ကြောင်း စသည် ဖြင့် ဆွေးနွေးသွားပါတယ်။
ကျောင်းသားတွေရဲ့ ခံစားချက် စီစစ်တဲ့ (ကျောင်းဆောင်၊ ရုံး၊ စာသင်ကြားမှု၊ အစားအစာ အစရှိသည် ကြိုက် မကြိုက်၊ မကြိုက်လျှင် ဘာ့ကြောင့် စသည်ဖြင့်) စစ်တန်းကောက်ယူသွားပါတယ်။
ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း မှ (၁၀) ယောက် (ဘွဲ့လွန် ၆ ယောက်၊ ဘွဲ့ကြို ၄ ယောက်) ပဲရှိတာမို့ ခေတ်ခြောက်ခြောက်ပေမဲ့ ဆွေးနွေးသွားတာလေးတွေကတော့ တော်တော်ကို ကောင်းပါတယ်။ ဒါလေးတွေက အခန်းထဲမှာ အားတက်သရော ဆွေးနွေးပေးနေတဲ့ဆရာမနဲ့အတူပါ။
(၁၀) နာရီခွဲကစခဲ့တဲ့ ဆွေးနွေးပွဲလေး (၁၂) နာရီမထိုးခင်မှာ ပြီးဆုံးခဲပါတယ်။ ပြီးတာနဲ့ နေ့လည်စာလိုက်ကျွေးပါတယ်။ (၁၈) ထပ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ လိုက်ကျွေးတာမို့ အပေါ်စီးကမြင်ခဲ့ရတဲ့မြင်ကွင်းလေး ရိုက်ဖြစ်လိုက်သေးတယ်။
ဒါကတော့ ကျောင်းသား (၁၀) ယောက် ဆရာ၊ ဆရာမ ၀န်ထမ်း ၄ ယောက်နဲ့အတူစားသောက်နေကြတာပါ။
စားသောက်အပြီး ၁း၄၅ လောက်မှာ လမ်းခွဲခဲ့ကြပါတယ်။ အသွားတုန်းက ကျောင်းကား (School bus) နဲ့ နာရီဝက်ပဲ စီးရတဲ ခရီးကို အပြန်မှာ အများပြည်သူသုံး ဘာစ်ကား (Bus) နဲ့ ပြန်လာခဲ့တာ တစ်နာရီကျော်ကျော်စီးလိုက်ရတယ်။ ဒါက လမ်းဘေးဝဲလ်၊ ရာမြင်ကွင်းလေးတွေပါ။
ဒီမြင်ကွင်းလေးတွေနဲ့အတူ အတွေးတစ်ခုဝင်လာတာက ၇၀% တောင်ကုန်းတွေနဲ့ပြည့်နက်နေတဲ့ ဒီတိုင်းပြည်မှာ ရှိတဲ့ တောရွာဇနပုတ် ဆိုတာဘယ်လိုများ ပါလိမ့်လဲလို့ သိခြင်နေတာ နည်းနည်းတော့ ရိပ်စားမိသလိုဖြစ်ခဲ့ရတယ်။ စိုက်ခင်းတွေနှင့်တွဲလျှက် မွေးမြူရေးခြံတွေ။ လူနေအိမ်ယာတွေ၊ ဂူသင်္ချိုင်းတွေ အစုံမြင်တွေ့ခဲရတယ်လေ။ ဒါက စိုက်ခင်းတွေလေ။
နည်းနည်းမြေပြန့်တဲ့နေရာလေးတွေကို စိုက်ခင်းလုပ်၊ တောင်ကမူခြေမှာ အိမ်စုတွေဆောက်၊ တောင်ခါးပန်းမှာတော့ သင်္ချီုင်းတွေဆောက်ထားကြတယ်။ ရွာကြီးရယ်လို တစ်စုတစ်ဝေးထဲ မနေကြပဲ စိုက်ခင်း(farm) အနီးဝန်းကျင်မှာပဲ အစုလိုက်အစုလိုက် နေရာအနှံ့ အဆောက်အဦးတွေဆောက်နေထိုင်ကြတာပဲ။ ဒါကအိမ်စုနဲ့ အပေါ်မှာမြင်နေရတာက သင်္ချိုင်းပါ။ သင်္ချိုင်းကို ဒီလိုလေးတွေ တစ်ယုတစ်ယ သာယာအောင် ဖန်တီးထားကြတယ်လေ။
ဒါကတော့ စိုက်ခင်းတွေပါ။ အထဲမှာ မြင်နေရတဲ့ အလိပ်ကြီးတွေက ပလပ်စတစ်လိပ်ကြီးတွေပါ။ စပါးသိမ်းအပြီး ဆောင်းရာသီမှာ အသီးအနှီစိုက်ပျိုးတဲ့အခါ ရာသီဥတုကာကွယ်ဖို့ ပလပ်စတစ်မိုးပြီး စိုက်ကြတာပါ။
ဒါကတော့ လမ်းပန်းဆက်သွယ်မှုဘယ်လောက် အဆင်ပြေအောင်လုပ်ထားလဲဆိုတာပြခြင်တာပါ။ တောထဲ တောင်ထဲမှာကိုပဲ လမ်းကို သုံးထပ်လုပ်ထားတာ။ အခုကျွန်တော်တို့မောင်းနေတာ အလယ်အထပ်လမ်းလေ။ အပေါ်မှာ တစ်ထပ် ၊ အောက်မှာ တစ်ထပ်။ အားလုံးက ထိန်းချုပ်မှုအောင်မှာ (under controlled condition) ရောက်နေပြီလေ။
ကဲဒီတစ်ခေါက်တော့ ဒီလောက်နဲ့ ရပ်နားပါရစေ။---။
Tuesday, November 17, 2009
Kongju Meeting and Korean Daily Life
Subscribe to:
Post Comments (Atom)
2 comments:
စိတ်ဝင်စားစရာလေးတွေကြည့်ပါပဲ
စိတ်ဝင်စားလျှင် တစ်ခေါက်လောက် အရောက်လာလည်လှည့်ပါလား။ ဖိတ်ခေါ်ပါတယ်။ ဟဲ--ဟဲ--။
Post a Comment